Skip to main content

Posts

နိုင်ငံရေးအမြုံနာကြီးပေါက်ထွက်သွားခြင်း

ဖေဖော်ဝါရီလ ၁ ရက်နေ့မတိုင်ခင်တုန်းက တပ်က အာဏာသိမ်းမယ်ထင်လားလို့ မေးလာခဲ့ရင် မထင်ဘူးလို့ပဲ ဖြေမှာပါ။ ဒီလိုပဲ မိုးခြိမ်းနေတာသာ ဖြစ်မှာပါလို့ပဲ တွေးမိခဲ့ပါတယ်။ ၂၀၀၈ အခြေခံဥပဒေကို ဖျက်သိမ်းဖို့အစီအစဉ်မရှိပါဘူးလို့လည်း ကာချုပ်က မတိုင်မီတစ်ရက်ကမှ ပြောထားသေးတာလည်း ပါပါတယ်။ တကယ်တမ်း သိမ်းပြီဆိုတော့လည်း မအံ့ဩတော့ ပါဘူး။ သူတို့ဟာ ဘာမဆို အကုန်လုပ်နိုင်တယ်ဆိုတာ သိထားပြီးသားမို့ပါ။ တစ်ခုလွတ်သွားတာက အခြေခံ ဥပဒေကို မဖျက်ဘူးလို့ပဲ ပြောတာဖြစ်ပြီး မသိမ်းဘူးလို့ အာမခံတာမဟုတ်ကြောင်းကိုပါ။ ၂၀၀၈ အရလည်း ခြေဥကို မဖျက်သိမ်းဘဲ အာဏာသိမ်းလို့မရဘူးမဟုတ်လား။ တကယ်တမ်းကျတော့ မလိမ့်တပတ်နဲ့ လုပ်သွားတာဖြစ်ပါတယ်။ အာဏာသိမ်းလိုက်တော့ ပြည်သူတွေပေါက်ကွဲထွက်ကုန်ကြတယ်။ ဝမ်းနည်းဆွံ့အကုန်ကြတယ်။ ဒီမိုကရေစီကို အဓမ္မကျင့်ပြီးယူသွားပြီရယ်လို့ပေါ့။ ဒါပေမဲ့ သေချာစဉ်းစားကြည့်ကြပါဦး။ ကျွန်တော်တို့ တကယ်တမ်းရော ဒီမိုကရေစီရခဲ့ရဲ့လား။ ၂၀၁၆-၂၀၂၀ ငါးနှစ်တာကာလဟာ ဒီမိုကရေစီအုပ်ချုပ်ရေး ဖြစ်ခဲ့တာ ဟုတ်ရဲ့လား။ ကျွန်တော်တို့က များသောအားဖြင့် နှိုင်းယှဉ်ခြင်းအားဖြင့် စဉ်းစားလေ့ရှိကြပါတယ်။ မဆလခေတ်၊ နဝတ/နအဖခေတ်တွေနဲ့ယှဉ်ရင် ၂၀၁၀ အလွန် (အထူးသဖြင့်) ၂၀၁...

မိရိုးဖလာသိမှတ်ချက်များကို "ရဲရဲကြီးစဉ်းစား၊ ရဲရဲကြီးဝေဖန်" ထားသော ဦးအေးမောင်၏စာအုပ်

လွန်ခဲ့သော ဆယ်နှစ်ကျော်လောက်က ဖြစ်မည်ထင်သည်။ ယခုခေတ်လို Facebook က မတွင်ကျယ် လှသေးဘဲ Gmail မှတစ်ဆင့် စာတွေ၊ ပုံတွေ ဖြန့်ဝေနေကြချိန်က အီးမေးလ်တစ်စောင် လက်ခံရရှိဖူးသည်။ အီးမေးလ်မှာ ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာ ခေါ် မိုးပြာဂိုဏ်းအကြောင်း စုံစမ်းရေးသားထားသည့် ဆောင်းပါးတစ်စောင်ဖြစ်သည်။ ထိုဆောင်းပါး၏အဆုံးတွင် မိုးပြာဂိုဏ်းကဲ့သို့ပင် ထေရဝါဒ သာသနာအတွက် အန္တရာယ်ရှိ၍ အဓမ္မအဖြစ် ယခင်က ဆုံးဖြတ်ခဲ့ဖူးသော ဝါဒအချို့အကြောင်း အကျဉ်းချုပ်များလည်း ပါသည်။ ထိုအထဲတွင် ဦးအေးမောင် (စာပေဗိမာန်) ၏ ‘ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒ’ စာအုပ်အကြောင်းလည်း ဖော်ပြထားရာ အောက်ပါအတိုင်းတွေ့ရပါ သည်။  ဦးအေးမောင်၏ ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒ အမည်ရှိစာအုပ်ကြီးသည် ပိဋကတ်သုံးပုံတို့ကို အကုန်နီးပါးမျှ ပယ်ချထားသည့် စာအုပ်ကြီးဖြစ်၍ ၁၉၆၄ ခုနှစ် နောက်ပိုင်း တစ်လျှောက်လုံး အပိတ်ခံထားရပါသည်။ သို့သော်လည်း ၂၀၀၄ ခုနှစ်တွင် ပါရမီစာပေမှ ပြန်လည်ထွက်ပေါ်လာရာ တစ်အုပ်လျှင် ကျပ် ၆,၀၀၀ ဖြင့် ဈေးကွက်ဝင်လာပါသည်။ ယခုအထိ ရောင်းချနေဆဲပင် ရှိပါသေးသည်။ ၎င်းစာအုပ်ကြီး၏ အကျိုးဆက်အနေဖြင့် ပိဋကတ်တော်တို့ကို တစ်အုပ်၊ တစ်သုတ် ပြည့်ပြည့်စုံစုံ မဖတ်ဖူးကြဘဲ ‘ပိဋကတ်တွေက အမှားတွေဖြစ...

