Skip to main content

ပြိုင်တူအဖြေရှာ ဦးနှောက်ယိုစီးမှုပုစ္ဆာ


“တို့နိုင်ငံကပညာတော်သင် ကျောင်းသားတွေ ပြီးသွားရင် ကိုယ့်တိုင်းပြည် ကိုယ်ပြန်မလာကြဘူးကွ” ဟု ဖွံ့ဖြိုးဆဲ အာဆီယံနိုင်ငံတစ်ခုမှ သူငယ်ချင်းတစ်ဦးက ပြောဖူးပါသည်။ ပညာရေး စနစ်တွင် နာမည်ကြီးသည့် အခြား နိုင်ငံများတွင် ပညာတော်သင်ဆုရပြီး ပညာထွက် သင်ကြားကြသည့် လူငယ်၊ လူလတ်များ ဒီဘက်နှစ်ပိုင်းတွင် များလာသော်လည်း ကိုယ့်တိုင်းပြည်ကိုယ်ပြန်ပြီး ထိုပညာကိုပြန်အသုံးချသည့်ဦးရေက အချိုးကျကျ လိုက်ပြီး များပြားမလာသည့်အပေါ် သူက ညည်းတွားခြင်း ဖြစ်သည်။


မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် တိုင်းပြည်ကို ဖွံ့ဖြိုးမှုနိမ့်ပါးခြင်းမှ ဆွဲတင်ရန် မျှော်လင့်ချက်မှာ ပညာရေးသာဖြစ်ပါသည်။ ယနေ့ခေတ်အခါတွင် လူငယ်အတော်များများ ပြည်ပထွက် ပညာသင်ခွင့်ရလာခြင်းမှာ မှောင်မိုက်နေသော လှိုဏ်ခေါင်း၏အဆုံးရှိ အလင်းရောင်ကို မြင်ရသလို ဖြစ်ပါသော်လည်း ပညာတော်သင်အများစု အိမ်ပြန်ရောက်မလာကြခြင်းကြောင့် အဆိုပါအလင်းရောင်မှာ မြင်သာမြင်ပြီး မကြင်ရသည့်ဘဝမှာသာရှိနေရသည်။

ပညာတော်သင်ဆု ချီးမြှင့်သည့် ကျောင်းများ၊ အဖွဲ့အစည်းများအနေဖြင့် ပညာသင်ကာလပြီးဆုံးပါက မိမိနိုင်ငံသို့ မဖြစ်မနေပြန်ရမည်ဆိုသည့် စည်းကမ်းချက်ကို မထည့်ကြသော်လည်း ပညာတော်သင်ဆု ပေးရခြင်း၏ ရည်ရွယ်ချက်တစ်ခုမှာ ဖွံ့ဖြိုးဆဲနိုင်ငံများအား ပညာရွှေအိုးမြှုပ်နှံနိုင်ရန် အကူအညီပေးခြင်း ဖြစ်လေရာ ပညာသင်ခွင့်ရသည့် ကျောင်းသားများအနေဖြင့် မိမိဆည်းပူးထားသည့် ပညာရပ်များအား မိမိနိုင်ငံအတွက် ပြန်အသုံးချပေးဖို့လိုသည်ဟုတော့ နားလည်သဘောပေါက်ရမည်သာ။

အစိုးရကချီးမြှင့်သည် ဖြစ်စေ၊ ပြည်တွင်းပြည်ပ ပုဂ္ဂလိကအဖွဲ့အစည်း တစ်ခုခုက ထောက်ပံ့သည် ဖြစ်စေ ပညာသင်ဆုပေးရခြင်း၏ နောက်တွင် အဆိုပါကျောင်းသားသည် ပညာသင်ပြီးဆုံးပါက မိမိနေရပ်သို့ပြန်ပြီး ဆည်းပူးခဲ့သည့်ပညာတို့ကို ပြန်အသုံးချလိမ့်မည်ဆိုသည့်မျှော်လင့်ချက်ကတော့ အနည်းနှင့်အများ ရှိတတ်ပါသည်။ ထို့ကြောင့် ပညာသင်ဆုပေးရန်အတွက် စိစစ်ရာတွင် လျှောက်ထားသူသည် ပညာထူးချွန်ရုံ သာမက လူမှုအကျိုးပြုလုပ်ငန်းလုပ်လိုစိတ်လည်း ရှိမရှိကိုပါ ၎င်းင်းတို့၏ ကိုယ်ရေး ရာဇဝင်နှင့် ဘဝရည်မှန်းချက်အကြောင်း ရေးသားချက်များ၊ လူတွေ့မေးမြန်းခန်းများ စသည်တို့မှတစ်ဆင့် လေ့လာ အကဲခတ်တတ် ကြသည်။

