Skip to main content

ကွန်းခိုရာ။ ရာဘင်ဒြာနတ် တဂိုး


ဘာသာပြန်သူ၏အမှာ

ဘင်္ဂါလီစာဆိုတော်ကြီး ရာဘင်ဒြာနတ် တဂိုး (၁၈၆၁-၁၉၄၁) ကို ဝတ္ထုရေးဆရာတစ်ဦးအဖြစ်ထက် ကဗျာစာဆိုတော်ကြီး တစ်ဦးအဖြစ်သာ ကျွန်တော်ပို၍ ရင်းနှီးခဲ့သည်။ မြန်မာနိုင်ငံတွင် တဂိုး၏ ကဗျာစာစုများ၊ ဝတ္ထုတိုများကို ရှေ့ရှေ့က ဘာသာပြန် ဆရာကြီးများ မြန်မာဘာသာသို့  ပြန်ဆိုမှုများ ရှိသော်လည်း ဝတ္ထုရှည်အဖြစ်မူဘာသာပြန်သည်ကို မတွေ့ဖူးပါ။ (ကျွန်တော် မသိတာလည်း ဖြစ်နိုင်ပါသည်။) မူရင်း ဘင်္ဂါလီဘာသာဖြင့် ရေးသားထားသည့် ထိုဝတ္ထု၏ အင်္ဂလိပ်ဘာသာပြန်ကိုဖတ်ပြီး သည့်အခါ နှစ်သက်သဖြင့် မြန်မာဘာသာပြန်ဆိုရန် ဆုံးဖြတ်လိုက်သည်။



ဝတ္ထုဖြစ်ပေါ်လာပုံမှာ ဘင်္ဂေါပြည်နယ်ကို ၁၉ဝ၅ ခုနှစ်တွင် အိန္ဒိယ ဘုရင်ခံချုပ် လာ့ဒ်ကာဇုန်က နယ်မြေသတ်မှတ်သည့်နောက်ပိုင်း အင်္ဂလိပ်အစိုးရအပေါ် ဆန့်ကျင်သည့် အမျိုးသားရေးလှုပ်ရှားမှု တစ်ခု ပါက်ဖွားလာခဲ့သည်။ ယင်းမှာ 'ဆွာဒေရှိ' ဟုခေါ်သည့် ဗြိတိသျှကုန်ပစ္စည်းများကို သပိတ်မှောက်ပြီး ပည်တွင်း စက်မှုလက်မှုလုပ်ငန်းများကို အားပေးအားမြှောက်ပြုသည့် လှုပ်ရှားမှုဖြစ်သည်။  မန်မာ နိုင်ငံတွင်လည်း အင်္ဂလိပ်လက်ထက်က အလားတူဝံသာနုလှုပ်ရှားမှုတစ်ခု ပါ်ပေါက် ခဲ့ဖူးသည်။ တဂိုးသည် ဆွာဒေရှိတွင် တက်ကြွစွာပါဝင်လှုပ်ရှားခဲ့ပြီး အလွန်တရာ အားကောင်းလှသည့်စာသားများ၊ သီချင်းများဖြင့် လက်ကမ်းစာစောင်များ  ရးသား ဖန့်ဝေခဲ့သလို ရက်ကန်းရုံတစ်ရုံနှင့် မီးခြစ်ဆံစက်ရုံတစ်ရုံ တည်ထောင်ရာ၌ပင် ပါဝင် ခဲ့သည်။

