Skip to main content

ယနေ့ မြန်မာစာ ရေးသားနည်း အမျိုးမျိုး

အရေးအသား (၁) ယနေ့ထုတ် ဂျာနယ်/မဂ္ဂဇင်းများတွင် အတွေ့ရများသည်။
(မှတ်ချက်။ အောက်ပါတို့မှာ ဥပမာသာဖြစ်ပါသည်။)

ယနေ့ MYANMAR HERALD TRIBUNE ဂျာနယ် (တကယ်ရှိသည့်ဂျာနယ်မဟုတ်ပါ) တွင် သင်ဖတ်ရှုရမည့် News Headlines များ -
- American အပါအဝင် West အုပ်စု၏ ရွှေဝါဝါနိုင်ငံအပေါ် ထားရှိသည့် sanction များကြောင့် အဓိက အားဖြင့် general public မှာသာ များစွာနစ်နာရပါကြောင်းနှင့် sanction ကို ရုပ်သိမ်းသင့်မသင့် ပြန်လည် စဉ်းစားသင့်ကြောင်း President ဖြစ်သူ ဦးဝိန့်စိန်က ပြောကြား။

- Clean government, good governance ဖြစ်ရေး ဌာနဆိုင်ရာအသီးသီးတွင် anti-corruption အတွက် Action plan များ ချမှတ်
- မြို့တွင်း downtown ခြောက်မြို့တွင် လမ်းဘေးဈေးသည်များအား စတင်ရှင်းလင်း၊
- ရွှေဝါဝါ နိုင်ငံ၏ ပထမဆုံးနှင့်နောက်ဆုံး private airline ဖြစ်သည့် Air Gold မြို့တော် နေပူပူနှင့် အိမ်နီးချင်း နိုင်ငံ Akhind မြို့တို့ကြား Charter Flight ပြေးဆွဲမည်၊ Open season ရောက်လျှင် Scheduled flight လည်း ပြေးဆွဲမည်။
Breaking News: ဟိုဟိုသည်သည်မြို့၊ တီတီတာတာလမ်းတွင် ယမန်နေ့ညက ကားနှင့်ဆိုင်ကယ် တိုက်မှုဖြစ်ပွား၊ တစ်ဦးသေပြီး နှစ်ဦးမှာ ဆေးရုံသို့အရေးပေါ်တင်ထားရကာ critical အနေအထားတွင်ရှိ။

ဆောင်းပါးရှင် မောင်တွတ်၏ Editorial - ယနေ့ခေတ်ယနေ့အခါတွင် constitution အရ ပေါ်ပေါက်လာသည့် Political Space ကိုအသုံးချပြီး နိုင်ငံ၏ stakeholders များ (တပ်မတော်၊ ethnic groups နှင့် oppositions) က civil society နှင့် institutions များကို အမြစ်ခိုင်အောင် တည်ဆောက်ရမည်ဖြစ်ပေသည်။ အားလုံးသော National stakeholders များက ခွက်ထဲတွင်ရေတစ်ဝက်သာရှိသည်ဟု မမြင်ဘဲ ရေတစ်ဝက်တောင် ရှိသည်ဟု မြင်စေချင်ပါသည်။

အရေးအသား (၂)။ တချို့သော ပညာရှင်ဆိုသူတို့၏ ပညာပြဆောင်းပါးများတွင်တွေ့ရတတ်သည်။

ယနေ့ခေတ်သည် ပညာခေတ် (knowledge age) ဖြစ်ရာ ယနေ့ ကျွန်တော်တို့၏မျိုးဆက်သစ် (New generations) များအား အသေကျက်မှတ် (parrot learning) ခိုင်းသည့်စနစ်ဖြင့် သွား၍မရတော့ဘဲ နိုင်ငံတကာ (International) တွင် ကျင့်သုံးနေသည့် ဆင်ခြင်စဉ်းစားသည့်နည်း (critical thinking) ကိုပါ သူတို့အတွက် ကျောင်းသင်ရိုး(curricula) များတွင် ထည့်သွင်းပြဋ္ဌာန်း (prescribe) ပေးရပါလိမ့်မည်။ နိုင်ငံတကာ (international) ကို အမီလိုက် (catch up)လိုပါလျှင် ရှေးရိုးစွဲစာသင်နည်း (Conservative teaching methods) များကို စွန့်ပစ် (discard) ခဲ့ရပါလိမ့်မည်။

အရေးအသား (၃)။ အချို့သောနိုင်ငံရေးပဏ္ဍိတ် (သို့) မင်းဆရာများ၏ဆောင်းပါးများတွင် တွေ့ရသည်။

