Skip to main content

လူတွေနေနေတဲ့မြို့



မြို့ကလေးတစ်မြို့
ကောင်းကင်ပြာက အုပ်မိုးကြည့်နေတယ်
တိမ်လွှာကဆိုင်းလို့။
တောင်ကြောက ပခုံးနဲ့ထမ်းထားတယ်
မြူတွေက မှိုင်းလို့။
နဒီက ကွေ့ကောက်ရစ်သိုင်းထားတယ်
သီတာက ဝိုင်းလို့။

ဒီမြို့လေးမှာဆို
လေးမောင့်စံကျောင်းတွေက လက်ညှိုးထိုးမလွဲ။
တဝီဝီပျားပိတုန်းတွေက မာလာ့ကို နမ်းရှုပ်လို့။
ကျောက်စက်ကျရေက
ရေအိုင်ငယ်တစ်ခုဖြစ်၊ အဲဒီမှာ လူတွေက
ဟဒယအညစ်ကို ဝိုင်းဆေးကြတာပေါ့။
ပြောရရင် ဒီမြို့မှာ ကျီးကန်းတွေကတောင်
“အိုးဝေ ... အိုးဝေ”ရယ်လို့ တွန်မြည်တတ်ကြတယ်။

ဟား ... ဒီမြို့မှာ
မုန်ယိုနေတဲ့ ဆင်ကြီးတွေနဲ့
ချွန်းဖွင့်နေတဲ့ ဦးစီးတွေမရှိဘူးကွ။
ဒီမြို့မှာ ခြင်္သေ့တွေ၊ ဆင်တွေက
ကြားခံဖလှယ်ရေး ကိရိယာမဟုတ်ဘူးဗျ။
မြို့သားတွေရဲ့ ဝဲဘက်ရင်အုံဟာ
ကျောက်ဆောင်တွေနဲ့ ထိုးထောင်မနေဘူးဟ။
ပျားရည်နဲ့ဝမ်းအချခံရမှာကို
နေ့နေ့ညညကြောက်နေစရာမလိုဘူးပ။

ဒီမြို့မှာ လူတွေက
ငှက်တွေရဲ့စကားကို နားလည်ကြသတဲ့။
မြေမှုန်လေးတွေ သစ်ရွက်လေးတွေကိုလည်း
အသေအကြေ ချစ်တတ်ကြသတဲ့။
လဲနေသူ၊ ဝဲစွဲအနူတွေ့ရင်လည်း
အသေအချာ ထူပေးတတ်ကြသတဲ့။
တောင်းခံသူလာရင် ပေးလှူရအောင်
နှလုံးသည်းပွတ်ကို ဆီဆွတ်ထားကြသတဲ့။

ကဲ ... ဘာပြောကောင်းမလဲ
ဒီမြို့က ဝက်သစ်ချပင်ရိပ်မှာ
ကျွန်တော် လှဲချ အိပ်လိုက်တယ်။

(စက်တင်ဘာလ ၁၁ ရက်၊ ၂၀၁၁၊ ည ၁၁:၃၀)

 

Comments

Post a Comment

စာဖတ်သူတို့၏ သဘောထားမှတ်ချက်များကို ကြိုဆိုပါသည်။ စာတစ်ပုဒ်ချင်းစီအလိုက် သင်တို့၏ထင်မြင်ယူဆချက်များ၊ အတွေးပေါ်မိသည်များကို လွတ်လွတ်လပ်လပ် ရေးသားနိုင်ပါသည်။

ဝေယံဘုန်း

အဖတ်အများဆုံး

'ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ' စာအုပ်အညွှန်းနှင့်ဝေဖန်ချက်များ