သို့ရာတွင် စိတ်ရိုင်းဝင်နေသည့်လူအုပ်ကြီးများက တင်သွင်းကုန်များကို မီးရှို့နေကြသည့်မြင်ကွင်းကို ကြည့်ရင်း တဂိုး စိတ်ပျက်အားလျော့လာခဲ့သည်။ မိမိတို့၏ အတန်းပညာများကို စွန့်လွှတ်ထွက်ခွာလာကြပြီး နိုင်ငံရေးခေါင်းဆောင်များ၏ နောက်လိုက်လုပ်နေကြသည့် တက္ကသိုလ်ကောလိပ်ကျောင်းသား များကိုလည်း သူ သနားသည်။ အမျိုးသားရေးလှုပ်ရှားမှုသည် အဓိကရုဏ်းအသွင်ကူးပြောင်းလာခဲ့သည့်အခါ အဆိုပါလှုပ်ရှားမှုသည် တစ်ခုခုမှားနေပြီဟု တဂိုးစတင်ခံစားမိလာသည်။

ဈေးပေါသည့် အင်္ဂလိပ်ပစ္စည်းများကို သပိတ်မှောက်ကာ ဈေးကြီးပြီး အရည်အသွေးမကောင်းသည့် အိန္ဒိယဖြစ်ပစ္စည်းများကို ဝယ်ယူရန် လှုံ့ဆော်မှုသည် ဆင်းရဲသားများကိုသာ ထိခိုက်နစ်နာစေသည်။ သူတို့အတွက်မူ ဆွာဒေရှိသည် အလွန်ဝေးကွာသည့် နာမည်တစ်ခုဖြစ်သည်ဟု တဂိုးခံစားမိသည်။ အဓိက နစ်နာသူများမှာ မွတ်စလင်လယ်သမားများနှင့် ကုန်သည်များဖြစ်ရာ ၎င်းမှာချမ်းသာသည့် ဟိန္ဒူ လယ်ရှင်များနှင့် နိုင်ငံရေးသမားများအပေါ် မကျေနပ်မှုများသာ ကြီးထွားလာခဲ့သည်။ မွတ်စလင်တို့မှာ အစပိုင်းက လှုပ်ရှားမှုတွင် မပါဘဲဘေးထွက်ထိုင်နေရာမှာ နစ်နာမှု များလာသည့်အခါ တဖြည်းဖြည်းအကြမ်းဖက်ပြီး ဆွာဒေရှိကို တုံ့ပြန်လာခဲ့ကြသည်။ အမျိုးသားရေးရည်ရွယ်ချက်ဖြင့် စတင်ခဲ့သည့်ဆွာဒေရှိသည် အုပ်စုဖွဲ့အကြမ်းဖက်သည့် အသွင်ဆောင်လာသည့်အပေါ် တဂိုးမခံစားနိုင်တော့။ ထိုအခါ သူ ဒီပွဲမှာဝင်မပါ တော့ချေ။

တဂိုးနုတ်ထွက်သွားသည့်အပေါ် အပြင်းအထန်ဝေဖန်သူများလည်း ရှိခဲ့ သည်။ ထိုသို့ဝေဖန်သူများအပေါ် သူ၏တုံ့ပြန်ချက်များကို ဤဝတ္ထုတွင်တွေ့နိုင်သည်။ ဝတ္ထုတွင် ဇာတ်ကောင်နီခေးမှတစ်ဆင့် တဂိုး၏ဆွာဒေရှိအပေါ် ရှုမြင်သုံးသပ်ချက်များကို မြင်တွေ့နိုင်သည်။ အကြမ်းဖက်မှုများအပေါ် ခါးသီးစိတ်ဖြင့် တဂိုးသည် သန္တိကို ဖန်တီးခဲ့သည်။ နီခေး၏ဇနီးငယ်ဘီမာလာကိုတော့ ဘင်္ဂေါပြည်ကြီးကို ကိုယ်စားပြု ဖန်တီးခဲ့သည်။

