Skip to main content

မုန်း၍မဟူကို မုန်း၍မဟုတ်ဘဲ ဝေဖန်ခြင်း

ဂျာနယ်ကျော် မမလေးဟာ သူ့ခေတ်သူ့အခါကဆို အတော်ကို ပေါ်ပြူလာဖြစ်တဲ့ မိန်းမစာရေးဆရာ တဦး။ စာအရေးအသားလည်း ကောင်း၊ ထက်လည်းထက်မြက်၊ ရုပ်လည်းချော၊ ယောက်ျားကလည်း ဂျာနယ်ကျော် ဦးချစ်မောင်လို ပုဂ္ဂိုလ်။ လင်နဲ့မယား အတွဲအဖက်ညီညီနဲ့ သုတ၊ ရသ၊ သုံးသပ်ချက် ဆောင်းပါးတွေ ရေးခဲ့ကြသူတွေ။ 



မမလေးကို စဖတ်ဖူးတာ သုံးတန်းလောက်ကဖြစ်မယ်။ အိမ်မှာရှိတဲ့ ‘သွေး’ ဝတ္ထုပေါ့။ ခဏခဏပြန်ဖတ်တယ်။ မောင်မောင့်အစ်မ ဂျပန်မလေး ယုမိစံ ကိုလည်းသနား၊ မောင်မောင့်ကိုလည်း သနား ကိုယ်ချင်းစာမိတယ်။ မောင်နှမနှစ်ယောက် ပြန်ဆုံတဲ့ ဇာတ်လမ်းအဆက်လေးကို ကိုယ့်စိတ်ကူးနဲ့ကိုယ် ဆက်ရေးကြည့်ရတယ်။ 

ငါးတန်းလောက် ရောက်တော့ ‘ရင်နင့်အောင်မွှေး’ ဖတ်ရတယ်။ အဲဒီတုန်းကတော့ ကြိုက်တာပဲ။ နောက်တော့ ‘သူလိုလူ’၊ ‘အဖြူ’၊ ‘သူမ’ စတာတွေ ဖတ်ဖြစ်တယ်။ ဒါပေမဲ့ ရှုမဝမဂ္ဂဇင်း အယ်ဒီတာအဖွဲ့နဲ့ အခြေအတင် ဖြစ်ရတဲ့အထိ ဖြစ်ရတယ်ဆိုတဲ့ ‘မုန်း၍မဟူ’ကိုတော့ မကြာသေးခင်ကမှ ဖတ်ဖူးတယ်။ ငယ်ငယ်က ဖတ်ဖူးရင်တော့ ကြိုက်မလားမသိပေမဲ့ အခုအရွယ်မှာတော့ ပြောစရာတွေ တွေ့လာတယ်။

ဒုတိယကမ္ဘာစစ်မဖြစ်ခင်ကာလ နောက်ခံထားထားတဲ့ မုန်း၍မဟူထဲမှာ ဝေဝေဆိုတဲ့ ဧရာဝတီတိုင်းသူ ကလေးဟာ သူ့ထက်အသက်အများကြီးကြီးတဲ့ ဦးစောဟန် ဆိုတဲ့ ဘိုစိတ်ပေါက်နေတဲ့ မြန်မာတယောက်နဲ့ အိမ်ထောင်ကျတယ်။ မိဘပေးစားလို့မဟုတ်ဘဲ ချစ်လို့ယူတာ။ 

ဦးစောဟန်ဟာ ဘိုစိတ်ပေါက်နေသလို မြန်မာတွေကို အထင်သေးတယ်။ ငါးပိရည် တို့စရာစားတဲ့ လူမျိုး၊ လက်နဲ့ထမင်းစားတဲ့ လူမျိုးရယ်လို့ နှိမ်ချင်တယ်။ သူ့မိန်းမ ဝေဝေကိုလည်း အဖေ့အိမ်ကို မကြာခဏ ပေးမကူးဘူး။ မိသားစုဆွေမျိုးတွေနဲ့ စားဟယ် သောက်ဟယ် ရင်းရင်းနှီးနှီး မနေခိုင်းဘူး။ သူကိုယ်တိုင်လည်း မနေဘူး။ ဝေဝေ့ကို အိမ်မှာပဲ ပေါင်မုန့်ထောပတ်သုတ်နဲ့ ကော်ဖီနဲ့ ဘိုဆန်ဆန် အချိန်ဇယားနဲ့ ထားတယ်။ ဒီ အချိန်အိပ်၊ ဒီအချိန်ထ၊ ဒီအဝတ်ကိုဝတ် ဆိုပြီး ကော်ပတ်ရုပ်လေးလို အရိပ်တကြည့်ကြည့်နဲ့ ထားတယ်။ ရွှေလှောင်ချိုင့်လေးနဲ့ ထားတယ်။

