လူသိများသည့် လက်ဖက်ရည်ဆိုင်ကြီးတစ်ခုတွင် ဆိုင်လာသူတို့ ဝိုင်းအပြည့်။ သူတို့၏ စားပွဲဝိုင်း အောက်မှာလည်း ပန်းရောင် တစ်ရှူးစလေးများက ဖွေးနေပါသည်။ ခဏနေတော့ စားပွဲထိုးလေး တစ်ယောက်က စားပွဲဝိုင်း အောက်ရှိ အမှိုက်များကို လာကောက်သဖြင့် ရှင်းသွားသည်။ မကြာပါ။ စားသောက်သူ နောက်တစ်သုတ် ထပ်ကျ လာပြန်၏။ စားပွဲဝိုင်းများသည် ပန်းရောင်တစ်ရှူးစများဖြင့် တစ်ခါပြန် ပြည့်သွားပြန်လေသည်။
လက်ဖက်ရည်ဆိုင်ထဲမှာသာ ဒီမြင် ကွင်းမျိုးရှိပါသလား။ မဟုတ်ပါ။ အိမ်ရှေ့၊ အိမ်နောက်ဖေး၊ လမ်းမ၊ ကွင်း ပြင်၊ ဘတ်စ်ကားပေါ် ဘယ်နေရာပဲ ကြည့်ကြည့် တစ်ရှူးစများ၊ ပလတ်စတစ် အိတ်များ၊ ဆေးလိပ်ဖင်စီခံများ၊ သဲကြိုး ပြတ်ဖိနပ်များသည် မြင်မကောင်းအောင် ရှိနေပါသည်။ ယင်းတို့သည် ရန်ကုန်မြို့ တော်စည်ပင်နယ်နိမိတ်အတွင်းရှိ ၄ ဒသမ ၈ သန်းသောလူထုက နေ့စဉ်စွန့်ပစ်လိုက် ကြသော အမှိုက်တန် ၁,၄၅၀ အနက်မှ စည်းကမ်းမဲ့စွာ ပစ်ထားကြသော အမှိုက်များဖြစ်ပါသတည်း။
ဤသို့လျှင် မိမိပတ်ဝန်းကျင်ကို အရုပ် ဆိုးအကျည်းတန်စေ၍ ကျန်းမာရေးကို လည်း ထိုခိုက်စေသော ထိုအမှိုက်များ ကို ဘာကြောင့်များ စည်းကမ်းမဲ့ စွန့်ပစ် ကြပါလိမ့်ဟု စဉ်းစားမိပါသည်။ အမှိုက် ကို ပစ်သူကပစ်သည်။ အချိန်တန်တော့ ကောက်သူက လာကောက်မည်ဆို သည့် အတွေးကြောင့်လား။ ဒါဆိုရင် တော့ သိပ်ကိုသိမ်ဖျင်းသည့်အတွေးဟု ပြောပါရစေ။
မိမိ ပစ်ချလိုက်သောအမှိုက်စတစ်ခု သည် မကြာခင် စည်ပင်အလုပ်သမား လာသိမ်းသည့်အခါ မြင်ကွင်းမှပျောက် ကွယ်သွားသည်။ သို့သော် မိမိ စည်း ကမ်းမဲ့စွာ ပစ်လိုက်သည့်အမှိုက်နှင့် အတူ မိမိစိတ်သည်လည်း ညစ်ပေ အကျည်းတန်သွားသည်ကိုတော့ သတိ မပြုမိတတ်ကြပါ။ ထိုအညစ်အကြေးကို မည်သူမျှလာရှင်းမည်မဟုတ်ပါ။
နောက်အကြောင်းရင်းတစ်ခုအနေနှင့် မိမိဘေးပတ်ဝန်းကျင် အငွေ့အသက်က မိမိကို လွှမ်းမိုးသလားဆိုတာလည်း စဉ်း စားမိပြန်သည်။ စကားကို ကျယ် လောင် ကျယ်လောင် ပြောတတ်သည့် သူတစ်ဦး သည် ခမ်းနားလှသည့် ဆိုင်ကြီး တစ်ခုထဲဝင်မိသည့်အခါ အလိုလို နေရင်း ထည်ဝါမှုကို ပြန်လန့်၍ ကိုယ် ရှိန်သတ်သွားတတ်သည့် သဘောရှိရာ နိုင်ငံခြားတိုင်းပြည်များလို ဖိတ်ဖိတ် တောက်နေသည့် ပတ်ဝန်းကျင်တစ်ခု ဖြစ်မနေသေးခြင်းက လူအများကို စည်းကမ်းမဲ့ပြုမူဖို့ ဖိတ်ခေါ်နေတာလည်း ဖြစ် နိုင်ပါသည်။ ဒီလိုနှင့် သူများပစ်ထားတာ မြင်တော့ ကိုယ်လည်းပစ်၊ ကိုယ်ပစ်တော့ သူများလည်းလိုက်ပစ်နှင့် အပစ် သံသရာလည်နေလည်း ဖြစ်နိုင်ခြေတစ် ခုဖြစ်ပါသည်။
လူတစ်ယောက်၏ လူနေမှု အဆင့် အတန်းနှင့် ထိုလူ၏ပြုမူနေထိုင်ပုံတို့က လည်း ဆက်စပ်နေနိုင်ပြန်သည်။ ယေဘုယျအားဖြင့် စားဝတ်နေရေးပူပင်စရာ မလိုသူတို့သည် တစ်နေ့လုပ်မှ တစ်နေ့ စားရသူတို့ထက် ပို၍ စည်းကမ်းရှိ နိုင်ပါသည်။ စည်းကမ်းရှိ၍ တိုးတက် သည်မဟုတ်ပါလား။
နောက်တစ်ချက်က ပြုစုပျိုးထောင်မှု ဖြစ်သည်။ ငယ်စဉ်မှစ၍ လေ့ကျင့်သင် ကြားမှုကို မည်မျှခံရသနည်း။ အပြစ်ဒဏ် ကိုကြောက်လို့မဟုတ်ဘဲ မိမိကိုယ်တိုင်က မြတ်နိုးစွာဖြင့်ရှောင်ကြဉ်တတ်အောင် လူကြီးမိဘက မည်မျှသွန်သင် ခဲ့နိုင်ပါသနည်း။ ဒီ ပေတံတို့နှင့်လည်း တိုင်းတာရပါမည်။
ထိုသို့တွေးနေစဉ် ဆိုင်အတွင်းသို့ ချမ်းသာဟန်တူသည့် လင်မယား နှစ်ဦးဝင်လာကြ၏။ စားသောက်ပြီး၍ ထပြန်သွားသည့်အခါ သူတို့စားပွဲ အောက်တွင် တစ်ရှူးစများ ဖွေးနေအောင် ကျန်ရစ်ခဲ့လေသတည်း။
ဆောင်းပါးကဏ္ဍမှာ အခြားဖတ်စရာ

Comments
Post a Comment
စာဖတ်သူတို့၏ သဘောထားမှတ်ချက်များကို ကြိုဆိုပါသည်။ စာတစ်ပုဒ်ချင်းစီအလိုက် သင်တို့၏ထင်မြင်ယူဆချက်များ၊ အတွေးပေါ်မိသည်များကို လွတ်လွတ်လပ်လပ် ရေးသားနိုင်ပါသည်။
ဝေယံဘုန်း