သို့သော်လည်း ပညာတော်သင်ဆု ရသူတိုင်းသည်လည်း မျှော်လင့်ထား သလို မဟုတ်ဘဲ ပညာတော်သင်ဆု ရခြင်းကိုပဲ ဘဝအတွက် အမြင့်သို့ တက်လှမ်းစရာ တုံးတစ်ခုလို ခုချင်သူ များလည်း ပါဝင်နေတတ်ပါသည်။ မချမ်းသာသည့် မိသားစုမှ ပေါက်ဖွား လာသူတစ်ဦးအတွက် ပြည်ပတွင် ပညာတော်သင်ခွင့်ရဖို့ ဆိုသည်မှာ  အိပ်မက်တစ်ခုလို ဖြစ်လေရာ အဆိုပါ အခွင့်အရေးကိုအသုံးချပြီး မိမိ၏ ဘဝကို ဒီထက်မြင့်အောင် လုပ်နိုင် သည်မို့ မိမိစိတ်ထဲရှိတဲ့အတိုင်းမဟုတ်ဘဲ စကားလုံးလှလှများသုံးပြီး ရေးသွားပြောသွားသည့်အခါ ရွေးချယ်သူများ ဘက်က တကယ်ထိုက်တန်သူကို မျက်စိလျှမ်းကျော်သွားပြီး အပြောကောင်းသူကို ရွေးမိသွားနိုင်ပါသည်။

အစိုးရအစီအစဉ်ဖြင့် ပညာသင် သွားသူတို့မှအပ မိမိအစီအစဉ်ဖြင့် မိမိ သွားရောက်ကြသူများအဖို့ ချည်နှောင်မှု မရှိခြင်းကြောင့် ပြည်တော်ပြန်လာခြင်း၊ ပြန်မလာခြင်းမှာ မိမိ၏ကိုယ်ပိုင်ဆုံးဖြတ်ချက် ဖြစ်နေလေရာ များသောအားဖြင့် ပြန်မလာဖို့ လမ်းကိုသာရွေးပြီး ရေကြည်ရာမြက်နုရာ အခြေချကြသည်က များပါသည်။

ဒီအထဲ ငွေကြေးကြောင့်အပြင် ဘ၀ အဆင့်အတန်း မြင့်မားမှုကို မက်မော၍ မပြန်ချင်ကြသူများလည်း ရှိပါသည်။ မိမိနေထိုင်ကြီးပြင်းခဲ့ရာ ဘဝအခြေအနေထက် အဆများစွာသာသည့် နိုင်ငံရပ်ခြား ရောက်သည့်အခါ အိမ်မပြန်ချင်ပါဟုဆိုလျှင်လည်း လူ့သဘာဝမို့ အပြစ်တင်ရန်လည်း ခက်လှပါသည်။ ရေဆိုသည်က မြင့်ရာမှနိမ့်ရာသို့သာ စီးတတ်သော်လည်း လူဆိုသည်က နိမ့်ရာမှမြင့်ရာသို့သာ သွားတတ်ချင်ကြသည် မဟုတ်ပါလား။

