Skip to main content

တစ်ကပြန်စမလား

ပုဂံသို့ရောက်ခဲ့စဉ်က ရွှေစည်းခုံဘုရားဝင်းအတွင်းရှိ ဝင်္ကပါပုံစံ လုပ်ထားသော  လျှောက်လမ်းများ အတိုင်း သွားခဲ့ကြသည်ကို အမှတ်ရမိပါသည်။ ဝင်္ကပါ ဖြစ်သည့် အတွက် လမ်းမှားအောင် တမင် ဆင်ထားသည် ဖြစ်ရာ ခဏခဏ လမ်းမှားကြသည်။ လမ်းမှားတိုင်း နောက်ကိုပြန်လျှောက်ပြီး နောက် တစ်လမ်းကို ပြန်ရွေးချယ်ကာ ရှေ့ကို ဆက်သွား ကြသည်။ သည်လိုနှင့် တဝဲလည်လည် ဖြစ်ရင်း အချိန်တန် တော့လည်း ထွက်ပေါက်ကို ရှာတွေ့ကာ ခရီးဆုံး ပန်းတိုင်ကို ရောက်ရှိသွားပါသည်။



လူ့ဘဝဆိုတာလည်း ထိုဝင်္ကဘာ လမ်းကလေးလို အကွေ့အကောက် ထူပြောလှသည့် ခရီးတစ်ခုပဲ မဟုတ် ပါလား။ ကျွန်တော်တို့သည် မိမိတို့ အလိုရှိရာ ပန်းတိုင်ကိုရောက်ဖို့ ကိုယ်စီ ခရီးသွားနေကြသည်။ သို့ရာတွင် ဘဝ ခရီးကတော့ ရိုးစင်းဖြောင့်တန်းလှသည် မဟုတ်ပါ။ ထိုဘဝလမ်းမထက်တွင် လျှောက်ရင်း မကြာခဏ လမ်းပျောက်သွားကြသည်။ လမ်းရွေးမှားကြသည်။ ဘဝလမ်းသည် ရွှေစည်းခုံ ဘုရားဝင်း အတွင်းမှ ဝင်္ကပါလမ်းများထက်ပင် ပိုမိုကွေ့ကောက်၍ ပိုမာယာများလှပါသည်။ ရွှေစည်းခုံဘုရားမှ ဝင်္ကဘာ လမ်းကလေးသည် တမင်သက်သက် ပျော်ရအောင် လုပ်ထားခြင်း ဖြစ်သည်။ လမ်းမှားသွားလျှင် နောက်ပြန်လျှောက်ပြီး မှန်နိုင်ခြေရှိသည့် နောက်တစ်လမ်းကို ပြန်ရွေးချယ်လို့ရသည်။ စိတ်မရှည်လျှင် နိုင်ငံခြားသားတစ်ယောက် လုပ်ပုံအတိုင်း လျှောက်လမ်းတစ်ခုနှင့် တစ်ခုကြားခြားထားသည့် သစ်သား လက်ရမ်းများကို ကျော်ခွပြီးသွားလို့ရသည်။

ဒါပေမဲ့ ဘဝမှာတော့ သည်လို မဟုတ်ပါ။ သည်လို လုပ်လို့မရပါ။ ဘဝ ဝင်္ကပါကပိုနက်နဲရှုပ်ထွေးသည်။ ဘဝတွင် နောက်ကြောင်းကိုပြန်လျှောက်ပြီး တစ်ကပြန်စလို့မရ။ လက်ရမ်းများကို ကျော်ခွပြီး ဖြတ်လမ်းကသွားလို့မရ။ တစ်နေရာတွင်ရပ်၍ စဉ်းစားနေခွင့် မရှိပါ။ ဘဝတွင်ရှေ့တည့်တည့်ကိုသာ သွားခွင့်ရှိပါသည်။ လမ်းတစ်ခုကို တစ်ခါသာရွေးချယ်ရပါသည်။ ဆုံးဖြတ်ချက်တစ်ခုကို ချက်ချင်းချ ရပါသည်။ လမ်းမှား၊ ဆုံးဖြတ်ချက်မှားသွားလည်း နောင်တရရုံကလွဲလို့ 'ဘွာတေး' လုပ်လို့ မရပါ။

