Skip to main content

ကွန်းခိုရာ။ ရာဘင်ဒြာနတ် တဂိုး


ဘာသာပြန်သူ၏အမှာ

ဘင်္ဂါလီစာဆိုတော်ကြီး ရာဘင်ဒြာနတ် တဂိုး (၁၈၆၁-၁၉၄၁) ကို ဝတ္ထုရေးဆရာတစ်ဦးအဖြစ်ထက် ကဗျာစာဆိုတော်ကြီး တစ်ဦးအဖြစ်သာ ကျွန်တော်ပို၍ ရင်းနှီးခဲ့သည်။ မြန်မာနိုင်ငံတွင် တဂိုး၏ ကဗျာစာစုများ၊ ဝတ္ထုတိုများကို ရှေ့ရှေ့က ဘာသာပြန် ဆရာကြီးများ မြန်မာဘာသာသို့  ပြန်ဆိုမှုများ ရှိသော်လည်း ဝတ္ထုရှည်အဖြစ်မူဘာသာပြန်သည်ကို မတွေ့ဖူးပါ။ (ကျွန်တော် မသိတာလည်း ဖြစ်နိုင်ပါသည်။) မူရင်း ဘင်္ဂါလီဘာသာဖြင့် ရေးသားထားသည့် ထိုဝတ္ထု၏ အင်္ဂလိပ်ဘာသာပြန်ကိုဖတ်ပြီး သည့်အခါ နှစ်သက်သဖြင့် မြန်မာဘာသာပြန်ဆိုရန် ဆုံးဖြတ်လိုက်သည်။



ဝတ္ထုဖြစ်ပေါ်လာပုံမှာ ဘင်္ဂေါပြည်နယ်ကို ၁၉ဝ၅ ခုနှစ်တွင် အိန္ဒိယ ဘုရင်ခံချုပ် လာ့ဒ်ကာဇုန်က နယ်မြေသတ်မှတ်သည့်နောက်ပိုင်း အင်္ဂလိပ်အစိုးရအပေါ် ဆန့်ကျင်သည့် အမျိုးသားရေးလှုပ်ရှားမှု တစ်ခု ပါက်ဖွားလာခဲ့သည်။ ယင်းမှာ 'ဆွာဒေရှိ' ဟုခေါ်သည့် ဗြိတိသျှကုန်ပစ္စည်းများကို သပိတ်မှောက်ပြီး ပည်တွင်း စက်မှုလက်မှုလုပ်ငန်းများကို အားပေးအားမြှောက်ပြုသည့် လှုပ်ရှားမှုဖြစ်သည်။  မန်မာ နိုင်ငံတွင်လည်း အင်္ဂလိပ်လက်ထက်က အလားတူဝံသာနုလှုပ်ရှားမှုတစ်ခု ပါ်ပေါက် ခဲ့ဖူးသည်။ တဂိုးသည် ဆွာဒေရှိတွင် တက်ကြွစွာပါဝင်လှုပ်ရှားခဲ့ပြီး အလွန်တရာ အားကောင်းလှသည့်စာသားများ၊ သီချင်းများဖြင့် လက်ကမ်းစာစောင်များ  ရးသား ဖန့်ဝေခဲ့သလို ရက်ကန်းရုံတစ်ရုံနှင့် မီးခြစ်ဆံစက်ရုံတစ်ရုံ တည်ထောင်ရာ၌ပင် ပါဝင် ခဲ့သည်။

သို့ရာတွင် စိတ်ရိုင်းဝင်နေသည့်လူအုပ်ကြီးများက တင်သွင်းကုန်များကို မီးရှို့နေကြသည့်မြင်ကွင်းကို ကြည့်ရင်း တဂိုး စိတ်ပျက်အားလျော့လာခဲ့သည်။ မိမိတို့၏ အတန်းပညာများကို စွန့်လွှတ်ထွက်ခွာလာကြပြီး နိုင်ငံရေးခေါင်းဆောင်များ၏ နောက်လိုက်လုပ်နေကြသည့် တက္ကသိုလ်ကောလိပ်ကျောင်းသား များကိုလည်း သူ သနားသည်။ အမျိုးသားရေးလှုပ်ရှားမှုသည် အဓိကရုဏ်းအသွင်ကူးပြောင်းလာခဲ့သည့်အခါ အဆိုပါလှုပ်ရှားမှုသည် တစ်ခုခုမှားနေပြီဟု တဂိုးစတင်ခံစားမိလာသည်။

