သူ့နှုတ်ဖျားက စကားဆိုချိန်
သူဟာ
ကလေးလိုလည်း နုနုနယ်နယ်
လူကြီးလိုလည်း ရင့်ရင့်ကျက်ကျက်
သိမှုနဲ့မခွဲဘဲပြောကြည့်ရရင်
သူဟာ နှစ်လွှာလူသားပေါ့။
ဪ...
ကလေးနဲ့လူကြီးကြား
ခြားထားတဲ့မျဉ်းတစ်ပြားဟာ
ဒီလောက်ပဲ ပါးသလားလေ။
တကယ်ဆို လူတစ်ယောက်မှာ
ကလေးဘ၀ လူကြီးဘဝဆိုတာ
စက်ဝိုင်းခြမ်းနှစ်ခု မဟုတ်လောက်ဘူး။
တကယ်တော့
ကလေးနဲ့လူကြီးဆိုတာ
ထပ်တူညီစက်ဝိုင်းနှစ်ခု။
သူတို့နှစ်ခုကို ထပ်ထားတယ်။
သူတို့ချင်း ရောယှက်နေတယ်
ပေါင်းစပ်နေတယ်
ပျော်ဝင်နေတယ်။
မင်း ကလေးဖြစ်နေတဲ့အချိန်
ငါ့ရင်ခွင်ထဲ လာပါလှည့်။
တီတီတာတာ ခွန်းချိုသာနဲ့
လိုရာဆုကို တောင်းပါလှည့်။
ငါ့ကုပ်ကျောပေါ် တွဲလွဲပျော်လို့
လိုရာခရီးကို ဆန့်ပါလှည့်။
ဒီအချိန်မှာ ငါကတော့ လူကြီးဖြစ်ပေးမယ်။
မင်း လူကြီးလို နေတဲ့အခါတော့
ငါ့လက်အေးအေး နွေးထွေးရအောင်
လာဆုပ်ကိုင်ဦးပေါ့။
လေဒဏ်၊ မိုးဒဏ်၊ လူဒဏ် ဝေးအောင်
ငါ့ကို ကာကွယ်ပေးဦးပေါ့။
ကန္တာရခရီးသွား ငါလူသားကို
ရေကြည်တစ်ပေါက် ကမ်းဦးပေါ့။
အဲဒီအချိန်တော့ ငါ ... ကလေးတစ်လှည့်ဖြစ်ပါရစေ။
၂၀၁၁ ခုနှစ် ဩဂုတ်လ ၄ ရက်
ညနေ ၆း၀၀ နာရီ
ကဗျာကဏ္ဍမှာ အခြားဖတ်စရာ
လူတွေနေနေတဲ့မြို့
My Dear Guest
သူဟာ
ကလေးလိုလည်း နုနုနယ်နယ်
လူကြီးလိုလည်း ရင့်ရင့်ကျက်ကျက်
သိမှုနဲ့မခွဲဘဲပြောကြည့်ရရင်
သူဟာ နှစ်လွှာလူသားပေါ့။
ဪ...
ကလေးနဲ့လူကြီးကြား
ခြားထားတဲ့မျဉ်းတစ်ပြားဟာ
ဒီလောက်ပဲ ပါးသလားလေ။
တကယ်ဆို လူတစ်ယောက်မှာ
ကလေးဘ၀ လူကြီးဘဝဆိုတာ
စက်ဝိုင်းခြမ်းနှစ်ခု မဟုတ်လောက်ဘူး။
တကယ်တော့
ကလေးနဲ့လူကြီးဆိုတာ
ထပ်တူညီစက်ဝိုင်းနှစ်ခု။
သူတို့နှစ်ခုကို ထပ်ထားတယ်။
သူတို့ချင်း ရောယှက်နေတယ်
ပေါင်းစပ်နေတယ်
ပျော်ဝင်နေတယ်။
မင်း ကလေးဖြစ်နေတဲ့အချိန်
ငါ့ရင်ခွင်ထဲ လာပါလှည့်။
တီတီတာတာ ခွန်းချိုသာနဲ့
လိုရာဆုကို တောင်းပါလှည့်။
ငါ့ကုပ်ကျောပေါ် တွဲလွဲပျော်လို့
လိုရာခရီးကို ဆန့်ပါလှည့်။
ဒီအချိန်မှာ ငါကတော့ လူကြီးဖြစ်ပေးမယ်။
မင်း လူကြီးလို နေတဲ့အခါတော့
ငါ့လက်အေးအေး နွေးထွေးရအောင်
လာဆုပ်ကိုင်ဦးပေါ့။
လေဒဏ်၊ မိုးဒဏ်၊ လူဒဏ် ဝေးအောင်
ငါ့ကို ကာကွယ်ပေးဦးပေါ့။
ကန္တာရခရီးသွား ငါလူသားကို
ရေကြည်တစ်ပေါက် ကမ်းဦးပေါ့။
အဲဒီအချိန်တော့ ငါ ... ကလေးတစ်လှည့်ဖြစ်ပါရစေ။
၂၀၁၁ ခုနှစ် ဩဂုတ်လ ၄ ရက်
ညနေ ၆း၀၀ နာရီ
ကဗျာကဏ္ဍမှာ အခြားဖတ်စရာ
လူတွေနေနေတဲ့မြို့
My Dear Guest
Comments
Post a Comment
စာဖတ်သူတို့၏ သဘောထားမှတ်ချက်များကို ကြိုဆိုပါသည်။ စာတစ်ပုဒ်ချင်းစီအလိုက် သင်တို့၏ထင်မြင်ယူဆချက်များ၊ အတွေးပေါ်မိသည်များကို လွတ်လွတ်လပ်လပ် ရေးသားနိုင်ပါသည်။
ဝေယံဘုန်း