Skip to main content

Posts

Showing posts with the label စာအုပ်သုံးသပ်ချက်

ရေအေး၏ 'သားပိုက်ကောင်နေ့ရက်များ'

သားပိုက်ကောင်နေ့ရက်များ ရေအေး ဇလပ်နီစာပေ၊ ဩဂုတ် ၂၀၂၃ (ပထမအကြိမ်) ဒီဝတ္ထုလေးထွက်လာတဲ့အတွက် စာရေးသူကိုရော ထုတ်ဝေသူကိုရော ကျေးဇူးတင်တယ်။ ဒါမျိုး မြန်မာပင်ကိုရေးထဲမှာ ဖတ်ချင်နေတဲ့ အာသီသလေး ပြည့်သွားတယ် ဆိုရမယ်။ အစဉ်အလာ ဝတ္ထုရေးဟန်တွေသာ လွှမ်းမိုးနေဆဲ မြန်မာခေတ်ပေါ်စာပေလောကရဲ့ ကွက်လပ်တစ်ခုကို ဖြည့်ဆည်း ပေးလိုက်တဲ့ ဝတ္ထုလို့ဆိုရမယ်။  ရုတ်တရက် ပြိုကျလာတဲ့ကျီးအုပ်တွေ၊ နေပြောက်တောင် မထိုးအောင် ကောင်းကင်မှာ ကျီးတွေဟာ အတောင်ပံချင်း ထိနေအောင် အုပ်မိုးထားတဲ့အတွက် ရုတ်တရက် မိုးမှောင်ကြီးကျသွားသလို ဖြစ်သွားတဲ့ အခိုက်အတံ့တွေရဲ့နောက်မှာ သွေးပျက်စရာ အဖြစ်အပျက်တွေ။ ရွာထဲကို ကြောင်နက်ကြီးတွေ ဝင်လာသတဲ့။ အိမ်ပြင်မှာတွေ့သမျှ လူတွေကို အကုန် လက်တွေခြေတွေ ဆွဲဖြုတ်။ တစ်ရွာလုံး ကမ္ဘာပျက်သလိုဖြစ်။ တချို့ကလည်း လူတစ်ကိုယ်စာမကမြင့်တဲ့ ကြောင်ကြီးတွေတဲ့။ တချို့ကလည်း လူကိုယ်ခန္ဓာနဲ့ ကြောင်ဦးခေါင်းတဲ့။ မျက်လုံးက ကြောင်မျက်လုံးတွေတဲ့။  ဒီလိုနဲ့ ရွာတွေ ရွာတွေဟာ ကျီးတွေ၊ ကြောင်တွေကြောင့် အိုးအိမ်ကိုစွန့်ခွာထွက်ပြေးကြရတယ်။ လူမရှိတော့တဲ့ ရွာပျက်ကြီးတွေကို ကြောင်တွေက မီးရှို့ဖျက်ဆီးတယ်။ ရွာကိုစွန့်ခွာထွက်ပြေးရသူတွေထဲက...

