Skip to main content

ဘယ်တော့မှဖတ်ခွင့်ရမှာ မဟုတ်တဲ့ ဂန္ထဝင်စာအုပ် ၆ အုပ်

စာအရေးအသားပေါ်ပေါက်လာတာဟာ နှစ်ပေါင်းထောင်နဲ့ချီရှိခဲ့ပြီမို့ ဘယ်သောအခါမှ ဖတ်ခွင့်မရတော့မယ့် ပုံဝတ္ထုတွေလည်း ရှိပါတယ်။ အဲဒီထဲကတချို့ဆိုရင် ပျောက်လို့ပျောက်နေမှန်း​တောင် လူတွေမသိကြတဲ့ စာတွေဖြစ်ပြီး တချို့ကျတော့လည်း နှုတ်ဖြင့်သာလက်ဆင့်ကမ်းလာခဲ့ကြတဲ့ ဒဏ္ဍာရီဆန်ဆန်တွေ ဖြစ်ကြ ပါတယ်။ ဒါပေမဲ့လည်း ပျောက်ဆုံးစာအုပ်စာရင်းဆိုတာ ရှိနေမှန်းတော့ အသေအချာသိကြပါတယ်။ တချို့ စာအုပ်/စာမူတွေဆိုရင် စာကြည့်တိုက်တွေထဲမှာ၊ လက်ဆွဲသေတ္တာတွေထဲမှာ၊ ဒါမှမဟုတ် စာရေးစားပွဲခုံ တွေထဲမှာ ဘယ်သူမှမတို့မထိရဘဲ ရှိချင်ရှိနေမှာပါ။ ဆေးလ်ဗီးယား ပလာ့သ်ရဲ့ ပျောက်ဆုံးသွားတဲ့ စာမူတွေ အစ လော့ဒ်ဘိုင်ရွန်ရဲ့ မီးရှို့ပစ်လိုက်တဲ့ ကိုယ်ရေးမှတ်တမ်းတွေအဆုံး အဲဒီ စာအုပ်တွေ စာမူတွေဟာ အတိတ်သမိုင်း ဟိုးဝေးဝေးမှာ ကျန်ရစ်ပျောက်ဆုံးခဲ့ပြီဖြစ်ပါတယ်။

Isle of the Cross by Herman Melville

ဟားမန်း မဲလ်ဗီးဟာ Isle of the Cross ဆိုတဲ့ စာမူကို Moby Dick စာအုပ်ထုတ်ဝေပြီး နှစ်နှစ်အကြာ ၁၈၅၃ ခုနှစ်မှာ ထုတ်ဝေသူကို ပြသခဲ့ပါတယ်။ အဲဒီစာမူကတော့ သူအားလပ်ရက်ခရီးသွားတုန်း လေ့လာသိရှိခဲ့ရတဲ့ ဇာတ်လမ်းတစ်ပုဒ်အပေါ်မှာ အခြေခံထားပါတယ်။ သင်္ဘောသား ခင်ပွန်းဖြစ်သူရဲ့ စွန့်ပစ်ခံခဲ့ရတဲ့ အမျိုးသမီး တစ်ဦးအကြောင်းပါ။ မဲလ်ဗီးဟာ အဲဒီစာမူကို အပြီးသတ်နိုင်ခဲ့ပေမယ့် Harper and Brothers စာအုပ်တိုက်ကတော့ ပုံနှိပ်မထုတ်ဝေဖို့ပဲ ဆုံးဖြတ်ခဲ့ကြပါတယ်။ ထူးဆန်းတာကတော့ အဲဒီ ကိစ္စပြီးတဲ့နောက် စာမူဟာ လုံးဝပျောက်ဆုံးသွားခဲ့တာပါပဲ။ မဲလ်ဗီးကိုယ်တိုင်က ဖျက်ဆီးပစ်လိုက်တာလား၊ ထုတ်ဝေသူ လက်ထဲမှာပဲ ပျောက်သွားခဲ့တာလား ဆိုတာကတော့ ဘယ်သူမှမသိကြပါဘူး။


