Skip to main content

Posts

Showing posts with the label ကဗျာ

နယူးယီးယားဟာသ

နှစ်တစ်နှစ်ကုန်တော့မယ်ဆိုတိုင်း ကျနော်တို့တတွေ ပြက္ခဒိန်အသစ်ကို ချိတ်ကြ ရှေ့တစ်နှစ်စာ ဟောစာတမ်းတွေ ဟိုလှန် သည်ပွတ် ဖတ်ကြ ဒီနှစ်ထက် ရှေ့နှစ်က ကံပိုကောင်းမှာလား ချောင်းကြည့်ကြ။  တကယ်တော့လည်း ခုနှစ်ဟောင်းဆိုတာကိုက  တစ်ချိန်တုန်းက နှစ်သစ်ပဲမဟုတ်လား အဲသည်တုန်းကလည်း  ခု မလိုချင် စွန့်ခွာထွက်ပြေးချင် မြန်မြန်ကုန်ဆုံးနေစေချင်တဲ့ နှစ်ဟောင်းကိုပဲ မနှစ်တုန်းက  “လာပါတော့ အခါခါမော့ မာလာဖော့ မျှော်ပေါ့လေးနာရီ” လုပ်ခဲ့ကြ။ ရင်ခုန်ခြင်းများစွာနဲ့ ကြိုဆိုခဲ့ကြ ဝိုင်ခွက်တွေ တိုက်ခဲ့ကြ ဘီယာတွေ စီးဆင်းခဲ့ကြ အသားကင်တွေ၊ ငါးသံပရာတွေ အကြော်တွေအလှော်တွေ မီးရှူးတွေ မီးပန်းတွေနဲ့ပဲ  ကြိုဆိုခဲ့ကြ။  နှစ်သစ်ထဲဝင်ပြီး ပထမကွာတားလောက်ရောက်တော့ ရင်ခုန်သံတွေ အေးစက်ခဲ့၊ နှေးကွေးခဲ့ကြ မောပန်းနွမ်းနယ်လာခဲ့ကြ နုံးချိမောဟိုက်လာခဲ့ကြ အားတင်းကြရ၊ အချင်းချင်းအားပေးကြရ ဟောစာတမ်းတွေ မှန်တာတွေလည်းရှိ လွဲတာတွေလည်းရှိ ဘယ်နှလကျန်သေးတယ်၊ လက်ကျန်ကာလမှာ ဘာဖြစ်ဦးမယ်ရယ်လို့ ရက်လရှင်းတမ်းမှာ ကံဇာတာကြွေးကျန်ကို ပေသီးခေါက်ကြ။  ရယ်ကြ၊ မောကြ။ အားဖြည့်ကြ။ ရေဖြည့်ကြ။  နိုဝင်ဘာ၊ ဒီဇင်ဘာရောက်တော့ ကောင်းကျိုးမ...

အနက်မထင် ပဟေဠိများ

မစဲသော တံခါးခေါက်သံများ လှည့်ရလွန်းသဖြင့် ပျက်လုလု လက်ကိုင်ဘု မကွေးညွတ်တတ်မီက ငါ့နှုတ်ခမ်းများကို ပုလဲပုတီးတကုံးဆွဲသော လည်တိုင်အထက်မှာ ပြန်ရှာတွေ့ပါသည် ရောင်စုံစာအိတ်များနှင့် ပြည့်လျှံနေသော အိမ်ရှေ့က အဝင်စာတိုက်ပုံး ဖွင့်ကြည့်မိသော အိပ်မက်ထဲကပြန်စာတစောင် အထဲမှာ ဗလာစာရွက်တရွက် နှင်းဆီပွင့်များအား နေ့တိုင်း ငါပြန်ပြုံးပြဖို့ကြိုးစားပါသည် စံပယ်နဲ့တွေ့မယ့်အခါအတွက် ရီဟာဇယ်အဖြစ် သို့သော် ... စံပယ် ဪ ချစ်စံပယ်ဟာ မျက်နှာလွှဲသွား အခန်းထဲဝင်အလာ ‘မင်္ဂလာပါ’ ဟု လက်ပိုက်နှုတ်ဆက်ကြသူများ ခင်ခင်ပျိုတွေ တပျော်တပါး ပါသွားသော မပြေးဆွဲဖြစ်လိုက်သော လေအိတ်ရထားများ မြောက်မှတောင်သို့တိုက်နေသော နှင်းစက်တင်လေများ အသားတွေပပ်ကြားအက်နေသော လေကြောင်းသင့် ငါ့မျက်နှာ လမ်းပေါင်းများစွာ လမ်းပေါင်းများစွာ ဖြောင့်ဖြောင့်ဖြူးဖြူး ချိုင့်ကျင်းမရှိ ကတ္တရာလမ်းများ အကောင်းစား ဇိမ်ခံကားများ အဲကွန်းပါသော ဘတ်စ်ကားများ ဓာတ်တိုင်များ၊ LED လမ်းမီးများ ဓာတ်ကြိုးများပေါ်ရှိ ခိုများ လမ်းဘေးဝဲယာက အိမ်ကြီးရခိုင်များ လကြည့်နေသူများ ... ကြယ်ရေတွက်နေသူများ နို့ဆာနေသူများ ... အာသာဖြေနေကြသူများ ‘အိမ်ရှင်’ ဟုခေါ်၍ တံခါးကို အသာအယာ ခေါက်၏ တံခါ...