ပညာသင်ပြီးနောက် ပြန်လာခြင်း ပြန်မလာခြင်းမှာ တစ်ဦးတစ်ယောက် ချင်းစီ၏ ကိုယ်ပိုင်လွတ်လပ်ခွင့် ဖြစ်သည်။ သို့ရာတွင် တစ်ဖက်က တိုင်းပြည်အနေဖြင့် ရင်ဆိုင်နေရသည့် ဦးနှောက်ယိုစီးမှု ပြဿနာကို စဉ်းစားဖို့လည်း လိုပါသည်။  တိုင်းပြည်တစ်ပြည်အနေဖြင့် တော်ပေ့ဆိုသော ကာယလုပ်သား၊ ဉာဏ လုပ်သား အင်အားစုများ အထွက်သာရှိပြီး အဝင်မရှိခဲ့လျှင် လူ့အရင်းအမြစ်အကျပ်အတည်းနှင့်ကြုံပြီး မုန့်လုံးစက္ကူကပ်သံသရာမှ ထွက်နိုင်မည်မဟုတ်ပါ။  ဖွံ့ဖြိုးပြီးနိုင်ငံကြီးတစ်ခုအတွက် အရည်အချင်းရှိသည့် ဦးနှောက်ပိုင်ရှင်များ အတိုင်းအတာတစ်ခုအထိဆုံးရှုံးရုံဖြင့် တိုင်းပြည်မသိသာသွားသော်လည်း ဖွံ့ဖြိုးဆဲ နိုင်ငံတစ်ခုအတွက်မူ ပညာရှင်ခေါင်းတစ်ခေါင်းဆုံးရှုံးလျှင်ကို သိသိသာသာအထိနာပါသည်။ ဒီလိုနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများနောက် အမီလိုက်ဖို့ကြိုးစားရင်း ဖွံ့ဖြိုးဆဲနိုင်ငံများမှာ ဒုံရင်းဒုံရင်းဘဝက မတက်နိုင် ဖြစ်ရတာများပါသည်။

ပညာတော်သင်ကျောင်းသားတို့က ‘ကိုယ့်တိုင်းပြည်မှာ ဒီပညာတွေကို အသုံးချစရာ ရေခံမြေခံကောင်းများ မရှိလို့ပါ’ ဟု တိုင်းပြည်အပေါ်လွှဲချ လေ့ရှိသလို တိုင်းပြည်ဘက်က ကြည့်လျှင်လည်း ပညာတတ်တွေ ဆုံးရှုံးနေရလို့ တိုင်းပြည်သည် ရှေ့သို့ မဆက်နိုင်ဟု လက်ညှိုးထိုးနိုင်ပါ သည်။ ဒီနေရာတွင် တစ်ဖက်တည်း ကိုချည်း မေးငေါ့လျှင်လည်း တရား မည် မထင်ပါ။ နှစ်ဖက်စလုံးက မှန်နေသည်ချည်း မဟုတ်ပါလား။

လူဆိုသည်မှာ ပရဟိတထက် အတ္တဟိတကို ပိုဦးစားပေးတတ်သည် မှန်သော်လည်း လူငယ်နိုင်ငံသားတို့ အနေဖြင့် အတ္တထက် ပရကို ပိုဦးစား ပေးခဲ့ကြသော၊ (တစ်နည်း) မြင့်ရာမှနိမ့်ရာသို့ ပြန်လာပြခဲ့ကြဖူးသော  သူရဲကောင်းတို့ကို အနည်းအကျဉ်းမျှဖြစ်စေ အတုယူအားကျတတ်ဖို့လိုသလို တိုင်းပြည်ဘက်ကလည်း တိုင်းပြည်၏ အဖူးအပွင့်ကလေးများ တိုင်းပြည်ကိုစွန့်ခွာမသွားချင်အောင် အခွင့်အရေးများ၊ အခြေအနေကောင်းများ တတ်နိုင်သမျှ များများဖန်တီးပေးရေးဖြစ်ပါသည်။ တိုင်းပြည်၏ ဖွံ့ဖြိုး တိုးတက်မှုဆီ သွားရာ လမ်းခရီးတွင်ပိတ်ဆို့နေသော ‘လူသားအရင်းအမြစ်များဆုံးရှုံးမှု’ ဆိုသည့် ကျောက်တုံးကြီးရွေ့စေရန် အစိုးရကရော နိုင်ငံသားများကပါ နှစ်ဘက်စလုံးက ပြိုင်တူတွန်းဖို့လိုပါသည်။

