Skip to main content

ပျော်ရွှင်ခြင်းလမ်းစ

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ တောင်ကိုရီးယားနိုင်ငံရဲ့ ရုပ်ရှင်မင်းသမီးတစ်လက်ဖြစ်တဲ့ ဂျီအွန်မီဆွန် (Jeon Mi-sun) ဟာ သူ့ကိုယ်သူ အဆုံးစီရင်ခဲ့တယ်လို့ ယူဆရတဲ့အနေအထားမျိုးနဲ့ ကွယ်လွန်ခဲ့တယ်ဆိုတဲ့ သတင်းတွေကို ဖတ်ရပါတယ်။ နာမည်ကျော် အနုပညာရှင်တွေအပြင် သာမန် ပြည်သူတွေထဲကလည်း မကြာခဏ သေကြောင်းကြံစည်မှုတွေ များတဲ့ တောင်ကိုရီးယားနိုင်ငံမှာ ဒီမင်းသမီး သေကြောင်းကြံစည် သွားတာဟာလည်း အဆန်းတကြယ်တော့ မဟုတ်လှပြန်ပါဘူး။ ဒါပေမဲ့လည်း ကျနော်တို့ထက် အများကြီးချမ်းသာ ကြွယ်ဝတဲ့၊ လွတ်လပ်မှုလည်း ပိုမို ရရှိတဲ့ နိုင်ငံတစ်နိုင်ငံက အောင်မြင်ကျော်ကြားတဲ့၊ သူများတကာတွေ လေးစားအားကျရတဲ့ နောက်ထပ်လူသားတစ်ယောက် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ပြန်ခြင်းဟာ မေးခွန်းတွေမေးစရာ အများကြီးချန်ထားခဲ့ပြန်ပါတယ်။

တောင်ကိုရီးယားမှတင် မဟုတ်ပါဘူး၊ ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်နိုင်ငံမှာမဆို ကိုယ့်ကိုယ်ကိုယ် သေကြောင်း ကြံစည်မှုတွေဟာ အရင်ကလည်းရှိခဲ့၊ ခုလည်း ရှိနေ၊ နောင်လည်း အနည်းနဲ့အများဆိုသလို ရှိနေဦးမှာပါပဲ။ ဒါပေမဲ့ ဆင်းရဲပြီး စိတ်ရှုပ်စရာ ပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့ ပြည့်နေနဲ့ ကျနော်တို့ မြန်မာနိုင်ငံလို နိုင်ငံမျိုးက သာမန်ပြည်သူတစ်ယောက်အနေနဲ့ ကြည့်ရင်တော့ ကိုယ်တွေလည်း သူတို့နိုင်ငံလို အဆင့်မျိုး ရောက်ချင်လိုက်တာလို့ အားကျရတဲ့ နိုင်ငံတွေက လူတွေဟာ ကိုယ့်အသက်ကိုယ် အဆုံးစီရင်ပစ်လိုက်တယ် ဆိုတာဟာ နားမလည်နိုင်စရာဖြစ်မှာပါပဲ။ မြန်မာပြည်လိုမျိုး နိုင်ငံတစ်နိုင်ငံက ဒုက္ခတွေနဲ့ယှဉ်ရင် အဲဒီလို နိုင်ငံကြီးတွေက နိုင်ငံသားတွေရဲ့ ဒုက္ခဆိုတာက ပန်းနဲ့ပေါက်တာလောက်ပဲ ရှိမှာကိုး။ “ကြည့်စမ်း ငါတို့ကသာ သူတို့နိုင်ငံလိုအဆင့်အတန်းမျိုးနဲ့ နေရရင် နေပျော်ပြီလို့ အောက်မေ့ထားတာ၊ သူတို့က ဘာလို့များ ခုလို လုပ်ကြပါလိမ့်” လို့ မြန်မာပြည်က စိတ်ညစ်နေတဲ့ သာမန်ပြည်သူ ဆင်းရဲသားတစ်ယောက်ဟာ တွေးမိကောင်း တွေးမိနိုင်တာပါပဲ။