ဝေဝေ့အဖေ တီဘီရောဂါသည်ကြီးဟာ ရန်ကုန်မှာ ဆေးကုရင်းကနေ အသည်းအသန်ဖြစ်နေပြီဆိုတဲ့ သံကြိုး ရောက်လာပေမဲ့ ဝေဝေဟာ ဦးစောဟန်ပေးမသွားလို့ ချက်ချင်းလိုက်မသွားရဘူး။ နောက်တနေ့မှာပဲ သူ့အဖေ ဆုံးတဲ့ သတင်းကြားတော့ ဝေဝေဟာ ရင်ကွဲရတယ်။ တရက်ကလေး နောက်ကျလိုက်တာ သူ့အဖေ အသက်ကို မမီလိုက်ဘူး။ ဒါပေမဲ့လည်း ယောကျ်ားလုပ်သူကို မမုန်းရက်ဘူးတဲ့။

ဝေဝေဟာ ကိုယ်ဝန်ရှိလာတော့လည်း ဦးစောဟန်က ပိုလို့တောင် သူ့ကို သဲသဲလှုပ်ပြပြန်တယ်။ ဒါပေမဲ့ ကလေးက ပျက်ကျသွားတယ်။ မကြာဘူး၊ ဝေဝေဟာ သူ့အဖေလိုပဲ ချောင်းဆိုးရင် သွေးပါလာတယ်။ ဦးစောဟန်ဟာ နေ့တိုင်း အင်္ဂလိပ်ဆရာဝန်ခေါ်ပြီး ဆေးထိုးဆေးကု လုပ်ပေမဲ့ မသက်သာဘဲ ဝေဝေဟာ တနေ့တခြား ပိန်ပိန်လာတယ်။ နောက်ဆုံးတော့ ဝေဝေလည်း ဒါနဲ့ပဲ ဆုံးတယ်။

ဒီမှာမရှင်းတာက ဝေဝေဟာ ဘိုဆန်သူ ဦးစောဟန်ကြောင့် သေရတယ်လို့ မမလေးက ဆိုလိုချင်သလား မသိပါ။ ဒါပေမဲ့ ဝေဝေ သေရတာဟာ တီဘီကြောင့်သေရတာဖြစ်သလို တီဘီကလည်း သူ့အဖေဆီကနေ ကူးတာလို့ပဲ ယူဆရတယ်။ ဦးစောဟန်ဟာ သူ့မိန်းမကို အကောင်းဆုံး ကုသပေးခဲ့တာပဲ။ ဝေဝေဟာ ဦးစောဟန်နဲ့ မရလည်း တီဘီရောဂါနဲ့ ကွယ်လွန်ဖို့ရာ အကြောင်းများပြီးသားပဲ။ ဘယ်သူနဲ့ပဲ ယူယူ အဲဒီခေတ် အဲဒီအခါအခြေအနေအရ သေဖို့ရာခိုင်နှုန်းများတာပဲ။ ဒါကြောင့် ဝေဝေသေရတာဟာ ဦးစောဟန် ဘိုဆန်မှုကြောင့်လို့ ပြောရခက်တယ်။ တနေရာကျတော့ ဝေဝေဟာ တီဘီကို ပျောက်အောင် ကုနိုင်တယ်လို့ (သူ့ကိုယ်သူဆိုတဲ့) အမျိုးထဲက ဘကြီး တယောက်နဲ့ ကုချင်ပေမဲ့ ဦးစောဟန်က ခွင့်မပေးလို့ မကုရဘူးလို့ ဆိုပြန်တယ်။ ဒါကလည်း ကံသေကံမပြောရခက်တဲ့ ကိစ္စပါ။ အဲဒီကာလတုန်းက အနောက်တိုင်းဆေး ဖြစ်ဖြစ် တိုင်းရင်းဆေးဖြစ်ဖြစ် တီဘီကို ပျောက်အောင်ကုဖို့ဆိုတာ မလွယ်လှပါ။ ခုခေတ် ကင်ဆာကို ပျောက်အောင် ကုနိုင်တယ်လို့ ဆိုတဲ့ တိုင်းရင်းဆေးဆရာများလိုပါပဲ။ ဟိုလူနဲ့ပျောက်ချင်လည်းပျောက်မယ်၊ ကိုယ့်ကျတော့ ပျောက်ချင်မှလည်း ပျောက်မယ် ဆိုတာလိုမျိုးပါပဲ။