နိုင်ငံရပ်ခြားတွင် ပညာသင်ခွင့်ရခြင်းသည် အဖိုးမဖြတ်နိုင်အောင် အကျိုးများပါသည်။ သို့ရာတွင် ထို အကျိုးကျေးဇူးကို မိမိတစ်ဦးတည်းသာမခံစားဘဲ မိမိလိုအခွင့်အလမ်းမရသူများနှင့်ပါ မျှဝေခံစားဖို့ လိုပါသည်။ မဟုတ်လျှင် ‘မရှိလို့မလှူ၊ မလှူလို့မရှိ’ ဆိုသည့် စကားအတိုင်း ပညာတတ်တို့ ကလည်း မိမိနိုင်ငံမှာ မက်လုံးတွေမရှိလို့ပြန်မလာချင်၊ ပညာတတ်တို့ပြန်မလာသဖြင့်လည်း မိခင်နိုင်ငံတို့မှာ တိုင်းပြည်တိုးတက်အောင် မဆောင်ရွက်နိုင်ဆိုသည့် အရှုံး သံသရာသာလည်နေလိမ့်မည် ဖြစ်ပါသည်။

မြန်မာတိုင်း(မ်) ဂျာနယ်။ အတွဲ ၂၄၊ အမှတ် ၄၆၉။ ၂၀၁၀ ဇွန်လ


Comments

  1. လုံးဝထောက်ခံတယ်.... သွေထွက်အောင်မှန်တယ်လို့ ပဲပြောလိုက်ချင်တော့တယ်..

    ReplyDelete
  2. Clearer composition.
    Actually, the ones who does not come back home after studying at aboard know very well to work for their own community.
    Nevertheless, they are just selfish.

    ReplyDelete
  3. ဒီဆောင်းပါးကို ပညာရေးအထောက်အကူပြုသင်တန်းတွေမှာ ပညာပေးဆွေးနွေးမှုတွေ အတွက် ခေါင်းစဉ်ကောင်းတခု အဖြစ်အသုံးပြုသင့်ပါတယ်။

    ပညာတော်သင်သွားခွင့်မရသေးတဲ့ ရဖို့ကြိုးစားနေတဲ့သူတွေခေါင်းထဲမှာ ကြုတင်စဉ်းစားစရာ တခုအဖြစ် ခံယူခွင့်ရသွားနိုင်ပါတယ်။

    ReplyDelete
  4. everything has good and bad. people who study or work abroad including first world countries even have a lot of sufferings such as away from home and family, feeling alone and living under stress and pressure, and so on. and also most people think for themselve and their family first and later some think of their community and their homeland. so i think that it will be okie if the ones who always remember that he/she is a burmese and always think about to do sth for his beloved country.

    ReplyDelete

Post a Comment

စာဖတ်သူတို့၏ သဘောထားမှတ်ချက်များကို ကြိုဆိုပါသည်။ စာတစ်ပုဒ်ချင်းစီအလိုက် သင်တို့၏ထင်မြင်ယူဆချက်များ၊ အတွေးပေါ်မိသည်များကို လွတ်လွတ်လပ်လပ် ရေးသားနိုင်ပါသည်။

ဝေယံဘုန်း

အဖတ်အများဆုံး

အာရှ ယဉ်ကျေးမှုတန်ဖိုးများနှင့် အစိမ်းရောင်မူဝါဒ နိုင်ငံရေး - ဗုဒ္ဓဝါဒရှုထောင့်မှချဉ်းကပ်ခြင်း