တကယ်တော့လည်း ဒါဟာ လူ့ဘဝရဲ့အနှစ်သာရ၊ လူ့ဘဝရဲ့ပျော်ရွှင်မှုပြည့်ဝခြင်းတွေကို တိုင်းပြည် ဘယ်လောက် ချမ်းသာလဲ၊ ဘယ်လောက် လွတ်လပ်မှုခံစားရသလဲ ဆိုတာနဲ့ပဲ တိုင်းတာကြည့်နေကြလို့ ဖြစ်ပါတယ်။ မြန်မာပြည်က ဒုက္ခပင်လယ်ဝေနေတဲ့ စစ်ပြေးဒုက္ခသည်တစ်ယောက်၊ စားစရာမရှိ/နေစရာ မရှိဖြစ်နေတဲ့ လူတစ်ယောက်ရဲ့ အမြင်ကနေ ကိုယ့်ထက်သာတဲ့နိုင်ငံတွေက စိတ်ဓာတ်ကျ၊ စိတ်ညစ်နေတဲ့ လူတွေကိုကြည့်ပြီး “မလွယ်တာတွေ့ရင် ပိုခက်တဲ့တခြားဘဝတွေကို ငဲ့ကြည့်ပါဦး” ဆိုတဲ့ စိုင်းခမ်းလိတ်ရဲ့ သီချင်းစာသားကို ဆိုကြည့်ရမယ်ဆိုရင် ကွက်တိပါပဲ။ မဟုတ်ဘူးလား… သူတို့နိုင်ငံတွေက ဒုက္ခဆိုတာ ကျနော်တို့ဆီက ဒုက္ခတွင်းဆုံးကျနေသူတွေနဲ့ယှဉ်ရင် ပန်းနဲ့ပေါက်တာလောက်ပဲ ရှိတာမဟုတ်လား။ ‘အေးကွာ… သူတို့နိုင်ငံက ဒုက္ခမျိုးကတော့ ငါတို့သာဆိုရင် ရင်ကော့ပြီးတော့တောင် ခံလိုက်ဦးမှာ” လို့ ကျနော် အပါအဝင် ဒီနိုင်ငံကလူတွေက ငရဲကလသာသူပြာပူမကြောက်တဲ့ ပုံစံမျိုးနဲ့ ပြောချင်ပြောမိကြဦးမှာပါ။

ပြဿနာရဲ့ဇာစ်မြစ်က တိုင်းပြည်ဆင်းရဲခြင်း၊ ချမ်းသာခြင်း၊ လွတ်လပ်မှုတွေခံစားရခြင်း၊ မခံစားရခြင်းနဲ့ တိုက်ရိုက်သက်ဆိုင်တာတော့ မဟုတ်ပါဘူး။ ဆင်လည်းဆင့်အထွာ၊ ပုရွက်ဆိတ်လည်း ပုရွက်ဆိတ် အထွာ ဆိုတဲ့ စကားပုံလိုပဲ နိုင်ငံတိုင်း၊ လူမျိုးတိုင်း၊ လူတိုင်းမှာ စိတ်ညစ်စရာတွေ၊ ဖြေရှင်းရမယ့် ပြဿနာတွေက အပြည့်ပါပဲ။ ကိုယ့်နေရာကနေ ကြည့်ပြီးတော့သာ ကိုယ့်တိုင်းပြည် သူတို့လိုဖြစ်ရင် လူဖြစ်ကျိုးနပ်ပြီ၊ နေပျော် သေပျော်ပြီ၊ လောကနိဗ္ဗာန်ရောက်ပြီလို့ တွေးကြည့်နေတာ တကယ်တမ်း ကျနော်တို့တစ်တွေ သူတို့လောက် အဆင့်အတန်းကို ရောက်ရင်လည်း ငိုကြွေးမှုတွေ၊ သေကြောင်းကြံစည်မှုတွေကို မြင်တွေ့ကြားနေရဦးမှာပါပဲ။ အခြေခံစားဝတ်နေရေးတွေ ပူစရာမရှိ၊ အခြေခံအဆောက်အအုံတွေကလည်း ကောင်းမွန်၊ ပြည်သူ့ဝန်ဆောင်မှု တွေကလည်း ပြောစရာမရှိဘူးဆိုရင်တောင် ကြာရင် အဲဒါတွေအပေါ် ဘာမှပြောစရာမလိုတဲ့အရာတွေ (things that are taken for granted) ဖြစ်သွားဦးမှာပါပဲ။ အငြိမ်မနေနိုင်တဲ့ လူ့စိတ်သဘောအတိုင်း ဘဝမှာ မရှိသေး၊ မဖြစ်သေးတဲ့အရာတွေကို ထပ်လျှောက်လှမ်းရဦးမယ့် ပန်းတိုင်သစ်တွေအဖြစ် သတ်မှတ်ပြီး ကြိုးစား ရုန်းကန်နေကြဦးမှာပါပဲ။ ကြိုးစားရုန်းကန်ရင်း ဖြစ်မလာတဲ့အခါတွေမှာလည်း တစ်ခါ စိတ်ဖိစီးမှုတွေ ထပ်ခံရပြီး တောင့်ခံနိုင်သူကခံ၊ တောင့်မခံနိုင်သူတွေက တစ်ခါ ရှောင်ထွက်သွားကြဦးမှာပါပဲ။