တစ်ခါကမုဒုလက္ခဏ

မရည်ရွယ်ဘဲ အလှပြမိသူ မိဖုရား ဘုရင့်မယားမှ ဘုရင့်မယားဆိုတဲ့ ဈာန်လျှောရသေ့ ခွင့်လွှတ်ဖို့မမေ့တဲ့ မင်းဧကရာဇ် သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းမှာတော့ ချစ်ခန်းကြိုက်ခန်းတွေဟာ တရားလက်လွတ်တွေ မဖြစ်ခဲ့ကြဘူး။ ပညာရှိမုဒုလက္ခဏဟာ  ရသေ့လူထွက်ကို မမှားစေချင်ခဲ့ဘူး။ “ရသေ့ကြီး၊ သတိဝင်စမ်းပါ၊ ခု ဘယ့်ကလောက် ပင်ပန်းရပြီလဲ၊ ဒါတောင် အစပဲရှိသေးတာ။” ရသေ့ကြီးရဲ့ မုတ်ဆိတ်ကို ဆွဲပြီး မိဖုရားဟာ သတိပေးရှာတယ်။ အချိန်တန်တော့လည်း ပိုနေမြဲကျားနေမြဲ။ ရသေ့ဟာ သံဝေဂနဲ့အတူ ဈာန်ကိုပြန်ရတယ်။ မုဒုလက္ခဏက မိဖုရားရာထူးကို ပြန်ရတယ်။ မင်းဧကရာဇ်က သူ့တောင်ညာစံမဟေသီကို ပြန်ရတယ်။ အလောင်းတော်တွေဟာ လှပတဲ့ဇာတ်တစ်ပုဒ်ကို အစအလယ်အဆုံး အကောင်းဆုံးသရုပ်ဖော်ခဲ့ကြတယ်။ သူတို့ဟာ သတိမြဲခဲ့ကြတယ်။ #waiyanhponepoetry

သေမင်းနှင့်ရက်ချိန်းပြန်ယူခြင်း

ငါချစ်ခင်ရသူတွေ လေးစားရသူတွေ မြတ်နိုးရသူတွေ တဖြုတ်ဖြုတ်ကြွေသွားကြတော့ ငါ့မှာ သေမင်းနဲ့ပြန်တိုင်ပင်ရတယ်။ ရက်ချိန်းပြန်ယူဖို့မျက်နှာလုပ်ကြည့်တယ်။ ငါထားခဲ့ရမယ့်သူတွေ ငါ့မျက်နှာကိုကြည့်နေကြသူတွေ ငါအခုခံစားရသလို မခံစားစေချင်သေးဘူးလို့။  သေမင်းကပြောတယ်။ လူတိုင်းက ဒီလိုပဲပြောကြတာပဲ မင်းမို့လို့ အစဉ်အလာကိုဖောက်ဖျက်လိုက်ရင် ငါ မျက်နှာလိုက်ရာ ကျလိမ့်မယ် တဲ့။ ငါကပြန်ချေတယ်။ ခြွင်းချက်ဆိုတာလောကရဲ့ဓမ္မတာလို့။ ဆိုတော့ သူကပြောတယ် မင်းဟာခြွင်းချက်နဲ့ ထိုက်တန်ကြောင်း  ပရိုပိုဆယ် တင်ပါဦး၊ ငါကြည့်စမ်းမယ် တဲ့။ ငါဟာသစ်ပင်စိုက်ရဦးမှာလို့  ပြောလိုက်တော့ သူကရယ်တယ်။ ကမ္ဘာဟာခေါင်းတုံးဖြစ်တော့မယ်ဆိုမှ လူတွေဟာ မင်းလိုလူတွေနဲ့မတန်ပါဘူး။ မင်းတစ်ယောက်နဲ့ ဘာထူးမှာတုံး ...  နှမ်းတစ်လုံးနဲ့ဆီမဖြစ်ဘူးကွ တဲ့။ မဟုတ်ဘူး ... ငါကိုယ်တိုင်သစ်ပင်ဖြစ်မှာ သစ်ပင်နဲ့တူသောပုဂ္ဂိုလ်ဖြစ်မှာ ငါဟာအရိပ် ငါဟာအကိုင်းအခက် ငါဟာအသီးအပွင့်ဖြစ်မှာ။ ငါ့အရိပ်ကိုခိုသူတိုင်းဟာအေးမြနေမယ် ငါ့ရဲ့အသီးအပွင့်တွေကို ငှက်တွေကကိုက်ချီပြီး အရပ်ရှစ်မျက်နှာမှာ ပြန့်ပွားပေါက်ရောက်စေလိမ့်မယ်။ ငါဟာ လောကရဲ့နှစ်တစ်လုံးကနေ  ရာဝင်အိုးနဲ့ပြည့်...

