Skip to main content

Posts

Showing posts with the label ခရီးသွားဆောင်းပါး

ဟားခါးသို့ လေးဆယ့်ရှစ်နာရီ

မန္တလေးမုံရွာကားလမ်းမထက် ဟားခါး-မန်း မှန်လုံယာဉ်ငယ်သည် ခရီးသည် ၂၂ ဦးကို တင်ဆောင်ရင်း တအိအိပြေး လျက်ရှိသည်။ ကားတွင်ကုန်ကအပြည့်။ သွားနှုန်းကလည်း နှေးလွန်းလှသည်။ ကျွန်တော်သည် မအိပ်ချင်အောင် သတိထား၍ လမ်းဘေးဝဲယာ မြင်ကွင်းများကို ကြည့်ရှုရင်း လိုက်ပါလာခဲ့၏။ အညာရှုခင်းသည် ခြောက်သယောင်း လွန်းလှသည်။ ကားတစ်စီးလုံးတွင် ယာဉ်မောင်းနှင့် စပယ်ယာကအစ အားလုံးနီးပါး ချင်းအမျိုးသားချည်း။ ဗမာဆိုလို့ ကျွန်တော်ပါမှ လေးဦးသာ။ ခရီးသည်အားလုံးက လိပ်လိုသွားနေသည့် ကားကို စိတ်မရှည် ချင်ကြ။ ဒီပုံစံနဲ့ဆို နောက်နေ့ ဟားခါး အရောက်နောက်ကျပြီ။ ခရီးစဉ်စကတည်းက နိမိတ်ကသိပ်မကောင်း။ မြင်းမူနားမှာ ကားတစ်စီးနှင့် တိုက်မိမလိုဖြစ်သည်။ ယာဉ်မောင်းက အသက်ကြီးကြီး၊ အတွေ့အကြုံရှိမည့်ပုံ ဆိုပေမယ့် သူမောင်းနေပုံက သိပ်အားရချင်စရာ မကောင်း။ ချောင်းဦး-ပခုက္ကူလမ်းခွဲ ရောက်တော့ ညနေစောင်းပြီ။ ချင်းတွင်းမြစ်ကူး ဆင်ဖြူ ရှင်တံတားကိုဖြတ်ပြီး မကွေးတိုင်းကို ဝင်သည်။ နေဝင်ရီတရောမှာ တောင်ယမားသဲချောင်းကိုဖြတ်သည်။ မိုးတွင်းကျ ဒီလမ်းကမသွားဘဲ မုံရွာဘက်က ပတ်သွားသည်ဟုသိရသည်။ သို့နှင့် ကင်းဝန်မင်းကြီးဇာတိ မင်းတိုင်ပင်ရွာ၊ ပုလဲမြို့တို့ကို အသီးသီး ဖြတ်ကျော...