အကြောင်းရင်းဇာစ်မြစ်ကတော့ ကျနော်တို့ဘဝရဲ့တကယ့် ပျော်ရွှင်မှုစိတ်အခြေအနေဆိုတာ ဘာလဲ ဆိုတဲ့ သတ်မှတ်ချက် ပျောက်ဆုံးနေခြင်းပါပဲ။ ရုပ်ဝတ္ထုပစ္စည်းတွေဟာ ပျော်ရွှင်မှု၊ နှစ်သိမ့်မှုကို အတိုင်းအတာတစ်ခုအထိပဲ ပေးစွမ်းနိုင်တဲ့ အရာတွေဖြစ်ပါတယ်။ တကယ့် အကြွင်းမဲ့ သဘော ပျော်ရွှင်ချမ်းသာမှုကို မပေးပါဘူး။ ဒါကြောင့်လည်း အမေရိကန်လို၊ ဂျပန်လို၊ တောင်ကိုရီးယားလို ကိုယ့်ထက် အများကြီး ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတွေမှာတောင် တစ်နေ့တစ်နေ့ စိတ်ကျပြီး သတ်သေတဲ့ လူတွေ မနည်းမနောဖြစ်နေရတာပေါ့။ သူတို့တွေဟာလည်း ‘ဆင်လည်းဆင့်အထွာ’ ဆိုသလို သူတို့ရဲ့ တိုးတက်တဲ့ဘဝမှာကို သူတို့မျှော်မှန်းတောင့်တတဲ့ ဘဝအခြေတွေ ဖြစ်မလာတဲ့အပေါ် စိတ်ဆင်းရဲ စိတ်ဓာတ်ကျပြီး ကြိုးစားရုန်းကန်နေကြရတာ ဖြစ်ပါတယ်။ မြန်မာပြည်က ဒုက္ခသည်စခန်းတစ်ခုက ကလေးငယ်တစ်ယောက်ဟာ သူ့ဘဝရဲ့မပြည့်စုံမှုအတွက် စိတ်ဓာတ်ကျဝမ်းနည်းနေချိန်မှာ ချမ်းသာပြီး ဒီမိုကရေစီလည်း ရှိပါတယ်ဆိုတဲ့ နိုင်ငံကြီးတစ်နိုင်ငံက ပြည်သူတစ်ဦးဟာလည်း ကောင်းမွန်တဲ့ ပြည်သူ့ ဝန်ဆောင်မှုတွေရယူရင်း၊ ကိုယ်တွေထက်အများကြီးသာတဲ့ တစ်နှစ်ဝင်ငွေတွေကို ရရှိရင်းနဲ့ကိုပဲ သူ့အတိုင်း အတာနဲ့သူ သူမဖြစ်နိုင်တဲ့၊ သူလက်လှမ်းမမီတဲ့ အရာတစ်ခု၊ အခြေအနေတစ်ရပ်အတွက် စိတ်ဆင်းရဲချင် ဆင်းရဲနေနိုင် တာပါပဲ။ စိတ်ချမ်းသာမှု၊ ပျော်ရွှင်မှုဆိုတာ ကျနော်တို့ ဘယ်နေရာမှာ နေသလဲဆိုတာထက် ကျနော်တို့ ဘဝကို ဘယ်လိုဖြစ်သန်းသလဲဆိုတဲ့အပေါ် ပိုမိုမူတည်နေခြင်းပါ။