အချိန်ကို စိတ်ကြိုက်နောက်ပြန် ဆုတ်လို့ရသည့်စက် (Time machine) အကြောင်း စိတ်ကူးယဉ် ရိုက်ထားသည့် အနောက်တိုင်း ရုပ်ရှင်ကားများကိုတော့ ကြည့်ဖူးပါသည်။ ဘဝကိုလည်း အဆိုပါ ရုပ်ရှင်တွေထဲကလို နောက်ပြန်ရစ်လို့ ရလျှင်ကောင်းမည်ဟု တစ်ခါတလေ တော့လည်း တွေးမိသည်။ ကုန်လွန်ခဲ့သော ရက်၊ လ၊ နှစ် များကို ပြန်လည်၍ ရေတွက်ကြည့်လျှင် တတိယမြောက် ဆယ်စုနှစ်၏ လမ်းတစ်ဝက်ကိုပင် ကျော်လွန်ခဲ့ပေပြီ။ တကယ်တော့လည်း ၂၆ နှစ်ဆိုသောကာလသည် ရှည်လျားလှပြီဟု မဆိုသာသော်လည်း တိုတောင်းသည့် ကာလတစ်ခုတော့မဟုတ်ပါ။ ထိုအတောအတွင်း မိမိ ပြောဆို၊ ပြုမူလုပ်ဆောင်ခဲ့သမျှကို ပြန်လည်စဉ်းစား လိုက်တိုင်း မှန်တာထက် မှားတာ၊ ကျေနပ်စရာထက် နောင်တ ရစရာ ကသာ ပိုမိုများပြားနေသည်ကို အံ့ဩဖွယ် တွ့ရလေသည်။

ယခုလိုတွေးနေဆဲ မိတ်ဆွေတစ်ဦးက ''ဘဝကိုတစ်က ပြန်စလို့ ရရင်စမလား'' ဟု ကျွန်တော့်ကို မေးလာ ပါသည်။ တကယ်တော့ စိတ်ထဲရှိသည့် အတိုင်းဖြေပစ်လိုက်ချင်ပါသည်။ ဘဝ၏ အစသို့ပြန်သွားမည်။ မှားခဲ့သမျှ၊ လုပ်သင့်သည်ကိုမလုပ်ခဲ့၊ မလုပ်သင့်သည်ကို လုပ်ခဲ့သမျှအတွက် ပြန်ပြီး အဖတ်ဆယ်မည်။ ဘဝကိုယခု လက်ရှိ ထက်ပို၍ ပြည့်စုံကောင်းမွန်အောင် တည်ဆောက်မည်။

သို့သော်လည်း ကျွန်တော်သည် 'မစချင်'ဟူသော အဖြေကိုသာ လက်တွေ့တွင် ပေးခဲ့ပါသည်။ ပြန်စခွင့် ရှိလျှင်လည်း ကျွန်တော်သည် ဘဝကိုတစ်ကပြန်မစချင်တော့ပါ။ မှားခဲ့သောအမှားများအတွက် နောင်တ မရ၍၊ ပြန်ပြန်ချင်စိတ်မရှိ၍ မဟုတ်ပါ။ ဘဝကိုနောက်ကြောင်း ပြန်စရ၍ သည်အမှားကို မကျူးလွန်မိဘူးပဲထားဦး၊ ဟိုအမှားကိုတော့ ကျူးလွန်ပါလိမ့်မည်။ သည်လမ်းကို မရွေးဘဲ ဟိုလမ်းကို ရွေးလိုက်လျှင်လည်း ကိုယ်ပြန်ရွေးလိုက်သည့်လမ်းက ပိုဆိုးချင်ဆိုးနေနိုင်ပါသည်။ လောကတွင်မှားနိုင်ခြေ အမျိုးပေါင်းမည်မျှရှိမှန်း ကျွန်တော် တို့သိနိုင်သည်မဟုတ်ပါ။