 နိဒါန်း အာရှသား အစိမ်းရောင်သမားတွေဟာ အနောက်တိုင်းသား အစိမ်းရောင်သမားတွေရဲ့ စဉ်းစားကြံစည် လုပ်ကိုင်ပုံတွေကို ပုံတူကူးရုံပဲဆိုရင်တော့ အာရှတိုက်မှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒ နိုင်ငံရေးဟာ ကျရှုံးမှာပါပဲ။ ရှေ့မှာလည်း နမူနာတွေရှိထားပါတယ်။ ဒေသတွင်းနိုင်ငံတွေမှာတွေ့ရတဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်နဲ့ ဆိုရှယ်လစ်မူဝါဒရေးရာတွေကို ကြည့်ရင်လည်း ရလဒ်တွေဆိုးရွားလေ့ရှိတာ မြင်ရမှာပါ။ ကျွန်တော်တို့အာရှမှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒအားပြုနိုင်ငံရေးကို အနှစ်အသား ပြည့်ပြည့်နဲ့ အောင်မြင်တာ မြင်ချင်တယ်ဆိုလို့ရှိရင်တော့ လုပ်ရမှာက သီးခြား အစိမ်းရောင်အယူအဆတွေနဲ့ အလေးအနက်ထား ပေါင်းစပ်ဖို့အတွက် အာရှရဲ့ ယဉ်ကျေးမှုဇာစ်မြစ်တွေထဲက သင့်လျော်မယ့် အစိတ်အပိုင်းတွေကို စေ့စေ့စပ်စပ် လိုက်ရှာဖွေဖို့ပဲဖြစ်ပါတယ်။ ဒီ ဆောင်းပါးမှာဆွေးနွေးမှာကတော့ အာရှရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို ဘာဖြစ်လို့ ပစ်ပယ်လို့မရဘူးလဲဆိုတာ၊ အဲဒီ တန်ဖိုးတွေက ဘာတွေလဲ ဆိုတာ၊ အာရှတိုက်မှာရော အာရှတိုက်ကြီးအတွက်ရော သီးခြားအသွင်ဆောင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖန်တီးရာမှာ အဲဒီတန်ဖိုးတွေက ဘယ်လိုအကူအညီဖြစ်မလဲဆိုတာတွေပဲဖြစ်ပါတယ်။  အခုဆောင်းပါး...

မင်္ဂလာဦးည

သတို့သမီးသည် အိပ်ခန်းပြတင်းပေါက်နှင့်ယှဉ်ပြီးချထားသည့် ကုလားထိုင်ပေါ်တွင် စိတ်လွတ်လက်လွတ် ထိုင်ချလိုက်ရင်း လေသာပြတင်းတံခါးဘောင်ပေါ် လက်ကိုတင်ထားလိုက်သည်။ ယနေ့မှတော်ရသည့် ခင်ပွန်းအသစ်စက်စက်ကလေး ပြန်လာမည့်အရပ်ဘက် သူ့မျက်လုံးများက ငေးငေးရီရီ။ အိမ်အပေါ်ထပ်ရှိ သူတို့၏စက်ရာခန်းသည် အိမ်အပြင် လမ်းဘက်ခြမ်းကို မျက်နှာမူပြီး ဖွဲ့ထားသဖြင့် အိမ်ရှေ့က လမ်းသွားလမ်းလာများကို မြင်နေရသည်။ အခန်းမီးကိုမှိတ်ထား၍ရလောက်အောင် လဆန်းရက်၏ ထွန်းလင်းသော လရောင်ကလည်း အခန်းတွင်းသို့ ဖြာကျလျက်ရှိသည်။ မင်္ဂလာသတို့သမီးဝတ်စုံကြီးနှင့် တစ်နေ့ခင်းလုံးစိတ်အိုက်ခဲ့ရသည့် သတို့သမီးသည် ယခုမှအသက်ဝဝ ရှူနိုင်တော့သည်။ သူတို့သည် မင်္ဂလာပွဲမတိုင်မီ လနှင့်ချီ၍ ဒီပွဲအတွက်ကြိုတင်ပြင်ဆင်ရင်း စိတ်မောခဲ့ရသည်။ ခန်းမကိစ္စ၊ အကျွေးအမွေးကိစ္စ၊ ဖိတ်စာကိစ္စ၊ ဝတ်စုံကိစ္စ၊ ဟိုကိစ္စ၊ သည်ကိစ္စ... ကိစ္စပေါင်းစုံနှင့် လုံးချာလည်လိုက်ခဲ့ရသည်မှာ ‘တစ်သက်မှာ တစ်မင်္ဂလာ’ ဟုဆိုကြသည့် ယနေ့လိုပွဲအတွက် ကြိုတင်စိတ်ကူးယဉ် ကြည်နူးခွင့်ပင် သိပ်မရခဲ့ချေ။ ဒါပေမဲ့လည်း ပင်ပန်းရသည်နှင့်တန်အောင်ပင် မင်္ဂလာပွဲသည် ခမ်းခမ်းနားနား စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက်နှင့် ပြ...