သရေတောင်မရတဲ့ပွဲ

Photo: Internet (alamy.com) ငတိဟာ ငယ်သံပါအောင်အော်လို့ အမိကိုတ, ရင်း ကျမကို ကျိန်ဆဲရင်း သူ့ပေါင်ကြားကို လက်နဲ့အုပ်ရင်း။  အံခဲထားတဲ့ ကျမ ပါးစပ်ထဲ အသားစိုင်အသားစတွေ ငန်ကျိကျိသွေးနီတွေ ...  ပျစ်ချွဲချွဲအဖြူအရည်ကြည်တွေ ...  ကျမ ပေါင်ကြားက နာကျင်မှု (အတွက်) သူ့ပေါင်ကြားက နာကျင်မှု။  မျိုးတူစုပြု၍ သရေဟု သတ်မှတ် ကျေပြီဟု မှတ်ကြရုံပေါ့။ "မဟုတ်ဘူး" တဲ့ ... ဒင်းက တရားမျှတမှုကိုလိုချင်သေးတဲ့ပုံ။ ကျားနာဟာ ဒဏ်ရာကိုလျှာနဲ့ငုံ့လျက်ချိန် မုဆိုးရဲ့လေးညှို့က ပန်းတွေထွက်လာ ကျားနာရဲ့ရင်ကို ဂလိုင်ထွင်းသွား ...  သရေတောင် ပေးမကျတဲ့ ဒီပွဲမှာ နိုင်သူဟာ ကျမလား သူလား ... 9th June 2021

အင်တာလုဒ်

လူ့လောကသည် ငြိမ်ငြိမ်သက်သက် …  လကလေးက ထွန်းမြကြည်သာ ...  လေနုသွေးမှာ ပိုးမွှားအချို့ပါလာသည် ကျေးလက်ရိုးရာဗုံသံအချို့ တိုးချည် ကျယ်ချည်ကြားရသည်။ ကမ္ဘာသည် ဝင်ရိုးပေါ်တစ်ပတ်သွားနှုန်း တစ်စက္ကန့်ထပ်နှေးသွား၏။ တစ်စုံတစ်ရာကို ကျောပိုးထားရသောကြောင့် …  ပြာလွင်လွင်ကောင်းကင်၌ တိမ်လွန်းပျံက  တက်သုတ်ရိုက် ခရီးနှင်၏။ သတင်းစကားကို သယ်လာရသောကြောင့် …  စစ်သည်တော်သည် သေနတ်ပြောင်းဝကို အောက်သို့စိုက်၏။ နှင်းဆီတစ်ခြင်း၏ဆွဲအားကြောင့် … ငွေဗျိုင်းဖြူကိုမြင်သော လယ်တောသူက အထက်သို့မော့ကြည့်သည်။ စပါးခင်းမှရောင်ပြန်အလင်း ထွန်းသောသူ့မျက်နှာကို သူ့ချစ်သူက စေ့စေ့ကြည့်၏။ ကျေးငှက်တို့သည် စပါးနှံတို့ကို ကိုက်ချီသွားသည်။ စောင်းသံသည် အဘယ်အရပ်မှလာသနည်း။ လေပြည်လာရာ လမ်းကြောင်းမှ … ရွှေလမှာယုန်ဝပ်နေဆဲ ဆန်ဖွပ်သူမရှိတော့ချေ။ 1.1.2021 #WaiYanHponePoetry

