Skip to main content

ကောင်းပေမယ့် မွဲပြာပုဆိုးဇာတ်လမ်းဆင်ပုံကမလွတ်နိုင်တဲ့ "မာယာဘုံ"



စာအုပ်အမည် - မာယာဘုံ
ရေးသူ - မြသန်းတင့်
ထုတ်ဝေသူ - အမေ့ဥယျာဉ်စာပေ
ကာလ - ၂၀၀၃ ဒီဇင်ဘာ (တတိယအကြိမ်)
စာမျက်နှာ - ၄၈၀

ဆရာမြရဲ့ ပင်ကိုရေးလက်ရာဖြစ်ပါတယ်။ ဆိုရှယ်လစ်ခေတ်က မှောင်ခိုလောကသားတွေရဲ့ အကြောင်းကို မုံရွာ-ကလေးဝ-တမူး လမ်းကြောင်းကို ဇာတ်အိမ်တည် ရေးဖွဲ့ထားတဲ့ ဝတ္ထုဖြစ်ပါတယ်။ ဆရာမြရဲ့ အရေးအသား ညက်ညောမှုရှိတာရယ်၊ ကိုယ်တိုင်က အညာသားဖြစ်တဲ့ ဆရာဟာ အညာနောက်ခံကိုပီပြင်အောင် ဖွဲ့နိုင်တာရယ်၊ ကိုယ်မသိမမီလိုက်တဲ့ ခေတ်ကိုဖြတ်သန်းခဲ့ရသူတွေရဲ့ အကြောင်းကို သိခွင့်ရတာတွေရယ်ကြောင့် စာလုံးခပ်သေးသေး၊ စာမျက်နှာ ၅၀၀ နီးပါးစာအုပ်ကို သင်္ကြန်တွင်း မနားဘဲ ဆက်တိုက်ဖတ်ဖြစ်ပါတယ်။ ကိုယ်တိုင်ကလည်း မုံရွာအဆက်ဖြစ်တော့ ကိုယ်နဲ့ရင်းနှီးနေတဲ့ ဒေသအကြောင်းလေးတွေကို ဖတ်ရတာကလည်း အရသာ တစ်ခုပါ။

ဝတ္ထုကိုဖတ်ရတာ ကြိုက်ပေမယ့် ဘဝင်မကျတာလေးအချို့လည်း ရှိပါတယ်။ မြန်မာဝတ္ထုဇာတ်လမ်းတွေထုံးစံ လို့ပဲ ပြောရမလား၊ တိုက်ဆိုင်မှုတွေကို အတင်းဖန်တီးထားသလို ဖြစ်နေတယ်လို့ ခံစားရတာပါ။ ဇာတ်လမ်းထဲမှာ အေးမရဲ့ အဖေ သတ်လိုက်လို့ သေသွားတဲ့ လူရဲ့သား ကိုမြင့်ဟာ အေးမနဲ့ လာဆုံတွေ့ပြီး သမီးရည်းစား ဖြစ်ကြတယ်။ နောက်တစ်ခါ၊ အေးမရဲ့အဖေ ထောင်ထွက် တောထွက်ဘုန်းတော်ကြီးဟာ အေးမတို့တစ်တွေ မှောင်ခိုကုန်ကူးကြတဲ့ လမ်းကြောင်းတည့်တည့်မှာမှ ကျောင်းထိုင်နေတဲ့ ဘုန်းကြီးဖြစ်ရပြီး ဖအေကို မသိမမီလိုက်တဲ့ အေးမနဲ့ရော၊ သူသတ်ခဲ့တဲ့ လူရဲ့ သားနဲ့ပါ တိုက်တိုက်ဆိုင်ဆိုင် လာတွေ့ကြတယ်။ ဇာတ်ကောင်တွေရဲ့ အချင်းချင်းပတ်သက်မှုကို အတင်း မစေ့စေ့အောင် ဆွဲယူထားသလို ခံစားရတယ်။ ဘာကိုသွားသတိရမိလဲ ဆိုတော့ သင်္ကြန်မိုးဇာတ်ကားမှာ ကိုငြိမ်းမောင်ရဲ့ သား နဲ့ ခင်ခင်ထားရဲ့ သမီးတို့ဟာ တိုက်တိုက်ဆိုင်ဆိုင် သူငယ်ချင်းလာဖြစ်ခိုင်းလိုက်တာမျိုးပဲ။