နှလုံးသားကိုစတေးတန်စတေးရသည်

စေ့စပ်ပွဲကျင်းပရန် ရက်ပိုင်းမျှသာအလိုကျမှ ကျွန်တော့အစ်မဝမ်းကွဲတစ်ယောက်သည် သူနှင့်သူ့ချစ်သူတို့ ဘာသာမတူမှန်း မိဘများအား ဖွင့်ပြောလိုက်ပါသည်။ လူကြီးများ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ စေ့စပ်ပွဲကလည်း မနက်ဖြန်သန်ဘက်။ ဘာမှမတတ်နိုင်တော့။ စေ့စပ်ပွဲပြီးဆုံးသွားသော်လည်း သူ့မိဘ နှစ်ပါးမှာ အောင့်သက်သက်ဖြစ်ကျန်ခဲ့သည်ဟု ပြန်ကြားရပါသည်။  ကျွန်တော့အစ်မလုပ်ပုံသည် လူကြီးများကို တစ်ခါတည်း ချည်ပြီးတုပ်ပြီး လုပ်သည့်ပုံစံ ဖြစ်နေပါသည်။ သို့သော်လည်း ငယ်စဉ်ကတည်းက ချစ်ကြောက်ရိုသေခဲ့ရသည့်ဖခင်ကို ကြောက်သည့်စိတ်ကတစ်ဘက်၊ ချစ်သူနှင့် ဝေးရမည်ကို စိုးရွံ့သည့်စိတ်က တစ်ဘက်နှင့်မို့ ယခုလို စွန့်စားပြီးလုပ်လိုက်ရသည်ဟု ကျွန်တော်ကတော့ နားလည်ပေးလိုက်ပါသည်။

