Skip to main content

တစ်ကပြန်စမလား

ပုဂံသို့ရောက်ခဲ့စဉ်က ရွှေစည်းခုံဘုရားဝင်းအတွင်းရှိ ဝင်္ကပါပုံစံ လုပ်ထားသော  လျှောက်လမ်းများ အတိုင်း သွားခဲ့ကြသည်ကို အမှတ်ရမိပါသည်။ ဝင်္ကပါ ဖြစ်သည့် အတွက် လမ်းမှားအောင် တမင် ဆင်ထားသည် ဖြစ်ရာ ခဏခဏ လမ်းမှားကြသည်။ လမ်းမှားတိုင်း နောက်ကိုပြန်လျှောက်ပြီး နောက် တစ်လမ်းကို ပြန်ရွေးချယ်ကာ ရှေ့ကို ဆက်သွား ကြသည်။ သည်လိုနှင့် တဝဲလည်လည် ဖြစ်ရင်း အချိန်တန် တော့လည်း ထွက်ပေါက်ကို ရှာတွေ့ကာ ခရီးဆုံး ပန်းတိုင်ကို ရောက်ရှိသွားပါသည်။



လူ့ဘဝဆိုတာလည်း ထိုဝင်္ကဘာ လမ်းကလေးလို အကွေ့အကောက် ထူပြောလှသည့် ခရီးတစ်ခုပဲ မဟုတ် ပါလား။ ကျွန်တော်တို့သည် မိမိတို့ အလိုရှိရာ ပန်းတိုင်ကိုရောက်ဖို့ ကိုယ်စီ ခရီးသွားနေကြသည်။ သို့ရာတွင် ဘဝ ခရီးကတော့ ရိုးစင်းဖြောင့်တန်းလှသည် မဟုတ်ပါ။ ထိုဘဝလမ်းမထက်တွင် လျှောက်ရင်း မကြာခဏ လမ်းပျောက်သွားကြသည်။ လမ်းရွေးမှားကြသည်။ ဘဝလမ်းသည် ရွှေစည်းခုံ ဘုရားဝင်း အတွင်းမှ ဝင်္ကပါလမ်းများထက်ပင် ပိုမိုကွေ့ကောက်၍ ပိုမာယာများလှပါသည်။ ရွှေစည်းခုံဘုရားမှ ဝင်္ကဘာ လမ်းကလေးသည် တမင်သက်သက် ပျော်ရအောင် လုပ်ထားခြင်း ဖြစ်သည်။ လမ်းမှားသွားလျှင် နောက်ပြန်လျှောက်ပြီး မှန်နိုင်ခြေရှိသည့် နောက်တစ်လမ်းကို ပြန်ရွေးချယ်လို့ရသည်။ စိတ်မရှည်လျှင် နိုင်ငံခြားသားတစ်ယောက် လုပ်ပုံအတိုင်း လျှောက်လမ်းတစ်ခုနှင့် တစ်ခုကြားခြားထားသည့် သစ်သား လက်ရမ်းများကို ကျော်ခွပြီးသွားလို့ရသည်။

ဒါပေမဲ့ ဘဝမှာတော့ သည်လို မဟုတ်ပါ။ သည်လို လုပ်လို့မရပါ။ ဘဝ ဝင်္ကပါကပိုနက်နဲရှုပ်ထွေးသည်။ ဘဝတွင် နောက်ကြောင်းကိုပြန်လျှောက်ပြီး တစ်ကပြန်စလို့မရ။ လက်ရမ်းများကို ကျော်ခွပြီး ဖြတ်လမ်းကသွားလို့မရ။ တစ်နေရာတွင်ရပ်၍ စဉ်းစားနေခွင့် မရှိပါ။ ဘဝတွင်ရှေ့တည့်တည့်ကိုသာ သွားခွင့်ရှိပါသည်။ လမ်းတစ်ခုကို တစ်ခါသာရွေးချယ်ရပါသည်။ ဆုံးဖြတ်ချက်တစ်ခုကို ချက်ချင်းချ ရပါသည်။ လမ်းမှား၊ ဆုံးဖြတ်ချက်မှားသွားလည်း နောင်တရရုံကလွဲလို့ 'ဘွာတေး' လုပ်လို့ မရပါ။