ဈေးပေါသည့် အင်္ဂလိပ်ပစ္စည်းများကို သပိတ်မှောက်ကာ ဈေးကြီးပြီး အရည်အသွေးမကောင်းသည့် အိန္ဒိယဖြစ်ပစ္စည်းများကို ဝယ်ယူရန် လှုံ့ဆော်မှုသည် ဆင်းရဲသားများကိုသာ ထိခိုက်နစ်နာစေသည်။ သူတို့အတွက်မူ ဆွာဒေရှိသည် အလွန်ဝေးကွာသည့် နာမည်တစ်ခုဖြစ်သည်ဟု တဂိုးခံစားမိသည်။ အဓိက နစ်နာသူများမှာ မွတ်စလင်လယ်သမားများနှင့် ကုန်သည်များဖြစ်ရာ ၎င်းမှာချမ်းသာသည့် ဟိန္ဒူ လယ်ရှင်များနှင့် နိုင်ငံရေးသမားများအပေါ် မကျေနပ်မှုများသာ ကြီးထွားလာခဲ့သည်။ မွတ်စလင်တို့မှာ အစပိုင်းက လှုပ်ရှားမှုတွင် မပါဘဲဘေးထွက်ထိုင်နေရာမှာ နစ်နာမှု များလာသည့်အခါ တဖြည်းဖြည်းအကြမ်းဖက်ပြီး ဆွာဒေရှိကို တုံ့ပြန်လာခဲ့ကြသည်။ အမျိုးသားရေးရည်ရွယ်ချက်ဖြင့် စတင်ခဲ့သည့်ဆွာဒေရှိသည် အုပ်စုဖွဲ့အကြမ်းဖက်သည့် အသွင်ဆောင်လာသည့်အပေါ် တဂိုးမခံစားနိုင်တော့။ ထိုအခါ သူ ဒီပွဲမှာဝင်မပါ တော့ချေ။

တဂိုးနုတ်ထွက်သွားသည့်အပေါ် အပြင်းအထန်ဝေဖန်သူများလည်း ရှိခဲ့ သည်။ ထိုသို့ဝေဖန်သူများအပေါ် သူ၏တုံ့ပြန်ချက်များကို ဤဝတ္ထုတွင်တွေ့နိုင်သည်။ ဝတ္ထုတွင် ဇာတ်ကောင်နီခေးမှတစ်ဆင့် တဂိုး၏ဆွာဒေရှိအပေါ် ရှုမြင်သုံးသပ်ချက်များကို မြင်တွေ့နိုင်သည်။ အကြမ်းဖက်မှုများအပေါ် ခါးသီးစိတ်ဖြင့် တဂိုးသည် သန္တိကို ဖန်တီးခဲ့သည်။ နီခေး၏ဇနီးငယ်ဘီမာလာကိုတော့ ဘင်္ဂေါပြည်ကြီးကို ကိုယ်စားပြု ဖန်တီးခဲ့သည်။