တစ်ခါ ဦးစောဟန်က (တာဏောယက္ခ ဘီလူးပုံပြင်ထဲကလို) ဝေဝေ့ကို အာခံတွင်းငုံထားမတတ် ထားတာဟာ ဦးစောဟန် ဘိုဆန်တာနဲ့ မဆိုင်ပါဘူး။ ဘိုဆန်တဲ့လူတိုင်းက မိန်းမကို ရွှေလှောင်ချိုင့်နဲ့ ထားတာမှ မဟုတ်တာ။ သည်းသည်းလှုပ်ချင်တဲ့သူက ဘိုဆန်ဆန် မဆန်ဆန် သည်းသည်းလှုပ်မှာပဲ မဟုတ်လား။ အဖေ့အသက်ကိုတောင် မမီတဲ့အထိ ဝေဝေ ဖြစ်ရတဲ့ ဦးစောဟန်ရဲ့ချုပ်ချယ်မှုဟာ ဦးစောဟန်ရဲ့ အတ္တသာဖြစ်ပြီး သူ့ရဲ့ ဘိုဆန်ဆန် နေမှုနဲ့မဆိုင်ပါ။

ဇာတ်လမ်းမှာ ဝေဝေ့ရဲ့ ဦးစောဟန်အပေါ် ချစ်သွားပုံကို ရေးဖွဲ့တာအားနည်းတယ်လို့ မြင်ပေမဲ့ မိတ်ဆွေ အစ်မ တယောက်ကတော့ ဝေဝေ့အရွယ်မှာ အကြောင်းပြချက်မရှိဘဲ ချစ်သွားတတ်ကြတာပဲလို့ ပြောတဲ့အတွက် ဒါကိုတော့ ထားလိုက်ပါတော့မယ်။ ကျနော်သာ ထုတ်ဝေသူ/အယ်ဒီတာ ဆိုရင်တော့ ဒီဝတ္ထုကို ထုတ်ဖို့ရာ သိပ်မဖြစ်နိုင်လောက်ဘူး။ ပြန်ပြင်ခိုင်းပြီးမှ ထုတ်ဖို့များပါမယ်။ 

ဒေါ်မမလေးဟာ ကိုလိုနီခေတ်မှာ ကြီးခဲ့သူပီပီ အင်္ဂလိပ်ဆန့်ကျင်တဲ့ မျိုးချစ်စိတ်ရှိသူ တဦးမို့ ဒါမျိုးရေးတာ မဆန်းပါ။ ဘိုစိတ်ပေါက်နေတဲ့ ဦးစောဟန်နဲ့ ယူမိလို့ပဲ သူ့ဘဝရဲ့ကံကြမ္မာဟာ ခုလိုဖြစ်ရတယ်လို့ ဆိုလိုဟန်တူတယ်။ (အဲသလိုတော့ တည့်တည့်မရေးထားဘူး။) ရေးလို့ မရဘူးတော့ မဟုတ်ပါဘူး။ ဘိုဆန်တဲ့သူကို မယူသင့်ဘူးလို့ ရေးချင်ရင်လည်း ယုတ္တိကိုတော့ ခိုင်ခိုင်မာမာ တည်ဆောက်ဖို့ လိုပါလိမ့်မယ်။ အဲသလိုမဟုတ်ရင် မွတ်စလင်နဲ့ယူလို့ ဒုက္ခရောက်ရတဲ့ မြန်မာမိန်းကလေးတဦး အကြောင်း ဇာတ်လမ်းဆင် ရေးတဲ့ ခုခေတ် ဝါဒဖြန့်မဘသဇာတ်လမ်းမျိုးနဲ့ သိပ်မကွာဘူးလို့ပဲ မြင်တယ်။


