Skip to main content

Posts

တစ်ကပြန်စမလား

ပုဂံသို့ရောက်ခဲ့စဉ်က ရွှေစည်းခုံဘုရားဝင်းအတွင်းရှိ ဝင်္ကပါပုံစံ လုပ်ထားသော  လျှောက်လမ်းများ အတိုင်း သွားခဲ့ကြသည်ကို အမှတ်ရမိပါသည်။ ဝင်္ကပါ ဖြစ်သည့် အတွက် လမ်းမှားအောင် တမင် ဆင်ထားသည် ဖြစ်ရာ ခဏခဏ လမ်းမှားကြသည်။ လမ်းမှားတိုင်း နောက်ကိုပြန်လျှောက်ပြီး နောက် တစ်လမ်းကို ပြန်ရွေးချယ်ကာ ရှေ့ကို ဆက်သွား ကြသည်။ သည်လိုနှင့် တဝဲလည်လည် ဖြစ်ရင်း အချိန်တန် တော့လည်း ထွက်ပေါက်ကို ရှာတွေ့ကာ ခရီးဆုံး ပန်းတိုင်ကို ရောက်ရှိသွားပါသည်။

နှစ် အပေါင်း နှစ် ညီမျှခြင်း တစ်

သူ့နှုတ်ဖျားက စကားဆိုချိန် သူဟာ ကလေးလိုလည်း နုနုနယ်နယ် လူကြီးလိုလည်း ရင့်ရင့်ကျက်ကျက် သိမှုနဲ့မခွဲဘဲပြောကြည့်ရရင် သူဟာ နှစ်လွှာလူသားပေါ့။ ဪ... ကလေးနဲ့လူကြီးကြား ခြားထားတဲ့မျဉ်းတစ်ပြားဟာ ဒီလောက်ပဲ ပါးသလားလေ။

ယနေ့ မြန်မာစာ ရေးသားနည်း အမျိုးမျိုး

အရေးအသား (၁) ယနေ့ထုတ် ဂျာနယ်/မဂ္ဂဇင်းများတွင် အတွေ့ရများသည်။ (မှတ်ချက်။ အောက်ပါတို့မှာ ဥပမာသာဖြစ်ပါသည်။) ယနေ့ MYANMAR HERALD TRIBUNE ဂျာနယ် (တကယ်ရှိသည့်ဂျာနယ်မဟုတ်ပါ) တွင် သင်ဖတ်ရှုရမည့် News Headlines များ - - American အပါအဝင် West အုပ်စု၏ ရွှေဝါဝါနိုင်ငံအပေါ် ထားရှိသည့် sanction များကြောင့် အဓိက အားဖြင့် general public မှာသာ များစွာနစ်နာရပါကြောင်းနှင့် sanction ကို ရုပ်သိမ်းသင့်မသင့် ပြန်လည် စဉ်းစားသင့်ကြောင်း President ဖြစ်သူ ဦးဝိန့်စိန်က ပြောကြား။ - Clean government, good governance ဖြစ်ရေး ဌာနဆိုင်ရာအသီးသီးတွင် anti-corruption အတွက် Action plan များ ချမှတ် - မြို့တွင်း downtown ခြောက်မြို့တွင် လမ်းဘေးဈေးသည်များအား စတင်ရှင်းလင်း၊ - ရွှေဝါဝါ နိုင်ငံ၏ ပထမဆုံးနှင့်နောက်ဆုံး private airline ဖြစ်သည့် Air Gold မြို့တော် နေပူပူနှင့် အိမ်နီးချင်း နိုင်ငံ Akhind မြို့တို့ကြား Charter Flight ပြေးဆွဲမည်၊ Open season ရောက်လျှင် Scheduled flight လည်း ပြေးဆွဲမည်။ Breaking News: ဟိုဟိုသည်သည်မြို့၊ တီတီတာတာလမ်းတွင် ယမန်နေ့ညက ကားနှင့်ဆိုင်ကယ် တိုက်မှုဖြစ်ပွား၊ တစ်ဦးသေပြီး နှစ်ဦးမှ...