ယခုဝတ္ထုသည် အဆိုပါဇာတ်ကောင်များအကြားမှ အားပြိုင်ပွဲ (တစ်နည်း) အတွေးအခေါ်အဟောင်း (စိတ်ကူးယဉ်ဝါဒ) နှင့် အသစ် (လက်တွေ့ဝါဒ) တို့အကြား၊ လမ်းစဉ်နှင့်ပန်းတိုင်၊ ကောင်းမှုနှင့် မကောင်းမှုတို့အကြား လွန်ဆွဲပွဲကိုသရုပ်ဖော်ထား ခင်းဖြစ်သည်။ ဘင်္ဂေါပြည်နယ်မှ မရှင်ပဒေသရာဇ်တစ်ဦး ဖစ်သည့် နီခေး၊ နီခေး၏ဇနီး ဘီမာလာနှင့် နီခေး၏ငယ်သူငယ်ချင်း သန္တိဘာဘူတို့၏ သုံးပွင့်ဆိုင်အချစ် ဇာတ်လမ်းကို ဆွာဒေရှိလှုပ်ရှားမှု  နာက်ခံထား၍ တစ်ယောက် တစ်လှည့်စီစကားပြော ဟန်ဖြင့် သရုပ်ဖော်ထားသည်။ တဂိုးသည် ကဗျာဆရာကြီး ဖြစ်၍လားမသိ၊ တဂိုး၏စကားပြေ အရေးအသားမှာ အလွန်မှကဗျာဆန်လှသည်။ အဖွဲ့အနွဲ့တွင်လည်းကောင်း၊ နိမိတ်ပုံ၊ စကားဥပစာ၊ အလင်္ကာ၊ စကားပရိယာယ်များဖြင့် တန်ဆာဆင်ရာတွင်လည်းကောင်း အံ့ဖွယ်ဘနန်း ကောင်းမွန်လှသည်။ ကျွန်တော် သည် ဘင်္ဂါလီစာမတတ်သဖြင့် တဂိုး၏မူရင်း ဘင်္ဂါလီအရေးအသားမည်သို့ရှိသည် မသိပါ။ သို့သော် အင်္ဂလိပ်ဘာသာပြန်ကိုဖတ်ကြည့်ရုံနှင့်ပင် မူရင်းဝတ္ထုအရေးအသား၏ လက်ရာမြောက်မှုကို ခန့်မှန်းကြည့်နိုင်ခဲ့ပါသည်။

ဤဝတ္ထုကို ၁၉၁၆ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၌ ဘင်္ဂါလီဘာသာဖြင့် ပထမ အကြိမ်ထုတ်ဝေခဲ့သည်။ ကျွန်တော် ယခုမြန်မာဘာသာသို့ပြန်ဆိုထားသည့် အင်္ဂလိပ်ဘာသာပြန်မူကို ၁၉၁၉ ခုနှစ်တွင် မက္ကမီလန်စာအုပ်တိုက်က  ဗိတိန်နိုင်ငံ၌ ပထမ အကြိမ်နှင့် ပင်ဂွင်းစာအုပ်တိုက်က ၁၉၈၅ ခုနှစ်တွင်ထပ်မံထုတ်ဝေခဲ့သည်။ ဘင်္ဂါလီ ဘာသာမှ အင်္ဂလိပ်ဘာသာသို့ ဆူရင်ဒြာနတ်တဂိုးက ပန်ဆိုခဲ့ခြင်းဖြစ်သည်။

အင်္ဂလိပ်ဘာသာဖြင့်ရေးထားသည့် နိုင်ငံတကာဝတ္ထုအတိုအထွာကလေး များကို ကျွန်တော့်အနေဖြင့် ဘာသာပြန်ဖူးသော်လည်း ကျွန်တော်က ''ကွန်းခိုရာ''ဟု အမည်ပေးထားသည့် ယခု တဂိုး၏ဝတ္ထုကတော့ ကျွန်တော်၏ ပထမဆုံး ဘာသာပြန် ဝတ္ထုရှည်လက်ရာဖြစ်ပါသည်။ ကျွန်တော်သည် ယနေ့ကမ္ဘာကျော် မော်ဒန်၊ ပို့စ်မော်ဒန် စာရေးဆရာများ၏ ဝတ္ထုများကို မန်မာပြန်ဆို၍ရနိုင်ပါလျက်နှင့် ဘာကြောင့် နှစ် ၁ဝဝ နီးပါးသက်တမ်းရှိသည့် ဂန္ထဝင်ကိုမှရွေးကိုင်သလဲဟု  မးစရာရှိပါသည်။ အကြောင်းက ဒီဝတ္ထုသည် ယနေ့ကျွန်တော်တို့နိုင်ငံကြုံတွေ့နေရသည့် အခြေအနေနှင့် ဆင်တူနေ၍ပင်ဖြစ်သည်။