အင်တာလုဒ်

လူ့လောကသည် ငြိမ်ငြိမ်သက်သက် …  လကလေးက ထွန်းမြကြည်သာ ...  လေနုသွေးမှာ ပိုးမွှားအချို့ပါလာသည် ကျေးလက်ရိုးရာဗုံသံအချို့ တိုးချည် ကျယ်ချည်ကြားရသည်။ ကမ္ဘာသည် ဝင်ရိုးပေါ်တစ်ပတ်သွားနှုန်း တစ်စက္ကန့်ထပ်နှေးသွား၏။ တစ်စုံတစ်ရာကို ကျောပိုးထားရသောကြောင့် …  ပြာလွင်လွင်ကောင်းကင်၌ တိမ်လွန်းပျံက  တက်သုတ်ရိုက် ခရီးနှင်၏။ သတင်းစကားကို သယ်လာရသောကြောင့် …  စစ်သည်တော်သည် သေနတ်ပြောင်းဝကို အောက်သို့စိုက်၏။ နှင်းဆီတစ်ခြင်း၏ဆွဲအားကြောင့် … ငွေဗျိုင်းဖြူကိုမြင်သော လယ်တောသူက အထက်သို့မော့ကြည့်သည်။ စပါးခင်းမှရောင်ပြန်အလင်း ထွန်းသောသူ့မျက်နှာကို သူ့ချစ်သူက စေ့စေ့ကြည့်၏။ ကျေးငှက်တို့သည် စပါးနှံတို့ကို ကိုက်ချီသွားသည်။ စောင်းသံသည် အဘယ်အရပ်မှလာသနည်း။ လေပြည်လာရာ လမ်းကြောင်းမှ … ရွှေလမှာယုန်ဝပ်နေဆဲ ဆန်ဖွပ်သူမရှိတော့ချေ။ 1.1.2021 #WaiYanHponePoetry

ကံသီသောည

‘စိန်စီသောည’၊ ‘ထိန်ရယ်သောည’ အစရှိသော မင်္ဂလာဆောင်များကို ကြည့်ဖူး၊ ကြားဖူးထားသော ပန်းချီဆရာသည် မင်္ဂလာဆောင်တို့ကို စက်ဆုပ်လျက်ရှိသည်။ မင်္ဂလာဆောင်တို့သည် အနှစ်သာရကင်းမဲ့လျက် ဂုဏ်တုဂုဏ်ပြိုင် မော်ကြွားရာ၊ အခွင့်အလမ်းကိုချောင်းနေသူတို့အတွက် လောဘကို လူမှုရေးအချိုသကာအုပ်လျက် အာဏာရှိသူတို့အား ကပ်လျက်ဖားရားကာ လေကားထစ်ရှာဖွေရာလမ်းကြောင်းတစ်ခုဟု သူမြင်သည်။ အာဏာရှိသူတို့နှင့် ပတ်သက်သော မင်္ဂလာပွဲမဟုတ်စေဦး တော့၊ သာမန်လူနှစ်ယောက် လက်ထပ်ကြသည့်ပွဲမှာပင်လျှင် လက်ထပ်မင်္ဂလာပြုခြင်း၏ မူလရည်ရွယ်ချက်တို့ ကင်းကွာ နေသည်ဟု ခံစားနေမိသည်။ သို့သော် သူ့ချစ်သူ စုလေးနှင့်ကလည်း စေ့စပ်ကြောင်းလမ်း ပြီးပြီမို့ မင်္ဂလာကလည်း မကြာမီဆောင်ရဦးတော့မည်။ ထို့ကြောင့် သူ့ယုံကြည်မှု၊ သူ့ခံယူချက်တို့နှင့် ထိပ်တိုက်လာတိုးလျက်ရှိသည်။ ပန်းချီဆရာသည် နောက်ဆုံးတော့ ဇနီးလောင်းကို သိမ်းသွင်းစည်းရုံးလေသည်။ “စုလေးရယ် … စုလေးပဲစဉ်းစားကြည့်လေ။ မင်္ဂလာဆောင်လုပ်တယ်ဆိုတာ ဘာအတွက်လဲ။ နံပတ်တစ်က အကြင် လင်မယားဖြစ်ကြောင်း လူသိရှင်ကြားကြေညာဖို့။ နောက်ပြီး ဆွေမျိုးမိတ်သင်္ဂဟတွေ၊ လုပ်ဖော် ကိုင်ဖက်တွေနဲ့ တွေ့ဆုံပြီး စားသောက်ပျော်ရွှင်ကြဖို့ပဲ။ ဒါပေမဲ့ လ...

