Skip to main content

နိုင်ငံတကာပညာရေးခေတ်အပြောင်းနဲ့ ဝေဖန်ပိုင်းခြားစဉ်းစားမှု


ပညာခေတ်လို့ခေါ်ကြတဲ့ ဒီဘက်ခေတ်မှာ ပညာသင်ကြားခြင်း၊ သင်ယူ ခြင်းနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေမှာ ဟောင်းနွမ်းဆွေးမြည့်နေတဲ့ သမားရိုးကျ ပညာသင်ကြားတဲ့နည်းစနစ်တွေကို ကမ္ဘာတစ်ဝန်း ပြုပြင်ပြောင်းလဲဖို့ ကြိုးစားနေကြပါတယ်။ ၂၀ ရာစုရဲ့ နောက်ဆုံးပိုင်း ကာလတွေကစလို့ နိုင်ငံတကာ ပညာရေးမှာ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်လာခဲ့ပါတယ်။အဲဒါကတော့ ဆရာဗဟိုပြု သင်ကြားရေး (Teacher-centred) ကနေ ကျောင်းသား ဗဟိုပြုတဲ့ သင်ကြားရေး (Student-centred) စနစ်ဘက်ကို အလေးပေး ဆောင်ရွက် လာကြ တာပါပဲ။
၁၉၆၀ ပြည့်လွန်နှစ်တွေမှာ အာကာသ၊ သိပ္ပံနဲ့ နည်းပညာ တိုးတက်ရေး တို့ကို ဦးစားပေး သင်ကြားပေးခဲ့ရာကနေ ၁၉၇၀ ပြည့်လွန်နှစ်များ မှာတော့ စီးပွား ရေး၊ လူမှုရေးနဲ့ စာရိတ္တမြင့်မားရေးကို ဦးတည်လာခဲ့ပြီး ၁၉၉၀ ပြည့်လွန်နှစ် များမှာတော့ ကျောင်းသားရဲ့ ဝေဖန် ပိုင်းခြားစဉ်းစားမှုကို မြှင့်တင်ဖို့ ကြိုးပမ်း လာခဲ့ကြပါတယ်။

ဝေဖန်ပိုင်းခြား စဉ်းစားခြင်း (critical thinking) ဟာ 'ဆင်ခြင်သုံးသပ်၍ ဆုံးဖြတ်ချက်ချခြင်း' (reflective judgment) ဖြစ်တယ်လို့ ပညာရှင်များ က အဓိပ္ပာယ်ဖွင့်ပါတယ်။ သူ့မှာ ကျိုးကြောင်းဆက်စပ် စဉ်းစားခြင်း (logical thinking)ပါဝင်ပြီး ဖြန့်ထွက် စဉ်းစားခြင်း (lateral thinking)နဲ့ ဆန်းသစ်တီထွင် စဉ်းစားခြင်း(creative thinking) တို့နဲ့ အနည်းငယ် ကွာတယ်လို့ ဆိုပါတယ်။ ဝေဖန်ပိုင်းခြား စဉ်းစားခြင်းဟာ သတင်းအချက်အလက်တွေကို ရယူခြင်းနဲ့ ဆုံးဖြတ်ချက်ချခြင်းတို့ နှစ်ခုကြားက စိတ်ပိုင်းဆိုင်ရာ တိုးတက်မှု ဖြစ်စဉ် ဖြစ်တယ်လို့ ဖွင့်ဆိုကြပါတယ်။

ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်က သူ့ရဲ့ 'ပညာရဲ့ သဘော' ဆိုတဲ့စာအုပ်မှာ ပညာသင်ကြားခြင်းဟာ တစ်လမ်းသွားမဟုတ်၊ နှစ်လမ်းသွားဖြစ်တယ်။ ပညာသင်ကြားခြင်းဟာ ကျောင်းသားရဲ့ ခေါင်းထဲကို အပြင်ကနေ သွတ်သွင်းပေးတာမဟုတ်ဘူး၊ ကျောင်းသားရဲ့ ခေါင်းထဲမှာရှိတဲ့ စဉ်းစား တွေးခေါ်တတ်တဲ့ဉာဏ်ကို 'ဆွဲထုတ်'တာဖြစ်တယ်လို့ ဆိုသွားပါတယ်။