ယခုဝတ္ထုသည် အဆိုပါဇာတ်ကောင်များအကြားမှ အားပြိုင်ပွဲ (တစ်နည်း) အတွေးအခေါ်အဟောင်း (စိတ်ကူးယဉ်ဝါဒ) နှင့် အသစ် (လက်တွေ့ဝါဒ) တို့အကြား၊ လမ်းစဉ်နှင့်ပန်းတိုင်၊ ကောင်းမှုနှင့် မကောင်းမှုတို့အကြား လွန်ဆွဲပွဲကိုသရုပ်ဖော်ထား ခင်းဖြစ်သည်။ ဘင်္ဂေါပြည်နယ်မှ မရှင်ပဒေသရာဇ်တစ်ဦး ဖစ်သည့် နီခေး၊ နီခေး၏ဇနီး ဘီမာလာနှင့် နီခေး၏ငယ်သူငယ်ချင်း သန္တိဘာဘူတို့၏ သုံးပွင့်ဆိုင်အချစ် ဇာတ်လမ်းကို ဆွာဒေရှိလှုပ်ရှားမှု  နာက်ခံထား၍ တစ်ယောက် တစ်လှည့်စီစကားပြော ဟန်ဖြင့် သရုပ်ဖော်ထားသည်။ တဂိုးသည် ကဗျာဆရာကြီး ဖြစ်၍လားမသိ၊ တဂိုး၏စကားပြေ အရေးအသားမှာ အလွန်မှကဗျာဆန်လှသည်။ အဖွဲ့အနွဲ့တွင်လည်းကောင်း၊ နိမိတ်ပုံ၊ စကားဥပစာ၊ အလင်္ကာ၊ စကားပရိယာယ်များဖြင့် တန်ဆာဆင်ရာတွင်လည်းကောင်း အံ့ဖွယ်ဘနန်း ကောင်းမွန်လှသည်။ ကျွန်တော် သည် ဘင်္ဂါလီစာမတတ်သဖြင့် တဂိုး၏မူရင်း ဘင်္ဂါလီအရေးအသားမည်သို့ရှိသည် မသိပါ။ သို့သော် အင်္ဂလိပ်ဘာသာပြန်ကိုဖတ်ကြည့်ရုံနှင့်ပင် မူရင်းဝတ္ထုအရေးအသား၏ လက်ရာမြောက်မှုကို ခန့်မှန်းကြည့်နိုင်ခဲ့ပါသည်။

ဤဝတ္ထုကို ၁၉၁၆ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၌ ဘင်္ဂါလီဘာသာဖြင့် ပထမ အကြိမ်ထုတ်ဝေခဲ့သည်။ ကျွန်တော် ယခုမြန်မာဘာသာသို့ပြန်ဆိုထားသည့် အင်္ဂလိပ်ဘာသာပြန်မူကို ၁၉၁၉ ခုနှစ်တွင် မက္ကမီလန်စာအုပ်တိုက်က  ဗိတိန်နိုင်ငံ၌ ပထမ အကြိမ်နှင့် ပင်ဂွင်းစာအုပ်တိုက်က ၁၉၈၅ ခုနှစ်တွင်ထပ်မံထုတ်ဝေခဲ့သည်။ ဘင်္ဂါလီ ဘာသာမှ အင်္ဂလိပ်ဘာသာသို့ ဆူရင်ဒြာနတ်တဂိုးက ပန်ဆိုခဲ့ခြင်းဖြစ်သည်။

အင်္ဂလိပ်ဘာသာဖြင့်ရေးထားသည့် နိုင်ငံတကာဝတ္ထုအတိုအထွာကလေး များကို ကျွန်တော့်အနေဖြင့် ဘာသာပြန်ဖူးသော်လည်း ကျွန်တော်က ''ကွန်းခိုရာ''ဟု အမည်ပေးထားသည့် ယခု တဂိုး၏ဝတ္ထုကတော့ ကျွန်တော်၏ ပထမဆုံး ဘာသာပြန် ဝတ္ထုရှည်လက်ရာဖြစ်ပါသည်။ ကျွန်တော်သည် ယနေ့ကမ္ဘာကျော် မော်ဒန်၊ ပို့စ်မော်ဒန် စာရေးဆရာများ၏ ဝတ္ထုများကို မန်မာပြန်ဆို၍ရနိုင်ပါလျက်နှင့် ဘာကြောင့် နှစ် ၁ဝဝ နီးပါးသက်တမ်းရှိသည့် ဂန္ထဝင်ကိုမှရွေးကိုင်သလဲဟု  မးစရာရှိပါသည်။ အကြောင်းက ဒီဝတ္ထုသည် ယနေ့ကျွန်တော်တို့နိုင်ငံကြုံတွေ့နေရသည့် အခြေအနေနှင့် ဆင်တူနေ၍ပင်ဖြစ်သည်။