အချိန်ကို စိတ်ကြိုက်နောက်ပြန် ဆုတ်လို့ရသည့်စက် (Time machine) အကြောင်း စိတ်ကူးယဉ် ရိုက်ထားသည့် အနောက်တိုင်း ရုပ်ရှင်ကားများကိုတော့ ကြည့်ဖူးပါသည်။ ဘဝကိုလည်း အဆိုပါ ရုပ်ရှင်တွေထဲကလို နောက်ပြန်ရစ်လို့ ရလျှင်ကောင်းမည်ဟု တစ်ခါတလေ တော့လည်း တွေးမိသည်။ ကုန်လွန်ခဲ့သော ရက်၊ လ၊ နှစ် များကို ပြန်လည်၍ ရေတွက်ကြည့်လျှင် တတိယမြောက် ဆယ်စုနှစ်၏ လမ်းတစ်ဝက်ကိုပင် ကျော်လွန်ခဲ့ပေပြီ။ တကယ်တော့လည်း ၂၆ နှစ်ဆိုသောကာလသည် ရှည်လျားလှပြီဟု မဆိုသာသော်လည်း တိုတောင်းသည့် ကာလတစ်ခုတော့မဟုတ်ပါ။ ထိုအတောအတွင်း မိမိ ပြောဆို၊ ပြုမူလုပ်ဆောင်ခဲ့သမျှကို ပြန်လည်စဉ်းစား လိုက်တိုင်း မှန်တာထက် မှားတာ၊ ကျေနပ်စရာထက် နောင်တ ရစရာ ကသာ ပိုမိုများပြားနေသည်ကို အံ့ဩဖွယ် တွ့ရလေသည်။

ယခုလိုတွေးနေဆဲ မိတ်ဆွေတစ်ဦးက ''ဘဝကိုတစ်က ပြန်စလို့ ရရင်စမလား'' ဟု ကျွန်တော့်ကို မေးလာ ပါသည်။ တကယ်တော့ စိတ်ထဲရှိသည့် အတိုင်းဖြေပစ်လိုက်ချင်ပါသည်။ ဘဝ၏ အစသို့ပြန်သွားမည်။ မှားခဲ့သမျှ၊ လုပ်သင့်သည်ကိုမလုပ်ခဲ့၊ မလုပ်သင့်သည်ကို လုပ်ခဲ့သမျှအတွက် ပြန်ပြီး အဖတ်ဆယ်မည်။ ဘဝကိုယခု လက်ရှိ ထက်ပို၍ ပြည့်စုံကောင်းမွန်အောင် တည်ဆောက်မည်။

သို့သော်လည်း ကျွန်တော်သည် 'မစချင်'ဟူသော အဖြေကိုသာ လက်တွေ့တွင် ပေးခဲ့ပါသည်။ ပြန်စခွင့် ရှိလျှင်လည်း ကျွန်တော်သည် ဘဝကိုတစ်ကပြန်မစချင်တော့ပါ။ မှားခဲ့သောအမှားများအတွက် နောင်တ မရ၍၊ ပြန်ပြန်ချင်စိတ်မရှိ၍ မဟုတ်ပါ။ ဘဝကိုနောက်ကြောင်း ပြန်စရ၍ သည်အမှားကို မကျူးလွန်မိဘူးပဲထားဦး၊ ဟိုအမှားကိုတော့ ကျူးလွန်ပါလိမ့်မည်။ သည်လမ်းကို မရွေးဘဲ ဟိုလမ်းကို ရွေးလိုက်လျှင်လည်း ကိုယ်ပြန်ရွေးလိုက်သည့်လမ်းက ပိုဆိုးချင်ဆိုးနေနိုင်ပါသည်။ လောကတွင်မှားနိုင်ခြေ အမျိုးပေါင်းမည်မျှရှိမှန်း ကျွန်တော် တို့သိနိုင်သည်မဟုတ်ပါ။