ဒီလိုပြောလို့ ကျနော်တို့နိုင်ငံကို ချမ်းသာကြွယ်ဝပြီး ဒီမိုကရေစီထွန်းကားတဲ့ နိုင်ငံဖြစ်အောင် မကြိုးပမ်းရဘူးလို့ မဆိုလိုပါဘူး။ တိန်ရှောက်ဖိန်ပြောဖူးသလိုပါပဲ၊ ချမ်းသာခြင်းဟာ ကောင်းပါတယ်။ လမ်းလျှောက်သွားရတာထက်စာရင် ကားနဲ့သွားရတာက ပိုကောင်းပါတယ်။ တဲနဲ့နေရတာနဲ့စာရင် တိုက်နဲ့ နေရတာက ပိုကောင်းပါတယ်။ ဒါပေမဲ့လည်း တိုက်နဲ့နေရရုံနဲ့ ဘဝဟာ ပိုပြီးနေပျော်ပါ့မလားဆိုတာကတော့ မသေချာပါဘူး။ ဒါကတော့ ဘဝကို ကိုယ်ဘယ်လိုမြင်သလဲ၊ တစ်စက္ကန့်တိုင်း၊ တစ်မိနစ်တိုင်းကို ကိုယ်ဘယ်လို ဖြတ်သန်းမလဲ ဆိုတာနဲ့ပဲ ဆိုင်ပါလိမ့်မယ်။ ရောမဧကရာဇ်က သင်္ချာဆရာကြီး ပိုက်သာဂိုရပ်စ်ကို ‘သင်ဘာလို ချင်လဲ၊ လိုချင်တာဖြည့်ဆည်းပေးမယ်’ လို့ မေးတော့ ပိုက်သာဂိုးရပ်စ်က ‘အရှင်မင်းကြီးအရိပ် ကျနော်ဆွဲနေတဲ့ ပုံပေါ် အရိပ်ကျနေလို့ ဘေးကိုနည်းနည်းဖယ်ပေးဖို့သာ လိုချင်ပါတယ်’ လို့ ပြောခဲ့သလိုပေါ့။ ကိုယ်လိုချင်တာကို ကိုယ်ရနေဖို့၊ ဖြစ်နိုင်တဲ့ဘောင်ထဲကနေ ကိုယ်လိုချင်တာ ကိုယ်ရသင့်တာကိုသာ တောင့်တဖို့က ပိုအရေးကြီး ပါတယ်။

ဟာသတစ်ပုဒ်ကြားဖူးတာက အိပ်နေတဲ့နွားကျောင်းသားတစ်ဦးကို သူဌေးတစ်ယောက် ပြောတယ်။ ‘ဟေ့ကောင် မင်းအလုပ်လုပ်ပါလား၊’ ‘အလုပ်လုပ်တော့ဘာဖြစ်လဲ’၊ ‘အလုပ်လုပ်တော့ ပိုက်ဆံရတာပေါ့ကွ’၊ ‘ပိုက်ဆံရတော့ ဘာဖြစ်လဲ’၊ ‘ဟ ပိုက်ဆံရတော့ ဇိမ်နဲ့နေရတာပေါ့ကွ’၊ ‘ဒါဆိုရင်တော့ မရှာတော့ဘူး၊ ကျုပ် ခုလည်း ဇိမ်နဲ့နေနေရတာပဲ’ လို့ နွားကျောင်းသားက ပြန်ပြောတယ်တဲ့။ ဒါက ဟာသပုံပြင်သက်သက်မျှသာ ဖြစ်ပါတယ်။ အိပ်နေခြင်းဟာ တကယ်တော့ မကောင်းပါဘူး။ ဒါဟာ ပျင်းရိခြင်းပါ။ ကျနော်တို့ နေ့စဉ်နဲ့အမျှ တစ်ခုခုကို လုပ်ကိုင် ရှာဖွေနေဖို့ လိုပါတယ်။ ဒါပေမဲ့ ဘာကိုရှာဖွေမှာလဲ၊ ဘာကို လုပ်ကိုင်မှာလဲ ဆိုတာကတော့ ကိုယ့်ဟာကိုယ်ပဲ စဉ်းစားရမှာပါ။ သူဌေးကြီးပြောသလိုမျိုး အလုပ်လုပ်ခြင်းဟာ ပိုက်ဆံ ရှာဖို့ အတွက် သက်သက်မျှတော့ ဖြစ်စရာမလိုပါဘူး။