နောက်တစ်ချက်သတိထားမိတာတော့ မြန်မာဝတ္ထုဇာတ်လမ်းတွေမှာ ဇာတ်လိုက်မင်းသားနဲ့မင်းသမီး မညားလို့ရှိရင် တစ်နည်းနည်းနဲ့ ပရိသတ်အဆာပြေအောင် လုပ်ပေးတာမျိုးလည်း ဒီဝတ္ထုမှာ တွေ့ရတယ်။ ကိုမြင့်ဟာ အေးမနဲ့သမီးရည်းစားဖြစ်ပေမယ့် ဖူးစာမဆုံတော့ကာ စာရေးဆရာက ကိုမြင့်ကို အေးမရဲ့ညီမ တိုးမနဲ့ ပေးညားလိုက်တယ်။ ဒီလိုဖြစ်အောင်လည်း ဇာတ်လမ်းအစောပိုင်းမှာကတည်းက တိုးမကို အေးမနဲ့ ရုပ်ချင်း အတော်ကိုတူခိုင်းလိုက်တယ်။ အမြွှာမဟုတ်တာတောင် တူတာမှ အမှတ်တမဲ့ကြည့်ရင် ခွဲမရအောင် တူတယ်ဆိုပဲ။ ဒါ့ပြင် ဇာတ်လမ်းတစ်လျှောက်လုံးမှာလည်း တိုးမကို သူ့ရဲ့ခဲအိုလောင်း ကိုမြင့်အပေါ် စေတနာ သဒ္ဓါတွေ ယိုဖိတ်ခိုင်းပါသေးတယ်။ ကိုမြင့်ကလည်း တိုးမနဲ့တွေ့တိုင်း သူ့စိတ်တွေ ညွတ်နူးပြီး ညီမတစ်ယောက်လို ချစ်ခင် ကြင်နာစိတ်တွေ တဖွားဖွားပေါ်ပုံမျိုးလည်း ဖန်တီးထားပါတယ်။ ဒီလိုနဲ့ အေးမနဲ့မညားတဲ့ ကိုမြင့်ကို နောက်ဆုံးမှာ တိုးမနဲ့ ပေးစားခဲ့ပါတယ်။ သင်္ကြန်မိုးမှာလည်း ကိုငြိမ်းမောင်နဲ့ခင်ခင်ထားတို့ လွဲခဲ့ရလို့ မချင့်မရဲ ဖြစ်ကြတဲ့ ပရိသတ်အတွက် ဒါရိုက်တာက (အလွှာမတူတဲ့) သူတို့ရဲ့သားနဲ့သမီးကို ပေါင်းခိုင်းခဲ့တာကို အမှတ်ရမိ ပါတယ်။

မြန်မာဝတ္ထုတွေ၊ ရုပ်ရှင်တွေမှာ မင်းသားနဲ့မင်းသမီးကို အတင်းတိုက်တိုက်ဆိုင်ဆိုင်တွေ ကြုံခိုင်းတာ၊ အတင်း ညားခိုင်းတာတွေဟာ အတွေ့ရများတဲ့ လက္ခဏာတစ်ခုပါ။ ငယ်ငယ်က ကြည့်ဖူးတဲ့ ဗီဒီယိုကားတစ်ကားမှာ (နာမည်မမှတ်မိ) မင်းသားနဲ့မင်းသမီးဟာ ညားပြီးခါမှ မင်းသားက မင်းသမီးအမေရဲ့ ငယ်ငယ်တည်းက ပျောက်သွားတဲ့ သားဖြစ်တယ်ဆိုပြီး လုပ်လိုက်တော့ မောင်နှမချင်းပြန်ယူမိသလိုဖြစ်ပြီဆိုပြီး မင်းသမီးက ထွက်ပြေး၊ ရေထဲခုန်ချသတ်သေဖို့လုပ်၊ နောက်က အမေလုပ်သူက ပြေးလိုက်ပြီး မင်းသမီးကိုသူ့သမီး အရင်းမဟုတ်ကြောင်း၊ မွေးစားခဲ့တာဖြစ်ကြောင်း၊ သူ့သားနဲ့မောင်နှမမတော်ကြောင်း လိုက်ရှင်းပြ။ မင်းသားနဲ့ မင်းသမီးပြန်ပေါင်းထုတ်ခိုင်းပြန်ရော။