ကမ္ဘာအသစ်တေး

နွေခေါင်ခေါင် မီးလောင်ငုတ်တို ရိုးတံကြဲ ပင်အို သံမချို ရွှေဥဩ ဟိုကောင်းကင်တစ်ကြောမှာ လင်းတတို့ပျံကာဝဲ။ ခပ်မည်းမည်းယာဉ်ရထားက အော်ငေါက်ပွတ်အဆွဲမှာ အားလုံးဖရိုဖရဲဖြစ်သွားတယ်။ ခေါင်းလောင်းတွေက အသံတိတ်၊ နှာခေါင်းတွေကိုပိတ်စနဲ့အုပ်ထားတယ်။ အချစ်ကိုတော့အကြောက်နဲ့အုပ်လို့။ သူငယ်ချင်းလည်း သူစိမ်း၊ သူစိမ်းလည်းသူငယ်ချင်း တို့တစ်တွေ မျက်နှာချင်းမဆိုင်တာ ကြာလှရော့မယ်။ ဒီ ကာလနာဟာ ဘယ်လောက်သက်ဆိုးရှည်မတဲ့လဲ။ ကပ်ကြီးပြီးရင်တော့ … သင်္ကြန်မိုးလေးအကြွေးရွာဦးမှ ပိတောက်က စောင့်နေတာမဟုတ်လား။ ညာလက်နဲ့စပါးရိက္ခာ ဘယ်လက်နဲ့ဝတ်စားတန်ဆာပေး ပေးမယ့်သူ ပေါက္ကံကမျှော်နေတာ ကပ်ကြီးပြီးရင်တော့ အမုန်းတွေလျှော့၊ ကာဗွန်တွေလျှော့တော့။ ချော့မော့ရမှာက မေတ္တာမဲ့တွေ။ ငဲ့ရမှာက နှုတ်ခမ်းပဲ့တွေ။ အစိမ်းရောင်ကိုလည်းချစ်၊ ဘဝနေပုံတွေလည်း ပြောင်းပစ် ကမ္ဘာအသစ်ကိုမျှော်လင့်ရင်း လက်ကိုသာ နာနာဆေးထားကြ။ နှလုံးသားလည်း ကျယ်ကျယ်ဖွင့်ထားကြ။ 29 March 2020 ကဗျာကဏ္ဍမှာ အခြားဖတ်စရာ ကျနော်ကခင်ဗျားကိုတွေ့ချင်တာ မတ်မတ်များအတွက် ဩဘာစာ ၃ နှင့် ၄ များ သတိဖြင့်ချစ်ခြင်း စောင်းကြိုးညှိခြင်း လူတွေန...

၃ နှင့် ၄ များ

သူငယ်ချင်းပင်၊ ဆိုချင်ဆိုစေ၊ သူတို့တွေသည်၊ ကမ္ဘေကမ္ဘာ၊ ခြားကွာမလောက်၊ ထင်မှတ်ရောက်၏။ တစ်ကိုင်းတည်းနားပင်၊ ဆိုချင်ဆိုလေ၊ သူတို့တွေသည်၊ နင်နေ-ငါသွား၊ ထိုစိတ်ထားရောက်၊ မေတ္တာပျောက်၏။ အတွေးအယူ၊ တူခဲစွာဝယ်၊ မြင်ကြားသိကြွယ်၊ ခြားနားရာဝယ်၊ ငယ်ကျွမ်းစွယ်တော်၊ ထိုနှစ်ဖော်လည်း၊ စကားဆိုခဲ၊ ရယ်ခဲလှာသည်၊ လားရာသွေဖည်ကြပြီကိုး...။ ဝေယံဘုန်း (၇ မေ ၂၀၁၈)

ကျွန်တော်က ခင်ဗျားကိုတွေ့ချင်တာ

ဆိုပါစို့ဗျာ …ချစ်တဲ့သူငယ်လေ သူငယ်ချင်းကောင်း ယောက်ဖရေ ဒီနေ့ဟာ ကျနော့်နာရေးဆိုပါစို့။ ကျနော့်ရဲ့ နောက်ဆုံးခရီးလေးဆိုကြပါစို့။ ခင်ဗျားနဲ့ကျနော်နဲ့ကလည်း မာနတွေကြောင့်ပဲဖြစ်ဖြစ်၊ ဃရာဝါသတွေကြောင့်ပဲဖြစ်ဖြစ် မဆုံဖြစ်ခဲ့တာကြာပြီ။ တိုက်တိုက်ဆိုင်ဆိုင်ဗျာ ဒီနေ့မှပဲ ခင်ဗျားမှာ... စကောလားရှစ် စာမေးပွဲရှိနေတယ်… သူဌေးက အထူးအစည်းအဝေးခေါ်ထားတယ်… တင်ဒါဝင်ပြိုင်ရမယ့် နောက်ဆုံးရက်ဖြစ်နေတယ်… နိုင်ငံခြားသွားဖို့ လေယာဉ်ပေါ်တက်ရမယ့်အချိန်ဖြစ်နေတယ်… စသည် စသည်ဖြင့် ရှိနေတယ်… ဆိုပါစို့။ ဒါဆို ကျနော့်ကို ခင်ဗျား လာတွေ့မှာလား လာမှာလား... ခင်ဗျားဟာ ကျနော့်ကို ထပ်မြင်ရဖို့ အခွင့်အရေးမရှိတော့ဘူး … ဒီနေ့ပြီးရင်… ဘယ်တော့မှလည်း ပြန်မဆုံကြတော့ဘူးဆိုရင်၊ ခင်ဗျားမှာလည်း လက်လွတ်မခံနိုင်စရာ အရေးကြီးအလုပ်ကလည်း ရှိနေခဲ့ရင်၊ ခင်ဗျား ကျနော့်ဆီ လာဦးမှာလား … လာမှာလား … ကျနော်ကတော့ ခင်ဗျားဆီ ထမလာနိုင်တော့တာအမှန်။ ကျနော့်မှာ ခုတင်ပေါ် မလှုပ်မယှက်လဲလျောင်းရင်းက လက်သီးဆုပ်ကို ဖြေထားရင်းက ခင်ဗျားကို မျှော်နေမိမှာပါ… မျှော်ဦးမှာပါ မျှော်မှာပါ… သေသူတစ်ယောက်မှာ စာမေးပွဲလည်းမရှိတော့... အင်တာဗျူးလည်းမရှိ...