ဒါဟာ ဒီနေ့ပြောနေကြတဲ့ ဝေဖန်ပိုင်းခြားစဉ်းစားခြင်းဆိုတဲ့သဘောကို ပြောချင်တာပါပဲ။ ဝေဖန်ပိုင်းခြားမှုကို အလေးပေးလာရခြင်းကလည်း အကြောင်းရှိပါတယ်။ သိစရာ အသစ်အသစ်တွေ တိုးပွားသည်ထက် တိုးပွားလာတာနဲ့အမျှ သင်ရိုးညွှန်းတမ်း ရေးဆွဲသူတွေရော ဆရာ၊ ဆရာမတွေပါ ကလေးတွေရဲ့ မမြင်ရသေးတဲ့ အနာဂတ်အတွက် အကောင်းဆုံး ဘယ်လိုပြင်ဆင်ရမလဲ ဆိုတာ စဉ်းစားစရာ ဖြစ်လာ ပါတယ်။

ပညာရှင်တွေကတော့ ဒီနေ့ လူတွေသိထားတဲ့ အသိဉာဏ်နဲ့ ဗဟုသုတ အချက်အလက်တွေဟာ နောင် ၁၀ နှစ်မှာသိရမယ့် ဗဟု သုတရဲ့ ၁၀ ပုံ တစ်ပုံပဲ ရှိတယ်လို့ ဆိုပါတယ်။ အနာဂတ်မှာ ထိရောက်ဖို့ အသိပညာနဲ့ နားလည်မှု အသစ်တွေ လိုအပ်လာတယ်လို့ ဆိုပါတယ်။

အရင်ကဆိုရင် ကျောင်းသားတွေကို အကြောင်းအရာနဲ့ အချက်အလက်တွေကိုသာ ဦးစားပေး သင်ခဲ့ကြပေမယ့် ဒီနေ့ခေတ်မှာတော့ အကြောင်းအရာတွေဟာ အရေးအကြီးဆုံး မဟုတ်တော့တဲ့အတွက် ဘယ်လို ထိထိရောက်ရောက် သင်ယူမလဲဆိုတာနဲ့ ဘယ်လို ဝေဖန်ပိုင်းခြားစဉ်းစားမလဲဆိုတာတွေက ပိုပြီး ရှေ့တန်းရောက်လာတယ်လို့ ဆိုပါတယ်။ သဘောကတော့ အချက်အလက်တွေအပေါ်မှာ ကျောင်းသား တွေဟာ ဘယ်လို စဉ်းစားစစ်ဆေးပြီး ဝေဖန်ပိုင်းခြားမလဲ ဆိုတာကို ပိုဦးစားပေးလာတာမျိုးပါ။

ပညာသင်ကြားမှုဖြစ်စဉ်မှာ အချက်အလက်တွေကို နားလည်ခြင်းဟာ ဝေဖန်ပိုင်းခြားတဲ့ အလုပ်ရဲ့ မူလအစ ဖြစ်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ ရှိပြီးသားအတွေးအခေါ်တွေရယ်၊ သူတို့ရဲ့ ဆင့်ပွား ဆိုလိုချက်တွေရယ်ကို ရှုထောင့်အမျိုးမျိုးကနေ စိစစ်ပြီး ကိုယ့်ရပ်တည်ချက်ကို ရှာပါတယ်။ အတွေးအခေါ် အမျိုးမျိုးကို စုပေါင်း၊ အဓိပ္ပာယ်ပြန်စဉ်းစားပြီး အတွေးအခေါ်တွေနဲ့ သတင်း အချက်အလက်တွေကို ပြန်သရုပ်ဖော်တာတွေ ပါတယ်လို့ ဆိုပါတယ်။

ဝေဖန်ပိုင်းခြား စဉ်းစားတာဟာ အဆင့်မြင့်တဲ့အလုပ်တစ်ခု ဖြစ်တာကြောင့် အသက်ကြီးတဲ့ ကျောင်းသားတွေနဲ့သာ သင့်လျော်တယ်လို့ ထင်ကြတာဟာ မှားကြောင်း ပညာရှင်တွေက ပြောပါတယ်။ ငယ်ရွယ်တဲ့ကျောင်းသားတွေဟာလည်း သူ့အသက်အရွယ်အလိုက် အဆင့်မြင့်မြင့် တွေးခေါ်နိုင်ကြောင်း၊ ရှုပ်ထွေးတဲ့ပြဿနာတွေ ဖြေရှင်းတာမျိုး၊ အဆင့်မြင့်တဲ့ ဆုံးဖြတ်ချက်တွေချတာမျိုးမှာ သူတို့လည်း လုပ်ဆောင်နိုင်ကြောင်း အတည်ပြုပါတယ်။