Comments

အဖတ်အများဆုံး

အင်တာလုဒ်

လူ့လောကသည် ငြိမ်ငြိမ်သက်သက် …  လကလေးက ထွန်းမြကြည်သာ ...  လေနုသွေးမှာ ပိုးမွှားအချို့ပါလာသည် ကျေးလက်ရိုးရာဗုံသံအချို့ တိုးချည် ကျယ်ချည်ကြားရသည်။ ကမ္ဘာသည် ဝင်ရိုးပေါ်တစ်ပတ်သွားနှုန်း တစ်စက္ကန့်ထပ်နှေးသွား၏။ တစ်စုံတစ်ရာကို ကျောပိုးထားရသောကြောင့် …  ပြာလွင်လွင်ကောင်းကင်၌ တိမ်လွန်းပျံက  တက်သုတ်ရိုက် ခရီးနှင်၏။ သတင်းစကားကို သယ်လာရသောကြောင့် …  စစ်သည်တော်သည် သေနတ်ပြောင်းဝကို အောက်သို့စိုက်၏။ နှင်းဆီတစ်ခြင်း၏ဆွဲအားကြောင့် … ငွေဗျိုင်းဖြူကိုမြင်သော လယ်တောသူက အထက်သို့မော့ကြည့်သည်။ စပါးခင်းမှရောင်ပြန်အလင်း ထွန်းသောသူ့မျက်နှာကို သူ့ချစ်သူက စေ့စေ့ကြည့်၏။ ကျေးငှက်တို့သည် စပါးနှံတို့ကို ကိုက်ချီသွားသည်။ စောင်းသံသည် အဘယ်အရပ်မှလာသနည်း။ လေပြည်လာရာ လမ်းကြောင်းမှ … ရွှေလမှာယုန်ဝပ်နေဆဲ ဆန်ဖွပ်သူမရှိတော့ချေ။ 1.1.2021 #WaiYanHponePoetry

အာရှ ယဉ်ကျေးမှုတန်ဖိုးများနှင့် အစိမ်းရောင်မူဝါဒ နိုင်ငံရေး - ဗုဒ္ဓဝါဒရှုထောင့်မှချဉ်းကပ်ခြင်း

 နိဒါန်း အာရှသား အစိမ်းရောင်သမားတွေဟာ အနောက်တိုင်းသား အစိမ်းရောင်သမားတွေရဲ့ စဉ်းစားကြံစည် လုပ်ကိုင်ပုံတွေကို ပုံတူကူးရုံပဲဆိုရင်တော့ အာရှတိုက်မှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒ နိုင်ငံရေးဟာ ကျရှုံးမှာပါပဲ။ ရှေ့မှာလည်း နမူနာတွေရှိထားပါတယ်။ ဒေသတွင်းနိုင်ငံတွေမှာတွေ့ရတဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်နဲ့ ဆိုရှယ်လစ်မူဝါဒရေးရာတွေကို ကြည့်ရင်လည်း ရလဒ်တွေဆိုးရွားလေ့ရှိတာ မြင်ရမှာပါ။ ကျွန်တော်တို့အာရှမှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒအားပြုနိုင်ငံရေးကို အနှစ်အသား ပြည့်ပြည့်နဲ့ အောင်မြင်တာ မြင်ချင်တယ်ဆိုလို့ရှိရင်တော့ လုပ်ရမှာက သီးခြား အစိမ်းရောင်အယူအဆတွေနဲ့ အလေးအနက်ထား ပေါင်းစပ်ဖို့အတွက် အာရှရဲ့ ယဉ်ကျေးမှုဇာစ်မြစ်တွေထဲက သင့်လျော်မယ့် အစိတ်အပိုင်းတွေကို စေ့စေ့စပ်စပ် လိုက်ရှာဖွေဖို့ပဲဖြစ်ပါတယ်။ ဒီ ဆောင်းပါးမှာဆွေးနွေးမှာကတော့ အာရှရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို ဘာဖြစ်လို့ ပစ်ပယ်လို့မရဘူးလဲဆိုတာ၊ အဲဒီ တန်ဖိုးတွေက ဘာတွေလဲ ဆိုတာ၊ အာရှတိုက်မှာရော အာရှတိုက်ကြီးအတွက်ရော သီးခြားအသွင်ဆောင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖန်တီးရာမှာ အဲဒီတန်ဖိုးတွေက ဘယ်လိုအကူအညီဖြစ်မလဲဆိုတာတွေပဲဖြစ်ပါတယ်။  အခုဆောင်းပါး...