မသိန်းရှင်ဆီပို့ကြည့်လိုက်သော မာယာဘုံ

ကျွန်မသည် ပြီးခဲ့သောကာလတစ်ခုအတွင်း လူလေးဦးနှင့် တွေ့ဆုံရင်းနှီးခဲ့ရသည်။ သို့သော် သူတို့နှင့် တွေ့ဆုံရင်းနှီးခဲ့သည်မှာ အပြင်မှာမဟုတ်ဘဲ စာမျက်နှာထက်တွင် သက်ဝင်လှုပ်ရှားနေသော စာရေးဆရာ၏ စိတ်ကူးဇာတ်ကောင်များအဖြစ် သိကျွမ်းခဲ့ခြင်း ဖြစ်ပါသည်။ ထိုဇာတ်ကောင်းလေးဦးစလုံးသည် ခေတ် တစ်ခေတ် တည်းတွင် လူးလွန့်ရှင်သန်ခဲ့ကြကာ ထိုခေတ်၏ လှိုင်းလုံးများရိုက်ခတ်မှုဒဏ်ကိုလည်း ပုံစံတူ ရင်ဆိုင်ခဲ့ရ၊ ကျော်လွှားခဲ့ရ၊ နစ်မြုပ်ခဲ့ရသော ခေတ်ပြိုင်ဘဝတူဇာတ်ကောင်များ ဖြစ်ကြသည်။ သို့ရာတွင် ထိုဇာတ်ကောင်လေးဦးစလုံးသည် တစ်ဦးတည်းသော ကလောင်မိခင်ဝမ်းကြာတိုက်မှ မွေးဖွားလာ ခဲ့ခြင်းတော့ မဟုတ်ပါ။ မှောင်ခိုလုပ်ငန်းကို စက်ဆုပ်သော ကိုမြင့်နှင့် မှောင်ခိုသမလေး အေးမတို့မှာ ဆရာ မြသန်းတင့်၏ သားသမီးများ ဖြစ်ကြပြီး၊ နေ့စဉ် မြို့လုလင်ဘူတာမှ တောင်တွင်းကြီး-ကျောက်ပန်းတောင်း မီးရထားဖြင့် လိုက်ကာ ဝမ်းရေးအတွက် ထန်းလျက်မှောင်ခိုကူးရသူလေး ညိုညိုနှင့် ညိုညို့ကိုမှ သနားကြင်နာချစ်မိရသူ ရထားလိုက်စာရေးလေး ကိုရင်မောင်တို့မှာ ဆရာနိုင်ဝင်းဆွေ၏ စုတ်ချက်ဖျားမှ အရုပ်ထင်လာခဲ့ကြသော ဆေးစက်လေးများ ဖြစ်သည်။  ဆရာမြသန်းတင့်၏ ‘မာယာဘုံ (သင့်စာပေ/၁၉၇၅)’ သည်လည်းကောင်...

မုန်း၍မဟူကို မုန်း၍မဟုတ်ဘဲ ဝေဖန်ခြင်း

ဂျာနယ်ကျော် မမလေးဟာ သူ့ခေတ်သူ့အခါကဆို အတော်ကို ပေါ်ပြူလာဖြစ်တဲ့ မိန်းမစာရေးဆရာ တဦး။ စာအရေးအသားလည်း ကောင်း၊ ထက်လည်းထက်မြက်၊ ရုပ်လည်းချော၊ ယောက်ျားကလည်း ဂျာနယ်ကျော် ဦးချစ်မောင်လို ပုဂ္ဂိုလ်။ လင်နဲ့မယား အတွဲအဖက်ညီညီနဲ့ သုတ၊ ရသ၊ သုံးသပ်ချက် ဆောင်းပါးတွေ ရေးခဲ့ကြသူတွေ။  မမလေးကို စဖတ်ဖူးတာ သုံးတန်းလောက်ကဖြစ်မယ်။ အိမ်မှာရှိတဲ့ ‘သွေး’ ဝတ္ထုပေါ့။ ခဏခဏပြန်ဖတ်တယ်။ မောင်မောင့်အစ်မ ဂျပန်မလေး ယုမိစံ ကိုလည်းသနား၊ မောင်မောင့်ကိုလည်း သနား ကိုယ်ချင်းစာမိတယ်။ မောင်နှမနှစ်ယောက် ပြန်ဆုံတဲ့ ဇာတ်လမ်းအဆက်လေးကို ကိုယ့်စိတ်ကူးနဲ့ကိုယ် ဆက်ရေးကြည့်ရတယ်။  ငါးတန်းလောက် ရောက်တော့ ‘ရင်နင့်အောင်မွှေး’ ဖတ်ရတယ်။ အဲဒီတုန်းကတော့ ကြိုက်တာပဲ။ နောက်တော့ ‘သူလိုလူ’၊ ‘အဖြူ’၊ ‘သူမ’ စတာတွေ ဖတ်ဖြစ်တယ်။ ဒါပေမဲ့ ရှုမဝမဂ္ဂဇင်း အယ်ဒီတာအဖွဲ့နဲ့ အခြေအတင် ဖြစ်ရတဲ့အထိ ဖြစ်ရတယ်ဆိုတဲ့ ‘မုန်း၍မဟူ’ကိုတော့ မကြာသေးခင်ကမှ ဖတ်ဖူးတယ်။ ငယ်ငယ်က ဖတ်ဖူးရင်တော့ ကြိုက်မလားမသိပေမဲ့ အခုအရွယ်မှာတော့ ပြောစရာတွေ တွေ့လာတယ်။ ဒုတိယကမ္ဘာစစ်မဖြစ်ခင်ကာလ နောက်ခံထားထားတဲ့ မုန်း၍မဟူထဲမှာ ဝေဝေဆိုတဲ့ ဧရာဝတီတိုင်းသူ ကလေးဟာ သူ့ထက်အသက်အများကြီးကြီးတဲ့ ဦးစောဟန် ဆိ...