ရေအောက်ရောက်သွားသော ငါးမဟုတ်ခဲ့သူများ

နောက်လို့နောက်မှန်းတောင် မသိသူဟာ ငပိန်းဆိုရင် ချစ်လို့ချစ်မှန်းတောင် မသိသူဟာလည်း ငပိန်းပေါ့။ တို့လောကမှာ ငပိန်းတွေကတကယ်များ ပန်းချီပညာနဲ့သရုပ်ပြလည်း အတွင်းသားကိုမကုပ်ယူနိုင်ဘူး။ ပန်းချီဆရာကိုဟားတာပဲ။ ကဗျာပညာနဲ့ အနှစ်ကိုချုပ်လည်း ပညာနဲ့ချွန်းမအုပ်နိုင်ကြဘူး။ ကဗျာဆရာဟာ အလကားပဲတဲ့။ အနုစကား မပေါက်သူတွေမို့ ခပ်ရင့်ရင့်တည့်တိုးပြောတော့လည်း မင်းကငါတို့ကိုစော်ကားတာလားတဲ့။ ဆက်ရက်ထင်၊ သူခိုးထင် ထင်နေကြတဲ့ နလပိန်းတုံးတွေဟာ မြို့ပြရဲ့ပိုးမွှားတွေ။ ပိန်းပိတ်အောင်မှောင်ဆဲ သူတို့နှလုံးသားတွေထဲ အဆဲကလေး နည်းနည်းခပ်လို့ ငန်စပ်စပ်လေးဖြစ်နေမှ နေသာထိုင်သာရှိကြလိမ့်မယ်။ တစ်ခါက ဆိပ်ကမ်းမြို့ကြီးဟာ ခုတော့ ရေအောက်မှာ။

'မတ်မတ်'များအတွက်ဩဘာစာ

ဪ မတ်မတ် မတ်မတ် တမတ်တည်းမတ်နေရအောင် မတ်မတ်မှာ ဘာမတ်စရာရှိလို့လဲ။ ဒီလို ကပ်သီးကပ်သတ်မေးတော့ မတ်မတ်က ဟက်ခနဲရယ်တယ်။ ခက်တာပဲ အသက်ရယ်။ မတ်မတ်မှာ မတ်စရာမရှိပေမယ့် မတ်မတ်မှာ မက်စရာတွေရှိတယ်။ မတ်မတ်ဟာ အလတ်ကြီးရှိသေးတယ်။ မတ်မတ်မှာ သက်ဖိုရှိုက်ချက်တွေရှိတယ်။ သက်တုံ၊ တက်တုံတွေရှိတယ်။ မတ်မတ်မို့ ဂျင်းဘောင်းဘီ အကျပ်ဝတ်ရင်၊ ငါ့မတ်ကလေး အခက်တွေ့မယ်။ မတ်မတ်မို့ ဖျတ်ခနဲ လှမ်းကြည့်ရင်၊ ရင်ဘတ်တွေ တဆတ်ဆတ်တုန်မယ်။ မတ်မတ်ဟာ ချက်တတ် ပြုတ်တတ်တယ်။ မတ်မတ်ဟာ ငါးခဲပတ်ကင် ကြိုက်တယ်။ မတ်မတ်တွေဆုံကြပြီဆိုရင် လက်ပံပင်ကဆက်ရက် အရှုံးပေးရတတ်တယ်။ ရှောပင်စင်တာကို သက်စေ့ ပတ်တတ်တယ်။ မတ်မတ်ဟာ စိတ်ပြတ်တယ်။ စိတ်မခိုင်ရင် ပြန်ဆက်တယ်။ ခါးဖက်စရာနတ္ထိဆိုပေမယ့် ပေါက်စရာ ဝက်သက် အထပ်ထပ်ရှိတယ်။ မတ်မတ်ဟာ ချစ်တတ်တယ်။ ဗလိုင်းကြီးလာဖက်လို့ မရပေမယ့် သတ်သတ်မှတ်မှတ် အနားကပ်ရင်ရတယ်။ ပြီးမှ ဖုတ်ဖက်ခါထသွားရင်တော့ အမျက်ကြီးတတ်တယ်။ မတ်မတ်မှာ ဓားတစ်လက်ရှိတယ်။ မတ်မတ် သေအောင်ထိုးသတ်တတ်တယ်။ မတ်မတ်ဟာ တစွက်စွက် စားပေမယ့် ကိုယ်ခန္ဓာ ချပ်ချပ်ရပ်ရပ် ရှိသေးတယ်။ အပြောင်အပြက် ပြောတတ်ပေမယ့် ရန်စရင် ပြန်ပက်တယ်။ မတ်မတ်ဟာ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တယ်။ ရမ်တ...