၂၀၂၀ ရွေးကောက်ပွဲအကြိုနေ့က ရေးတဲ့စာ

မနက်ဖြန် ရွေးကောက်ပွဲကျင်းပတော့မယ်။ ၂၀၀၈ ကို ကြက်ခြေခတ်ခဲ့၊ ၂၀၁၀ မှာ သပိတ်မှောက်ခဲ့၊ ၂၀၁၅ မှာ တက်ကြွစွာမဲပေးခဲ့သူ တစ်ယောက်အနေနဲ့ ၂၀၂၀ မှာ ရင်ခုန်စိတ်လှုပ်ရှားမှု မရှိဘူးဖြစ်နေတယ်။  ရလဒ်ကို ကြိုသိနေလို့လည်း ဖြစ်နိုင်သလို နိုင်ငံရေးကိုပိုသိလာလို့လည်း ဖြစ်နိုင်တယ်။ အစိုးရတွေ ပါတီတွေဆိုတာ လူတွေနဲ့ပဲ ဖွဲ့စည်းထားတာ ဖြစ်တဲ့အတွက် လူ့သဘောအတိုင်း အာဏာရလာရင် ဖောက်ပြန်တာတွေလည်း ရှိမှာပဲ။ အာဏာနိုင်ငံရေးရဲ့သဘောအတိုင်း တစ်ချိန်က ဆန့်ကျင်ခဲ့သူတွေနဲ့ ပလဲနံပသင့် ပုလင်းတူဘူးဆို့ လုပ်ရတဲ့ အကွက်တွေလည်း ရှိလာနိုင်သလို မြန်မာနိုင်ငံအနေအထားနဲ့ဆို သိပ် ရန်-ငါ စည်းပြတ်လို့ မရတာတွေကိုလည်း မြင်နေရဦးမှာဆိုတာကို လက်ခံလိုက်လို့လည်း ဖြစ်နိုင်ပါတယ်။  နောက်တစ်ခုက ဒီမိုကရက်တစ်ပါတီတွေထဲက ဘယ်ပါတီပဲ နိုင်နိုင် ဘာမှကြီးကျယ်တဲ့ transformation ကြီးတစ်ခု ဖြစ်မလာနိုင်(သေး)ဘူးဆိုတာ သိနေလို့လည်း ဖြစ်နိုင်တယ်။  ထားပါ။ အဓိကအချက်က ဒါမဟုတ်ပါဘူး။ အဓိကတွေးနေတာက ၂၀၀၈ ကိုဘယ်လိုပြင်/သစ်မလဲ၊ စစ်တပ်ကို စစ်တန်းလျား ဘယ်လိုပြန်ပို့မလဲ မဟုတ်ပါဘူး။ လက်ရှိ လွှတ်တော် လမ်းကြောင်းကနေ ခြေဥပြင်ရေး မဖြစ်နိုင်သလောက်ပဲ ဆိုပေမဲ့ ဘယ်လောက် ဖြစ...

နိုင်ငံသားဖြစ်မှုနှင့် မြန်မာနိုင်ငံ

“လူတိုင်းသည် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားအဖြစ်ခံယူခွင့်ရှိသည်။” “ဥပဒေအရမဟုတ်လျှင် မည်သူမျှ မိမိ၏နိုင်ငံသားအဖြစ်ကို စွန့်လွှတ်ခြင်း မခံစေရ၊ နိုင်ငံသားအဖြစ် ပြောင်းလဲနိုင်သော အခွင့်အရေးကိုလည်း ငြင်းပယ်ခြင်း မခံစေရ။” ဒါကတော့ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ်အမှတ် (၁၅) မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ ဒီစာကြောင်းကိုကြည့်ရင် ခြွင်းချက်တစ်ခုတလေမပါဘဲ အကြွင်းမဲ့သဘော၊ ရာနှုန်းပြည့် ပြောထားတာဖြစ်ပြီး “လူတိုင်း” ဟာ သူ့မှာစိတ်ဆန္ဒရှိခဲ့မယ်ဆိုရင် မည်သည့်နိုင်ငံမှာမဆို နိုင်ငံသားအဖြစ်သူ့ကိုပေးပါလို့ တောင်းဆိုနိုင်သလို သူတောင်းဆိုတာကိုခံရတဲ့နိုင်ငံကလည်း သူ့ကို အဲဒီအခွင့်အရေးပေးရမယ့်တာဝန်ရှိတယ်လို့ ဒီကြေညာချက်ကို ကြည့်ပြီး အဓိပ္ပာယ်ဖွင့်နိုင်တယ်။ ဒါပေမဲ့ ဒီကနေ့ နိုင်ငံတိုင်း၊ နိုင်ငံတိုင်းဟာ ဒီကြေညာချက်မှာပါတဲ့အတိုင်း တသဝေမတိမ်းလိုက်နာကြသလားဆိုတော့ မလိုက်နာကြပါဘူး။ အကြောင်းကတော့ နိုင်ငံတစ်နိုင်ငံမှာ အချုပ်အခြာအာဏာဆိုတာရှိပြီး အဲဒီ နိုင်ငံဟာ သူ့နိုင်ငံရဲ့ နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာအရည်အချင်းသတ်မှတ်ချက်တွေကို သူ့စိတ်ကြိုက်သတ်မှတ်လို့ပဲဖြစ်ပါတယ်။ ၁၇ ရာစုမှာ ချုပ်...