Falcon Yard and Double Exposure by Sylvia Plath

ဆေးလ်ဗီးယာ ပလာ့သ်မှာ The Bell Jar ဆိုတဲ့ ဝတ္ထုတစ်အုပ်သာ ထုတ်ဝေခဲ့ဖူးတာရှိပေမဲ့ လုံးဝ မထုတ်ဝေ ဖြစ်လိုက်တဲ့ ဝတ္ထုစာမူ အနည်းဆုံးနှစ်ခုလည်း ရှိသေးတယ်လို့ ပလာ့သ်ရဲ့ ကိုယ်ရေးကိုယ်တာ မှတ်တမ်းအချို့အရ သိရပါတယ်။ ပထမတစ်ခုကတော့ Falcon Yard ဖြစ်ပြီး ပလာ့သ်နဲ့ သူ့ခင်ပွင်း ကဗျာ ဆရာ တက်ဒ် ဟုချ်တို့ရဲ့ အစောပိုင်းကာလ ဆက်ဆံရေးအပေါ်မှာ အခြေခံထားတာဖြစ်ပါတယ်။ ပလာ့သ် ဟာ The Bell Jar ကိုမရေးမီကတည်းက အဲဒီစာမူကိုစရေးခဲ့တာဖြစ်ပြီး The Bell Jar ထွက်တဲ့ ၁၉၆၃ ခုနှစ်ပြီးမှ ပြန်ကိုင်ခဲ့တာ ဖြစ်ပါတယ်။ ဆိုးတာက ပလာ့သ်ရဲ့ ဒုတိယမြောက်ဝတ္ထုဟာ စာဖတ်သူတွေလက်ထဲ လုံးဝရောက်မလာခဲ့တာပါပဲ။ ဝတ္ထုရေးနေတုန်းမှာပဲ သူ့ယောက်ျားဟာ ဖောက်ပြန်နေမှန်း ပလာ့သ် သိလိုက်ရ ပါတယ်။ ဒါနဲ့ပဲ ပလာ့သ်ဟာ ဝတ္ထုကိုဆက်မရေးတော့ဘဲ စာမူကို မီးရှို့ပစ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။


နောက်ထပ် ဆုံးရှုံးသွားခဲ့တဲ့ တစ်ပုဒ်ကတော့ Double Exposure ဆိုတဲ့ဝတ္ထုဖြစ်ပြီး ကိုယ်ရေးအတ္ထုပ္ပတ္တိ ဆန်ဆန်ရေးထားတဲ့ ဝတ္ထုဖြစ်ပြန်ပါတယ်။ ဒီတစ်ခါတော့ ပလာ့သ်ဟာ သူ့ယောက်ျားရဲ့ သစ္စာမရှိမှုနဲ့ သူတို့ အိမ်ထောင်ရေးပြိုကွဲရတဲ့ကိစ္စတွေအပေါ် အခြေခံရေးထားပါတယ်။ ဒီဝတ္ထုကိုတော့ ပလာ့သ်က ဖျက်ဆီး ပစ်ခဲ့ တာမဟုတ်ဘဲ သူ့ယောက်ျားက ပလာ့သ်သေပြီးတဲ့နောက်မှာ ဒီစာမူကိုဖျောက်ဖျက်ပစ်လိုက်တယ်လို့ ယုံကြည်ထားကြပါတယ်။ ဒါပေမဲ့ ဒီစာမူကို လက်ဝယ်ရရှိထားသူဟာ ပလာ့သ်ရဲ့မိခင်ဖြစ်တယ်လို့ ယောက်ျား ဖြစ်သူက ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စာမူအပြည့်အစုံကတော့ ဘယ်လိုမှအစအနကောက်လို့မရတော့ ပါဘူး။