ကျွန်တော်တို့နိုင်ငံ ခေတ်ပြောင်းစနစ်ပြောင်းပြီဟုဆိုသည့်အချိန်မှာပင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများနှင့် ကြုံဆုံရသည်။ အမျိုးသားရေးစိတ်ဓာတ်များ မြင့်တက်လာသည်။ အမျိုးသားရေးကပထမ၊ လူ့အခွင့်အရေးနှင့် လစ်ဘရယ်တန်ဖိုးတို့က ဒုတိယဟုပင်ဆိုသူများရှိလာသည်။ ဤဝတ္ထုတွင် ဝတ္ထုရေး ဆရာသည် အမျိုးသားရေးအပေါ်အခြေခံသည့် ဆွာဒေရှိလှုပ်ရှားမှုကို မထောက်ခံသည့်အပြင် ၎င်း၏ အန္တရာယ်ကိုပါသတိပေးခဲ့သည်။  ငြိမ်းချမ်းမှုအပေါ်ယံလွှာကိုခြုံလွှမ်းထားသည့် လှုပ်ရှားမှုသည် တစ်မုဟုတ်ချင်း ရန်လိုသည့်အမျိုးသားရေးဝါဒအဖြစ်သို့ အသွင်ပြောင်းသွားနိုင်သည်ကိုလည်း တဂိုးသိသည်။ ထိုသို့ပြောင်းလဲမှုသည် တိုင်းပြည်အတွက် အကောင်းထက် အဆိုးသာပေးနိုင်သည်ဟု သူက မီးမောင်းထိုးပြသည်။

အင်္ဂလိပ်ကုန်ပစ္စည်းများကို မသုံးစွဲရေး၊ တိုင်းရင်းဖြစ်များကိုသာအားပေးရေး လှုံ့ဆော်မှုများ၊ ဟာပြောမှုများသည် ဝံသာနုစိတ်ဓာတ်အပေါ် အခြေခံသလိုလိုနှင့် 'ဆွာဒေရှိ'သည် နာက်ဆုံးမျက်ကန်းမျိုးချစ်
စိတ်ဓာတ်ကိုသာ မွေးဖွားပေးလိုက်ပြီး ဟိန္ဒူ-မွတ်စလင် အဓိကရုဏ်းများပေါ်ပေါက်ကာ သွေးထွက်သံယိုဖြစ်မှုများသာ အဖတ်တင်ခဲ့ရာ ယနေ့ကျွန်တော်တို့မြန်မာနိုင်ငံရှိ အမျိုးသားရေး အစွန်းရောက် ဇောင်းပေးသူများလည်း သတိပြုဆင်ခြင်စရာဖြစ်ပါသည်။ ပဋိပက္ခများဖြစ်သည့်အခါ မည်သူ့မည်သူမျှ အကျိုးအမြတ်မရဘဲ နောက်ဆုံးအမြတ်ထွက်သူများမှာ အခွင့်အရေးချောင်း နိုင်ငံရေး သမားများနှင့် စီးပွားရေးသမားများ သာဖြစ်ကြောင်းကိုလည်း ယခုဝတ္ထုကိုဖတ်ရှုပြီး ကျွန်တော်တို့ သင်ခန်းစာ ယူနိုင်ပါသည်။ တဂိုးသည် အိန္ဒိယအမျိုးသားခေါင်းဆောင်ကြီး မဟတ္တမဂန္ဓီ၏ အကြမ်းမဖက် အနုနည်းလမ်းစဉ်သည်သာ မိမိ၏ပန်းတိုင်ကိုရောက်ရှိရေးအတွက် အဆီလျော်ဆုံးဖြစ်ပြီး အကြမ်းပတမ်း နည်းသည် အားလုံး၏အကျိုးစီးပွားမဲ့ကိုသာပြုတတ်ကြောင်း ယုံကြည်သည်ဟုလည်း မှန်းဆနိုင်သည်။