နောက်တစ်ခုတွေ့မိတာကတော့ ဇာတ်ကောင်တွေပြောတဲ့ စကားတွေ၊ အတွေးအခေါ်တွေနဲ့ ဇာတ်ကောင်တွေရဲ့ လူမှုအဆင့်အတန်းနဲ့ နည်းနည်း ကွာဟနေတာမျိုးပါ။ ကိုမြင့်ဆိုရင် ပညာအားဖြင့် နိမ့်ပါးသူဖြစ်ပေမယ့် သူပြောတဲ့ ဒဿနစကားတွေ၊ ဘဝစကားတွေက ခေတ်ပညာတတ် လူလတ်တန်းစားတစ်ယောက် ပြောတဲ့ စကားတွေလို ကြီးကြီးကျယ်ကျယ်တွေလို့ ခံစားရပါတယ်။ ဆရာမြဟာ မှောင်ခိုလောက၊ မှောင်ခိုလုပ်ငန်း အပေါ် သူ့ကိုယ်ပိုင်အမြင်၊ သူ့အတွေးအခေါ်တွေကို ဇာတ်ကောင်တွေကနေတစ်ဆင့် ပြောခိုင်းတယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော့် စိတ်ထဲမှာတော့ ကိုမြင့်ပြောတဲ့တချို့စကားတွေကတော့ အဲဒီခေတ်ကာလက အညာကျေးလက်တစ်ခုကနေ လာတဲ့ ဆင်းရဲသားတစ်ဦး၊ ပညာသိပ်မတတ်သူတစ်ဦး အတွက်က နည်းနည်းများ လွန်းနေမလား ဆိုတာပါပဲ။

မာယာဘုံဝတ္ထုမှာ အဲဒီလို အက်ကြောင်းထပ် ဇာတ်လမ်းဆင်ပုံမျိုးက လွဲရင် ကျန်တဲ့အပိုင်းတွေကတော့ အထူးကို ကောင်းမွန်ပါတယ်။ အထူးသဖြင့် ကိုယ်မမီလိုက်တဲ့ ဆိုရှယ်လစ်ခေတ်က မှောင်ခိုကုန်ကူးကြပုံတွေ၊ မုံရွာ-တမူး လမ်းကြောင်းမှာ စွန့်စွန့်စားစား ကုန်ကူးကြပုံတွေဟာ သိပ်စိတ်ဝင်စားစရာတွေပါ။ လေးကောင်ဂျင် ကစားကြတဲ့အခါ ဘယ်လိုနည်းစနစ်တွေ၊ စည်းကမ်းတွေနဲ့ကစားတယ်၊ တစ်ယောက်နဲ့တစ်ယောက် ဘယ်လို ကျော်ကြခွကြ တယ်ဆိုတာတွေ ဟာလည်း အတော်ကို ဗဟုသုတ ဖြစ်မှာပါ။ ဒါ့ပြင် ဘူမိဗေဒ ဘာသာရပ် သဘောတရားတွေနဲ့တကွ ကျောက်မီးသွေး မိုင်းတွင်းအကြောင်း၊ ကျောက်မီးသွေး မိုင်းလုပ်သားတွေရဲ့ ဘဝကိုလည်း အဖိုးမဖြတ်နိုင်အောင် သိရှိရဦးမှာပါ။ အညာကိုချစ်သူ၊ အညာမှာနေဖူးသူတွေအတွက်လည်း အညာကျေးလက်နောက်ခံ မြန်မာ့မြင်ကွင်း စစ်စစ်ကို ရေးဖွဲ့ထားတာမို့ လွမ်းစရာလေးလည်း ဖြစ်မှာပါ။