Untitled by Emily Brontë

အမ်မလီ ဘရွန်တီမှာ Wuthering Heights အပြင် လူမသိသူမသိဝတ္ထုတစ်အုပ်ရှိတယ်ဆိုတာနဲ့ ပတ်သက်ပြီး သမိုင်းအထောက် အထား သိပ်မရှိပါဘူး။ ဒီလိုရှိတယ်လို့ လူတွေပြောကြတာကလည်း Wuthering Heights စာအုပ် ထုတ်ဝေသူ သောမတ်စ် ကော့တလီ နယူးဘီဆီက ၁၈၄၈ ခုနှစ်မှာ အမ်မလီဘရွန်တီ ဆီကိုရေးတဲ့ စာတစ်စောင် ပေါ်မှာပဲ လုံးလုံးအားပြုပြီးပြောနေကြတာဖြစ်ပါတယ်။ အဲဒီစာမှာပါတဲ့ အချက်တွေ အရတော့ ဘရွန်တီဟာ သူ့ရဲ့ဒုတိယမြောက် ဝတ္ထုကို စရေးတော့မယ့်ဆဲဆဲ ဒါမှမဟုတ် စရေးနေပြီ ဆိုတဲ့ သဘော နားလည်ရပါတယ်။ ထုတ်ဝေသူ မစ္စတာနယူးဘီ ကတော့ ဘရွန်တီ့ကို ဒီစာအုပ်နဲ့ ပတ်သက်ပြီး မလောဖို့ တိုက်တွန်းထားပါတယ်။ ဘာဝတ္ထု အမျိုးအစားလဲဆိုတာကိုရော ဘရွန်တီတစ်ယောက် ရေးပြီးမပြီးဆိုတာကို ရော မသိရပါဘူး။ ဒါပေမဲ့ အမ်မလီဟာ ဘရွန်တီ ညီအစ်မတွေထဲမှာ ဝတ္ထုတစ်အုပ်တည်းသာ ထုတ်ဝေခဲ့သူ ဖြစ်တာရယ်၊ အဲဒီ တစ်အုပ်ကလည်း တစ်အုပ်ဆိုဆိုသလောက်ဖြစ်တာရယ်ကြောင့် အဲဒီဒုတိယအုပ်သာ ထွက်ဖြစ်ခဲ့ရင် ဘယ်လိုမျိုးဖြစ်မလဲဆိုတာကိုတော့ မသိချင်ဘဲမနေနိုင်လောက်စရာပါပဲ။


Save Me the Waltz by Zelda Fitzgerald

ဇယ်လ်ဒါ ဖစ်ဂျရယ်ရဲ့ Save Me the Waltz ကို ၁၉၃၂ ခုနှစ်မှာ ထုတ်ဝေခဲ့တာကတော့ အမှန်ပါပဲ။ ခုထိလည်း ရိုက်နှိပ်နေဆဲ၊ အလွယ်တကူဝယ်ယူလို့ရတဲ့ စာအုပ်ဖြစ်နေဆဲပါပဲ။ ဒါပေမဲ့ မေးခွန်းက ဇယ်လ်ဒါရဲ့ မူရင်း စာမူ အတိုင်း အခုစာအုပ်ကို ထုတ်ထားတာဟုတ်ရဲ့လားဆိုတာပါ။ဇယ်လ်ဒါရဲ့ ခင်ပွန်းလည်းဖြစ်၊ စာရေးဆရာလည်းဖြစ်တဲ့ အက်ဖ် စကော့ ဖစ်ဂျရယ်ဟာ သူ့မိန်းမရဲ့စာမူကို အနည်းငယ်အပြောင်းအလဲ လုပ်ခဲ့တယ်လို့ တချို့က ဆိုပေမယ့် စကော့ ကိုယ်တိုင်က သူ့စာအုပ် Tender is the Night အတွက် သူ့မိန်းမရဲ့စာမူထဲက စာပိုဒ်တွေကို ခိုးချခဲ့တဲ့အတွက် ဇယ်လ်ဒါရဲ့ စာအုပ်ဟာ မူရင်းရဲ့ အမြီးနုတ် ခေါင်းနုတ် ကျန်သလောက်ပဲ ထုတ်ထားရတာဖြစ်တယ်လို့လည်း ပညာရှင်အချို့က ပြောပါတယ်။ Save Me the Waltz ကို ဝေဖန်ရေးဆရာတွေက ထိုးနှက်အပုပ်ချကြပြီး ဇယ်လ်ဒါကလည်း နောက်တစ်အုပ် ထပ်မရေးတော့ပါဘူး။ ဒီတော့ ဇယ်လ်ဒါဟာ သူထုတ်ချင်ခဲ့တဲ့ပုံစံအတိုင်း ဒီဝတ္ထုကိုထုတ်ဝေခဲ့ရတာ ဟုတ်ရဲ့လား။ ဇယ်လ်ဒါဟာ နေ့စဉ်မှတ်တမ်းရေးသလို ပေးစာတွေလည်းအများအပြားရေးသူ ဖြစ်ပေမဲ့ Save MeThe Waltz ရဲ့ အစိတ်အပိုင်းဘယ်လောက်က သူ ကနဦးရေးဖို့ပြင်ဆင်ခဲ့သလောက်အတိုင်း ဖြစ်သလဲ သို့မဟုတ် သူ့ယောက်ျားရဲ့ဝတ္ထုတွေထဲမှာ တစ်ပိုင်းတစ်စ ပါသွားခဲ့သလားဆိုတာကတော့ အတိအကျ​ ပြောဖို့မဖြစ်နိုင်ပါဘူး။