ဝေဖန်ပိုင်းခြား စဉ်းစားတဲ့အလေ့ကို ပညာရေးမှာ ထည့်သွင်းဖို့အတွက် သင်ကြားနည်းစနစ်တွေကို ပညာရှင်တွေက တီထွင်ကြံဆကြ ပါတယ်။ နောက်ပိုင်း ထင်ရှားတာကတော့ RWCT လို့ အတိုကောက် ခေါ်တဲ့ ဝေဖန်ပိုင်းခြားတတ်ရန် စာဖတ်ခြင်းနှင့် စာရေးခြင်း (Reading and Writing for Critical Thinking) နည်းစနစ်ပါပဲ။

RWCT မှာ စူးစမ်းလေ့လာမှုကို အခြေပြုတယ်၊ ကျောင်းသားတွေ စဉ်းစားဆင်ခြင်မှုကိုအားပေးတယ်၊ ကိုယ့်ကိုယ်ပိုင်လေ့လာချက် ရယ် လို့ သတ်သတ်မှတ်မှတ် ရှိလာမယ်၊ ဆွေးနွေးငြင်းခုံခြင်းရဲ့ယုတ္တိကို နားလည်လာနိုင်မယ်၊ အာရုံစူးစိုက်ပြီး နားထောင်လာနိုင် မယ်၊ ယုံကြည်မှုအပြည့်နဲ့ ငြင်းခုံလာနိုင်ပြီး တစ်သက်လုံး ကိုယ့်အားကိုယ်ကိုး ပညာရှာသူတွေ ဖြစ်လာမယ်လို့ RWCT နည်းစနစ် ဆိုင်ရာ သဘောတရားတွေ ဖြန့်ဖြူးနေတဲ့ RWCT International Consortium အဖွဲ့ကြီးရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

တစ်ဆက်တည်း ဒီ RWCT နည်းကို မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းအဆင့် အားလုံးမှာ ရှိပြီးသား သင်ရိုးညွှန်းတမ်းတွေကို ပြင်စရာမလိုဘဲ ဘယ်ဘာသာရပ်အတွက်မဆို အသုံးပြုလို့ရတယ်လို့ ဆိုထား ပါတယ်။ RWCT နည်းမှာဆိုရင် ဆရာဟာ ပို့ချသူ အနေအထားကနေ ဖြစ်မြောက်အောင် ဆောင်ရွက်ပေးသူ (facilitator) အဖြစ် ကူးပြောင်း သွားမှာ ဖြစ်ပါတယ်။

RWCT ဟာ ပိုမိုငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်တဲ့ လူ့အဖွဲ့အစည်းတွေ ဖြစ်ထွန်းရေးအတွက် ကျောင်းတွေမှာ ကျောင်းသားဗဟိုပြု၊ သို့မဟုတ် ကျောင်းသားရဲ့စဉ်းစားမှုကို ဦးစားပေးတဲ့ အလေ့အထတွေဟာ အဓိက အခန်းကနေ ပါဝင်တယ်ဆိုတဲ့ အယူအဆ အပေါ်မှာ အခြေခံထားတာပဲ ဖြစ်ပါတယ်။ အလယ်နဲ့ အရှေ့ ဥရောပ၊ အလယ်အာရှနဲ့ လက်တင်အမေရိက ဒေသက နိုင်ငံ ၃၀ လောက်မှာ အတော်လေး အရှိန်ရ နေပြီဖြစ်တဲ့ နည်းစနစ် တစ်ခုလည်း ဖြစ်ပါတယ်။

RWCT ဟာ ဘာသာရပ်နဲ့ပတ်သက်ပြီး ဆရာရော ကျောင်းသားပါ ပိုပြီးသိလာအောင် အားထုတ်တာမျိုး ထက်စာရင် နှစ်ဦးနှစ်ဖက် သင်ကြားခြင်း၊ သင်ယူခြင်းဆိုင်ရာ အရည်အသွေးတွေ တောက်ပြောင်လာအောင် လုပ်ပေးတဲ့သဘောမျိုးပါပဲ။ ဒီနည်းအားဖြင့် ရှေ့ပိုင်းမှာပြောခဲ့တဲ့ ဝေဖန်ပိုင်းခြား စဉ်းစားခြင်း (critical thinking) ကို စာသင်ကျောင်း ပရဝဏ်များအတွင်း ပြုစု ပျိုးထောင်နိုင်မှာ ဖြစ်ပါတယ်။