Comments

အဖတ်အများဆုံး

အင်တာလုဒ်

လူ့လောကသည် ငြိမ်ငြိမ်သက်သက် …  လကလေးက ထွန်းမြကြည်သာ ...  လေနုသွေးမှာ ပိုးမွှားအချို့ပါလာသည် ကျေးလက်ရိုးရာဗုံသံအချို့ တိုးချည် ကျယ်ချည်ကြားရသည်။ ကမ္ဘာသည် ဝင်ရိုးပေါ်တစ်ပတ်သွားနှုန်း တစ်စက္ကန့်ထပ်နှေးသွား၏။ တစ်စုံတစ်ရာကို ကျောပိုးထားရသောကြောင့် …  ပြာလွင်လွင်ကောင်းကင်၌ တိမ်လွန်းပျံက  တက်သုတ်ရိုက် ခရီးနှင်၏။ သတင်းစကားကို သယ်လာရသောကြောင့် …  စစ်သည်တော်သည် သေနတ်ပြောင်းဝကို အောက်သို့စိုက်၏။ နှင်းဆီတစ်ခြင်း၏ဆွဲအားကြောင့် … ငွေဗျိုင်းဖြူကိုမြင်သော လယ်တောသူက အထက်သို့မော့ကြည့်သည်။ စပါးခင်းမှရောင်ပြန်အလင်း ထွန်းသောသူ့မျက်နှာကို သူ့ချစ်သူက စေ့စေ့ကြည့်၏။ ကျေးငှက်တို့သည် စပါးနှံတို့ကို ကိုက်ချီသွားသည်။ စောင်းသံသည် အဘယ်အရပ်မှလာသနည်း။ လေပြည်လာရာ လမ်းကြောင်းမှ … ရွှေလမှာယုန်ဝပ်နေဆဲ ဆန်ဖွပ်သူမရှိတော့ချေ။ 1.1.2021 #WaiYanHponePoetry

ဘယ်တော့မှဖတ်ခွင့်ရမှာ မဟုတ်တဲ့ ဂန္ထဝင်စာအုပ် ၆ အုပ်

စာအရေးအသားပေါ်ပေါက်လာတာဟာ နှစ်ပေါင်းထောင်နဲ့ချီရှိခဲ့ပြီမို့ ဘယ်သောအခါမှ ဖတ်ခွင့်မရတော့မယ့် ပုံဝတ္ထုတွေလည်း ရှိပါတယ်။ အဲဒီထဲကတချို့ဆိုရင် ပျောက်လို့ပျောက်နေမှန်း​တောင် လူတွေမသိကြတဲ့ စာတွေဖြစ်ပြီး တချို့ကျတော့လည်း နှုတ်ဖြင့်သာလက်ဆင့်ကမ်းလာခဲ့ကြတဲ့ ဒဏ္ဍာရီဆန်ဆန်တွေ ဖြစ်ကြ ပါတယ်။ ဒါပေမဲ့လည်း ပျောက်ဆုံးစာအုပ်စာရင်းဆိုတာ ရှိနေမှန်းတော့ အသေအချာသိကြပါတယ်။ တချို့ စာအုပ်/စာမူတွေဆိုရင် စာကြည့်တိုက်တွေထဲမှာ၊ လက်ဆွဲသေတ္တာတွေထဲမှာ၊ ဒါမှမဟုတ် စာရေးစားပွဲခုံ တွေထဲမှာ ဘယ်သူမှမတို့မထိရဘဲ ရှိချင်ရှိနေမှာပါ။ ဆေးလ်ဗီးယား ပလာ့သ်ရဲ့ ပျောက်ဆုံးသွားတဲ့ စာမူတွေ အစ လော့ဒ်ဘိုင်ရွန်ရဲ့ မီးရှို့ပစ်လိုက်တဲ့ ကိုယ်ရေးမှတ်တမ်းတွေအဆုံး အဲဒီ စာအုပ်တွေ စာမူတွေဟာ အတိတ်သမိုင်း ဟိုးဝေးဝေးမှာ ကျန်ရစ်ပျောက်ဆုံးခဲ့ပြီဖြစ်ပါတယ်။ Isle of the Cross by Herman Melville ဟားမန်း မဲလ်ဗီးဟာ Isle of the Cross ဆိုတဲ့ စာမူကို Moby Dick စာအုပ်ထုတ်ဝေပြီး နှစ်နှစ်အကြာ ၁၈၅၃ ခုနှစ်မှာ ထုတ်ဝေသူကို ပြသခဲ့ပါတယ်။ အဲဒီစာမူကတော့ သူအားလပ်ရက်ခရီးသွားတုန်း လေ့လာသိရှိခဲ့ရတဲ့ ဇာတ်လမ်းတစ်ပုဒ်အပေါ်မှာ အခြေခံထားပါတယ်။ သင်္ဘောသား ခင်ပွန်းဖြစ်သူရဲ့...