ထို့ပြင် ရိုးရာဓလေ့များနှင့် ခတ်သစ်ဝါဒ၊ ဘာသာရေးနှင့် လာကီ ဆန်သည့် အမို်းသားရေးနှစ်ခုကြားမှ ခားနားသည့်သဘောသဘာဝ၊ အိန္ဒိယအမျိုးသမီး တို့၏ လူ့အဖွဲ့အစည်းအတွင်းက အခန်းကဏ္ဍစသည်တို့ကို ယခုဝတ္ထုမှ တစေ့တစောင်း လေ့လာအကဲခတ်နိုင်ပါသည်။ နီခေး၊ ဘီမာလာ၊ သန္တိတို့သုံးယောက်၏ ဇာတ်ကောင် စရိုက်များအချင်းချင်း အားပြိုင်မှုတို့ကိုလည်း လေ့လာနိုင်ပါသည်။ တဂိုး၏မူရင်း အရေးအသားကိုလိုက်မီမည်ဟု မယူဆသော်လည်း အတတ်နိုင်ဆုံးကြိုးစား၍ မြန်မာမှု ပြုထားပါသည်။ အမှားအယွင်းသော်လည်းကောင်း၊ အရသာပေါ့လျော့ခြင်းသော် လည်းကောင်း တစ်စုံတစ်ရာရှိခဲ့ပါလျှင် ယင်းသည်ကျွန်တော်၏ ညံ့ဖျင်းမှုသာ ဖြစ်ပါ ကြောင်း။

ယခုစာအုပ်ကိုမှာယူလိုပါက မြန်မာပြည်တွင်းဖြန့်ချိရေး - ကိုမောင်မောင် (+၇၉၈၄၀ ၂၈၄၃) သို့ ဆက်သွယ်နိုင်ပြီး ပြည်ပရောက်များအနေဖြင့် http://www.myanmarbookshop.com/MyanmarBooks/BookDetails/29927 မှတစ်ဆင့် မှာယူနိုင်ပါသည်။

Comments

အဖတ်အများဆုံး

အင်တာလုဒ်

လူ့လောကသည် ငြိမ်ငြိမ်သက်သက် …  လကလေးက ထွန်းမြကြည်သာ ...  လေနုသွေးမှာ ပိုးမွှားအချို့ပါလာသည် ကျေးလက်ရိုးရာဗုံသံအချို့ တိုးချည် ကျယ်ချည်ကြားရသည်။ ကမ္ဘာသည် ဝင်ရိုးပေါ်တစ်ပတ်သွားနှုန်း တစ်စက္ကန့်ထပ်နှေးသွား၏။ တစ်စုံတစ်ရာကို ကျောပိုးထားရသောကြောင့် …  ပြာလွင်လွင်ကောင်းကင်၌ တိမ်လွန်းပျံက  တက်သုတ်ရိုက် ခရီးနှင်၏။ သတင်းစကားကို သယ်လာရသောကြောင့် …  စစ်သည်တော်သည် သေနတ်ပြောင်းဝကို အောက်သို့စိုက်၏။ နှင်းဆီတစ်ခြင်း၏ဆွဲအားကြောင့် … ငွေဗျိုင်းဖြူကိုမြင်သော လယ်တောသူက အထက်သို့မော့ကြည့်သည်။ စပါးခင်းမှရောင်ပြန်အလင်း ထွန်းသောသူ့မျက်နှာကို သူ့ချစ်သူက စေ့စေ့ကြည့်၏။ ကျေးငှက်တို့သည် စပါးနှံတို့ကို ကိုက်ချီသွားသည်။ စောင်းသံသည် အဘယ်အရပ်မှလာသနည်း။ လေပြည်လာရာ လမ်းကြောင်းမှ … ရွှေလမှာယုန်ဝပ်နေဆဲ ဆန်ဖွပ်သူမရှိတော့ချေ။ 1.1.2021 #WaiYanHponePoetry