ကျောင်းသားများ ဝေဖန်ပိုင်းခြား စဉ်းစားတတ်ခြင်းဖြင့် အတ္တအကျိုး စီးပွားကနေ ပရဟိတကို ကြည့်မြင် လာတတ်တယ်။ကိုယ့်ကိုယ်ပိုင် အသိအမြင်နဲ့ ရပ်တည်လာနိုင်တယ်၊ ဆွေးနွေး ငြင်းခုံရာမှာလည်း ယုတ္တိကျကျ ပြောတတ်လာတယ်။ ရှုထောင့်တစ်မျိုးတည်းကနေ တရားသေ ရပ်ပြောရာကနေ ရှုထောင့်အမျိုးမျိုးနဲ့ ကြည့်တတ်မြင် တတ်လာမယ်လို့ ပညာရှင်များက မှတ်ချက်ပြုကြကြောင်း လေ့လာတင်ပြလိုက်ရပါတယ်။

မြန်မာတိုင်း(မ်) အတွဲ ၂၆၊ အမှတ် ၅၀၃ (၂၈၊၁ - ၃၊၂ ၊ ၂၀၁၁)

ဆောင်းပါးကဏ္ဍမှာ အခြားဖတ်စရာ




Comments

အဖတ်အများဆုံး

'ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ' စာအုပ်အညွှန်းနှင့်ဝေဖန်ချက်များ

ဆန့်ကျင်မှုအလှ (သို့မဟုတ်) ဖြစ်ရပ်မှန် စိတ်ကူးယဉ်ဝတ္ထုတိုများ By ငြိမ်းအိအိထွေး စာရေးဆရာ ဝေယံဘုန်းရဲ့ ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ စာအုပ်ကို ဇူလိုင်လထဲမှာ ထုတ်ဝေပါတယ်။ ပြောင်းလဲလာတဲ့ သက္ကရာဇ်တွေနဲ့အတူ အဘက်ဘက်မှာ ရှိနှင့်နေတဲ့ စိတ်ဖိစီးမှုတွေကြောင့် ဒီဘက်နှစ်ပိုင်းတွေမှာ လူတွေဟာ အကြောင်းအရာတစ်ခုကို နင့်နင့်နဲနဲခံစားအချိန်ပေးဖို့ တကယ့်ကို မလွယ်တော့ပါဘူး။  ဒါပေမဲ့ စာရေးဆရာဝေယံဘုန်းရဲ့ ဝတ္ထုတွေကတော့ အကြောင်းအရာ၊ တင်ဆက်ပုံ၊ ဆွဲဆောင်နိုင်စွမ်း ထူးခြားနေတဲ့အတွက် အချိန်ပေးခံစားဖို့သင့်တဲ့၊ ဝတ္ထုတိုရသကို အပြည့်အဝပေးနိုင်တဲ့ စာအုပ်လို့ ဆိုရမှာပါပဲ။ စာအုပ်ရဲ့ ခေါင်းစဉ်ဖြစ်တဲ့ ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဆိုတာကကို contrast ဖြစ်တဲ့ အရေးအသားနဲ့အညီ စာရေးဆရာဖန်တီးထားတဲ့ ဝတ္ထုတိုတွေကလည်း ဆန့်ကျင်ဘက်ကျကျပေါင်းစပ်ထားတဲ့ အလှတစ်ခုလို ခံစားရစေတာအမှန်ပါပဲ။  ဖြစ်ရပ်မှန် စိတ်ကူးယဉ်ဝတ္ထုတိုများ စာအုပ်မှာ "ကျကွဲသွားသော ကြေးမုံပြင်တစ်ချပ်"၊ "ဖြစ်ရပ်မှန် စိတ်ကူးယဉ် ဝတ္ထု"၊ "မင်္ဂလာဦးည"၊ "မှဲ့တစ်ခုရဲ့ အနုပညာ "၊ "ပုတီးကိုချ ကားကိုမ"၊ "ညီမလေးကို ကတိ တ...