ကျွန်တော်တို့နိုင်ငံ ခေတ်ပြောင်းစနစ်ပြောင်းပြီဟုဆိုသည့်အချိန်မှာပင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများနှင့် ကြုံဆုံရသည်။ အမျိုးသားရေးစိတ်ဓာတ်များ မြင့်တက်လာသည်။ အမျိုးသားရေးကပထမ၊ လူ့အခွင့်အရေးနှင့် လစ်ဘရယ်တန်ဖိုးတို့က ဒုတိယဟုပင်ဆိုသူများရှိလာသည်။ ဤဝတ္ထုတွင် ဝတ္ထုရေး ဆရာသည် အမျိုးသားရေးအပေါ်အခြေခံသည့် ဆွာဒေရှိလှုပ်ရှားမှုကို မထောက်ခံသည့်အပြင် ၎င်း၏ အန္တရာယ်ကိုပါသတိပေးခဲ့သည်။  ငြိမ်းချမ်းမှုအပေါ်ယံလွှာကိုခြုံလွှမ်းထားသည့် လှုပ်ရှားမှုသည် တစ်မုဟုတ်ချင်း ရန်လိုသည့်အမျိုးသားရေးဝါဒအဖြစ်သို့ အသွင်ပြောင်းသွားနိုင်သည်ကိုလည်း တဂိုးသိသည်။ ထိုသို့ပြောင်းလဲမှုသည် တိုင်းပြည်အတွက် အကောင်းထက် အဆိုးသာပေးနိုင်သည်ဟု သူက မီးမောင်းထိုးပြသည်။

အင်္ဂလိပ်ကုန်ပစ္စည်းများကို မသုံးစွဲရေး၊ တိုင်းရင်းဖြစ်များကိုသာအားပေးရေး လှုံ့ဆော်မှုများ၊ ဟာပြောမှုများသည် ဝံသာနုစိတ်ဓာတ်အပေါ် အခြေခံသလိုလိုနှင့် 'ဆွာဒေရှိ'သည် နာက်ဆုံးမျက်ကန်းမျိုးချစ်
စိတ်ဓာတ်ကိုသာ မွေးဖွားပေးလိုက်ပြီး ဟိန္ဒူ-မွတ်စလင် အဓိကရုဏ်းများပေါ်ပေါက်ကာ သွေးထွက်သံယိုဖြစ်မှုများသာ အဖတ်တင်ခဲ့ရာ ယနေ့ကျွန်တော်တို့မြန်မာနိုင်ငံရှိ အမျိုးသားရေး အစွန်းရောက် ဇောင်းပေးသူများလည်း သတိပြုဆင်ခြင်စရာဖြစ်ပါသည်။ ပဋိပက္ခများဖြစ်သည့်အခါ မည်သူ့မည်သူမျှ အကျိုးအမြတ်မရဘဲ နောက်ဆုံးအမြတ်ထွက်သူများမှာ အခွင့်အရေးချောင်း နိုင်ငံရေး သမားများနှင့် စီးပွားရေးသမားများ သာဖြစ်ကြောင်းကိုလည်း ယခုဝတ္ထုကိုဖတ်ရှုပြီး ကျွန်တော်တို့ သင်ခန်းစာ ယူနိုင်ပါသည်။ တဂိုးသည် အိန္ဒိယအမျိုးသားခေါင်းဆောင်ကြီး မဟတ္တမဂန္ဓီ၏ အကြမ်းမဖက် အနုနည်းလမ်းစဉ်သည်သာ မိမိ၏ပန်းတိုင်ကိုရောက်ရှိရေးအတွက် အဆီလျော်ဆုံးဖြစ်ပြီး အကြမ်းပတမ်း နည်းသည် အားလုံး၏အကျိုးစီးပွားမဲ့ကိုသာပြုတတ်ကြောင်း ယုံကြည်သည်ဟုလည်း မှန်းဆနိုင်သည်။