Memoirs by Lord Byron

အသက်ရှိနေစဉ်အတွင်းရော သေပြီးနောက်အတော်ကြာအထိအောင် လော့ဒ်ဘိုင်ရွန်ဟာ မကောင်း သတင်းတွေနဲ့ ကျော်စောတဲ့ မဟာပုဂ္ဂိုလ်ကျော်တစ်ဦး ဖြစ်နေခဲ့ပါတယ်။ သူ့ရဲ့ ကိုယ်ရေးမှတ်တမ်း တွေသာ ထုတ်ဝေဖြစ်ခဲ့ရင် သူ့ဘဝရဲ့အမှောင်ဘက်ခြမ်းကို အသေးစိတ်သိခွင့်ရမှာဖြစ်ပေမဲ့ ကံမကောင်း ချင်တော့ အဲဒီမှတ်တမ်းတွေကို ဘယ်တော့မှ ဖတ်ခွင့်ရမှာမဟုတ်တော့ပါဘူး။ ၁၈၂၄ ခုနှစ် အသက် ၃၆ နှစ် အရွယ်မှာ ဘိုင်ရွယ် ကွယ်လွန်တဲ့အခါ သူ့ရဲ့ထုတ်ဝေသူက သူ့ရဲ့မှတ်တမ်းတွေကို မီးရှို့ခဲ့ပါတယ်။ ဘိုင်ရွန့် သူငယ်ချင်းတွေထဲက လူနည်းနည်းပါးပါးလောက်ကတော့ သူ့မှတ်တမ်းတွေကို ဖတ်ရှုခွင့်ရခဲ့ရပေမဲ့ ဘယ်သူကမှ သူတို့သိခဲ့ရသမျှ အသေးစိတ်ကို ပြန်မရေးပြခဲ့ပါဘူး။ 



ထုတ်ဝေသူအပိုင်းကိုကြည့်ရင်တော့ အယ်ဒီတာတွေဟာ အကောင်းဆုံးဖြစ်မယ် ထင်တဲ့ဟာကို လုပ်ခဲ့တာပါပဲ။ ဒီစာတွေကိုသာ ထုတ်ဝေခဲ့မယ်ဆိုရင် ဘိုင်ရွန်ရဲ့နာမည်ကို ထိခိုက်လိမ့်မယ်လို့ သူတို့ လုံးဝဥဿုံယုံကြည်ခဲ့ကြပါတယ်။ တကယ်ဆို ဘိုင်ရွန့်အနေနဲ့ သူနဲ့ခေတ်ပြိုင်တွေ ကြားထဲမှာကို နာမည်ဆိုးနဲ့ကျော်ကြားပြီးသားဖြစ်ပါတယ်။ ဒါကြောင့် ဒီမှတ်တမ်းတွေကို ထုတ်ဝေလိုက်ရင် ဘိုင်ရွန့်ဂုဏ်သိက္ခာကို ထိခိုက်လိမ့်မလားလို့ စိုးရိမ်ရတယ်ဆိုကတည်းက သူ့မှတ်တမ်းတွေမှာ ဘယ်လောက် တောင် ဆိုးဆိုးရွားရွားတွေပါမလဲလို့ တွေးကြည့်ရုံသာရှိပါတယ်။ ဘိုင်ရွန် ဘာတွေများ ရေးခဲ့ပါလိမ့်။ နောက်ပြီး ယုံတမ်းစကားတွေကတစ်ဆင့် အဲဒီအကြောင်းတွေကို ဘယ်လောက် သိပြီးသားဖြစ်မှာပါလိမ့်။