၂၀၂၀ ရွေးကောက်ပွဲအကြိုနေ့က ရေးတဲ့စာ

မနက်ဖြန် ရွေးကောက်ပွဲကျင်းပတော့မယ်။ ၂၀၀၈ ကို ကြက်ခြေခတ်ခဲ့၊ ၂၀၁၀ မှာ သပိတ်မှောက်ခဲ့၊ ၂၀၁၅ မှာ တက်ကြွစွာမဲပေးခဲ့သူ တစ်ယောက်အနေနဲ့ ၂၀၂၀ မှာ ရင်ခုန်စိတ်လှုပ်ရှားမှု မရှိဘူးဖြစ်နေတယ်။  ရလဒ်ကို ကြိုသိနေလို့လည်း ဖြစ်နိုင်သလို နိုင်ငံရေးကိုပိုသိလာလို့လည်း ဖြစ်နိုင်တယ်။ အစိုးရတွေ ပါတီတွေဆိုတာ လူတွေနဲ့ပဲ ဖွဲ့စည်းထားတာ ဖြစ်တဲ့အတွက် လူ့သဘောအတိုင်း အာဏာရလာရင် ဖောက်ပြန်တာတွေလည်း ရှိမှာပဲ။ အာဏာနိုင်ငံရေးရဲ့သဘောအတိုင်း တစ်ချိန်က ဆန့်ကျင်ခဲ့သူတွေနဲ့ ပလဲနံပသင့် ပုလင်းတူဘူးဆို့ လုပ်ရတဲ့ အကွက်တွေလည်း ရှိလာနိုင်သလို မြန်မာနိုင်ငံအနေအထားနဲ့ဆို သိပ် ရန်-ငါ စည်းပြတ်လို့ မရတာတွေကိုလည်း မြင်နေရဦးမှာဆိုတာကို လက်ခံလိုက်လို့လည်း ဖြစ်နိုင်ပါတယ်။  နောက်တစ်ခုက ဒီမိုကရက်တစ်ပါတီတွေထဲက ဘယ်ပါတီပဲ နိုင်နိုင် ဘာမှကြီးကျယ်တဲ့ transformation ကြီးတစ်ခု ဖြစ်မလာနိုင်(သေး)ဘူးဆိုတာ သိနေလို့လည်း ဖြစ်နိုင်တယ်။  ထားပါ။ အဓိကအချက်က ဒါမဟုတ်ပါဘူး။ အဓိကတွေးနေတာက ၂၀၀၈ ကိုဘယ်လိုပြင်/သစ်မလဲ၊ စစ်တပ်ကို စစ်တန်းလျား ဘယ်လိုပြန်ပို့မလဲ မဟုတ်ပါဘူး။ လက်ရှိ လွှတ်တော် လမ်းကြောင်းကနေ ခြေဥပြင်ရေး မဖြစ်နိုင်သလောက်ပဲ ဆိုပေမဲ့ ဘယ်လောက် ဖြစ...