ထို့ကြောင့်ပင် ရောက်နေသည့်နေရာမှ ရှေ့ဆက်သွားရပါမည်။ မှားခဲ့သော အမှားများကိုပင် ဆရာသဖွယ် သဘောထား၍ နောင်ကိုထပ်မဖြစ်အောင် သတိထားရပါမည်။ အမှားများကို အဆိုးမြင် ရှုထောင့်မှ ကြည့်လျှင် ခါးသီးနာကြည်းစရာအရာများဖြစ်၍ အကောင်းမြင်ရှုထောင့်မှကြည့်နိုင်လျှင်မူ အမှားဟူသည် ချစ်စရာကောင်းသော မိတ်ဆွေ၊ ကိုယ့်ကို သင်ပြပေးသော ဆရာပင် မဟုတ်ပါလား။

မြန်မာတိုင်း(မ်)၊ အမှတ် ၂၈၀၊ ၂၀၀၆ စက်တင်ဘာ။

ပျော်ရွှင်ခြင်းလမ်းစ

Comments

အဖတ်အများဆုံး

ကျွန်တော့်ဘဝကို လမ်းပြပေးခဲ့တဲ့ စာတစ်စောင်

ဒီစာရဲ့သက်တမ်းဟာ နှစ် ၂၀ နီးပါးရှိပါပြီ။  ၂၀၀၄ သို့မဟုတ် ၂၀၀၅ ခုနှစ်အတွင်းက စာတစ်စောင်ပါ။  အဲဒီတုန်းက ကျွန်တော်ဟာ ကျောင်းပြီးခါစ။ စိတ်ကူးအိပ်မက်က တောင်းဆိုနေတဲ့ဘဝနဲ့ ဘဝပြဋ္ဌာန်းမှုက တောင်းဆိုနေတဲ့ ဘဝ ဆိုတဲ့ ဘဝနှစ်မျိုးကြားမှာ ရွေးရခက်နေချိန်ပေါ့။ ကျွန်တော်ရတဲ့ဘွဲ့က BE ဘွဲ့။ အင်ဂျင်နီယာ။ ကျွန်တော့်စိတ်နှလုံးထဲက တောင်းဆိုနေတာကတော့ စာရေးဆရာ။ နိုင်ငံခြားထွက်ပြီး အင်ဂျင်နီယာလုပ်မယ်ဆိုရင် ငွေကြေးအရ ပြည့်စုံမယ့်ဘဝ။ ဒုတိယတစ်ခုကတော့ ဘာမှ မသေချာ မရေရာတဲ့လမ်း၊ ငတ်တစ်လှည့် ပြတ်တစ်လှည့်လမ်း။ တစ်ဖက်ကလည်း ကိုယ်လုပ်ချင်တာ လျှောက်လုပ်နေလို့ရလောက်အောင် ကိုယ့်မိဘက ငွေကြေးပြည့်စုံချမ်းသာသူမဟုတ်။  အဲဒီအချိန်မှာ မြန်မာပြည်မှာ အင်တာနက်ကဖေးတွေ စပေါ်ခါစ။ Gmail ဆိုတာလူသိပ်မသိကြသေးချိန်။ mptmail.net.mm ကလွဲပြီး တခြားဘာအီးမေးလ်မှ ဖွင့်ခွင့်မရှိတဲ့အချိန်။ အင်တာနက်ပေါ်က အခမဲ့ရတဲ့ လူမသိသူမသိ အီးမေးလ်တွေကို လိုက်ဖွင့်ပြီး ဟိုလူ့ဆီ စာလှမ်းရေးလိုက်၊ ဒီလူ့ဆီ စာလှမ်းရေးလိုက်နဲ့ ခုမှ အင်တာနက်တို့၊ အီးမေးလ်တို့နဲ့ စသုံးဖူးတဲ့ ကျွန်တော်တစ်ယောက် မျောက်အုန်းသီးရသလို။  အဲဒီအချိန် ပြည်ပကိုပြောင်းရွှေ့သွာ...