အမှိုက်ကလေးတစ်စ

လူသိများသည့် လက်ဖက်ရည်ဆိုင်ကြီးတစ်ခုတွင် ဆိုင်လာသူတို့ ဝိုင်းအပြည့်။ သူတို့၏ စားပွဲဝိုင်း အောက်မှာလည်း ပန်းရောင် တစ်ရှူးစလေးများက ဖွေးနေပါသည်။ ခဏနေတော့ စားပွဲထိုးလေး တစ်ယောက်က စားပွဲဝိုင်း အောက်ရှိ အမှိုက်များကို လာကောက်သဖြင့် ရှင်းသွားသည်။ မကြာပါ။ စားသောက်သူ နောက်တစ်သုတ် ထပ်ကျ လာပြန်၏။ စားပွဲဝိုင်းများသည် ပန်းရောင်တစ်ရှူးစများဖြင့် တစ်ခါပြန် ပြည့်သွားပြန်လေသည်။ လက်ဖက်ရည်ဆိုင်ထဲမှာသာ ဒီမြင် ကွင်းမျိုးရှိပါသလား။ မဟုတ်ပါ။ အိမ်ရှေ့၊ အိမ်နောက်ဖေး၊ လမ်းမ၊ ကွင်း ပြင်၊ ဘတ်စ်ကားပေါ် ဘယ်နေရာပဲ ကြည့်ကြည့် တစ်ရှူးစများ၊ ပလတ်စတစ် အိတ်များ၊ ဆေးလိပ်ဖင်စီခံများ၊ သဲကြိုး ပြတ်ဖိနပ်များသည် မြင်မကောင်းအောင် ရှိနေပါသည်။ ယင်းတို့သည် ရန်ကုန်မြို့ တော်စည်ပင်နယ်နိမိတ်အတွင်းရှိ ၄ ဒသမ ၈ သန်းသောလူထုက နေ့စဉ်စွန့်ပစ်လိုက် ကြသော အမှိုက်တန် ၁,၄၅၀ အနက်မှ စည်းကမ်းမဲ့စွာ ပစ်ထားကြသော အမှိုက်များဖြစ်ပါသတည်း။ ဤသို့လျှင် မိမိပတ်ဝန်းကျင်ကို အရုပ် ဆိုးအကျည်းတန်စေ၍ ကျန်းမာရေးကို လည်း ထိုခိုက်စေသော ထိုအမှိုက်များ ကို ဘာကြောင့်များ စည်းကမ်းမဲ့ စွန့်ပစ် ကြပါလိမ့်ဟု စဉ်းစားမိပါသည်။ အမှိုက် ကို ပစ်သူကပစ်သည်။ အချိန်တန်တော့ က...

'သင်္ကြန်မိုး'ကပြောသော လူတန်းစားပဋိပက္ခ

ပုံ - အင်တာနက် လွန်ခဲ့သောနှစ်အစိတ်ခန့်က စတင်ရိုက် ကူး ပြသခဲ့သည့် “သင်္ကြန်မိုး”ရုပ်ရှင်ဇာတ် ကားသည် ယခုထက်ထိလည်း အများ နှစ်သက်ကြဆဲ။ သင်္ကြန်နောက်ခံဇာတ် ကားဖြစ်ပြီး ထွက်ရှိပြီးသမျှ သင်္ကြန်ပွဲတော် နောက်ခံပြု မြန်မာကားများအနက် အအောင်မြင်ဆုံးအဖြစ် လက်ခံထားကြ ရသည့် ဇာတ်ကားဖြစ်သည်။

ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထု

Picture: FinArtAmerica.com ရယ်မောသံများ ထွက်ပြေးတိမ်းရှောင်သွားသောအခါ တိတ်ဆိတ်ခြင်းများ ကျန်ခဲ့မည်မှာ သေချာပါသည်။ အရာဝတ္ထုများ မြေပြင်ပေါ်သို့ အတားအဆီးမရှိ လွတ်လပ်စွာကျဆင်းနေစဉ် မလွတ်လပ်နိုင်ရှာသည့် စစ်တုရင်ရုပ်များလည်း ရှိသည်။ အရှိန်နှင့်လိမ့်နေသော အံစာတုံးတစ်တုံး အရှိန်ကုန်၍ရပ်သွားလျှင် ကျမည့်ဂဏန်းနံပါတ်ကိုလည်းကောင်း၊ အကြောင်းရင်း ကိုလည်းကောင်း သိနေပါသည်။ သို့ရာတွင် ထိုသို့သိခြင်းသည် သင်္ချာကျောင်းသားတစ်ယောက်၏ တစ်နှင့်တစ်ပေါင်းလျှင် ' နှစ် ' ဖြစ်သည်ဟု သိခြင်းမျိုး၊ ရူပဗေဒကျောင်းသားတစ်ယောက်၏ ' ရီလေတီဗတီသီအိုရီ ' ကို နားလည်ခြင်းမျိုးထက် စိုးစဉ်းမျှ မပိုကြောင်းကိုလည်း သိနေပြန်သည်။ သိခြင်း၊ နားလည်ခြင်းသည် အကန့်အသတ် ခြွင်းချက်ရှိခြင်း (ဝါ) စင်းလုံးချော မဖြစ်နိုင်ခြင်း အကြောင်းကို သိပြီဆိုလျှင် တွက်လက်စပုစ္ဆာတစ်ပုဒ်ကို ခေါင်းရှုပ်ခံပြီး ဆက်စဉ်းစားစရာ မလိုတော့ပါ။ မှန်ကွဲစများအား တပါးသူမထိခိုက်မိစေရန် စေတနာဖြင့် ကောက်ယူ သိမ်းဆည်းမည်ဆိုပါက သင့်လက်ကို လက်အိတ်စွပ်ရန် မမေ့ဖို့သတိပေးပါရစေ။ ကမ္ဘာလောကကြီး ဖြစ်တည်လာသည်။ သစ်ပင်များပေါက်လာကြသည်။ သစ်ကိုင်းပေါ်တွင် သစ်ရွက်တို့...

နိုင်ငံတကာပညာရေးခေတ်အပြောင်းနဲ့ ဝေဖန်ပိုင်းခြားစဉ်းစားမှု

ပညာခေတ်လို့ခေါ်ကြတဲ့ ဒီဘက်ခေတ်မှာ ပညာသင်ကြားခြင်း၊ သင်ယူ ခြင်းနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေမှာ ဟောင်းနွမ်းဆွေးမြည့်နေတဲ့ သမားရိုးကျ ပညာသင်ကြားတဲ့နည်းစနစ်တွေကို ကမ္ဘာတစ်ဝန်း ပြုပြင်ပြောင်းလဲဖို့ ကြိုးစားနေကြပါတယ်။ ၂၀ ရာစုရဲ့ နောက်ဆုံးပိုင်း ကာလတွေကစလို့ နိုင်ငံတကာ ပညာရေးမှာ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်လာခဲ့ပါတယ်။အဲဒါကတော့ ဆရာဗဟိုပြု သင်ကြားရေး (Teacher-centred) ကနေ ကျောင်းသား ဗဟိုပြုတဲ့ သင်ကြားရေး (Student-centred) စနစ်ဘက်ကို အလေးပေး ဆောင်ရွက် လာကြ တာပါပဲ။ ၁၉၆၀ ပြည့်လွန်နှစ်တွေမှာ အာကာသ၊ သိပ္ပံနဲ့ နည်းပညာ တိုးတက်ရေး တို့ကို ဦးစားပေး သင်ကြားပေးခဲ့ရာကနေ ၁၉၇၀ ပြည့်လွန်နှစ်များ မှာတော့ စီးပွား ရေး၊ လူမှုရေးနဲ့ စာရိတ္တမြင့်မားရေးကို ဦးတည်လာခဲ့ပြီး ၁၉၉၀ ပြည့်လွန်နှစ် များမှာတော့ ကျောင်းသားရဲ့ ဝေဖန် ပိုင်းခြားစဉ်းစားမှုကို မြှင့်တင်ဖို့ ကြိုးပမ်း လာခဲ့ကြပါတယ်။ ဝေဖန်ပိုင်းခြား စဉ်းစားခြင်း (critical thinking) ဟာ 'ဆင်ခြင်သုံးသပ်၍ ဆုံးဖြတ်ချက်ချခြင်း' (reflective judgment) ဖြစ်တယ်လို့ ပညာရှင်များ က အဓိပ္ပာယ်ဖွင့်ပါတယ်။ သူ့မှာ ကျိုးကြောင်းဆက်စပ် စဉ်းစားခြင်း (logical thinking)ပါဝင်ပြီး ဖြန့်ထ...