Comments

အဖတ်အများဆုံး

ကျွန်တော့်ဘဝကို လမ်းပြပေးခဲ့တဲ့ စာတစ်စောင်

ဒီစာရဲ့သက်တမ်းဟာ နှစ် ၂၀ နီးပါးရှိပါပြီ။  ၂၀၀၄ သို့မဟုတ် ၂၀၀၅ ခုနှစ်အတွင်းက စာတစ်စောင်ပါ။  အဲဒီတုန်းက ကျွန်တော်ဟာ ကျောင်းပြီးခါစ။ စိတ်ကူးအိပ်မက်က တောင်းဆိုနေတဲ့ဘဝနဲ့ ဘဝပြဋ္ဌာန်းမှုက တောင်းဆိုနေတဲ့ ဘဝ ဆိုတဲ့ ဘဝနှစ်မျိုးကြားမှာ ရွေးရခက်နေချိန်ပေါ့။ ကျွန်တော်ရတဲ့ဘွဲ့က BE ဘွဲ့။ အင်ဂျင်နီယာ။ ကျွန်တော့်စိတ်နှလုံးထဲက တောင်းဆိုနေတာကတော့ စာရေးဆရာ။ နိုင်ငံခြားထွက်ပြီး အင်ဂျင်နီယာလုပ်မယ်ဆိုရင် ငွေကြေးအရ ပြည့်စုံမယ့်ဘဝ။ ဒုတိယတစ်ခုကတော့ ဘာမှ မသေချာ မရေရာတဲ့လမ်း၊ ငတ်တစ်လှည့် ပြတ်တစ်လှည့်လမ်း။ တစ်ဖက်ကလည်း ကိုယ်လုပ်ချင်တာ လျှောက်လုပ်နေလို့ရလောက်အောင် ကိုယ့်မိဘက ငွေကြေးပြည့်စုံချမ်းသာသူမဟုတ်။  အဲဒီအချိန်မှာ မြန်မာပြည်မှာ အင်တာနက်ကဖေးတွေ စပေါ်ခါစ။ Gmail ဆိုတာလူသိပ်မသိကြသေးချိန်။ mptmail.net.mm ကလွဲပြီး တခြားဘာအီးမေးလ်မှ ဖွင့်ခွင့်မရှိတဲ့အချိန်။ အင်တာနက်ပေါ်က အခမဲ့ရတဲ့ လူမသိသူမသိ အီးမေးလ်တွေကို လိုက်ဖွင့်ပြီး ဟိုလူ့ဆီ စာလှမ်းရေးလိုက်၊ ဒီလူ့ဆီ စာလှမ်းရေးလိုက်နဲ့ ခုမှ အင်တာနက်တို့၊ အီးမေးလ်တို့နဲ့ စသုံးဖူးတဲ့ ကျွန်တော်တစ်ယောက် မျောက်အုန်းသီးရသလို။  အဲဒီအချိန် ပြည်ပကိုပြောင်းရွှေ့သွာ...

နယူးယီးယားဟာသ

နှစ်တစ်နှစ်ကုန်တော့မယ်ဆိုတိုင်း ကျနော်တို့တတွေ ပြက္ခဒိန်အသစ်ကို ချိတ်ကြ ရှေ့တစ်နှစ်စာ ဟောစာတမ်းတွေ ဟိုလှန် သည်ပွတ် ဖတ်ကြ ဒီနှစ်ထက် ရှေ့နှစ်က ကံပိုကောင်းမှာလား ချောင်းကြည့်ကြ။  တကယ်တော့လည်း ခုနှစ်ဟောင်းဆိုတာကိုက  တစ်ချိန်တုန်းက နှစ်သစ်ပဲမဟုတ်လား အဲသည်တုန်းကလည်း  ခု မလိုချင် စွန့်ခွာထွက်ပြေးချင် မြန်မြန်ကုန်ဆုံးနေစေချင်တဲ့ နှစ်ဟောင်းကိုပဲ မနှစ်တုန်းက  “လာပါတော့ အခါခါမော့ မာလာဖော့ မျှော်ပေါ့လေးနာရီ” လုပ်ခဲ့ကြ။ ရင်ခုန်ခြင်းများစွာနဲ့ ကြိုဆိုခဲ့ကြ ဝိုင်ခွက်တွေ တိုက်ခဲ့ကြ ဘီယာတွေ စီးဆင်းခဲ့ကြ အသားကင်တွေ၊ ငါးသံပရာတွေ အကြော်တွေအလှော်တွေ မီးရှူးတွေ မီးပန်းတွေနဲ့ပဲ  ကြိုဆိုခဲ့ကြ။  နှစ်သစ်ထဲဝင်ပြီး ပထမကွာတားလောက်ရောက်တော့ ရင်ခုန်သံတွေ အေးစက်ခဲ့၊ နှေးကွေးခဲ့ကြ မောပန်းနွမ်းနယ်လာခဲ့ကြ နုံးချိမောဟိုက်လာခဲ့ကြ အားတင်းကြရ၊ အချင်းချင်းအားပေးကြရ ဟောစာတမ်းတွေ မှန်တာတွေလည်းရှိ လွဲတာတွေလည်းရှိ ဘယ်နှလကျန်သေးတယ်၊ လက်ကျန်ကာလမှာ ဘာဖြစ်ဦးမယ်ရယ်လို့ ရက်လရှင်းတမ်းမှာ ကံဇာတာကြွေးကျန်ကို ပေသီးခေါက်ကြ။  ရယ်ကြ၊ မောကြ။ အားဖြည့်ကြ။ ရေဖြည့်ကြ။  နိုဝင်ဘာ၊ ဒီဇင်ဘာရောက်တော့ ကောင်းကျိုးမ...