ကပြားစာ၊ ကပြားစကား ရေးကြပြောကြလျှင်

“မြန်မာစာစောင်တွေ၊ ဂျာနယ်တွေဖတ်ရင် အင်္ဂလိပ်-မြန်မာ အဘိဓာန်ဆောင် ထားကွ” ဟူ၍ မကြာမီက ထွက်သည့် လစဉ်ထုတ် မဂ္ဂဇင်းတစ်စောင်တွင် ကာတွန်းတစ်ပုဒ်တွေ့လိုက်ရပါသည်။ မြန်မာလို ရေးထားသည့် သတင်းများ၊ ဆောင်းပါးများ ကြားတွင် အင်္ဂလိပ်စာလုံးများ ကြားညှပ်ထည့်မှု များလာ ခြင်းကို မျက်စိနောက်လာသည့် ကာတွန်းဆရာက သရော်ထားသော ကာတွန်းတစ်ပုဒ်ဖြစ်ပါသည်။ သူပြောလည်း ပြောချင်စရာပါ။ ယနေ့ မြန်မာဘာသာဖြင့် ရေးထားသော စာအတော်များများကို ဖတ်ရသည် မှာ မြန်မာမဆန်လှပါ။ မြန်မာအက္ခရာများကြားတွင် အင်္ဂလိပ်အက္ခရာများကို တွေ့မြင်ရသည်မှာ အရုပ်ဆိုး လှပါသည်။ ဘာကြောင့် အခုလိုရေးကြသလဲဟု စဉ်းစားစရာဖြစ်ပါသည်။ အဆိုပါ အင်္ဂလိပ်စကားလုံးကို မြန်မာ ဘာသာသို့ မပြန်ဆိုနိုင်သဖြင့် အလွယ်တကူ ရေးလိုက်ခြင်းလား၊ မြန်မာစကားပြောလျှင် အင်္ဂလိပ်လို ညှပ်ပြောနေကျ အကျင့်ပါနေ၍ စာရေးတော့လည်း ညှပ်ရေးလိုက်ခြင်းလား၊ ဒါမှမဟုတ် ကာယကံရှင် ကိုယ်တိုင်က အင်္ဂလိပ်လို ထည့်ရေးမှ ဂုဏ်ရှိသည်ဟု အထင်ရောက်၍လား။ မြန်မာဘာသာစကားတွင် သူများ ဘာသာစကားမှ မွေးစားစကားလုံးများ ရှိသည်။ ကိုယ့်မှာမရှိသဖြင့် မွေးစား ရခြင်းဖြစ်ပါသည်။ (ဥပမာ။ ရေဒီယိုတို့၊ ကက်ဆက်တို့၊ ကားတို့) မတတ်နိုင်ပါ။ ...