Bookbub.com ဝက်ဘ်ဆိုက်တွင် Emily Verona ရေးသားသည့် 6 Classics We’ll Never Get to Read ကို ဘာသာပြန်ဆိုပါသည်။



'ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ' စာအုပ်ကို အိမ်တိုင်ရာရောက် မှာယူနိုင်ပါပြီ။ Myanmar Harp Publishing ရဲ့ Facebook Page messenger ကနေ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ် အပြည့်အစုံနဲ့ စာပို့ပြီးမှာယူနိုင်သလို အောက်ပါ ဖုန်းနံပါတ် များကနေလည်း မှာယူနိုင်ပါတယ်။ 

Comments

အဖတ်အများဆုံး

အနက်မထင် ပဟေဠိများ

မစဲသော တံခါးခေါက်သံများ လှည့်ရလွန်းသဖြင့် ပျက်လုလု လက်ကိုင်ဘု မကွေးညွတ်တတ်မီက ငါ့နှုတ်ခမ်းများကို ပုလဲပုတီးတကုံးဆွဲသော လည်တိုင်အထက်မှာ ပြန်ရှာတွေ့ပါသည် ရောင်စုံစာအိတ်များနှင့် ပြည့်လျှံနေသော အိမ်ရှေ့က အဝင်စာတိုက်ပုံး ဖွင့်ကြည့်မိသော အိပ်မက်ထဲကပြန်စာတစောင် အထဲမှာ ဗလာစာရွက်တရွက် နှင်းဆီပွင့်များအား နေ့တိုင်း ငါပြန်ပြုံးပြဖို့ကြိုးစားပါသည် စံပယ်နဲ့တွေ့မယ့်အခါအတွက် ရီဟာဇယ်အဖြစ် သို့သော် ... စံပယ် ဪ ချစ်စံပယ်ဟာ မျက်နှာလွှဲသွား အခန်းထဲဝင်အလာ ‘မင်္ဂလာပါ’ ဟု လက်ပိုက်နှုတ်ဆက်ကြသူများ ခင်ခင်ပျိုတွေ တပျော်တပါး ပါသွားသော မပြေးဆွဲဖြစ်လိုက်သော လေအိတ်ရထားများ မြောက်မှတောင်သို့တိုက်နေသော နှင်းစက်တင်လေများ အသားတွေပပ်ကြားအက်နေသော လေကြောင်းသင့် ငါ့မျက်နှာ လမ်းပေါင်းများစွာ လမ်းပေါင်းများစွာ ဖြောင့်ဖြောင့်ဖြူးဖြူး ချိုင့်ကျင်းမရှိ ကတ္တရာလမ်းများ အကောင်းစား ဇိမ်ခံကားများ အဲကွန်းပါသော ဘတ်စ်ကားများ ဓာတ်တိုင်များ၊ LED လမ်းမီးများ ဓာတ်ကြိုးများပေါ်ရှိ ခိုများ လမ်းဘေးဝဲယာက အိမ်ကြီးရခိုင်များ လကြည့်နေသူများ ... ကြယ်ရေတွက်နေသူများ နို့ဆာနေသူများ ... အာသာဖြေနေကြသူများ ‘အိမ်ရှင်’ ဟုခေါ်၍ တံခါးကို အသာအယာ ခေါက်၏ တံခါ...