ထို့ပြင် ရိုးရာဓလေ့များနှင့် ခတ်သစ်ဝါဒ၊ ဘာသာရေးနှင့် လာကီ ဆန်သည့် အမို်းသားရေးနှစ်ခုကြားမှ ခားနားသည့်သဘောသဘာဝ၊ အိန္ဒိယအမျိုးသမီး တို့၏ လူ့အဖွဲ့အစည်းအတွင်းက အခန်းကဏ္ဍစသည်တို့ကို ယခုဝတ္ထုမှ တစေ့တစောင်း လေ့လာအကဲခတ်နိုင်ပါသည်။ နီခေး၊ ဘီမာလာ၊ သန္တိတို့သုံးယောက်၏ ဇာတ်ကောင် စရိုက်များအချင်းချင်း အားပြိုင်မှုတို့ကိုလည်း လေ့လာနိုင်ပါသည်။ တဂိုး၏မူရင်း အရေးအသားကိုလိုက်မီမည်ဟု မယူဆသော်လည်း အတတ်နိုင်ဆုံးကြိုးစား၍ မြန်မာမှု ပြုထားပါသည်။ အမှားအယွင်းသော်လည်းကောင်း၊ အရသာပေါ့လျော့ခြင်းသော် လည်းကောင်း တစ်စုံတစ်ရာရှိခဲ့ပါလျှင် ယင်းသည်ကျွန်တော်၏ ညံ့ဖျင်းမှုသာ ဖြစ်ပါ ကြောင်း။

ယခုစာအုပ်ကိုမှာယူလိုပါက မြန်မာပြည်တွင်းဖြန့်ချိရေး - ကိုမောင်မောင် (+၇၉၈၄၀ ၂၈၄၃) သို့ ဆက်သွယ်နိုင်ပြီး ပြည်ပရောက်များအနေဖြင့် http://www.myanmarbookshop.com/MyanmarBooks/BookDetails/29927 မှတစ်ဆင့် မှာယူနိုင်ပါသည်။

Comments

အဖတ်အများဆုံး

ကျွန်တော့်ဘဝကို လမ်းပြပေးခဲ့တဲ့ စာတစ်စောင်

ဒီစာရဲ့သက်တမ်းဟာ နှစ် ၂၀ နီးပါးရှိပါပြီ။  ၂၀၀၄ သို့မဟုတ် ၂၀၀၅ ခုနှစ်အတွင်းက စာတစ်စောင်ပါ။  အဲဒီတုန်းက ကျွန်တော်ဟာ ကျောင်းပြီးခါစ။ စိတ်ကူးအိပ်မက်က တောင်းဆိုနေတဲ့ဘဝနဲ့ ဘဝပြဋ္ဌာန်းမှုက တောင်းဆိုနေတဲ့ ဘဝ ဆိုတဲ့ ဘဝနှစ်မျိုးကြားမှာ ရွေးရခက်နေချိန်ပေါ့။ ကျွန်တော်ရတဲ့ဘွဲ့က BE ဘွဲ့။ အင်ဂျင်နီယာ။ ကျွန်တော့်စိတ်နှလုံးထဲက တောင်းဆိုနေတာကတော့ စာရေးဆရာ။ နိုင်ငံခြားထွက်ပြီး အင်ဂျင်နီယာလုပ်မယ်ဆိုရင် ငွေကြေးအရ ပြည့်စုံမယ့်ဘဝ။ ဒုတိယတစ်ခုကတော့ ဘာမှ မသေချာ မရေရာတဲ့လမ်း၊ ငတ်တစ်လှည့် ပြတ်တစ်လှည့်လမ်း။ တစ်ဖက်ကလည်း ကိုယ်လုပ်ချင်တာ လျှောက်လုပ်နေလို့ရလောက်အောင် ကိုယ့်မိဘက ငွေကြေးပြည့်စုံချမ်းသာသူမဟုတ်။  အဲဒီအချိန်မှာ မြန်မာပြည်မှာ အင်တာနက်ကဖေးတွေ စပေါ်ခါစ။ Gmail ဆိုတာလူသိပ်မသိကြသေးချိန်။ mptmail.net.mm ကလွဲပြီး တခြားဘာအီးမေးလ်မှ ဖွင့်ခွင့်မရှိတဲ့အချိန်။ အင်တာနက်ပေါ်က အခမဲ့ရတဲ့ လူမသိသူမသိ အီးမေးလ်တွေကို လိုက်ဖွင့်ပြီး ဟိုလူ့ဆီ စာလှမ်းရေးလိုက်၊ ဒီလူ့ဆီ စာလှမ်းရေးလိုက်နဲ့ ခုမှ အင်တာနက်တို့၊ အီးမေးလ်တို့နဲ့ စသုံးဖူးတဲ့ ကျွန်တော်တစ်ယောက် မျောက်အုန်းသီးရသလို။  အဲဒီအချိန် ပြည်ပကိုပြောင်းရွှေ့သွာ...