ဆန့်ကျင်မှုအလှ (သို့မဟုတ်) ဖြစ်ရပ်မှန် စိတ်ကူးယဉ်ဝတ္ထုတိုများ By ငြိမ်းအိအိထွေး စာရေးဆရာ ဝေယံဘုန်းရဲ့ ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ စာအုပ်ကို ဇူလိုင်လထဲမှာ ထုတ်ဝေပါတယ်။ ပြောင်းလဲလာတဲ့ သက္ကရာဇ်တွေနဲ့အတူ အဘက်ဘက်မှာ ရှိနှင့်နေတဲ့ စိတ်ဖိစီးမှုတွေကြောင့် ဒီဘက်နှစ်ပိုင်းတွေမှာ လူတွေဟာ အကြောင်းအရာတစ်ခုကို နင့်နင့်နဲနဲခံစားအချိန်ပေးဖို့ တကယ့်ကို မလွယ်တော့ပါဘူး။  ဒါပေမဲ့ စာရေးဆရာဝေယံဘုန်းရဲ့ ဝတ္ထုတွေကတော့ အကြောင်းအရာ၊ တင်ဆက်ပုံ၊ ဆွဲဆောင်နိုင်စွမ်း ထူးခြားနေတဲ့အတွက် အချိန်ပေးခံစားဖို့သင့်တဲ့၊ ဝတ္ထုတိုရသကို အပြည့်အဝပေးနိုင်တဲ့ စာအုပ်လို့ ဆိုရမှာပါပဲ။ စာအုပ်ရဲ့ ခေါင်းစဉ်ဖြစ်တဲ့ ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဆိုတာကကို contrast ဖြစ်တဲ့ အရေးအသားနဲ့အညီ စာရေးဆရာဖန်တီးထားတဲ့ ဝတ္ထုတိုတွေကလည်း ဆန့်ကျင်ဘက်ကျကျပေါင်းစပ်ထားတဲ့ အလှတစ်ခုလို ခံစားရစေတာအမှန်ပါပဲ။  ဖြစ်ရပ်မှန် စိတ်ကူးယဉ်ဝတ္ထုတိုများ စာအုပ်မှာ "ကျကွဲသွားသော ကြေးမုံပြင်တစ်ချပ်"၊ "ဖြစ်ရပ်မှန် စိတ်ကူးယဉ် ဝတ္ထု"၊ "မင်္ဂလာဦးည"၊ "မှဲ့တစ်ခုရဲ့ အနုပညာ "၊ "ပုတီးကိုချ ကားကိုမ"၊ "ညီမလေးကို ကတိ တ...

မမှောင်သောည

မုန်တိုင်းမလာခင် ဆိတ်ငြိမ်မှုမျိုးနဲ့ ခန်းမဆောင်ဟာ အေးတိအေးစက်။ အဆက်မပြတ်ထွက်နေတဲ့ တခေါခေါ ဟောက်သံတို့က နားထဲကို အတင်းထိုးဖောက်ဝင်ရောက်လျက်။ ခန္ဓာကိုယ်တစ်ခုလုံး ချွေးအိုင်ထဲမှာ ...   ကယောင်ခြောက်ခြား ဖြစ်နေတဲ့စိတ်အစဉ်ကြောင့် ဘာကိုမှ သဲသဲကွဲကွဲ မမြင်ရဘူး။ ကျီးကန်းတောင်းမှောက် လျှောက်ကြည့်နေတဲ့ မျက်လုံးများက ကညင်ဆီမီးတိုင်တို့ရဲ့ မသဲမကွဲ အလင်းရောင်ကို လက်ခံယူလိုက်တယ်။ မီးတောက်တွေက နှေးကွေးဖျော့တော့စွာ တောက်လောင်လျက်။ အပြင်မှာတော့ အမှောင်ထုကသာ ကြီးစိုးမင်းမူလျက်။ အိပ်မက်ထဲကနေ နိုးထလာခဲ့တာ ဘာမှမကြာသေးဘူး။ ဒါပေမဲ့ အပြင်လောကအထိ ဒီအိပ်မက်ဟာ အရိပ်လို မနားတမ်းကပ်လိုက်နေဆဲ။