နယူးယီးယားဟာသ

နှစ်တစ်နှစ်ကုန်တော့မယ်ဆိုတိုင်း ကျနော်တို့တတွေ ပြက္ခဒိန်အသစ်ကို ချိတ်ကြ ရှေ့တစ်နှစ်စာ ဟောစာတမ်းတွေ ဟိုလှန် သည်ပွတ် ဖတ်ကြ ဒီနှစ်ထက် ရှေ့နှစ်က ကံပိုကောင်းမှာလား ချောင်းကြည့်ကြ။  တကယ်တော့လည်း ခုနှစ်ဟောင်းဆိုတာကိုက  တစ်ချိန်တုန်းက နှစ်သစ်ပဲမဟုတ်လား အဲသည်တုန်းကလည်း  ခု မလိုချင် စွန့်ခွာထွက်ပြေးချင် မြန်မြန်ကုန်ဆုံးနေစေချင်တဲ့ နှစ်ဟောင်းကိုပဲ မနှစ်တုန်းက  “လာပါတော့ အခါခါမော့ မာလာဖော့ မျှော်ပေါ့လေးနာရီ” လုပ်ခဲ့ကြ။ ရင်ခုန်ခြင်းများစွာနဲ့ ကြိုဆိုခဲ့ကြ ဝိုင်ခွက်တွေ တိုက်ခဲ့ကြ ဘီယာတွေ စီးဆင်းခဲ့ကြ အသားကင်တွေ၊ ငါးသံပရာတွေ အကြော်တွေအလှော်တွေ မီးရှူးတွေ မီးပန်းတွေနဲ့ပဲ  ကြိုဆိုခဲ့ကြ။  နှစ်သစ်ထဲဝင်ပြီး ပထမကွာတားလောက်ရောက်တော့ ရင်ခုန်သံတွေ အေးစက်ခဲ့၊ နှေးကွေးခဲ့ကြ မောပန်းနွမ်းနယ်လာခဲ့ကြ နုံးချိမောဟိုက်လာခဲ့ကြ အားတင်းကြရ၊ အချင်းချင်းအားပေးကြရ ဟောစာတမ်းတွေ မှန်တာတွေလည်းရှိ လွဲတာတွေလည်းရှိ ဘယ်နှလကျန်သေးတယ်၊ လက်ကျန်ကာလမှာ ဘာဖြစ်ဦးမယ်ရယ်လို့ ရက်လရှင်းတမ်းမှာ ကံဇာတာကြွေးကျန်ကို ပေသီးခေါက်ကြ။  ရယ်ကြ၊ မောကြ။ အားဖြည့်ကြ။ ရေဖြည့်ကြ။  နိုဝင်ဘာ၊ ဒီဇင်ဘာရောက်တော့ ကောင်းကျိုးမ...

‘တဏှာထက်ကြီးသောမြစ် မရှိ’ - ဆယမ်၏ များများထုတ်များများသုံးဝါဒကို ဗုဒ္ဓရှုထောင့်မှဝေဖန်ခြင်း