သတိဖြင့်ချစ်ခြင်း

အချစ်ကိုဖွင့်ဆိုဖို့ မင်းအဆိုတင်တော့ ကိုယ်က ကန့်ကွက်ဖို့ပြင်တယ် ပေါင်းလန်အောင် အနန္တဆန်တဲ့အရာကို ကာမိအောင် ကျယ်တဲ့စကားလုံး ကိုယ့်မှာရှိကိုမရှိဘူး။ ချစ်တယ်လို့ ပြောပါဆိုတော့ ကိုယ်က အသည်းအသန်အငြင်းပိုတယ် နတ်သုဒ္ဓါလို ဟင်းတစ်ခွက်ထဲ ဆံခြည်တစ်မျှင်တောင် မင်း အရောခံနိုင်ရဲ့လား။ ‘မြစ်တစ်စင်းထဲ လူတစ်ယောက်ဟာ နှစ်ခါမဆင်းနိုင်ဘူး’ ဆိုတဲ့စကား မင်း ကြားဖူးမှာပေါ့။ အချစ်ဟာ မြစ်တစ်စင်းနဲ့တူတယ်။ အလျင်ရှိတယ်၊ တသွင်သွင်စီးနေတယ်။ တစ်ခုတည်းသောအချစ်ကို ကိုယ်တို့ နှစ်ခါပြန်ရနိုင်ပါ့မလား။ စက္ကန့်တိုင်း မိနစ်တိုင်းမှာ အချစ်တွေဟာ အသစ်အသစ်ဖြစ် မင်းနဲ့ကိုယ်လည်း လူသစ်စိတ်သစ် လွန်ပြီးအချစ်ကို ဖက်တွယ်ရင်ဖြင့် ဖြစ်ဆဲအချစ်ကို လက်လွတ်သွားမစိုး အ,အနှစ်ယောက်ရဲ့ကြားကအချစ်ကို ပိုးမွေးမွေးကြသလိုမျိုး ကိုယ်တို့စိတ်ချင်း တံတားထိုးကြတာပေါ့။ ဘုရားဟောရှိတယ်မလား သတိနဲ့နေ သတိနဲ့သွား သတိနဲ့စား သတိနဲ့ချစ် တလှစ်လှစ်ဖြစ်ပြီးပျက် ချစ်စိတ်အလျင်ဘက် မင်းအာရုံကို လှည့်ထား စိတ်နဲ့သာကြားလှည့်ပါ မြစ်ရေစီးသံ မင်းနားဝမှာ။ (၂၁ မတ် ၂၀၁၇) ကဗျာကဏ္ဍမှာ အခြားဖတ်စရာ ကျနော်က ခင်ဗျားကိုတွေ့ချင်တာ မတ်မတ်များအတွက် ဩဘာစာ သတိဖြင့်ချစ်ခြင်း စ...

စောင်းကြိုးညှိခြင်း

လာပါကွယ် သွားရအောင်ပါ အလင်းရှိတဲ့နေရာ အာဃာတတွေ စေးပိုင် အနုညာတတွေက ဈေးကိုင် မရ, ရသက ချိုင်နေကြတဲ့ တို့တွေနေတဲ့ အပူသည် ကမ္ဘာ မင်းရယ်ကိုယ်ဟာ စွန့်ခွာထွက်ပြေး မဝေးလည်းမဝေး မနီးလည်းမနီး ငြီးလည်း မငြီးငွေ့နိုင်တဲ့တစ်နေရာ လိုက်မှာလား မင်းငါ့အပါး နှလုံးသားချင်း ခပ်ပြင်းပြင်းပူးချည် မေတ္တာဖြင့် နွေးထွေးစေမည် သစ္စာဖြင့် စုစည်းရစ်ချည် နေခြည်မှာရွှေရည်လောင်းသော တစ်နှစ်မှာ အကြိမ်ကြိမ်သီးသော မြေဆီမှာ အဆိပ်ကင်းသော မွှေးပျံ့သော ငါတို့ဥယျာဉ် စိမ်းဖန့်သော ငါတို့လွင်ပြင် ဆိတ်ညံသော ငါတို့ရင်ခွင် လူမျိုးသည်လည်းကောင်း၊ ဘာသာသည်လည်းကောင်း၊ စကားသည် လည်းကောင်း၊ ဓလေ့သည်လည်းကောင်း ငါတို့စိတ်ကြိုက် ငါတို့ဦးခိုက် ဘယ်အမိုက်မှ မဖျက်စေရ ဒီတစ်သက်စာ ငါတို့ဆောက်တဲ့ကမ္ဘာ လာပါကွယ် သွားရအောင်ပါ။ (၂၉ မေ ၂၀၁၃) ကဗျာကဏ္ဍမှာ အခြားဖတ်စရာ ကျနော်က ခင်ဗျားကိုတွေ့ချင်တာ မတ်မတ်များအတွက် ဩဘာစာ သတိဖြင့်ချစ်ခြင်း လူတွေနေနေတဲ့မြို့ နှစ် အပေါင်း နှစ် ညီမျှခြင်း တစ် My Dear Guest ဒွိဟ “လ” နှစ်သစ်ဆုတောင်း