အာဇာနည်နေ့နှင့် ခံစားမိသည့် ဆရာဇော်ဂျီ၏ကဗျာ

ဇူလိုင်လ ၁၉ ရက်နေ့သည် အာဇာနည်နေ့ဖြစ်သည်။ အာဇာနည်နေ့ကို ရောက်တိုင်း ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား ပြည်သူအပေါင်းက သတိတရ ရှိကြ လေသည်။ လွန်ခဲ့သော ၆၃ နှစ်၊ ဤနေ့ ဤရက်က ဆိုလျှင်ဖြင့် မြန်မာနိုင်ငံ တစ်ဝန်းလုံး လှည်းနေလှေအောင်း မြင်းဇောင်း မကျန်သော ပြည်သူအပေါင်း တို့သည် အပြင်မှာ သူတို့ လူကိုယ်တိုင် မြင်ဖူးချင်မှ မြင်ဖူးမည်ဖြစ်သည့်၊ စကားပြောဖူးချင်မှ ပြောဖူးမည်ဖြစ်သည့် အာဇာနည် ခေါင်းဆောင်ကြီးများ အတွက် ဖြေမဆည်နိုင် မျက်ရည် ဖြိုင်ဖြိုင် ကျခဲ့ကြဖူးလေသည်။ လောကတွင် လူတို့သည် မိမိချစ်ခင်ရသော ဆွေမျိုးသားချင်း၊ ညီအစ်ကိုမောင်နှမများနှင့် ခွဲခွာရ၍ ငိုကြွေးတတ်သည်မှာ သဘာဝကျသော်လည်း ကိုယ်နှင့်သွေးမတော် သားမစပ်၊ ရင်းနှီးကျွမ်းဝင်ခြင်းမရှိသော လူတစ်ယောက် (သို့မဟုတ်) လူတစ်စုအတွက် ငိုကြွေးကြသည်မှာ အဘယ်ကြောင့်နည်း။ ဘဝတွင် မိမိ၏ မိဘ၊ ဆွေမျိုး၊ ဇနီးခင်ပွန်း၊ သားသမီးတို့အတွက် ငိုကြွေးခြင်းက သံယောဇဉ်ကြောင့် ဖြစ်ပြီး အာဇာနည်တို့အတွက် ငိုကြွေးခြင်းကမူ ထိုသူတို့အပေါ် မိမိထားသည့် တန်ဖိုးတစ်ခုကြောင့်၊ (တစ်နည်း) အစားထိုးမရသော ဆုံးရှုံးမှုအတွက်ကြောင့် ဖြစ်သည်။ ငိုကြွေးတာချင်း တူသော် လည်း ငိုကြွေး ပုံချ...

‘တဏှာထက်ကြီးသောမြစ် မရှိ’ - ဆယမ်၏ များများထုတ်များများသုံးဝါဒကို ဗုဒ္ဓရှုထောင့်မှဝေဖန်ခြင်း

“ဖွံ့ဖြိုးမှု (တိုးပွားခြင်း) ဆိုတဲ့ စကားကို ပါဠိဘာသာနဲ့ ‘ဝဍ္ဎန’ လို့ ခေါ်ပါတယ်။ များပြားခြင်း လို့ အဓိပ္ပာယ်ရတယ်။ ကောင်းတဲ့အရာတွေ များပြားတာဖြစ်နိုင်သလို ပြဿနာ၊ ဒုက္ခဆင်းရဲ၊ ပဋိပက္ခတွေ များပြားတာလည်း ဖြစ်နိုင်တယ်။ ဒီနေ့ကမ္ဘာမှာတော့ ဖွံ့ဖြိုးမှုဆိုတာရဲ့ အဓိပ္ပာယ်ဟာ ကမ္ဘာကြီးမှာ အသိဉာဏ်ပညာကို လျစ်လျူရှုပြီး ရုပ်ဝတ္ထုပစ္စည်းတွေနောက်ပဲ လိုက်နေကြ ပေါများပြည့်လျှံနေကြတယ်ဆိုတဲ့ အဓိပ္ပာယ်ရတယ်။” ဒီ စကားကို မိန့်ကြားခဲ့သူကတော့ ဆယမ်* ဗုဒ္ဓဘာသာရဟန်းတော်တပါးလည်းဖြစ် အတွေးအခေါ်ရှင်လည်း ဖြစ်တဲ့ အရှင် ဗုဒ္ဓဒါသဘိက္ခုဖြစ်ပါတယ်။ ဒီ စကားပေါ်ကိုအခြေခံပြီး ဆရာ ဆုလက် ဆီဝရက်ဆက ဘာပြော သလဲဆိုတော့ များများတိုးထုတ်၊ များများသုံးစွဲဝါဒ (consumerism) က နောက်ဆုံးပေါ်မိစ္ဆာဘာသာပဲတဲ့။   ဒီ ဆောင်းပါးမှာတော့ ဆယမ်နိုင်ငံအပေါ် များများတိုးထုတ်၊ များများသုံးစွဲဝါဒရဲ့ ရိုက်ခတ်မှုအကြောင်းရယ်၊ ဆရာတော် ဗုဒ္ဓဒါသနဲ့ ဆရာဆုလက် ဆီဝရက်ဆတို့နှစ်ဦး ဟောပြောခဲ့တာတွေအပေါ် အခြေခံထားတဲ့ အမြင်သစ်၊ လမ်းကြောင်းသစ်တွေအကြောင်းရယ်ကို ဆွေးနွေးထားပါတယ်။ အဲဒီ ဆရာနှစ်ပါးဟာ ဆယမ် နိုင်ငံရဲ့ လူမှုအကျိုးပြုဗုဒ္ဓဘာသာရဲ့ ဗိသုကာတွေပါ။ ဒီ ဆောင်းပါးကို ...