၂၁ ရာစုတွင် ဂလိုဘယ်ပါဝါသည် အမေရိကန်နှင့် အနောက်ဥရောပမှ အရှေ့အာရှသို့ ရွေ့သွားပေပြီ။ အစဉ်အလာပါဝါ နိုင်ငံ တို့နှင့် ၎င်းတို့၏ ဒီမိုကရေစီနှင့် မားကတ်ကက်ပီတယ်လစ်ဇင်သည် ကွန်မြူနစ်ဇင် အပေါ် အောင်ပွဲခံခဲ့ပြီဟု ၁၉၉၀ အစောပိုင်းက ဖူကူယားမားက ဆိုခဲ့လင့်ကစား အနောက်ကမ္ဘာသည် ၎င်း၏ အင်စတီကျူးရှင်းအခြေပြု နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှု ဖြစ်စဉ်နှင့် တမူကွဲပြားစွာ ထိုးထွက်လာသော တရုတ်မော်ဒယ် အီကိုနိုမီကို လျှော့တွက်ခဲ့ပေသည်။ သောမတ် ဖရိုင်းမင်း၏ ကမ္ဘာပြားခြင်း အယူအဆအရ နီယို လစ်ဘရယ်တို့သည် ...xxx ... xxx...xxx

(အားလုံး happy and healthy အဲလေ ကျန်းမာရွှင်လန်းကြပါစေ။) 😜

ဆက်စပ်ဖတ်ရှုစရာ

ကပြားစာ၊ ကပြားစကား ရေးကြ၊ ပြောကြလျှင်
အိုဘယ့် မြန်မာစာ

Comments

အဖတ်အများဆုံး

အနက်မထင် ပဟေဠိများ

မစဲသော တံခါးခေါက်သံများ လှည့်ရလွန်းသဖြင့် ပျက်လုလု လက်ကိုင်ဘု မကွေးညွတ်တတ်မီက ငါ့နှုတ်ခမ်းများကို ပုလဲပုတီးတကုံးဆွဲသော လည်တိုင်အထက်မှာ ပြန်ရှာတွေ့ပါသည် ရောင်စုံစာအိတ်များနှင့် ပြည့်လျှံနေသော အိမ်ရှေ့က အဝင်စာတိုက်ပုံး ဖွင့်ကြည့်မိသော အိပ်မက်ထဲကပြန်စာတစောင် အထဲမှာ ဗလာစာရွက်တရွက် နှင်းဆီပွင့်များအား နေ့တိုင်း ငါပြန်ပြုံးပြဖို့ကြိုးစားပါသည် စံပယ်နဲ့တွေ့မယ့်အခါအတွက် ရီဟာဇယ်အဖြစ် သို့သော် ... စံပယ် ဪ ချစ်စံပယ်ဟာ မျက်နှာလွှဲသွား အခန်းထဲဝင်အလာ ‘မင်္ဂလာပါ’ ဟု လက်ပိုက်နှုတ်ဆက်ကြသူများ ခင်ခင်ပျိုတွေ တပျော်တပါး ပါသွားသော မပြေးဆွဲဖြစ်လိုက်သော လေအိတ်ရထားများ မြောက်မှတောင်သို့တိုက်နေသော နှင်းစက်တင်လေများ အသားတွေပပ်ကြားအက်နေသော လေကြောင်းသင့် ငါ့မျက်နှာ လမ်းပေါင်းများစွာ လမ်းပေါင်းများစွာ ဖြောင့်ဖြောင့်ဖြူးဖြူး ချိုင့်ကျင်းမရှိ ကတ္တရာလမ်းများ အကောင်းစား ဇိမ်ခံကားများ အဲကွန်းပါသော ဘတ်စ်ကားများ ဓာတ်တိုင်များ၊ LED လမ်းမီးများ ဓာတ်ကြိုးများပေါ်ရှိ ခိုများ လမ်းဘေးဝဲယာက အိမ်ကြီးရခိုင်များ လကြည့်နေသူများ ... ကြယ်ရေတွက်နေသူများ နို့ဆာနေသူများ ... အာသာဖြေနေကြသူများ ‘အိမ်ရှင်’ ဟုခေါ်၍ တံခါးကို အသာအယာ ခေါက်၏ တံခါ...