နယူးယီးယားဟာသ

နှစ်တစ်နှစ်ကုန်တော့မယ်ဆိုတိုင်း ကျနော်တို့တတွေ ပြက္ခဒိန်အသစ်ကို ချိတ်ကြ ရှေ့တစ်နှစ်စာ ဟောစာတမ်းတွေ ဟိုလှန် သည်ပွတ် ဖတ်ကြ ဒီနှစ်ထက် ရှေ့နှစ်က ကံပိုကောင်းမှာလား ချောင်းကြည့်ကြ။  တကယ်တော့လည်း ခုနှစ်ဟောင်းဆိုတာကိုက  တစ်ချိန်တုန်းက နှစ်သစ်ပဲမဟုတ်လား အဲသည်တုန်းကလည်း  ခု မလိုချင် စွန့်ခွာထွက်ပြေးချင် မြန်မြန်ကုန်ဆုံးနေစေချင်တဲ့ နှစ်ဟောင်းကိုပဲ မနှစ်တုန်းက  “လာပါတော့ အခါခါမော့ မာလာဖော့ မျှော်ပေါ့လေးနာရီ” လုပ်ခဲ့ကြ။ ရင်ခုန်ခြင်းများစွာနဲ့ ကြိုဆိုခဲ့ကြ ဝိုင်ခွက်တွေ တိုက်ခဲ့ကြ ဘီယာတွေ စီးဆင်းခဲ့ကြ အသားကင်တွေ၊ ငါးသံပရာတွေ အကြော်တွေအလှော်တွေ မီးရှူးတွေ မီးပန်းတွေနဲ့ပဲ  ကြိုဆိုခဲ့ကြ။  နှစ်သစ်ထဲဝင်ပြီး ပထမကွာတားလောက်ရောက်တော့ ရင်ခုန်သံတွေ အေးစက်ခဲ့၊ နှေးကွေးခဲ့ကြ မောပန်းနွမ်းနယ်လာခဲ့ကြ နုံးချိမောဟိုက်လာခဲ့ကြ အားတင်းကြရ၊ အချင်းချင်းအားပေးကြရ ဟောစာတမ်းတွေ မှန်တာတွေလည်းရှိ လွဲတာတွေလည်းရှိ ဘယ်နှလကျန်သေးတယ်၊ လက်ကျန်ကာလမှာ ဘာဖြစ်ဦးမယ်ရယ်လို့ ရက်လရှင်းတမ်းမှာ ကံဇာတာကြွေးကျန်ကို ပေသီးခေါက်ကြ။  ရယ်ကြ၊ မောကြ။ အားဖြည့်ကြ။ ရေဖြည့်ကြ။  နိုဝင်ဘာ၊ ဒီဇင်ဘာရောက်တော့ ကောင်းကျိုးမ...