မသိန်းရှင်ဆီပို့ကြည့်လိုက်သော မာယာဘုံ

ကျွန်မသည် ပြီးခဲ့သောကာလတစ်ခုအတွင်း လူလေးဦးနှင့် တွေ့ဆုံရင်းနှီးခဲ့ရသည်။ သို့သော် သူတို့နှင့် တွေ့ဆုံရင်းနှီးခဲ့သည်မှာ အပြင်မှာမဟုတ်ဘဲ စာမျက်နှာထက်တွင် သက်ဝင်လှုပ်ရှားနေသော စာရေးဆရာ၏ စိတ်ကူးဇာတ်ကောင်များအဖြစ် သိကျွမ်းခဲ့ခြင်း ဖြစ်ပါသည်။ ထိုဇာတ်ကောင်းလေးဦးစလုံးသည် ခေတ် တစ်ခေတ် တည်းတွင် လူးလွန့်ရှင်သန်ခဲ့ကြကာ ထိုခေတ်၏ လှိုင်းလုံးများရိုက်ခတ်မှုဒဏ်ကိုလည်း ပုံစံတူ ရင်ဆိုင်ခဲ့ရ၊ ကျော်လွှားခဲ့ရ၊ နစ်မြုပ်ခဲ့ရသော ခေတ်ပြိုင်ဘဝတူဇာတ်ကောင်များ ဖြစ်ကြသည်။ သို့ရာတွင် ထိုဇာတ်ကောင်လေးဦးစလုံးသည် တစ်ဦးတည်းသော ကလောင်မိခင်ဝမ်းကြာတိုက်မှ မွေးဖွားလာ ခဲ့ခြင်းတော့ မဟုတ်ပါ။ မှောင်ခိုလုပ်ငန်းကို စက်ဆုပ်သော ကိုမြင့်နှင့် မှောင်ခိုသမလေး အေးမတို့မှာ ဆရာ မြသန်းတင့်၏ သားသမီးများ ဖြစ်ကြပြီး၊ နေ့စဉ် မြို့လုလင်ဘူတာမှ တောင်တွင်းကြီး-ကျောက်ပန်းတောင်း မီးရထားဖြင့် လိုက်ကာ ဝမ်းရေးအတွက် ထန်းလျက်မှောင်ခိုကူးရသူလေး ညိုညိုနှင့် ညိုညို့ကိုမှ သနားကြင်နာချစ်မိရသူ ရထားလိုက်စာရေးလေး ကိုရင်မောင်တို့မှာ ဆရာနိုင်ဝင်းဆွေ၏ စုတ်ချက်ဖျားမှ အရုပ်ထင်လာခဲ့ကြသော ဆေးစက်လေးများ ဖြစ်သည်။  ဆရာမြသန်းတင့်၏ ‘မာယာဘုံ (သင့်စာပေ/၁၉၇၅)’ သည်လည်းကောင်...