နိုင်ငံတကာဆက်ဆံရေး အဓိကအယူအဆများ

စာအုပ်အမည် - နိုင်ငံတကာ ဆက်ဆံရေး အဓိကအယူအဆများ (ပထမအကြိမ်) ထုတ်ဝေသည့်လ - ၂၀၁၄ ဒီဇင်ဘာ ထုတ်ဝေသူ - Myanmar Knowledge Society တန်ဖိုး - ကျပ် ၂၅၀၀ ဖြန့်ချိရေး - MKS ၀၁ ၆၈၃ ၁၉၈၊ ၀၉ ၇၃၀ ၆၆၉၁၈၊ ၉၀၉၇၂၃၄ ၃၅၆၁ စာအုပ်အမည် - နိုင်ငံတကာ ဆက်ဆံရေး အဓိကအယူအဆများ (ဒုတိယအကြိမ်) ထုတ်ဝေသည့်လ - ၂၀၁၉ ဇန်နဝါရီ ထုတ်ဝေသူ - Myanmar Harp Publishing တန်ဖိုး - ကျပ် ၄၀၀၀ ဖြန့်ချိရေး - Myanmar Harp Publishing အမှတ် ၁၈၀၊ မြေညီ၊ ၃၅ လမ်း(လယ်)၊ ကျောက်တံတား၊ ရန်ကုန်မြို့ ဖုန်း ၀၉ ၉၇၂ ၇၄၂ ၁၅၀၊ ၀၉ ၇၇၇ ၀၀၁ ၀၁၇

သေမင်းနှင့်ရက်ချိန်းပြန်ယူခြင်း

ငါချစ်ခင်ရသူတွေ လေးစားရသူတွေ မြတ်နိုးရသူတွေ တဖြုတ်ဖြုတ်ကြွေသွားကြတော့ ငါ့မှာ သေမင်းနဲ့ပြန်တိုင်ပင်ရတယ်။ ရက်ချိန်းပြန်ယူဖို့မျက်နှာလုပ်ကြည့်တယ်။ ငါထားခဲ့ရမယ့်သူတွေ ငါ့မျက်နှာကိုကြည့်နေကြသူတွေ ငါအခုခံစားရသလို မခံစားစေချင်သေးဘူးလို့။  သေမင်းကပြောတယ်။ လူတိုင်းက ဒီလိုပဲပြောကြတာပဲ မင်းမို့လို့ အစဉ်အလာကိုဖောက်ဖျက်လိုက်ရင် ငါ မျက်နှာလိုက်ရာ ကျလိမ့်မယ် တဲ့။ ငါကပြန်ချေတယ်။ ခြွင်းချက်ဆိုတာလောကရဲ့ဓမ္မတာလို့။ ဆိုတော့ သူကပြောတယ် မင်းဟာခြွင်းချက်နဲ့ ထိုက်တန်ကြောင်း  ပရိုပိုဆယ် တင်ပါဦး၊ ငါကြည့်စမ်းမယ် တဲ့။ ငါဟာသစ်ပင်စိုက်ရဦးမှာလို့  ပြောလိုက်တော့ သူကရယ်တယ်။ ကမ္ဘာဟာခေါင်းတုံးဖြစ်တော့မယ်ဆိုမှ လူတွေဟာ မင်းလိုလူတွေနဲ့မတန်ပါဘူး။ မင်းတစ်ယောက်နဲ့ ဘာထူးမှာတုံး ...  နှမ်းတစ်လုံးနဲ့ဆီမဖြစ်ဘူးကွ တဲ့။ မဟုတ်ဘူး ... ငါကိုယ်တိုင်သစ်ပင်ဖြစ်မှာ သစ်ပင်နဲ့တူသောပုဂ္ဂိုလ်ဖြစ်မှာ ငါဟာအရိပ် ငါဟာအကိုင်းအခက် ငါဟာအသီးအပွင့်ဖြစ်မှာ။ ငါ့အရိပ်ကိုခိုသူတိုင်းဟာအေးမြနေမယ် ငါ့ရဲ့အသီးအပွင့်တွေကို ငှက်တွေကကိုက်ချီပြီး အရပ်ရှစ်မျက်နှာမှာ ပြန့်ပွားပေါက်ရောက်စေလိမ့်မယ်။ ငါဟာ လောကရဲ့နှစ်တစ်လုံးကနေ  ရာဝင်အိုးနဲ့ပြည့်...