‘တဏှာထက်ကြီးသောမြစ် မရှိ’ - ဆယမ်၏ များများထုတ်များများသုံးဝါဒကို ဗုဒ္ဓရှုထောင့်မှဝေဖန်ခြင်း

“ဖွံ့ဖြိုးမှု (တိုးပွားခြင်း) ဆိုတဲ့ စကားကို ပါဠိဘာသာနဲ့ ‘ဝဍ္ဎန’ လို့ ခေါ်ပါတယ်။ များပြားခြင်း လို့ အဓိပ္ပာယ်ရတယ်။ ကောင်းတဲ့အရာတွေ များပြားတာဖြစ်နိုင်သလို ပြဿနာ၊ ဒုက္ခဆင်းရဲ၊ ပဋိပက္ခတွေ များပြားတာလည်း ဖြစ်နိုင်တယ်။ ဒီနေ့ကမ္ဘာမှာတော့ ဖွံ့ဖြိုးမှုဆိုတာရဲ့ အဓိပ္ပာယ်ဟာ ကမ္ဘာကြီးမှာ အသိဉာဏ်ပညာကို လျစ်လျူရှုပြီး ရုပ်ဝတ္ထုပစ္စည်းတွေနောက်ပဲ လိုက်နေကြ ပေါများပြည့်လျှံနေကြတယ်ဆိုတဲ့ အဓိပ္ပာယ်ရတယ်။” ဒီ စကားကို မိန့်ကြားခဲ့သူကတော့ ဆယမ်* ဗုဒ္ဓဘာသာရဟန်းတော်တပါးလည်းဖြစ် အတွေးအခေါ်ရှင်လည်း ဖြစ်တဲ့ အရှင် ဗုဒ္ဓဒါသဘိက္ခုဖြစ်ပါတယ်။ ဒီ စကားပေါ်ကိုအခြေခံပြီး ဆရာ ဆုလက် ဆီဝရက်ဆက ဘာပြော သလဲဆိုတော့ များများတိုးထုတ်၊ များများသုံးစွဲဝါဒ (consumerism) က နောက်ဆုံးပေါ်မိစ္ဆာဘာသာပဲတဲ့။   ဒီ ဆောင်းပါးမှာတော့ ဆယမ်နိုင်ငံအပေါ် များများတိုးထုတ်၊ များများသုံးစွဲဝါဒရဲ့ ရိုက်ခတ်မှုအကြောင်းရယ်၊ ဆရာတော် ဗုဒ္ဓဒါသနဲ့ ဆရာဆုလက် ဆီဝရက်ဆတို့နှစ်ဦး ဟောပြောခဲ့တာတွေအပေါ် အခြေခံထားတဲ့ အမြင်သစ်၊ လမ်းကြောင်းသစ်တွေအကြောင်းရယ်ကို ဆွေးနွေးထားပါတယ်။ အဲဒီ ဆရာနှစ်ပါးဟာ ဆယမ် နိုင်ငံရဲ့ လူမှုအကျိုးပြုဗုဒ္ဓဘာသာရဲ့ ဗိသုကာတွေပါ။ ဒီ ဆောင်းပါးကို ...