ရေအေး၏ 'သားပိုက်ကောင်နေ့ရက်များ'

သားပိုက်ကောင်နေ့ရက်များ ရေအေး ဇလပ်နီစာပေ၊ ဩဂုတ် ၂၀၂၃ (ပထမအကြိမ်) ဒီဝတ္ထုလေးထွက်လာတဲ့အတွက် စာရေးသူကိုရော ထုတ်ဝေသူကိုရော ကျေးဇူးတင်တယ်။ ဒါမျိုး မြန်မာပင်ကိုရေးထဲမှာ ဖတ်ချင်နေတဲ့ အာသီသလေး ပြည့်သွားတယ် ဆိုရမယ်။ အစဉ်အလာ ဝတ္ထုရေးဟန်တွေသာ လွှမ်းမိုးနေဆဲ မြန်မာခေတ်ပေါ်စာပေလောကရဲ့ ကွက်လပ်တစ်ခုကို ဖြည့်ဆည်း ပေးလိုက်တဲ့ ဝတ္ထုလို့ဆိုရမယ်။  ရုတ်တရက် ပြိုကျလာတဲ့ကျီးအုပ်တွေ၊ နေပြောက်တောင် မထိုးအောင် ကောင်းကင်မှာ ကျီးတွေဟာ အတောင်ပံချင်း ထိနေအောင် အုပ်မိုးထားတဲ့အတွက် ရုတ်တရက် မိုးမှောင်ကြီးကျသွားသလို ဖြစ်သွားတဲ့ အခိုက်အတံ့တွေရဲ့နောက်မှာ သွေးပျက်စရာ အဖြစ်အပျက်တွေ။ ရွာထဲကို ကြောင်နက်ကြီးတွေ ဝင်လာသတဲ့။ အိမ်ပြင်မှာတွေ့သမျှ လူတွေကို အကုန် လက်တွေခြေတွေ ဆွဲဖြုတ်။ တစ်ရွာလုံး ကမ္ဘာပျက်သလိုဖြစ်။ တချို့ကလည်း လူတစ်ကိုယ်စာမကမြင့်တဲ့ ကြောင်ကြီးတွေတဲ့။ တချို့ကလည်း လူကိုယ်ခန္ဓာနဲ့ ကြောင်ဦးခေါင်းတဲ့။ မျက်လုံးက ကြောင်မျက်လုံးတွေတဲ့။  ဒီလိုနဲ့ ရွာတွေ ရွာတွေဟာ ကျီးတွေ၊ ကြောင်တွေကြောင့် အိုးအိမ်ကိုစွန့်ခွာထွက်ပြေးကြရတယ်။ လူမရှိတော့တဲ့ ရွာပျက်ကြီးတွေကို ကြောင်တွေက မီးရှို့ဖျက်ဆီးတယ်။ ရွာကိုစွန့်ခွာထွက်ပြေးရသူတွေထဲက...