အာရှ ယဉ်ကျေးမှုတန်ဖိုးများနှင့် အစိမ်းရောင်မူဝါဒ နိုင်ငံရေး - ဗုဒ္ဓဝါဒရှုထောင့်မှချဉ်းကပ်ခြင်း

 နိဒါန်း အာရှသား အစိမ်းရောင်သမားတွေဟာ အနောက်တိုင်းသား အစိမ်းရောင်သမားတွေရဲ့ စဉ်းစားကြံစည် လုပ်ကိုင်ပုံတွေကို ပုံတူကူးရုံပဲဆိုရင်တော့ အာရှတိုက်မှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒ နိုင်ငံရေးဟာ ကျရှုံးမှာပါပဲ။ ရှေ့မှာလည်း နမူနာတွေရှိထားပါတယ်။ ဒေသတွင်းနိုင်ငံတွေမှာတွေ့ရတဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်နဲ့ ဆိုရှယ်လစ်မူဝါဒရေးရာတွေကို ကြည့်ရင်လည်း ရလဒ်တွေဆိုးရွားလေ့ရှိတာ မြင်ရမှာပါ။ ကျွန်တော်တို့အာရှမှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒအားပြုနိုင်ငံရေးကို အနှစ်အသား ပြည့်ပြည့်နဲ့ အောင်မြင်တာ မြင်ချင်တယ်ဆိုလို့ရှိရင်တော့ လုပ်ရမှာက သီးခြား အစိမ်းရောင်အယူအဆတွေနဲ့ အလေးအနက်ထား ပေါင်းစပ်ဖို့အတွက် အာရှရဲ့ ယဉ်ကျေးမှုဇာစ်မြစ်တွေထဲက သင့်လျော်မယ့် အစိတ်အပိုင်းတွေကို စေ့စေ့စပ်စပ် လိုက်ရှာဖွေဖို့ပဲဖြစ်ပါတယ်။ ဒီ ဆောင်းပါးမှာဆွေးနွေးမှာကတော့ အာရှရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို ဘာဖြစ်လို့ ပစ်ပယ်လို့မရဘူးလဲဆိုတာ၊ အဲဒီ တန်ဖိုးတွေက ဘာတွေလဲ ဆိုတာ၊ အာရှတိုက်မှာရော အာရှတိုက်ကြီးအတွက်ရော သီးခြားအသွင်ဆောင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖန်တီးရာမှာ အဲဒီတန်ဖိုးတွေက ဘယ်လိုအကူအညီဖြစ်မလဲဆိုတာတွေပဲဖြစ်ပါတယ်။  အခုဆောင်းပါး...

ရေအေး၏ 'သားပိုက်ကောင်နေ့ရက်များ'