‘တဏှာထက်ကြီးသောမြစ် မရှိ’ - ဆယမ်၏ များများထုတ်များများသုံးဝါဒကို ဗုဒ္ဓရှုထောင့်မှဝေဖန်ခြင်း

“ဖွံ့ဖြိုးမှု (တိုးပွားခြင်း) ဆိုတဲ့ စကားကို ပါဠိဘာသာနဲ့ ‘ဝဍ္ဎန’ လို့ ခေါ်ပါတယ်။ များပြားခြင်း လို့ အဓိပ္ပာယ်ရတယ်။ ကောင်းတဲ့အရာတွေ များပြားတာဖြစ်နိုင်သလို ပြဿနာ၊ ဒုက္ခဆင်းရဲ၊ ပဋိပက္ခတွေ များပြားတာလည်း ဖြစ်နိုင်တယ်။ ဒီနေ့ကမ္ဘာမှာတော့ ဖွံ့ဖြိုးမှုဆိုတာရဲ့ အဓိပ္ပာယ်ဟာ ကမ္ဘာကြီးမှာ အသိဉာဏ်ပညာကို လျစ်လျူရှုပြီး ရုပ်ဝတ္ထုပစ္စည်းတွေနောက်ပဲ လိုက်နေကြ ပေါများပြည့်လျှံနေကြတယ်ဆိုတဲ့ အဓိပ္ပာယ်ရတယ်။” ဒီ စကားကို မိန့်ကြားခဲ့သူကတော့ ဆယမ်* ဗုဒ္ဓဘာသာရဟန်းတော်တပါးလည်းဖြစ် အတွေးအခေါ်ရှင်လည်း ဖြစ်တဲ့ အရှင် ဗုဒ္ဓဒါသဘိက္ခုဖြစ်ပါတယ်။ ဒီ စကားပေါ်ကိုအခြေခံပြီး ဆရာ ဆုလက် ဆီဝရက်ဆက ဘာပြော သလဲဆိုတော့ များများတိုးထုတ်၊ များများသုံးစွဲဝါဒ (consumerism) က နောက်ဆုံးပေါ်မိစ္ဆာဘာသာပဲတဲ့။   ဒီ ဆောင်းပါးမှာတော့ ဆယမ်နိုင်ငံအပေါ် များများတိုးထုတ်၊ များများသုံးစွဲဝါဒရဲ့ ရိုက်ခတ်မှုအကြောင်းရယ်၊ ဆရာတော် ဗုဒ္ဓဒါသနဲ့ ဆရာဆုလက် ဆီဝရက်ဆတို့နှစ်ဦး ဟောပြောခဲ့တာတွေအပေါ် အခြေခံထားတဲ့ အမြင်သစ်၊ လမ်းကြောင်းသစ်တွေအကြောင်းရယ်ကို ဆွေးနွေးထားပါတယ်။ အဲဒီ ဆရာနှစ်ပါးဟာ ဆယမ် နိုင်ငံရဲ့ လူမှုအကျိုးပြုဗုဒ္ဓဘာသာရဲ့ ဗိသုကာတွေပါ။ ဒီ ဆောင်းပါးကို ...