ထို့ကြောင့်ပင် ရောက်နေသည့်နေရာမှ ရှေ့ဆက်သွားရပါမည်။ မှားခဲ့သော အမှားများကိုပင် ဆရာသဖွယ် သဘောထား၍ နောင်ကိုထပ်မဖြစ်အောင် သတိထားရပါမည်။ အမှားများကို အဆိုးမြင် ရှုထောင့်မှ ကြည့်လျှင် ခါးသီးနာကြည်းစရာအရာများဖြစ်၍ အကောင်းမြင်ရှုထောင့်မှကြည့်နိုင်လျှင်မူ အမှားဟူသည် ချစ်စရာကောင်းသော မိတ်ဆွေ၊ ကိုယ့်ကို သင်ပြပေးသော ဆရာပင် မဟုတ်ပါလား။

မြန်မာတိုင်း(မ်)၊ အမှတ် ၂၈၀၊ ၂၀၀၆ စက်တင်ဘာ။

ပျော်ရွှင်ခြင်းလမ်းစ

Comments

အဖတ်အများဆုံး

မမှောင်သောည

မုန်တိုင်းမလာခင် ဆိတ်ငြိမ်မှုမျိုးနဲ့ ခန်းမဆောင်ဟာ အေးတိအေးစက်။ အဆက်မပြတ်ထွက်နေတဲ့ တခေါခေါ ဟောက်သံတို့က နားထဲကို အတင်းထိုးဖောက်ဝင်ရောက်လျက်။ ခန္ဓာကိုယ်တစ်ခုလုံး ချွေးအိုင်ထဲမှာ ...   ကယောင်ခြောက်ခြား ဖြစ်နေတဲ့စိတ်အစဉ်ကြောင့် ဘာကိုမှ သဲသဲကွဲကွဲ မမြင်ရဘူး။ ကျီးကန်းတောင်းမှောက် လျှောက်ကြည့်နေတဲ့ မျက်လုံးများက ကညင်ဆီမီးတိုင်တို့ရဲ့ မသဲမကွဲ အလင်းရောင်ကို လက်ခံယူလိုက်တယ်။ မီးတောက်တွေက နှေးကွေးဖျော့တော့စွာ တောက်လောင်လျက်။ အပြင်မှာတော့ အမှောင်ထုကသာ ကြီးစိုးမင်းမူလျက်။ အိပ်မက်ထဲကနေ နိုးထလာခဲ့တာ ဘာမှမကြာသေးဘူး။ ဒါပေမဲ့ အပြင်လောကအထိ ဒီအိပ်မက်ဟာ အရိပ်လို မနားတမ်းကပ်လိုက်နေဆဲ။

အာဇာနည်နေ့နှင့် ခံစားမိသည့် ဆရာဇော်ဂျီ၏ကဗျာ

ဇူလိုင်လ ၁၉ ရက်နေ့သည် အာဇာနည်နေ့ဖြစ်သည်။ အာဇာနည်နေ့ကို ရောက်တိုင်း ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား ပြည်သူအပေါင်းက သတိတရ ရှိကြ လေသည်။ လွန်ခဲ့သော ၆၃ နှစ်၊ ဤနေ့ ဤရက်က ဆိုလျှင်ဖြင့် မြန်မာနိုင်ငံ တစ်ဝန်းလုံး လှည်းနေလှေအောင်း မြင်းဇောင်း မကျန်သော ပြည်သူအပေါင်း တို့သည် အပြင်မှာ သူတို့ လူကိုယ်တိုင် မြင်ဖူးချင်မှ မြင်ဖူးမည်ဖြစ်သည့်၊ စကားပြောဖူးချင်မှ ပြောဖူးမည်ဖြစ်သည့် အာဇာနည် ခေါင်းဆောင်ကြီးများ အတွက် ဖြေမဆည်နိုင် မျက်ရည် ဖြိုင်ဖြိုင် ကျခဲ့ကြဖူးလေသည်။ လောကတွင် လူတို့သည် မိမိချစ်ခင်ရသော ဆွေမျိုးသားချင်း၊ ညီအစ်ကိုမောင်နှမများနှင့် ခွဲခွာရ၍ ငိုကြွေးတတ်သည်မှာ သဘာဝကျသော်လည်း ကိုယ်နှင့်သွေးမတော် သားမစပ်၊ ရင်းနှီးကျွမ်းဝင်ခြင်းမရှိသော လူတစ်ယောက် (သို့မဟုတ်) လူတစ်စုအတွက် ငိုကြွေးကြသည်မှာ အဘယ်ကြောင့်နည်း။ ဘဝတွင် မိမိ၏ မိဘ၊ ဆွေမျိုး၊ ဇနီးခင်ပွန်း၊ သားသမီးတို့အတွက် ငိုကြွေးခြင်းက သံယောဇဉ်ကြောင့် ဖြစ်ပြီး အာဇာနည်တို့အတွက် ငိုကြွေးခြင်းကမူ ထိုသူတို့အပေါ် မိမိထားသည့် တန်ဖိုးတစ်ခုကြောင့်၊ (တစ်နည်း) အစားထိုးမရသော ဆုံးရှုံးမှုအတွက်ကြောင့် ဖြစ်သည်။ ငိုကြွေးတာချင်း တူသော် လည်း ငိုကြွေး ပုံချ...

'ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ' စာအုပ်အညွှန်းနှင့်ဝေဖန်ချက်များ

ဆန့်ကျင်မှုအလှ (သို့မဟုတ်) ဖြစ်ရပ်မှန် စိတ်ကူးယဉ်ဝတ္ထုတိုများ By ငြိမ်းအိအိထွေး စာရေးဆရာ ဝေယံဘုန်းရဲ့ ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ စာအုပ်ကို ဇူလိုင်လထဲမှာ ထုတ်ဝေပါတယ်။ ပြောင်းလဲလာတဲ့ သက္ကရာဇ်တွေနဲ့အတူ အဘက်ဘက်မှာ ရှိနှင့်နေတဲ့ စိတ်ဖိစီးမှုတွေကြောင့် ဒီဘက်နှစ်ပိုင်းတွေမှာ လူတွေဟာ အကြောင်းအရာတစ်ခုကို နင့်နင့်နဲနဲခံစားအချိန်ပေးဖို့ တကယ့်ကို မလွယ်တော့ပါဘူး။  ဒါပေမဲ့ စာရေးဆရာဝေယံဘုန်းရဲ့ ဝတ္ထုတွေကတော့ အကြောင်းအရာ၊ တင်ဆက်ပုံ၊ ဆွဲဆောင်နိုင်စွမ်း ထူးခြားနေတဲ့အတွက် အချိန်ပေးခံစားဖို့သင့်တဲ့၊ ဝတ္ထုတိုရသကို အပြည့်အဝပေးနိုင်တဲ့ စာအုပ်လို့ ဆိုရမှာပါပဲ။ စာအုပ်ရဲ့ ခေါင်းစဉ်ဖြစ်တဲ့ ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဆိုတာကကို contrast ဖြစ်တဲ့ အရေးအသားနဲ့အညီ စာရေးဆရာဖန်တီးထားတဲ့ ဝတ္ထုတိုတွေကလည်း ဆန့်ကျင်ဘက်ကျကျပေါင်းစပ်ထားတဲ့ အလှတစ်ခုလို ခံစားရစေတာအမှန်ပါပဲ။  ဖြစ်ရပ်မှန် စိတ်ကူးယဉ်ဝတ္ထုတိုများ စာအုပ်မှာ "ကျကွဲသွားသော ကြေးမုံပြင်တစ်ချပ်"၊ "ဖြစ်ရပ်မှန် စိတ်ကူးယဉ် ဝတ္ထု"၊ "မင်္ဂလာဦးည"၊ "မှဲ့တစ်ခုရဲ့ အနုပညာ "၊ "ပုတီးကိုချ ကားကိုမ"၊ "ညီမလေးကို ကတိ တ...