“ဖွံ့ဖြိုးမှု (တိုးပွားခြင်း) ဆိုတဲ့ စကားကို ပါဠိဘာသာနဲ့ ‘ဝဍ္ဎန’ လို့ ခေါ်ပါတယ်။ များပြားခြင်း လို့ အဓိပ္ပာယ်ရတယ်။ ကောင်းတဲ့အရာတွေ များပြားတာဖြစ်နိုင်သလို ပြဿနာ၊ ဒုက္ခဆင်းရဲ၊ ပဋိပက္ခတွေ များပြားတာလည်း ဖြစ်နိုင်တယ်။ ဒီနေ့ကမ္ဘာမှာတော့ ဖွံ့ဖြိုးမှုဆိုတာရဲ့ အဓိပ္ပာယ်ဟာ ကမ္ဘာကြီးမှာ အသိဉာဏ်ပညာကို လျစ်လျူရှုပြီး ရုပ်ဝတ္ထုပစ္စည်းတွေနောက်ပဲ လိုက်နေကြ ပေါများပြည့်လျှံနေကြတယ်ဆိုတဲ့ အဓိပ္ပာယ်ရတယ်။” ဒီ စကားကို မိန့်ကြားခဲ့သူကတော့ ဆယမ်* ဗုဒ္ဓဘာသာရဟန်းတော်တပါးလည်းဖြစ် အတွေးအခေါ်ရှင်လည်း ဖြစ်တဲ့ အရှင် ဗုဒ္ဓဒါသဘိက္ခုဖြစ်ပါတယ်။ ဒီ စကားပေါ်ကိုအခြေခံပြီး ဆရာ ဆုလက် ဆီဝရက်ဆက ဘာပြော သလဲဆိုတော့ များများတိုးထုတ်၊ များများသုံးစွဲဝါဒ (consumerism) က နောက်ဆုံးပေါ်မိစ္ဆာဘာသာပဲတဲ့။   ဒီ ဆောင်းပါးမှာတော့ ဆယမ်နိုင်ငံအပေါ် များများတိုးထုတ်၊ များများသုံးစွဲဝါဒရဲ့ ရိုက်ခတ်မှုအကြောင်းရယ်၊ ဆရာတော် ဗုဒ္ဓဒါသနဲ့ ဆရာဆုလက် ဆီဝရက်ဆတို့နှစ်ဦး ဟောပြောခဲ့တာတွေအပေါ် အခြေခံထားတဲ့ အမြင်သစ်၊ လမ်းကြောင်းသစ်တွေအကြောင်းရယ်ကို ဆွေးနွေးထားပါတယ်။ အဲဒီ ဆရာနှစ်ပါးဟာ ဆယမ် နိုင်ငံရဲ့ လူမှုအကျိုးပြုဗုဒ္ဓဘာသာရဲ့ ဗိသုကာတွေပါ။ ဒီ ဆောင်းပါးကို ...

အတိတ်ရဲ့အရိပ်

သူကပရိုဘောက်စ်လေးကိုလက်တားလိုက်လို့ကားရပ်၊ မှန်ချပြီးဈေးစကားစပြောစဉ်မှာပဲကားဆရာကိုသူစသတိထားမိတာပဲ။ သူထင်ထားသူများဖြစ်လေမလားပေါ့။ ဒါနဲ့ပဲသူတောင်းတဲ့ဈေးကိုမဆစ်ဘဲသွားဖို့သဘောတူလိုက်တယ်။ ကားဆရာနဲ့စကားပြောချင်တဲ့အတွက်တမင်တကာနောက်ခန်းမထိုင်ဘဲခေါင်းခန်း၊ ဒရိုင်ဘာဘေးမှာဝင်ထိုင်လိုက်တယ်။ ကားစထွက်စဉ်ကတည်းကသူနဲ့ကားဆရာနဲ့စကားတပြောပြောပဲ။“ကားလမ်းတွေလည်းကျပ်လိုက်တာဗျာ…” “ဟုတ်ပါ့ဆွဲမကောင်းဘူးညီလေး ရေ…” “ဆီဈေးကခုဘယ်လောက်ဖြစ်နေပြီးတုံး” “ခုနကပဲတစ်လီတာကို(…) နှုန်းနဲ့ထည့်ခဲ့ တာကွ… လုပ်စားကိုင်စားလို့မကောင်းတော့ပါဘူးကွာ။” စကားပြောနေရင်းနဲ့လည်း ကားဆရာရဲ့မျက်နှာကို သူအကဲခတ်တယ်။ များသောအားဖြင့် ရှေ့ကိုပဲကြည့်မောင်းနေရတယ်ဆိုပေမဲ့ ပွိုင့်မိတဲ့အခါ၊ ရှေ့သိပ်ကြည့်စရာမလိုတဲ့အခါမှာ စကားပြောလို့ အရှိန်တက်နေတဲ့ကားဆရာဟာ သူ့ကိုဘေးတိုက်လှည့်ကြည့်ပြီး ပြောတယ်။ သူပဲလား… တူသလိုလိုပါပဲ၊ မျက်နှာ ပေါက်မျက်နှာကျ၊ ပြောဟန်ဆိုပေါက်။ လူတူမရှားဖြစ်နေတာများလား… ။ တကယ်တော့ကြာခဲ့ပြီပဲလေ။ ကြာဆိုဆယ်စုနှစ်တစ်ခုကျော်ကြာခဲ့ပြီဆိုတော့ မှတ်မိဖို့က မနည်းစဉ်းစားနေရတာပေါ့။ ဆယ်နှစ်ဆိုတဲ့အချိန်အတွင်းလူတစ်ယောက်ဟာ ရုပ်ရော၊ စိတ်ရောအများကြီး ပ...