မိရိုးဖလာသိမှတ်ချက်များကို "ရဲရဲကြီးစဉ်းစား၊ ရဲရဲကြီးဝေဖန်" ထားသော ဦးအေးမောင်၏စာအုပ်

လွန်ခဲ့သော ဆယ်နှစ်ကျော်လောက်က ဖြစ်မည်ထင်သည်။ ယခုခေတ်လို Facebook က မတွင်ကျယ် လှသေးဘဲ Gmail မှတစ်ဆင့် စာတွေ၊ ပုံတွေ ဖြန့်ဝေနေကြချိန်က အီးမေးလ်တစ်စောင် လက်ခံရရှိဖူးသည်။ အီးမေးလ်မှာ ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာ ခေါ် မိုးပြာဂိုဏ်းအကြောင်း စုံစမ်းရေးသားထားသည့် ဆောင်းပါးတစ်စောင်ဖြစ်သည်။ ထိုဆောင်းပါး၏အဆုံးတွင် မိုးပြာဂိုဏ်းကဲ့သို့ပင် ထေရဝါဒ သာသနာအတွက် အန္တရာယ်ရှိ၍ အဓမ္မအဖြစ် ယခင်က ဆုံးဖြတ်ခဲ့ဖူးသော ဝါဒအချို့အကြောင်း အကျဉ်းချုပ်များလည်း ပါသည်။ ထိုအထဲတွင် ဦးအေးမောင် (စာပေဗိမာန်) ၏ ‘ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒ’ စာအုပ်အကြောင်းလည်း ဖော်ပြထားရာ အောက်ပါအတိုင်းတွေ့ရပါ သည်။  ဦးအေးမောင်၏ ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒ အမည်ရှိစာအုပ်ကြီးသည် ပိဋကတ်သုံးပုံတို့ကို အကုန်နီးပါးမျှ ပယ်ချထားသည့် စာအုပ်ကြီးဖြစ်၍ ၁၉၆၄ ခုနှစ် နောက်ပိုင်း တစ်လျှောက်လုံး အပိတ်ခံထားရပါသည်။ သို့သော်လည်း ၂၀၀၄ ခုနှစ်တွင် ပါရမီစာပေမှ ပြန်လည်ထွက်ပေါ်လာရာ တစ်အုပ်လျှင် ကျပ် ၆,၀၀၀ ဖြင့် ဈေးကွက်ဝင်လာပါသည်။ ယခုအထိ ရောင်းချနေဆဲပင် ရှိပါသေးသည်။ ၎င်းစာအုပ်ကြီး၏ အကျိုးဆက်အနေဖြင့် ပိဋကတ်တော်တို့ကို တစ်အုပ်၊ တစ်သုတ် ပြည့်ပြည့်စုံစုံ မဖတ်ဖူးကြဘဲ ‘ပိဋကတ်တွေက အမှားတွေဖြစ...