ဘယ်တော့မှဖတ်ခွင့်ရမှာ မဟုတ်တဲ့ ဂန္ထဝင်စာအုပ် ၆ အုပ်

စာအရေးအသားပေါ်ပေါက်လာတာဟာ နှစ်ပေါင်းထောင်နဲ့ချီရှိခဲ့ပြီမို့ ဘယ်သောအခါမှ ဖတ်ခွင့်မရတော့မယ့် ပုံဝတ္ထုတွေလည်း ရှိပါတယ်။ အဲဒီထဲကတချို့ဆိုရင် ပျောက်လို့ပျောက်နေမှန်း​တောင် လူတွေမသိကြတဲ့ စာတွေဖြစ်ပြီး တချို့ကျတော့လည်း နှုတ်ဖြင့်သာလက်ဆင့်ကမ်းလာခဲ့ကြတဲ့ ဒဏ္ဍာရီဆန်ဆန်တွေ ဖြစ်ကြ ပါတယ်။ ဒါပေမဲ့လည်း ပျောက်ဆုံးစာအုပ်စာရင်းဆိုတာ ရှိနေမှန်းတော့ အသေအချာသိကြပါတယ်။ တချို့ စာအုပ်/စာမူတွေဆိုရင် စာကြည့်တိုက်တွေထဲမှာ၊ လက်ဆွဲသေတ္တာတွေထဲမှာ၊ ဒါမှမဟုတ် စာရေးစားပွဲခုံ တွေထဲမှာ ဘယ်သူမှမတို့မထိရဘဲ ရှိချင်ရှိနေမှာပါ။ ဆေးလ်ဗီးယား ပလာ့သ်ရဲ့ ပျောက်ဆုံးသွားတဲ့ စာမူတွေ အစ လော့ဒ်ဘိုင်ရွန်ရဲ့ မီးရှို့ပစ်လိုက်တဲ့ ကိုယ်ရေးမှတ်တမ်းတွေအဆုံး အဲဒီ စာအုပ်တွေ စာမူတွေဟာ အတိတ်သမိုင်း ဟိုးဝေးဝေးမှာ ကျန်ရစ်ပျောက်ဆုံးခဲ့ပြီဖြစ်ပါတယ်။ Isle of the Cross by Herman Melville ဟားမန်း မဲလ်ဗီးဟာ Isle of the Cross ဆိုတဲ့ စာမူကို Moby Dick စာအုပ်ထုတ်ဝေပြီး နှစ်နှစ်အကြာ ၁၈၅၃ ခုနှစ်မှာ ထုတ်ဝေသူကို ပြသခဲ့ပါတယ်။ အဲဒီစာမူကတော့ သူအားလပ်ရက်ခရီးသွားတုန်း လေ့လာသိရှိခဲ့ရတဲ့ ဇာတ်လမ်းတစ်ပုဒ်အပေါ်မှာ အခြေခံထားပါတယ်။ သင်္ဘောသား ခင်ပွန်းဖြစ်သူရဲ့...

ကျွန်တော်က ခင်ဗျားကိုတွေ့ချင်တာ

ဆိုပါစို့ဗျာ …ချစ်တဲ့သူငယ်လေ သူငယ်ချင်းကောင်း ယောက်ဖရေ ဒီနေ့ဟာ ကျနော့်နာရေးဆိုပါစို့။ ကျနော့်ရဲ့ နောက်ဆုံးခရီးလေးဆိုကြပါစို့။ ခင်ဗျားနဲ့ကျနော်နဲ့ကလည်း မာနတွေကြောင့်ပဲဖြစ်ဖြစ်၊ ဃရာဝါသတွေကြောင့်ပဲဖြစ်ဖြစ် မဆုံဖြစ်ခဲ့တာကြာပြီ။ တိုက်တိုက်ဆိုင်ဆိုင်ဗျာ ဒီနေ့မှပဲ ခင်ဗျားမှာ... စကောလားရှစ် စာမေးပွဲရှိနေတယ်… သူဌေးက အထူးအစည်းအဝေးခေါ်ထားတယ်… တင်ဒါဝင်ပြိုင်ရမယ့် နောက်ဆုံးရက်ဖြစ်နေတယ်… နိုင်ငံခြားသွားဖို့ လေယာဉ်ပေါ်တက်ရမယ့်အချိန်ဖြစ်နေတယ်… စသည် စသည်ဖြင့် ရှိနေတယ်… ဆိုပါစို့။ ဒါဆို ကျနော့်ကို ခင်ဗျား လာတွေ့မှာလား လာမှာလား... ခင်ဗျားဟာ ကျနော့်ကို ထပ်မြင်ရဖို့ အခွင့်အရေးမရှိတော့ဘူး … ဒီနေ့ပြီးရင်… ဘယ်တော့မှလည်း ပြန်မဆုံကြတော့ဘူးဆိုရင်၊ ခင်ဗျားမှာလည်း လက်လွတ်မခံနိုင်စရာ အရေးကြီးအလုပ်ကလည်း ရှိနေခဲ့ရင်၊ ခင်ဗျား ကျနော့်ဆီ လာဦးမှာလား … လာမှာလား … ကျနော်ကတော့ ခင်ဗျားဆီ ထမလာနိုင်တော့တာအမှန်။ ကျနော့်မှာ ခုတင်ပေါ် မလှုပ်မယှက်လဲလျောင်းရင်းက လက်သီးဆုပ်ကို ဖြေထားရင်းက ခင်ဗျားကို မျှော်နေမိမှာပါ… မျှော်ဦးမှာပါ မျှော်မှာပါ… သေသူတစ်ယောက်မှာ စာမေးပွဲလည်းမရှိတော့... အင်တာဗျူးလည်းမရှိ...