လူတွေနေနေတဲ့မြို့

မြို့ကလေးတစ်မြို့ ကောင်းကင်ပြာက အုပ်မိုးကြည့်နေတယ် တိမ်လွှာကဆိုင်းလို့။ တောင်ကြောက ပခုံးနဲ့ထမ်းထားတယ် မြူတွေက မှိုင်းလို့။ နဒီက ကွေ့ကောက်ရစ်သိုင်းထားတယ် သီတာက ဝိုင်းလို့။ ဒီမြို့လေးမှာဆို လေးမောင့်စံကျောင်းတွေက လက်ညှိုးထိုးမလွဲ။ တဝီဝီပျားပိတုန်းတွေက မာလာ့ကို နမ်းရှုပ်လို့။ ကျောက်စက်ကျရေက ရေအိုင်ငယ်တစ်ခုဖြစ်၊ အဲဒီမှာ လူတွေက ဟဒယအညစ်ကို ဝိုင်းဆေးကြတာပေါ့။ ပြောရရင် ဒီမြို့မှာ ကျီးကန်းတွေကတောင် “အိုးဝေ ... အိုးဝေ”ရယ်လို့ တွန်မြည်တတ်ကြတယ်။ ဟား ... ဒီမြို့မှာ မုန်ယိုနေတဲ့ ဆင်ကြီးတွေနဲ့ ချွန်းဖွင့်နေတဲ့ ဦးစီးတွေမရှိဘူးကွ။ ဒီမြို့မှာ ခြင်္သေ့တွေ၊ ဆင်တွေက ကြားခံဖလှယ်ရေး ကိရိယာမဟုတ်ဘူးဗျ။ မြို့သားတွေရဲ့ ဝဲဘက်ရင်အုံဟာ ကျောက်ဆောင်တွေနဲ့ ထိုးထောင်မနေဘူးဟ။ ပျားရည်နဲ့ဝမ်းအချခံရမှာကို နေ့နေ့ညညကြောက်နေစရာမလိုဘူးပ။ ဒီမြို့မှာ လူတွေက ငှက်တွေရဲ့စကားကို နားလည်ကြသတဲ့။ မြေမှုန်လေးတွေ သစ်ရွက်လေးတွေကိုလည်း အသေအကြေ ချစ်တတ်ကြသတဲ့။ လဲနေသူ၊ ဝဲစွဲအနူတွေ့ရင်လည်း အသေအချာ ထူပေးတတ်ကြသတဲ့။ တောင်းခံသူလာရင် ပေးလှူရအောင် နှလုံးသည်းပွတ်ကို ဆီဆွတ်ထားကြသတဲ့။ ကဲ ... ဘာပြောကောင်းမလဲ ဒီမြို့က...

အားပေးဖေးကူနေကြသရွေ့

အဖေ ...သားကို သတိရပါသေးရဲ့လား။ အဖေ့ကို သားလိုအပ်နေချိန် အဖေဘယ်ရောက်နေပါသလဲ။ လောက ဓံရဲ့ အထုအထောင်းတွေကြောင့် အသက်ထက် အိုမင်းရင့်ညိုနေတဲ့ အဖေ့မျက်နှာရယ်၊ ကိုယ်အထက်ပိုင်း အဝတ်အစားမကပ်တတ်တာကြာလိူ့ နေခထားတဲ့ မွဲပြာပြာ အဖေ့ကျောဗလာကြီးရယ်၊ အိမ်ပြန်လာတိုင်း သား ယီးလေးခိုဖို့ ဆန့်ထုတ်ပေးတတ်တဲ့ အဖေ့ရဲ့ ကြီးမားတုတ်ခိုင်တဲ့ လက်မောင်းအိုးကြီးတွေရယ်၊ ဒါတွေ အခု ဘယ်များရောက်နေပါသလဲ။ အဖေဟာအဖေ့ကိုချစ်လို့မဝတဲ့၊ အဖေချစ်လို့ မ၀သေးတဲ့သားကို တကယ်ပဲခွဲသွားခဲ့ပြီလား။

