ဪ မတ်မတ် မတ်မတ်
တမတ်တည်းမတ်နေရအောင်
မတ်မတ်မှာ ဘာမတ်စရာရှိလို့လဲ။
ဒီလို ကပ်သီးကပ်သတ်မေးတော့
မတ်မတ်က ဟက်ခနဲရယ်တယ်။
ခက်တာပဲ အသက်ရယ်။
မတ်မတ်မှာ မတ်စရာမရှိပေမယ့်
မတ်မတ်မှာ မက်စရာတွေရှိတယ်။
မတ်မတ်ဟာ အလတ်ကြီးရှိသေးတယ်။
မတ်မတ်မှာ သက်ဖိုရှိုက်ချက်တွေရှိတယ်။
သက်တုံ၊ တက်တုံတွေရှိတယ်။
မတ်မတ်မို့ ဂျင်းဘောင်းဘီ အကျပ်ဝတ်ရင်၊
ငါ့မတ်ကလေး အခက်တွေ့မယ်။
မတ်မတ်မို့ ဖျတ်ခနဲ လှမ်းကြည့်ရင်၊
ရင်ဘတ်တွေ တဆတ်ဆတ်တုန်မယ်။
မတ်မတ်ဟာ ချက်တတ် ပြုတ်တတ်တယ်။
မတ်မတ်ဟာ ငါးခဲပတ်ကင် ကြိုက်တယ်။
မတ်မတ်တွေဆုံကြပြီဆိုရင်
လက်ပံပင်ကဆက်ရက် အရှုံးပေးရတတ်တယ်။
ရှောပင်စင်တာကို သက်စေ့ ပတ်တတ်တယ်။
မတ်မတ်ဟာ စိတ်ပြတ်တယ်။
စိတ်မခိုင်ရင် ပြန်ဆက်တယ်။
ခါးဖက်စရာနတ္ထိဆိုပေမယ့်
ပေါက်စရာ ဝက်သက် အထပ်ထပ်ရှိတယ်။
မတ်မတ်ဟာ ချစ်တတ်တယ်။
ဗလိုင်းကြီးလာဖက်လို့ မရပေမယ့်
သတ်သတ်မှတ်မှတ် အနားကပ်ရင်ရတယ်။
ပြီးမှ ဖုတ်ဖက်ခါထသွားရင်တော့
အမျက်ကြီးတတ်တယ်။
မတ်မတ်မှာ ဓားတစ်လက်ရှိတယ်။
မတ်မတ် သေအောင်ထိုးသတ်တတ်တယ်။
မတ်မတ်ဟာ တစွက်စွက် စားပေမယ့်
ကိုယ်ခန္ဓာ ချပ်ချပ်ရပ်ရပ် ရှိသေးတယ်။
အပြောင်အပြက် ပြောတတ်ပေမယ့်
ရန်စရင် ပြန်ပက်တယ်။
မတ်မတ်ဟာ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တယ်။
ရမ်တစ်ပက် အမြဲသောက်တယ်။
မင်းမင်းလတ်သီချင်း ဟဲတတ်တယ်။
မတ်မတ်ဟာ စိတ်ကူးယဉ်တတ်တယ်။
မတ်မတ်မှာ ရွှေတစ်ကျပ်ရှိတယ်။
ဝှက်ထားတဲ့ တလက်လက်တွေရှိတယ်။
ဒါတွေနဲ့တော့ မတ်မတ်ကို တန်ဖိုးမဖြတ်နဲ့။
ဒါပေမဲ့လည်း မတ်မတ်ကိုလျှော့ မတွက်နဲ့။
မတ်မတ်မှာ ပြိတ်သတ်ရှိတယ်။
မယုံရင် ‘လိုက်ခ်’ကို တချက်ရှိုးလို့ရတယ်။
မတ်မတ်မှာ ... မတ်မတ်မှာ
မတ်မတ်မှာ မတ်စရာမရှိပေမဲ့
မက်စရာတွေ တစ်ပုံကြီးတော့ရှိတယ်။
တမတ်တည်းမတ်နေရအောင်
မတ်မတ်မှာ ဘာမတ်စရာရှိလို့လဲ။
ဒီလို ကပ်သီးကပ်သတ်မေးတော့
မတ်မတ်က ဟက်ခနဲရယ်တယ်။