သားပိုက်ကောင်နေ့ရက်များ ရေအေး ဇလပ်နီစာပေ၊ ဩဂုတ် ၂၀၂၃ (ပထမအကြိမ်) ဒီဝတ္ထုလေးထွက်လာတဲ့အတွက် စာရေးသူကိုရော ထုတ်ဝေသူကိုရော ကျေးဇူးတင်တယ်။ ဒါမျိုး မြန်မာပင်ကိုရေးထဲမှာ ဖတ်ချင်နေတဲ့ အာသီသလေး ပြည့်သွားတယ် ဆိုရမယ်။ အစဉ်အလာ ဝတ္ထုရေးဟန်တွေသာ လွှမ်းမိုးနေဆဲ မြန်မာခေတ်ပေါ်စာပေလောကရဲ့ ကွက်လပ်တစ်ခုကို ဖြည့်ဆည်း ပေးလိုက်တဲ့ ဝတ္ထုလို့ဆိုရမယ်။  ရုတ်တရက် ပြိုကျလာတဲ့ကျီးအုပ်တွေ၊ နေပြောက်တောင် မထိုးအောင် ကောင်းကင်မှာ ကျီးတွေဟာ အတောင်ပံချင်း ထိနေအောင် အုပ်မိုးထားတဲ့အတွက် ရုတ်တရက် မိုးမှောင်ကြီးကျသွားသလို ဖြစ်သွားတဲ့ အခိုက်အတံ့တွေရဲ့နောက်မှာ သွေးပျက်စရာ အဖြစ်အပျက်တွေ။ ရွာထဲကို ကြောင်နက်ကြီးတွေ ဝင်လာသတဲ့။ အိမ်ပြင်မှာတွေ့သမျှ လူတွေကို အကုန် လက်တွေခြေတွေ ဆွဲဖြုတ်။ တစ်ရွာလုံး ကမ္ဘာပျက်သလိုဖြစ်။ တချို့ကလည်း လူတစ်ကိုယ်စာမကမြင့်တဲ့ ကြောင်ကြီးတွေတဲ့။ တချို့ကလည်း လူကိုယ်ခန္ဓာနဲ့ ကြောင်ဦးခေါင်းတဲ့။ မျက်လုံးက ကြောင်မျက်လုံးတွေတဲ့။  ဒီလိုနဲ့ ရွာတွေ ရွာတွေဟာ ကျီးတွေ၊ ကြောင်တွေကြောင့် အိုးအိမ်ကိုစွန့်ခွာထွက်ပြေးကြရတယ်။ လူမရှိတော့တဲ့ ရွာပျက်ကြီးတွေကို ကြောင်တွေက မီးရှို့ဖျက်ဆီးတယ်။ ရွာကိုစွန့်ခွာထွက်ပြေးရသူတွေထဲက...

ဘယ်တော့မှဖတ်ခွင့်ရမှာ မဟုတ်တဲ့ ဂန္ထဝင်စာအုပ် ၆ အုပ်

စာအရေးအသားပေါ်ပေါက်လာတာဟာ နှစ်ပေါင်းထောင်နဲ့ချီရှိခဲ့ပြီမို့ ဘယ်သောအခါမှ ဖတ်ခွင့်မရတော့မယ့် ပုံဝတ္ထုတွေလည်း ရှိပါတယ်။ အဲဒီထဲကတချို့ဆိုရင် ပျောက်လို့ပျောက်နေမှန်း​တောင် လူတွေမသိကြတဲ့ စာတွေဖြစ်ပြီး တချို့ကျတော့လည်း နှုတ်ဖြင့်သာလက်ဆင့်ကမ်းလာခဲ့ကြတဲ့ ဒဏ္ဍာရီဆန်ဆန်တွေ ဖြစ်ကြ ပါတယ်။ ဒါပေမဲ့လည်း ပျောက်ဆုံးစာအုပ်စာရင်းဆိုတာ ရှိနေမှန်းတော့ အသေအချာသိကြပါတယ်။ တချို့ စာအုပ်/စာမူတွေဆိုရင် စာကြည့်တိုက်တွေထဲမှာ၊ လက်ဆွဲသေတ္တာတွေထဲမှာ၊ ဒါမှမဟုတ် စာရေးစားပွဲခုံ တွေထဲမှာ ဘယ်သူမှမတို့မထိရဘဲ ရှိချင်ရှိနေမှာပါ။ ဆေးလ်ဗီးယား ပလာ့သ်ရဲ့ ပျောက်ဆုံးသွားတဲ့ စာမူတွေ အစ လော့ဒ်ဘိုင်ရွန်ရဲ့ မီးရှို့ပစ်လိုက်တဲ့ ကိုယ်ရေးမှတ်တမ်းတွေအဆုံး အဲဒီ စာအုပ်တွေ စာမူတွေဟာ အတိတ်သမိုင်း ဟိုးဝေးဝေးမှာ ကျန်ရစ်ပျောက်ဆုံးခဲ့ပြီဖြစ်ပါတယ်။ Isle of the Cross by Herman Melville ဟားမန်း မဲလ်ဗီးဟာ Isle of the Cross ဆိုတဲ့ စာမူကို Moby Dick စာအုပ်ထုတ်ဝေပြီး နှစ်နှစ်အကြာ ၁၈၅၃ ခုနှစ်မှာ ထုတ်ဝေသူကို ပြသခဲ့ပါတယ်။ အဲဒီစာမူကတော့ သူအားလပ်ရက်ခရီးသွားတုန်း လေ့လာသိရှိခဲ့ရတဲ့ ဇာတ်လမ်းတစ်ပုဒ်အပေါ်မှာ အခြေခံထားပါတယ်။ သင်္ဘောသား ခင်ပွန်းဖြစ်သူရဲ့...