လူတွေနေနေတဲ့မြို့

မြို့ကလေးတစ်မြို့ ကောင်းကင်ပြာက အုပ်မိုးကြည့်နေတယ် တိမ်လွှာကဆိုင်းလို့။ တောင်ကြောက ပခုံးနဲ့ထမ်းထားတယ် မြူတွေက မှိုင်းလို့။ နဒီက ကွေ့ကောက်ရစ်သိုင်းထားတယ် သီတာက ဝိုင်းလို့။ ဒီမြို့လေးမှာဆို လေးမောင့်စံကျောင်းတွေက လက်ညှိုးထိုးမလွဲ။ တဝီဝီပျားပိတုန်းတွေက မာလာ့ကို နမ်းရှုပ်လို့။ ကျောက်စက်ကျရေက ရေအိုင်ငယ်တစ်ခုဖြစ်၊ အဲဒီမှာ လူတွေက ဟဒယအညစ်ကို ဝိုင်းဆေးကြတာပေါ့။ ပြောရရင် ဒီမြို့မှာ ကျီးကန်းတွေကတောင် “အိုးဝေ ... အိုးဝေ”ရယ်လို့ တွန်မြည်တတ်ကြတယ်။ ဟား ... ဒီမြို့မှာ မုန်ယိုနေတဲ့ ဆင်ကြီးတွေနဲ့ ချွန်းဖွင့်နေတဲ့ ဦးစီးတွေမရှိဘူးကွ။ ဒီမြို့မှာ ခြင်္သေ့တွေ၊ ဆင်တွေက ကြားခံဖလှယ်ရေး ကိရိယာမဟုတ်ဘူးဗျ။ မြို့သားတွေရဲ့ ဝဲဘက်ရင်အုံဟာ ကျောက်ဆောင်တွေနဲ့ ထိုးထောင်မနေဘူးဟ။ ပျားရည်နဲ့ဝမ်းအချခံရမှာကို နေ့နေ့ညညကြောက်နေစရာမလိုဘူးပ။ ဒီမြို့မှာ လူတွေက ငှက်တွေရဲ့စကားကို နားလည်ကြသတဲ့။ မြေမှုန်လေးတွေ သစ်ရွက်လေးတွေကိုလည်း အသေအကြေ ချစ်တတ်ကြသတဲ့။ လဲနေသူ၊ ဝဲစွဲအနူတွေ့ရင်လည်း အသေအချာ ထူပေးတတ်ကြသတဲ့။ တောင်းခံသူလာရင် ပေးလှူရအောင် နှလုံးသည်းပွတ်ကို ဆီဆွတ်ထားကြသတဲ့။ ကဲ ... ဘာပြောကောင်းမလဲ ဒီမြို့က...

အားပေးဖေးကူနေကြသရွေ့

အဖေ ...သားကို သတိရပါသေးရဲ့လား။ အဖေ့ကို သားလိုအပ်နေချိန် အဖေဘယ်ရောက်နေပါသလဲ။ လောက ဓံရဲ့ အထုအထောင်းတွေကြောင့် အသက်ထက် အိုမင်းရင့်ညိုနေတဲ့ အဖေ့မျက်နှာရယ်၊ ကိုယ်အထက်ပိုင်း အဝတ်အစားမကပ်တတ်တာကြာလိူ့ နေခထားတဲ့ မွဲပြာပြာ အဖေ့ကျောဗလာကြီးရယ်၊ အိမ်ပြန်လာတိုင်း သား ယီးလေးခိုဖို့ ဆန့်ထုတ်ပေးတတ်တဲ့ အဖေ့ရဲ့ ကြီးမားတုတ်ခိုင်တဲ့ လက်မောင်းအိုးကြီးတွေရယ်၊ ဒါတွေ အခု ဘယ်များရောက်နေပါသလဲ။ အဖေဟာအဖေ့ကိုချစ်လို့မဝတဲ့၊ အဖေချစ်လို့ မ၀သေးတဲ့သားကို တကယ်ပဲခွဲသွားခဲ့ပြီလား။