အတိတ်ရဲ့အရိပ်

သူကပရိုဘောက်စ်လေးကိုလက်တားလိုက်လို့ကားရပ်၊ မှန်ချပြီးဈေးစကားစပြောစဉ်မှာပဲကားဆရာကိုသူစသတိထားမိတာပဲ။ သူထင်ထားသူများဖြစ်လေမလားပေါ့။ ဒါနဲ့ပဲသူတောင်းတဲ့ဈေးကိုမဆစ်ဘဲသွားဖို့သဘောတူလိုက်တယ်။ ကားဆရာနဲ့စကားပြောချင်တဲ့အတွက်တမင်တကာနောက်ခန်းမထိုင်ဘဲခေါင်းခန်း၊ ဒရိုင်ဘာဘေးမှာဝင်ထိုင်လိုက်တယ်။ ကားစထွက်စဉ်ကတည်းကသူနဲ့ကားဆရာနဲ့စကားတပြောပြောပဲ။“ကားလမ်းတွေလည်းကျပ်လိုက်တာဗျာ…” “ဟုတ်ပါ့ဆွဲမကောင်းဘူးညီလေး ရေ…” “ဆီဈေးကခုဘယ်လောက်ဖြစ်နေပြီးတုံး” “ခုနကပဲတစ်လီတာကို(…) နှုန်းနဲ့ထည့်ခဲ့ တာကွ… လုပ်စားကိုင်စားလို့မကောင်းတော့ပါဘူးကွာ။” စကားပြောနေရင်းနဲ့လည်း ကားဆရာရဲ့မျက်နှာကို သူအကဲခတ်တယ်။ များသောအားဖြင့် ရှေ့ကိုပဲကြည့်မောင်းနေရတယ်ဆိုပေမဲ့ ပွိုင့်မိတဲ့အခါ၊ ရှေ့သိပ်ကြည့်စရာမလိုတဲ့အခါမှာ စကားပြောလို့ အရှိန်တက်နေတဲ့ကားဆရာဟာ သူ့ကိုဘေးတိုက်လှည့်ကြည့်ပြီး ပြောတယ်။ သူပဲလား… တူသလိုလိုပါပဲ၊ မျက်နှာ ပေါက်မျက်နှာကျ၊ ပြောဟန်ဆိုပေါက်။ လူတူမရှားဖြစ်နေတာများလား… ။ တကယ်တော့ကြာခဲ့ပြီပဲလေ။ ကြာဆိုဆယ်စုနှစ်တစ်ခုကျော်ကြာခဲ့ပြီဆိုတော့ မှတ်မိဖို့က မနည်းစဉ်းစားနေရတာပေါ့။ ဆယ်နှစ်ဆိုတဲ့အချိန်အတွင်းလူတစ်ယောက်ဟာ ရုပ်ရော၊ စိတ်ရောအများကြီး ပ...

တော်တော်ဆိုးတဲ့လူတွေ

ပူပြင်းတဲ့နွေနေ့လယ်ခင်းတစ်ခုမှာ (……) ရဲစခန်းဟာ ပြင်းထန်စူးရှတဲ့ နေရောင်အောက် မီးကင်ထားသလို ထင်ရတယ်။ ငိုက်မြည်းနေတဲ့ ဂိတ်စောင့် ရဲတပ်သားရဲ့ခေါင်းဟာ ဆတ်ခနဲ ဆတ်ခနဲဖြစ်ဖြစ်သွားပြီး မနည်း အားတင်းလို့ မျက်ခွံတွေကို ပြန်ပင့်တင်နေရတယ်။ အမှုလာဖွင့်တဲ့ လူတချို့ ညှိုးငယ်တဲ့မျက်နှာတွေနဲ့အတူ စခန်းထဲကနေ ပြန်ထွက်သွားတော့မှ အစောင့်ရဲတပ်သားကလေးဟာ ကိုယ်ကိုမတ်မတ်ပြန်ထိုင်ပြီး သေနတ်ကိုအသေအချာ ပြန်ဆုပ်ကိုင်လိုက်တယ်။ ပြင်းထန်လှတဲ့နွေအပူဒဏ်ကြောင့် ရဲဌာနတစ်ခုလုံးက ရဲဝန်ထမ်းတွေဟာ သစ်ပင်တွေနဲ့   အပြိုင် ညှိုးရော်လို့။ အပြင်ကပြန်လာတဲ့ စခန်းမှူးဟာ သူ့အခန်းထဲက စားပွဲမှာထိုင်ရင်း တစ်ချက်သမ်းဝေလိုက်တယ်။ ထမင်းစားပြီး ခါစမို့ ဗိုက်ကလည်း တင်းနေသလို အိပ်ချင်စိတ်ကလည်း သူ့ကိုနှိပ်စက်နေတယ်။ သူဟာ “ ပူလိုက် အိုက်လိုက်တာ မပြောပါနဲ့တော့ ” လို့ တစ်ခွန်းပြောရင်း အပေါ်ရှပ်အင်္ကျီကိုချွတ်လိုက်ပြီး တိုင်ငုတ်မှာ သွားချိတ်ထား လိုက်တယ်။ အောက်ခံစွပ်ကျယ်အောက်က အသားပေါ်နေတဲ့ နေရာကတော့ ချွေးတွေကြောင့် မည်းပြောင်နေလေရဲ့။ မျက်နှာကျက် ပန်ကာကို ဖွင့်လိုက်တော့ ပန်ကာကမလည်ဘူး။ ...