အမျိုးသမီးတို့ လျှောက်လှမ်းရမည့် ခရီးခဲ

စက်သီးကြိုးဆွဲတဲ့တိုင်မှာ လက်ကိုကြိုးချည်ပြီး ရေတွင်းအဝမှာ တွဲလောင်းချခံထားရတဲ့၊ “အမေ... အမေ” လို့ အာခေါင်ကွဲ မတတ် အော်ဟစ်ငိုယိုနေတဲ့ အိုစမာ ရဲ့ပါးပြင်ကိုဖြတ်ပြီး စီးကျလာတဲ့ သူ့မျက်ရည်တွေဟာ သူ့ ဘောင်းဘီရဲ့လက်နှစ်ခု ကြားထဲကနေ ယိုစီးလာတဲ့ သွေးတွေနဲ့ပါ ပေါင်းစည်းပြီးတော့ ရေတွင်းထဲကို ပေါက်ခနဲမြည်အောင် တစက်စက်ကျလို့နေပါတယ်။ ပေါင်ခြံကနေစီးကျလာတဲ့ သွေးစက်တွေဟာ ကြောက်လွန်းလို့ တစ်ကိုယ်လုံးဆတ်ဆတ်တုန်နေယင်နေတဲ့ အိုစမာလေး အတွက် တော့ နတ်ဆိုးတစ်ပါးဆီကရောက်လာတဲ့ ကျိန်စာတွေနဲ့ မခြားပါဘူး။

‘တဏှာထက်ကြီးသောမြစ် မရှိ’ - ဆယမ်၏ များများထုတ်များများသုံးဝါဒကို ဗုဒ္ဓရှုထောင့်မှဝေဖန်ခြင်း

“ဖွံ့ဖြိုးမှု (တိုးပွားခြင်း) ဆိုတဲ့ စကားကို ပါဠိဘာသာနဲ့ ‘ဝဍ္ဎန’ လို့ ခေါ်ပါတယ်။ များပြားခြင်း လို့ အဓိပ္ပာယ်ရတယ်။ ကောင်းတဲ့အရာတွေ များပြားတာဖြစ်နိုင်သလို ပြဿနာ၊ ဒုက္ခဆင်းရဲ၊ ပဋိပက္ခတွေ များပြားတာလည်း ဖြစ်နိုင်တယ်။ ဒီနေ့ကမ္ဘာမှာတော့ ဖွံ့ဖြိုးမှုဆိုတာရဲ့ အဓိပ္ပာယ်ဟာ ကမ္ဘာကြီးမှာ အသိဉာဏ်ပညာကို လျစ်လျူရှုပြီး ရုပ်ဝတ္ထုပစ္စည်းတွေနောက်ပဲ လိုက်နေကြ ပေါများပြည့်လျှံနေကြတယ်ဆိုတဲ့ အဓိပ္ပာယ်ရတယ်။” ဒီ စကားကို မိန့်ကြားခဲ့သူကတော့ ဆယမ်* ဗုဒ္ဓဘာသာရဟန်းတော်တပါးလည်းဖြစ် အတွေးအခေါ်ရှင်လည်း ဖြစ်တဲ့ အရှင် ဗုဒ္ဓဒါသဘိက္ခုဖြစ်ပါတယ်။ ဒီ စကားပေါ်ကိုအခြေခံပြီး ဆရာ ဆုလက် ဆီဝရက်ဆက ဘာပြော သလဲဆိုတော့ များများတိုးထုတ်၊ များများသုံးစွဲဝါဒ (consumerism) က နောက်ဆုံးပေါ်မိစ္ဆာဘာသာပဲတဲ့။   ဒီ ဆောင်းပါးမှာတော့ ဆယမ်နိုင်ငံအပေါ် များများတိုးထုတ်၊ များများသုံးစွဲဝါဒရဲ့ ရိုက်ခတ်မှုအကြောင်းရယ်၊ ဆရာတော် ဗုဒ္ဓဒါသနဲ့ ဆရာဆုလက် ဆီဝရက်ဆတို့နှစ်ဦး ဟောပြောခဲ့တာတွေအပေါ် အခြေခံထားတဲ့ အမြင်သစ်၊ လမ်းကြောင်းသစ်တွေအကြောင်းရယ်ကို ဆွေးနွေးထားပါတယ်။ အဲဒီ ဆရာနှစ်ပါးဟာ ဆယမ် နိုင်ငံရဲ့ လူမှုအကျိုးပြုဗုဒ္ဓဘာသာရဲ့ ဗိသုကာတွေပါ။ ဒီ ဆောင်းပါးကို ...