ခက်တာပဲ အသက်ရယ်။
မတ်မတ်မှာ မတ်စရာမရှိပေမယ့်
မတ်မတ်မှာ မက်စရာတွေရှိတယ်။
မတ်မတ်ဟာ အလတ်ကြီးရှိသေးတယ်။
မတ်မတ်မှာ သက်ဖိုရှိုက်ချက်တွေရှိတယ်။
သက်တုံ၊ တက်တုံတွေရှိတယ်။
မတ်မတ်မို့ ဂျင်းဘောင်းဘီ အကျပ်ဝတ်ရင်၊
ငါ့မတ်ကလေး အခက်တွေ့မယ်။
မတ်မတ်မို့ ဖျတ်ခနဲ လှမ်းကြည့်ရင်၊
ရင်ဘတ်တွေ တဆတ်ဆတ်တုန်မယ်။
မတ်မတ်ဟာ ချက်တတ် ပြုတ်တတ်တယ်။
မတ်မတ်ဟာ ငါးခဲပတ်ကင် ကြိုက်တယ်။
မတ်မတ်တွေဆုံကြပြီဆိုရင်
လက်ပံပင်ကဆက်ရက် အရှုံးပေးရတတ်တယ်။
ရှောပင်စင်တာကို သက်စေ့ ပတ်တတ်တယ်။
မတ်မတ်ဟာ စိတ်ပြတ်တယ်။
စိတ်မခိုင်ရင် ပြန်ဆက်တယ်။
ခါးဖက်စရာနတ္ထိဆိုပေမယ့်
ပေါက်စရာ ဝက်သက် အထပ်ထပ်ရှိတယ်။
မတ်မတ်ဟာ ချစ်တတ်တယ်။
ဗလိုင်းကြီးလာဖက်လို့ မရပေမယ့်
သတ်သတ်မှတ်မှတ် အနားကပ်ရင်ရတယ်။
ပြီးမှ ဖုတ်ဖက်ခါထသွားရင်တော့
အမျက်ကြီးတတ်တယ်။
မတ်မတ်မှာ ဓားတစ်လက်ရှိတယ်။
မတ်မတ် သေအောင်ထိုးသတ်တတ်တယ်။
မတ်မတ်ဟာ တစွက်စွက် စားပေမယ့်
ကိုယ်ခန္ဓာ ချပ်ချပ်ရပ်ရပ် ရှိသေးတယ်။
အပြောင်အပြက် ပြောတတ်ပေမယ့်
ရန်စရင် ပြန်ပက်တယ်။
မတ်မတ်ဟာ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တယ်။
ရမ်တစ်ပက် အမြဲသောက်တယ်။
မင်းမင်းလတ်သီချင်း ဟဲတတ်တယ်။
မတ်မတ်ဟာ စိတ်ကူးယဉ်တတ်တယ်။
မတ်မတ်မှာ ရွှေတစ်ကျပ်ရှိတယ်။
ဝှက်ထားတဲ့ တလက်လက်တွေရှိတယ်။
ဒါတွေနဲ့တော့ မတ်မတ်ကို တန်ဖိုးမဖြတ်နဲ့။
ဒါပေမဲ့လည်း မတ်မတ်ကိုလျှော့ မတွက်နဲ့။
မတ်မတ်မှာ ပြိတ်သတ်ရှိတယ်။
မယုံရင် ‘လိုက်ခ်’ကို တချက်ရှိုးလို့ရတယ်။
မတ်မတ်မှာ ... မတ်မတ်မှာ
မတ်မတ်မှာ မတ်စရာမရှိပေမဲ့
မက်စရာတွေ တစ်ပုံကြီးတော့ရှိတယ်။
ကဗျာကဏ္ဍမှာအခြားဖတ်စရာ
Comments
Post a Comment
စာဖတ်သူတို့၏ သဘောထားမှတ်ချက်များကို ကြိုဆိုပါသည်။ စာတစ်ပုဒ်ချင်းစီအလိုက် သင်တို့၏ထင်မြင်ယူဆချက်များ၊ အတွေးပေါ်မိသည်များကို လွတ်လွတ်လပ်လပ် ရေးသားနိုင်ပါသည်။
ဝေယံဘုန်း