လူတွေနေနေတဲ့မြို့

မြို့ကလေးတစ်မြို့ ကောင်းကင်ပြာက အုပ်မိုးကြည့်နေတယ် တိမ်လွှာကဆိုင်းလို့။ တောင်ကြောက ပခုံးနဲ့ထမ်းထားတယ် မြူတွေက မှိုင်းလို့။ နဒီက ကွေ့ကောက်ရစ်သိုင်းထားတယ် သီတာက ဝိုင်းလို့။ ဒီမြို့လေးမှာဆို လေးမောင့်စံကျောင်းတွေက လက်ညှိုးထိုးမလွဲ။ တဝီဝီပျားပိတုန်းတွေက မာလာ့ကို နမ်းရှုပ်လို့။ ကျောက်စက်ကျရေက ရေအိုင်ငယ်တစ်ခုဖြစ်၊ အဲဒီမှာ လူတွေက ဟဒယအညစ်ကို ဝိုင်းဆေးကြတာပေါ့။ ပြောရရင် ဒီမြို့မှာ ကျီးကန်းတွေကတောင် “အိုးဝေ ... အိုးဝေ”ရယ်လို့ တွန်မြည်တတ်ကြတယ်။ ဟား ... ဒီမြို့မှာ မုန်ယိုနေတဲ့ ဆင်ကြီးတွေနဲ့ ချွန်းဖွင့်နေတဲ့ ဦးစီးတွေမရှိဘူးကွ။ ဒီမြို့မှာ ခြင်္သေ့တွေ၊ ဆင်တွေက ကြားခံဖလှယ်ရေး ကိရိယာမဟုတ်ဘူးဗျ။ မြို့သားတွေရဲ့ ဝဲဘက်ရင်အုံဟာ ကျောက်ဆောင်တွေနဲ့ ထိုးထောင်မနေဘူးဟ။ ပျားရည်နဲ့ဝမ်းအချခံရမှာကို နေ့နေ့ညညကြောက်နေစရာမလိုဘူးပ။ ဒီမြို့မှာ လူတွေက ငှက်တွေရဲ့စကားကို နားလည်ကြသတဲ့။ မြေမှုန်လေးတွေ သစ်ရွက်လေးတွေကိုလည်း အသေအကြေ ချစ်တတ်ကြသတဲ့။ လဲနေသူ၊ ဝဲစွဲအနူတွေ့ရင်လည်း အသေအချာ ထူပေးတတ်ကြသတဲ့။ တောင်းခံသူလာရင် ပေးလှူရအောင် နှလုံးသည်းပွတ်ကို ဆီဆွတ်ထားကြသတဲ့။ ကဲ ... ဘာပြောကောင်းမလဲ ဒီမြို့က...

နှစ် အပေါင်း နှစ် ညီမျှခြင်း တစ်

သူ့နှုတ်ဖျားက စကားဆိုချိန် သူဟာ ကလေးလိုလည်း နုနုနယ်နယ် လူကြီးလိုလည်း ရင့်ရင့်ကျက်ကျက် သိမှုနဲ့မခွဲဘဲပြောကြည့်ရရင် သူဟာ နှစ်လွှာလူသားပေါ့။ ဪ... ကလေးနဲ့လူကြီးကြား ခြားထားတဲ့မျဉ်းတစ်ပြားဟာ ဒီလောက်ပဲ ပါးသလားလေ။

ဒွိဟ "လ"