သေခြင်းအက်ဆေး

သေခြင်းအက်ဆေးဟုပြောလိုက်သဖြင့် စာရှုသူများ လန့်ဖျန့်သွားနိုင်ပါသည်။ သို့သော်လည်း လူ့ဘဝသည် မွေးဖွားခြင်းဖြင့် အစပြုကာ သေဆုံးခြင်းဖြင့် အဆုံးသတ်ကြသည်ဖြစ်ရာ သေခြင်းတရားသည်လည်း လူ့ဘဝ၏ အရေးကြီးသည့် အကြောင်းတစ်ရပ်ဖြစ်၍ လူတို့အတွက် အရေးတယူလုပ်ရန်လိုအပ်သည့်ကိစ္စလည်းဖြစ်ပါသည်။ လူအများစုသည် သေခြင်းအကြောင်းခေါင်းထဲမထည့်လိုကြပါ။ သေခြင်းသည် အမင်္ဂလာကိစ္စ၊ လူတို့ မလိုလားအပ် သော၊ မစဉ်းစားချင်သောကိစ္စဖြစ်သည်။ သေခြင်းသည် မိမိချစ်ခင်နှစ်သက်သူများနှင့် ထာဝရခွဲခွာရခြင်းဖြစ်သည်။ ပြန်မလာနိုင် တော့မည့် ခရီးရှည်ကြီးကိုသွားရခြင်း ဖြစ်သည်။ လူတိုင်း သေခြင်းအကြောင်းကို မပြောလိုကြပါ။ သို့သော်လည်း လူတို့မလိုလားသော သေခြင်းသည် လူ့လောက လူ့ဘုံတွင်မမြင်ချင်မှအဆုံး၊ မကြားချင်မှအဆုံး၊ မပတ်သက်ချင်မှအဆုံး။ သေခြင်းကို လွန်ဆန်နိုင်သည့်ပုဂ္ဂိုလ်ဟူသည်ယခင်ကလည်းမရှိခဲ့၊ ယခုလည်းမရှိ၊ နောင်လည်း ရှိမည်မဟုတ်။ ယနေ့မြင်နေရသည့် ကြီးကြီးငယ်ငယ်ရွယ်ရွယ်မရွေး လူအပေါင်းတို့သည် နောင်နှစ်ပေါင်း လေး၊ ငါးဆယ် အတွင်း ဖြုတ်ကနဲပျောက်ကွယ်သွားကြမည့်သူချည်းသာ ဖြစ်သည်။ ယင်းသည်ငြင်း၍ မရ။ သို့သော် ထိုလူတို့ ပျောက်ကွယ် သွားပုံ သွားနည်းများသည် တစ်ဦးနှင...

ရေအေး၏ 'သားပိုက်ကောင်နေ့ရက်များ'

သားပိုက်ကောင်နေ့ရက်များ ရေအေး ဇလပ်နီစာပေ၊ ဩဂုတ် ၂၀၂၃ (ပထမအကြိမ်) ဒီဝတ္ထုလေးထွက်လာတဲ့အတွက် စာရေးသူကိုရော ထုတ်ဝေသူကိုရော ကျေးဇူးတင်တယ်။ ဒါမျိုး မြန်မာပင်ကိုရေးထဲမှာ ဖတ်ချင်နေတဲ့ အာသီသလေး ပြည့်သွားတယ် ဆိုရမယ်။ အစဉ်အလာ ဝတ္ထုရေးဟန်တွေသာ လွှမ်းမိုးနေဆဲ မြန်မာခေတ်ပေါ်စာပေလောကရဲ့ ကွက်လပ်တစ်ခုကို ဖြည့်ဆည်း ပေးလိုက်တဲ့ ဝတ္ထုလို့ဆိုရမယ်။  ရုတ်တရက် ပြိုကျလာတဲ့ကျီးအုပ်တွေ၊ နေပြောက်တောင် မထိုးအောင် ကောင်းကင်မှာ ကျီးတွေဟာ အတောင်ပံချင်း ထိနေအောင် အုပ်မိုးထားတဲ့အတွက် ရုတ်တရက် မိုးမှောင်ကြီးကျသွားသလို ဖြစ်သွားတဲ့ အခိုက်အတံ့တွေရဲ့နောက်မှာ သွေးပျက်စရာ အဖြစ်အပျက်တွေ။ ရွာထဲကို ကြောင်နက်ကြီးတွေ ဝင်လာသတဲ့။ အိမ်ပြင်မှာတွေ့သမျှ လူတွေကို အကုန် လက်တွေခြေတွေ ဆွဲဖြုတ်။ တစ်ရွာလုံး ကမ္ဘာပျက်သလိုဖြစ်။ တချို့ကလည်း လူတစ်ကိုယ်စာမကမြင့်တဲ့ ကြောင်ကြီးတွေတဲ့။ တချို့ကလည်း လူကိုယ်ခန္ဓာနဲ့ ကြောင်ဦးခေါင်းတဲ့။ မျက်လုံးက ကြောင်မျက်လုံးတွေတဲ့။  ဒီလိုနဲ့ ရွာတွေ ရွာတွေဟာ ကျီးတွေ၊ ကြောင်တွေကြောင့် အိုးအိမ်ကိုစွန့်ခွာထွက်ပြေးကြရတယ်။ လူမရှိတော့တဲ့ ရွာပျက်ကြီးတွေကို ကြောင်တွေက မီးရှို့ဖျက်ဆီးတယ်။ ရွာကိုစွန့်ခွာထွက်ပြေးရသူတွေထဲက...