အတိတ်ရဲ့အရိပ်

သူကပရိုဘောက်စ်လေးကိုလက်တားလိုက်လို့ကားရပ်၊ မှန်ချပြီးဈေးစကားစပြောစဉ်မှာပဲကားဆရာကိုသူစသတိထားမိတာပဲ။ သူထင်ထားသူများဖြစ်လေမလားပေါ့။ ဒါနဲ့ပဲသူတောင်းတဲ့ဈေးကိုမဆစ်ဘဲသွားဖို့သဘောတူလိုက်တယ်။ ကားဆရာနဲ့စကားပြောချင်တဲ့အတွက်တမင်တကာနောက်ခန်းမထိုင်ဘဲခေါင်းခန်း၊ ဒရိုင်ဘာဘေးမှာဝင်ထိုင်လိုက်တယ်။ ကားစထွက်စဉ်ကတည်းကသူနဲ့ကားဆရာနဲ့စကားတပြောပြောပဲ။“ကားလမ်းတွေလည်းကျပ်လိုက်တာဗျာ…” “ဟုတ်ပါ့ဆွဲမကောင်းဘူးညီလေး ရေ…” “ဆီဈေးကခုဘယ်လောက်ဖြစ်နေပြီးတုံး” “ခုနကပဲတစ်လီတာကို(…) နှုန်းနဲ့ထည့်ခဲ့ တာကွ… လုပ်စားကိုင်စားလို့မကောင်းတော့ပါဘူးကွာ။” စကားပြောနေရင်းနဲ့လည်း ကားဆရာရဲ့မျက်နှာကို သူအကဲခတ်တယ်။ များသောအားဖြင့် ရှေ့ကိုပဲကြည့်မောင်းနေရတယ်ဆိုပေမဲ့ ပွိုင့်မိတဲ့အခါ၊ ရှေ့သိပ်ကြည့်စရာမလိုတဲ့အခါမှာ စကားပြောလို့ အရှိန်တက်နေတဲ့ကားဆရာဟာ သူ့ကိုဘေးတိုက်လှည့်ကြည့်ပြီး ပြောတယ်။ သူပဲလား… တူသလိုလိုပါပဲ၊ မျက်နှာ ပေါက်မျက်နှာကျ၊ ပြောဟန်ဆိုပေါက်။ လူတူမရှားဖြစ်နေတာများလား… ။ တကယ်တော့ကြာခဲ့ပြီပဲလေ။ ကြာဆိုဆယ်စုနှစ်တစ်ခုကျော်ကြာခဲ့ပြီဆိုတော့ မှတ်မိဖို့က မနည်းစဉ်းစားနေရတာပေါ့။ ဆယ်နှစ်ဆိုတဲ့အချိန်အတွင်းလူတစ်ယောက်ဟာ ရုပ်ရော၊ စိတ်ရောအများကြီး ပ...

တော်တော်ဆိုးတဲ့လူတွေ

ပူပြင်းတဲ့နွေနေ့လယ်ခင်းတစ်ခုမှာ (……) ရဲစခန်းဟာ ပြင်းထန်စူးရှတဲ့ နေရောင်အောက် မီးကင်ထားသလို ထင်ရတယ်။ ငိုက်မြည်းနေတဲ့ ဂိတ်စောင့် ရဲတပ်သားရဲ့ခေါင်းဟာ ဆတ်ခနဲ ဆတ်ခနဲဖြစ်ဖြစ်သွားပြီး မနည်း အားတင်းလို့ မျက်ခွံတွေကို ပြန်ပင့်တင်နေရတယ်။ အမှုလာဖွင့်တဲ့ လူတချို့ ညှိုးငယ်တဲ့မျက်နှာတွေနဲ့အတူ စခန်းထဲကနေ ပြန်ထွက်သွားတော့မှ အစောင့်ရဲတပ်သားကလေးဟာ ကိုယ်ကိုမတ်မတ်ပြန်ထိုင်ပြီး သေနတ်ကိုအသေအချာ ပြန်ဆုပ်ကိုင်လိုက်တယ်။ ပြင်းထန်လှတဲ့နွေအပူဒဏ်ကြောင့် ရဲဌာနတစ်ခုလုံးက ရဲဝန်ထမ်းတွေဟာ သစ်ပင်တွေနဲ့   အပြိုင် ညှိုးရော်လို့။ အပြင်ကပြန်လာတဲ့ စခန်းမှူးဟာ သူ့အခန်းထဲက စားပွဲမှာထိုင်ရင်း တစ်ချက်သမ်းဝေလိုက်တယ်။ ထမင်းစားပြီး ခါစမို့ ဗိုက်ကလည်း တင်းနေသလို အိပ်ချင်စိတ်ကလည်း သူ့ကိုနှိပ်စက်နေတယ်။ သူဟာ “ ပူလိုက် အိုက်လိုက်တာ မပြောပါနဲ့တော့ ” လို့ တစ်ခွန်းပြောရင်း အပေါ်ရှပ်အင်္ကျီကိုချွတ်လိုက်ပြီး တိုင်ငုတ်မှာ သွားချိတ်ထား လိုက်တယ်။ အောက်ခံစွပ်ကျယ်အောက်က အသားပေါ်နေတဲ့ နေရာကတော့ ချွေးတွေကြောင့် မည်းပြောင်နေလေရဲ့။ မျက်နှာကျက် ပန်ကာကို ဖွင့်လိုက်တော့ ပန်ကာကမလည်ဘူး။ ...