ပြည့်ပြည့်ဝန်းဝန်းရှိပြီးတာတောင်မှ လကလေးရေ ... မင်းဟာတွန့်ဆုတ်နေတုန်းပဲ။ ဧည့်သည်လုလင်ကို ရှက်နေတဲ့ အိမ့်ရှင်သမီးပျိုပမာ မင်းဟာ ကန့်လန့်ကာတိမ်တိုက်ရဲ့နောက် မျက်နှာကို ကြောက်ကြောက်နဲ့ဝှက်နေတယ်။ မှောင်မိုက်တဲ့ညကမ္ဘာမှာ မင်းဟာ ကောင်းကင်ရဲ့ဘုရင်မဖြစ်တယ်။ ခုလို အပြည့်အဝ မျက်နှာပြခွင့်ရဖို့ မင်းဟာ ရက်ပေါင်းသုံးဆယ် စောင့်ခဲ့ရတယ်။ ကောင်းကင်ကို မင်း ပိုင်စိုးဖို့က တစ်လမှတစ်ညတည်း။ လာပါလေ ... ထွက်ခဲ့ပါ ... ပွင့်ချင်သေးတယ် ငွားငွားစွင့်စွင့် ငါဟာ မင်းအနမ်းကိုစောင့်ဆိုင်းနေတဲ့ ကုမုဒြာကြာတစ်ပွင့်။ လရောင်ကိုတော့ဖြင့် မတွန့်တိုလိုက်နဲ့ဦး။ ပျောက်သောလမ်းပေါ်ကငါတစ်ယောက် မင်းအလင်းပြမှအိမ်ပြန်ရောက်နိုင်မှာ။ လျှို့ဝှက်တဲ့ကဗျာတွေကိုတော့ လနတ်သမီးအတွက် စပ်ထားတာဖြစ်တယ်။ တိမ်တိုက်ထဲမှာ မျက်နှာဝှက် အပြင်ကလူကို ရှက်နေမယ့်အစား ကန့်လန့်ကာကိုသာ ဖွင့်ဟထွက်ခဲ့။ ကြည်လင်ဝိုင်းစက် မျက်ဝန်းနက်တွေနဲ့ ငါ့ကိုသာ ရွှန်းရွှန်းစားစား ငုံ့ကြည့်လှည့်။ နှလုံးသားမီးအိမ်ကို ထွန်းညှိဖို့က ငါ့တာဝန်ထား။ လာပါ လကလေး ဘာပဲဖြစ်ဖြစ် တို့ချစ်ကြမယ် ရဲရဲရင့်ရင့်ပေါ့။ ။ ကဗျာကဏ္ဍမှာ အခြားဖတ်စရာ ကျနော်...

နှစ်သစ်ဆုတောင်း

နှစ်သစ်တွင် ... အရှေ့ဂေါယာ ပြူထွက်လာမည့် ရောင်ဝါထွန်းလင်း ရှင်နေမင်းသည် ငါတို့ပြည်ပေါ် ဖုံးလွှမ်းပိတ်ဖုံး မိုက်မှောင်တုံးအား ကြွင်းမဲ့ပယ်ခွင်း ရောင်ဝင်းအလင်း ထွန်းလင်းစေသား။ နှစ်သစ်တွင်... ထက်ဝတိံသာ အဇဋာမှ ရွာရွာကျကျ၊ မိုးစက်မြတို့ မွေးရပ်သခင် မြေပြင်အဝန်း ထင်းစွန်းပူနွေး မခြောက်သေးသည့် အာဇာနည်သွေး နီထွေးတို့အား သုတ်သင်ဆေး၍ ဝေးရောက်ဝိဉာဉ်တို့အား နှစ်သိမ့်နိုင်စေသား။ နှစ်သစ်တွင်... ရှစ်ရပ်တခွင် တိုက်ခတ်နှင်မည့် လေပြင်း၊ လေပျော့၊ လေအသော့တို့ မိရင်ခွင်နှင့် မဝေးချင်ရှာသည့် တစ်ရွာပြောင်းနေ၊ သားရွှေသွေးထံ အမိမြေ၏ကောင်းခြင်းငါးပါး မင်္ဂလာစကားကို ဆောင်ကြဉ်းစေချင်။ နှစ်သစ်တွင်... ထက်အောက်ရှေ့လုံ လွှမ်းခြုံလာမည့် ဆောင်းကတ္တီပါ နှင်းထုလွှာသည် သောကအပူ ငြီးငြီးဆူအပ် ငါ့မွေးရပ်နေ ငါ့မျိုးဆွေတို့ သောကဗျာဝေး ရယ်သွမ်းသွေးနိုင်အောင် စွမ်းနိုင်စေချင်၊ စွမ်းစေချင်။ နှစ်သစ်တွင်... ငါ့နိုင်ငံသည် ဘေးဘယာမရှိပါစေနှင့် ငါ့လူမျိုးသည် ဆင်းရဲကြောင့်ကြဗျာပါဒတို့ မရှိပါစေနှင့် အဓမ္မတရား မသူတော်တရားတို့ မထွန်းကားပါစေနှင့် လူအချင်းချင်းနှိပ်စက်ခြင်း ကင်းရှင်းကြပါစေ အထင်သေးခ...