သေခြင်းအက်ဆေး

သေခြင်းအက်ဆေးဟုပြောလိုက်သဖြင့် စာရှုသူများ လန့်ဖျန့်သွားနိုင်ပါသည်။ သို့သော်လည်း လူ့ဘဝသည် မွေးဖွားခြင်းဖြင့် အစပြုကာ သေဆုံးခြင်းဖြင့် အဆုံးသတ်ကြသည်ဖြစ်ရာ သေခြင်းတရားသည်လည်း လူ့ဘဝ၏ အရေးကြီးသည့် အကြောင်းတစ်ရပ်ဖြစ်၍ လူတို့အတွက် အရေးတယူလုပ်ရန်လိုအပ်သည့်ကိစ္စလည်းဖြစ်ပါသည်။ လူအများစုသည် သေခြင်းအကြောင်းခေါင်းထဲမထည့်လိုကြပါ။ သေခြင်းသည် အမင်္ဂလာကိစ္စ၊ လူတို့ မလိုလားအပ် သော၊ မစဉ်းစားချင်သောကိစ္စဖြစ်သည်။ သေခြင်းသည် မိမိချစ်ခင်နှစ်သက်သူများနှင့် ထာဝရခွဲခွာရခြင်းဖြစ်သည်။ ပြန်မလာနိုင် တော့မည့် ခရီးရှည်ကြီးကိုသွားရခြင်း ဖြစ်သည်။ လူတိုင်း သေခြင်းအကြောင်းကို မပြောလိုကြပါ။ သို့သော်လည်း လူတို့မလိုလားသော သေခြင်းသည် လူ့လောက လူ့ဘုံတွင်မမြင်ချင်မှအဆုံး၊ မကြားချင်မှအဆုံး၊ မပတ်သက်ချင်မှအဆုံး။ သေခြင်းကို လွန်ဆန်နိုင်သည့်ပုဂ္ဂိုလ်ဟူသည်ယခင်ကလည်းမရှိခဲ့၊ ယခုလည်းမရှိ၊ နောင်လည်း ရှိမည်မဟုတ်။ ယနေ့မြင်နေရသည့် ကြီးကြီးငယ်ငယ်ရွယ်ရွယ်မရွေး လူအပေါင်းတို့သည် နောင်နှစ်ပေါင်း လေး၊ ငါးဆယ် အတွင်း ဖြုတ်ကနဲပျောက်ကွယ်သွားကြမည့်သူချည်းသာ ဖြစ်သည်။ ယင်းသည်ငြင်း၍ မရ။ သို့သော် ထိုလူတို့ ပျောက်ကွယ် သွားပုံ သွားနည်းများသည် တစ်ဦးနှင...

ရေအေး၏ 'သားပိုက်ကောင်နေ့ရက်များ'

သားပိုက်ကောင်နေ့ရက်များ ရေအေး ဇလပ်နီစာပေ၊ ဩဂုတ် ၂၀၂၃ (ပထမအကြိမ်) ဒီဝတ္ထုလေးထွက်လာတဲ့အတွက် စာရေးသူကိုရော ထုတ်ဝေသူကိုရော ကျေးဇူးတင်တယ်။ ဒါမျိုး မြန်မာပင်ကိုရေးထဲမှာ ဖတ်ချင်နေတဲ့ အာသီသလေး ပြည့်သွားတယ် ဆိုရမယ်။ အစဉ်အလာ ဝတ္ထုရေးဟန်တွေသာ လွှမ်းမိုးနေဆဲ မြန်မာခေတ်ပေါ်စာပေလောကရဲ့ ကွက်လပ်တစ်ခုကို ဖြည့်ဆည်း ပေးလိုက်တဲ့ ဝတ္ထုလို့ဆိုရမယ်။  ရုတ်တရက် ပြိုကျလာတဲ့ကျီးအုပ်တွေ၊ နေပြောက်တောင် မထိုးအောင် ကောင်းကင်မှာ ကျီးတွေဟာ အတောင်ပံချင်း ထိနေအောင် အုပ်မိုးထားတဲ့အတွက် ရုတ်တရက် မိုးမှောင်ကြီးကျသွားသလို ဖြစ်သွားတဲ့ အခိုက်အတံ့တွေရဲ့နောက်မှာ သွေးပျက်စရာ အဖြစ်အပျက်တွေ။ ရွာထဲကို ကြောင်နက်ကြီးတွေ ဝင်လာသတဲ့။ အိမ်ပြင်မှာတွေ့သမျှ လူတွေကို အကုန် လက်တွေခြေတွေ ဆွဲဖြုတ်။ တစ်ရွာလုံး ကမ္ဘာပျက်သလိုဖြစ်။ တချို့ကလည်း လူတစ်ကိုယ်စာမကမြင့်တဲ့ ကြောင်ကြီးတွေတဲ့။ တချို့ကလည်း လူကိုယ်ခန္ဓာနဲ့ ကြောင်ဦးခေါင်းတဲ့။ မျက်လုံးက ကြောင်မျက်လုံးတွေတဲ့။  ဒီလိုနဲ့ ရွာတွေ ရွာတွေဟာ ကျီးတွေ၊ ကြောင်တွေကြောင့် အိုးအိမ်ကိုစွန့်ခွာထွက်ပြေးကြရတယ်။ လူမရှိတော့တဲ့ ရွာပျက်ကြီးတွေကို ကြောင်တွေက မီးရှို့ဖျက်ဆီးတယ်။ ရွာကိုစွန့်ခွာထွက်ပြေးရသူတွေထဲက...