ကျွန်တော်ချစ်သော မချစ်သော မဟာရန်ကုန်

မီးရထားသည် ရန်ကုန်နှင့်နီးကပ်လာသောအခါ ကျွန်တော့စိတ်များ လှုပ်ရှားလာမိသည်။ မတွေ့ရတာကြာသည့် မြင်ကွင်းများကို ပြန်မြင်ရတော့မည်၊ မမြင်ရတာကြာသည့် မျက်နှာများကို ပြန်တွေ့ရတော့မည် ဆိုသည့်အသိသည် ကျွန်တော့ကို အထူးတလည် ရင်ခုန်သံမြန်စေပါသည်။ အလုပ်တာဝန်အရ ကျွန်တော်သည် ပျဉ်းမနားတွင် သုံးလနီးပါးမျှကြာအောင် သွားနေခဲ့ရသည်။ ရန်ကုန်နှင့် သည်လောက်ကြာအောင် တစ်ခါမျှ မခွဲစဖူး။ ပျဉ်းမနားတွင် နေစဉ်က ရန်ကုန်ကို သတိရသည့်အခါလည်း ရှိသည်။ မရသည့် အခါလည်းရှိသည်။  လူမှန်း မသိခင်တည်းက နေလာခဲ့သည့် ရန်ကုန်သည် ကျွန်တော့်အချစ်ဆုံးမြို့တော့ဖြင့် မဟုတ်လှပါ။ သို့ပါသော်လည်း တကယ်တမ်း ရန်ကုန်နှင့်နီးလာပြီဟေ့ ဆိုသောအခါ  ကျွန်တော်သည် ထိုင်ခုံမှာ ဖင်ငြိမ်ငြိမ်ထိုင်မနေနိုင်တော့။ တွဲပေါက်နားသွား၍ မြင်ကွင်းထဲဝင်လာတော့မည့် စုလစ်မွန်းချွန်များနှင့် ရန်ကုန်ဘူတာကြီး၊ မိုးယံသို့ ထိုးထောင်ထွက်နေသည့် ကုန်သည်ကြီးများ ဟိုတယ်နှင့် ဆာကူရာတာဝါတို့  ရှိရာဘက်ဆီသို့သာ လည်ကိုဆန့်၍ မျှော်ငေးနေမိပါသည်။ ခရီးသွားများ ဖြစ်လေ့ဖြစ်ထရှိသည့် အတိုင်း ရထားထွက်လာကာစက ပျဉ်းမနားအကြောင်းကို ပိုပြီး တွေး ဖြစ်ခဲ့သည်။ သာမန်မြို့ငယ်လေးဘဝမှ နိုင်...

နှင်းဆီနီရောင် နန်းမြို့ရိုးနှင့် မန်းမြို့နေပြည်

“ရွှေမန်းဆီသို့ ... တစ်ခါတစ်ခေါက်ဖြင့် ရောက်စေချင်သည်။ ကျုံးတော်ပတ်လည် ပြမြို့ရိုး၊ ပြအိုးပစ္စင်၊ ကာရံကာအတည်၊ မြန်မာစံဌာနီ၊ သာယာပါပေ့သည်၊ ရေရိပ်ရေအောက်ဆီ၊ နေခြည်ဟပ်ကာ၊ အလွန် ပနံရလှသည်” ကျွန်တော့်နှုတ်က အထက်ပါသီချင်း စာသားအား ခပ်တိုးတိုးညည်းဆိုမိလျက်သားဖြစ်နေသည်။ တစ်ခုသော ဆောင်းအခါကာလ မန္တလေးမြို့သို့ ကျကျနန ရောက်စဉ်က ဖြစ်ပါသည်။ မြို့ကိုဝိုင်းပတ် ကာရံထားသည့် အရာများဖြစ်သော အရှေ့ဘက်ရှိမှိုင်းညို့ညို့ ရှမ်းရိုးမ တောင်တန်းကြီးများ၊ မြောက်ဘက်နားရှိမန္တလေးတောင်တော်၊ အနောက်ဘက်ရှိ စစ်ကိုင်းတောင်တန်းကြီးနှင့် တသွင်သွင်စီးဆင်းနေသော မြစ်ကြီးဧရာတို့ကြားမှ ကဗျာဆန်၊ စာဆန်လှသည့် ရွှေမန္တလေး၏အလှက ကျွန်တော့်ကို ဖမ်းစားသွားသည်။ မန္တလေးကို စာဆိုတို့ ဖွဲ့ခဲ့ကြသည်။ မွှမ်းခဲ့ကြသည်။ ကျွန်တော် သည် မန်းမြို့ဖွဲ့သီချင်းများ၊ ကဗျာများ၊ စာများကိုဖတ်၍ “ဟုတ်ပါ့မလား”ဟု တွေးကြည့်ခဲ့ဖူးသည်။ သံသယ ဖြစ်ခဲ့ဖူးသည်။ အခု ကိုယ်တိုင်တွေ့ပြီ။ သူတို့ အကဲမပိုကြမှန်း၊ ကျွန်တော်ကသာ “လို” သွားခဲ့မှန်း ကျွန်တော်သိခဲ့ပြီ။ ကျွန်တော်သည် ယခုမှ မြန်မာပြည်သို့ နဖူးတွေ့ဒူးတွေ့စရောက်ဖူးသူတစ်ဦးနှယ် ဖြစ်နေပါ၏။ ဆိုင်ကယ်ကိုကျွမ်...