တော်တော်ဆိုးတဲ့လူတွေ

ပူပြင်းတဲ့နွေနေ့လယ်ခင်းတစ်ခုမှာ (……) ရဲစခန်းဟာ ပြင်းထန်စူးရှတဲ့ နေရောင်အောက် မီးကင်ထားသလို ထင်ရတယ်။ ငိုက်မြည်းနေတဲ့ ဂိတ်စောင့် ရဲတပ်သားရဲ့ခေါင်းဟာ ဆတ်ခနဲ ဆတ်ခနဲဖြစ်ဖြစ်သွားပြီး မနည်း အားတင်းလို့ မျက်ခွံတွေကို ပြန်ပင့်တင်နေရတယ်။ အမှုလာဖွင့်တဲ့ လူတချို့ ညှိုးငယ်တဲ့မျက်နှာတွေနဲ့အတူ စခန်းထဲကနေ ပြန်ထွက်သွားတော့မှ အစောင့်ရဲတပ်သားကလေးဟာ ကိုယ်ကိုမတ်မတ်ပြန်ထိုင်ပြီး သေနတ်ကိုအသေအချာ ပြန်ဆုပ်ကိုင်လိုက်တယ်။ ပြင်းထန်လှတဲ့နွေအပူဒဏ်ကြောင့် ရဲဌာနတစ်ခုလုံးက ရဲဝန်ထမ်းတွေဟာ သစ်ပင်တွေနဲ့   အပြိုင် ညှိုးရော်လို့။ အပြင်ကပြန်လာတဲ့ စခန်းမှူးဟာ သူ့အခန်းထဲက စားပွဲမှာထိုင်ရင်း တစ်ချက်သမ်းဝေလိုက်တယ်။ ထမင်းစားပြီး ခါစမို့ ဗိုက်ကလည်း တင်းနေသလို အိပ်ချင်စိတ်ကလည်း သူ့ကိုနှိပ်စက်နေတယ်။ သူဟာ “ ပူလိုက် အိုက်လိုက်တာ မပြောပါနဲ့တော့ ” လို့ တစ်ခွန်းပြောရင်း အပေါ်ရှပ်အင်္ကျီကိုချွတ်လိုက်ပြီး တိုင်ငုတ်မှာ သွားချိတ်ထား လိုက်တယ်။ အောက်ခံစွပ်ကျယ်အောက်က အသားပေါ်နေတဲ့ နေရာကတော့ ချွေးတွေကြောင့် မည်းပြောင်နေလေရဲ့။ မျက်နှာကျက် ပန်ကာကို ဖွင့်လိုက်တော့ ပန်ကာကမလည်ဘူး။ ...