မမှောင်သောည

မုန်တိုင်းမလာခင် ဆိတ်ငြိမ်မှုမျိုးနဲ့ ခန်းမဆောင်ဟာ အေးတိအေးစက်။ အဆက်မပြတ်ထွက်နေတဲ့ တခေါခေါ ဟောက်သံတို့က နားထဲကို အတင်းထိုးဖောက်ဝင်ရောက်လျက်။ ခန္ဓာကိုယ်တစ်ခုလုံး ချွေးအိုင်ထဲမှာ ...   ကယောင်ခြောက်ခြား ဖြစ်နေတဲ့စိတ်အစဉ်ကြောင့် ဘာကိုမှ သဲသဲကွဲကွဲ မမြင်ရဘူး။ ကျီးကန်းတောင်းမှောက် လျှောက်ကြည့်နေတဲ့ မျက်လုံးများက ကညင်ဆီမီးတိုင်တို့ရဲ့ မသဲမကွဲ အလင်းရောင်ကို လက်ခံယူလိုက်တယ်။ မီးတောက်တွေက နှေးကွေးဖျော့တော့စွာ တောက်လောင်လျက်။ အပြင်မှာတော့ အမှောင်ထုကသာ ကြီးစိုးမင်းမူလျက်။ အိပ်မက်ထဲကနေ နိုးထလာခဲ့တာ ဘာမှမကြာသေးဘူး။ ဒါပေမဲ့ အပြင်လောကအထိ ဒီအိပ်မက်ဟာ အရိပ်လို မနားတမ်းကပ်လိုက်နေဆဲ။

အာဇာနည်နေ့နှင့် ခံစားမိသည့် ဆရာဇော်ဂျီ၏ကဗျာ

ဇူလိုင်လ ၁၉ ရက်နေ့သည် အာဇာနည်နေ့ဖြစ်သည်။ အာဇာနည်နေ့ကို ရောက်တိုင်း ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား ပြည်သူအပေါင်းက သတိတရ ရှိကြ လေသည်။ လွန်ခဲ့သော ၆၃ နှစ်၊ ဤနေ့ ဤရက်က ဆိုလျှင်ဖြင့် မြန်မာနိုင်ငံ တစ်ဝန်းလုံး လှည်းနေလှေအောင်း မြင်းဇောင်း မကျန်သော ပြည်သူအပေါင်း တို့သည် အပြင်မှာ သူတို့ လူကိုယ်တိုင် မြင်ဖူးချင်မှ မြင်ဖူးမည်ဖြစ်သည့်၊ စကားပြောဖူးချင်မှ ပြောဖူးမည်ဖြစ်သည့် အာဇာနည် ခေါင်းဆောင်ကြီးများ အတွက် ဖြေမဆည်နိုင် မျက်ရည် ဖြိုင်ဖြိုင် ကျခဲ့ကြဖူးလေသည်။ လောကတွင် လူတို့သည် မိမိချစ်ခင်ရသော ဆွေမျိုးသားချင်း၊ ညီအစ်ကိုမောင်နှမများနှင့် ခွဲခွာရ၍ ငိုကြွေးတတ်သည်မှာ သဘာဝကျသော်လည်း ကိုယ်နှင့်သွေးမတော် သားမစပ်၊ ရင်းနှီးကျွမ်းဝင်ခြင်းမရှိသော လူတစ်ယောက် (သို့မဟုတ်) လူတစ်စုအတွက် ငိုကြွေးကြသည်မှာ အဘယ်ကြောင့်နည်း။ ဘဝတွင် မိမိ၏ မိဘ၊ ဆွေမျိုး၊ ဇနီးခင်ပွန်း၊ သားသမီးတို့အတွက် ငိုကြွေးခြင်းက သံယောဇဉ်ကြောင့် ဖြစ်ပြီး အာဇာနည်တို့အတွက် ငိုကြွေးခြင်းကမူ ထိုသူတို့အပေါ် မိမိထားသည့် တန်ဖိုးတစ်ခုကြောင့်၊ (တစ်နည်း) အစားထိုးမရသော ဆုံးရှုံးမှုအတွက်ကြောင့် ဖြစ်သည်။ ငိုကြွေးတာချင်း တူသော် လည်း ငိုကြွေး ပုံချ...