အဝေးမှုန်လာရင် ဘာလုပ်ကြမလဲ

ချိုင့်ဝှမ်းလွင်ပြင်ကျယ်ကို စီးမိုးမြင်နေရပြီး၊ မြင့်မားသော တောင်စင်တောင်တန်းပြာများကို မျှော်ငေး ကြည့်နိုင်သော နေအိမ်လေးတစ်လုံးကို ကျွန်တော် ဝယ်လိုက်သည်။ ကျွန်တော့ အိမ်ကလေးကလည်း တောင်ကုန်းလေး တစ်ကုန်း ထိပ်မှာရှိသည်။ တောင်ကုန်းအတိုင်း အောက်ကိုခပ်စွေစွေငေးကြည့်လိုက်လျှင် တစ်ပြန့်တစ်ပြောကျယ်လှသည့် ချိုင့်ဝှမ်းလွင့်ပြင်ကြီးရှိသည်။ လယ်ကွင်းတွေရှိသည်။ တူးမြောင်းတွေ၊ ချောင်းတွေရှိသည်။ ထိုချိုင့်ဝှမ်း၏အလွန်မှာတော့ မို့မောက်မြင့်တက်သွားသည့် တောင်စဉ်တောင်တန်းတွေ။ တောင်ကုန်းထိပ်က ကျွန်တော့အိမ်ကလေးတွင် ကျွန်တော်အကြိုက်ဆုံးကတော့ တောင်စောင်းထိပ်မှာ ထိုးထားသော ဝရန်တာကလေးပဲ ဖြစ်သည်။ ထိုဝရန်တာကလေးပေါ် ကုလားထိုင်လေးတစ်လုံးချ၊ ဘေးနားမှာ စားပွဲငယ် တစ်လုံးပေါ် ကော်ဖီတစ်ခွက်ကိုတင်၊ ထိုင်ခုံမှာထိုင်ရင်း စာဖတ်ရခြင်းမှာ ကျွန်တော့နိစ္စဓူဝဖြစ်သည်။ လေက အမြဲတစေ တသုန်သုန် တဖြူးဖြူးဆော်သွေးနေသည်။ စာဖတ်ရင်းမျက်စိညောင်းသည့်အခါ မျက်စိရှေ့ သက်မဲ့ ပန်းချီကားကြီးတစ်ချပ်လုံးကို အပေါ်မှစီးမိုးကာ တစိမ့်စိမ့်ကြည့်ရင်း ကျေနပ်နေမိတတ် သည်။ ကျွန်တော်သည် စာဖတ်သည့်အခါ မျက်မှန်မလိုဘဲ အဝေးကိုကြည့်မှသာ လိုသူဖြစ်သည်။ သို့သော် ဝရန်တာ က...

နှလုံးသားအေအိုင်

သက္ကရာဇ် ၂၀၅၀ … မိုးလင်းလာတာနဲ့ အလိုလိုရင်ခုန်လာတာပဲ။  ဒီကနေ့ရော ဘဝဟာ ဘယ်လိုထိန်းချုပ်မောင်းနှင်ခံရဦးမလဲ။ လက်မှာပတ်ထားတဲ့ အက်ပဲလ်နာရီဆီကနေ သတိပေးသံတစ်ချက်။ လက်ပတ်နာရီမျက်နှာပြင်ကလေး လင်းနေတယ်။ စာဝင်နေပြီ။ “မင်းညက နှစ်နှစ်ခြိုက်ခြိုက် မအိပ်ပျော်ခဲ့ဘူး မဟုတ်လား။ မင်းရဲ့နှလုံးခုန်နှုန်းတွေ၊ အသက်ရှူနှုန်းတွေ၊ မင်းရဲ့ ကိုယ်ခန္ဓာ လူးလွန့် လှုပ်ရှားမှုတွေက လုံလောက်အောင် မငြိမ်သက်ခဲ့ဘူး။ အိပ်ရေးမဝခဲ့တဲ့ အတွက် မင်းအနေနဲ့ ဒါတွေလုပ်သင့်တယ် …  “နောက်တစ်နာရီထက် နောက်မကျဘဲ မနက်စာ စားပါ။ စားတဲ့အခါ အာဟာရဓာတ်ကြွယ်ဝတဲ့ ကာဗို ဟိုက်ဒရိတ်နဲ့ အသားဓာတ်၊ လူကိုဒုက္ခမပေးတဲ့ အဆီဓာတ်တွေစားပါ။ ရေများများသောက်ပါ။ ရေဘူး တစ်ဘူး အနားမှာဆောင်ထားပြီး တစ်နေ့လုံးသောက်ပေးပါ။ ဘလက်ကော်ဖီတစ်ခွက်လောက် သောက်ပါ …”  မဆုံးနိုင်တဲ့ အကြံပြုချက်တွေ၊ ညွှန်ကြားချက်တွေ … အဲဒါတွေရဲ့နောက် တစ်ခုပြီးတစ်ခု တက်လာတဲ့ ကျန်းမာရေး အစားအသောက် ကြော်ငြာတွေကို ဆက်မဖတ်တော့ဘဲ လက်ပတ်နာရီကိုချွတ်လို့ မျက်နှာသစ်ဖို့ ရေချိုးခန်းဝင်လိုက် တယ်။ အိပ်ရေးမဝတော့ လူက နုံးထိုင်းထိုင်းကြီးဖြစ်နေဆဲ။ ခေါင်းပေါ်တည့်တည့် ရေပန်းကိုဖွင့်ချလို့ တစ်နေ့တာ အစမပြ...