ကျွန်တော်က ခင်ဗျားကိုတွေ့ချင်တာ

ဆိုပါစို့ဗျာ …ချစ်တဲ့သူငယ်လေ သူငယ်ချင်းကောင်း ယောက်ဖရေ ဒီနေ့ဟာ ကျနော့်နာရေးဆိုပါစို့။ ကျနော့်ရဲ့ နောက်ဆုံးခရီးလေးဆိုကြပါစို့။ ခင်ဗျားနဲ့ကျနော်နဲ့ကလည်း မာနတွေကြောင့်ပဲဖြစ်ဖြစ်၊ ဃရာဝါသတွေကြောင့်ပဲဖြစ်ဖြစ် မဆုံဖြစ်ခဲ့တာကြာပြီ။ တိုက်တိုက်ဆိုင်ဆိုင်ဗျာ ဒီနေ့မှပဲ ခင်ဗျားမှာ... စကောလားရှစ် စာမေးပွဲရှိနေတယ်… သူဌေးက အထူးအစည်းအဝေးခေါ်ထားတယ်… တင်ဒါဝင်ပြိုင်ရမယ့် နောက်ဆုံးရက်ဖြစ်နေတယ်… နိုင်ငံခြားသွားဖို့ လေယာဉ်ပေါ်တက်ရမယ့်အချိန်ဖြစ်နေတယ်… စသည် စသည်ဖြင့် ရှိနေတယ်… ဆိုပါစို့။ ဒါဆို ကျနော့်ကို ခင်ဗျား လာတွေ့မှာလား လာမှာလား... ခင်ဗျားဟာ ကျနော့်ကို ထပ်မြင်ရဖို့ အခွင့်အရေးမရှိတော့ဘူး … ဒီနေ့ပြီးရင်… ဘယ်တော့မှလည်း ပြန်မဆုံကြတော့ဘူးဆိုရင်၊ ခင်ဗျားမှာလည်း လက်လွတ်မခံနိုင်စရာ အရေးကြီးအလုပ်ကလည်း ရှိနေခဲ့ရင်၊ ခင်ဗျား ကျနော့်ဆီ လာဦးမှာလား … လာမှာလား … ကျနော်ကတော့ ခင်ဗျားဆီ ထမလာနိုင်တော့တာအမှန်။ ကျနော့်မှာ ခုတင်ပေါ် မလှုပ်မယှက်လဲလျောင်းရင်းက လက်သီးဆုပ်ကို ဖြေထားရင်းက ခင်ဗျားကို မျှော်နေမိမှာပါ… မျှော်ဦးမှာပါ မျှော်မှာပါ… သေသူတစ်ယောက်မှာ စာမေးပွဲလည်းမရှိတော့... အင်တာဗျူးလည်းမရှိ...