‘တဏှာထက်ကြီးသောမြစ် မရှိ’ - ဆယမ်၏ များများထုတ်များများသုံးဝါဒကို ဗုဒ္ဓရှုထောင့်မှဝေဖန်ခြင်း

“ဖွံ့ဖြိုးမှု (တိုးပွားခြင်း) ဆိုတဲ့ စကားကို ပါဠိဘာသာနဲ့ ‘ဝဍ္ဎန’ လို့ ခေါ်ပါတယ်။ များပြားခြင်း လို့ အဓိပ္ပာယ်ရတယ်။ ကောင်းတဲ့အရာတွေ များပြားတာဖြစ်နိုင်သလို ပြဿနာ၊ ဒုက္ခဆင်းရဲ၊ ပဋိပက္ခတွေ များပြားတာလည်း ဖြစ်နိုင်တယ်။ ဒီနေ့ကမ္ဘာမှာတော့ ဖွံ့ဖြိုးမှုဆိုတာရဲ့ အဓိပ္ပာယ်ဟာ ကမ္ဘာကြီးမှာ အသိဉာဏ်ပညာကို လျစ်လျူရှုပြီး ရုပ်ဝတ္ထုပစ္စည်းတွေနောက်ပဲ လိုက်နေကြ ပေါများပြည့်လျှံနေကြတယ်ဆိုတဲ့ အဓိပ္ပာယ်ရတယ်။” ဒီ စကားကို မိန့်ကြားခဲ့သူကတော့ ဆယမ်* ဗုဒ္ဓဘာသာရဟန်းတော်တပါးလည်းဖြစ် အတွေးအခေါ်ရှင်လည်း ဖြစ်တဲ့ အရှင် ဗုဒ္ဓဒါသဘိက္ခုဖြစ်ပါတယ်။ ဒီ စကားပေါ်ကိုအခြေခံပြီး ဆရာ ဆုလက် ဆီဝရက်ဆက ဘာပြော သလဲဆိုတော့ များများတိုးထုတ်၊ များများသုံးစွဲဝါဒ (consumerism) က နောက်ဆုံးပေါ်မိစ္ဆာဘာသာပဲတဲ့။   ဒီ ဆောင်းပါးမှာတော့ ဆယမ်နိုင်ငံအပေါ် များများတိုးထုတ်၊ များများသုံးစွဲဝါဒရဲ့ ရိုက်ခတ်မှုအကြောင်းရယ်၊ ဆရာတော် ဗုဒ္ဓဒါသနဲ့ ဆရာဆုလက် ဆီဝရက်ဆတို့နှစ်ဦး ဟောပြောခဲ့တာတွေအပေါ် အခြေခံထားတဲ့ အမြင်သစ်၊ လမ်းကြောင်းသစ်တွေအကြောင်းရယ်ကို ဆွေးနွေးထားပါတယ်။ အဲဒီ ဆရာနှစ်ပါးဟာ ဆယမ် နိုင်ငံရဲ့ လူမှုအကျိုးပြုဗုဒ္ဓဘာသာရဲ့ ဗိသုကာတွေပါ။ ဒီ ဆောင်းပါးကို ...

ပြိုင်တူအဖြေရှာ ဦးနှောက်ယိုစီးမှုပုစ္ဆာ

“တို့နိုင်ငံကပညာတော်သင် ကျောင်းသားတွေ ပြီးသွားရင် ကိုယ့်တိုင်းပြည် ကိုယ်ပြန်မလာကြဘူးကွ” ဟု ဖွံ့ဖြိုးဆဲ အာဆီယံနိုင်ငံတစ်ခုမှ သူငယ်ချင်းတစ်ဦးက ပြောဖူးပါသည်။ ပညာရေး စနစ်တွင် နာမည်ကြီးသည့် အခြား နိုင်ငံများတွင် ပညာတော်သင်ဆုရပြီး ပညာထွက် သင်ကြားကြသည့် လူငယ်၊ လူလတ်များ ဒီဘက်နှစ်ပိုင်းတွင် များလာသော်လည်း ကိုယ့်တိုင်းပြည်ကိုယ်ပြန်ပြီး ထိုပညာကိုပြန်အသုံးချသည့်ဦးရေက အချိုးကျကျ လိုက်ပြီး များပြားမလာသည့်အပေါ် သူက ညည်းတွားခြင်း ဖြစ်သည်။