Skip to main content

ယနေ့ မြန်မာစာ ရေးသားနည်း အမျိုးမျိုး

အရေးအသား (၁) ယနေ့ထုတ် ဂျာနယ်/မဂ္ဂဇင်းများတွင် အတွေ့ရများသည်။
(မှတ်ချက်။ အောက်ပါတို့မှာ ဥပမာသာဖြစ်ပါသည်။)

ယနေ့ MYANMAR HERALD TRIBUNE ဂျာနယ် (တကယ်ရှိသည့်ဂျာနယ်မဟုတ်ပါ) တွင် သင်ဖတ်ရှုရမည့် News Headlines များ -
- American အပါအဝင် West အုပ်စု၏ ရွှေဝါဝါနိုင်ငံအပေါ် ထားရှိသည့် sanction များကြောင့် အဓိက အားဖြင့် general public မှာသာ များစွာနစ်နာရပါကြောင်းနှင့် sanction ကို ရုပ်သိမ်းသင့်မသင့် ပြန်လည် စဉ်းစားသင့်ကြောင်း President ဖြစ်သူ ဦးဝိန့်စိန်က ပြောကြား။

- Clean government, good governance ဖြစ်ရေး ဌာနဆိုင်ရာအသီးသီးတွင် anti-corruption အတွက် Action plan များ ချမှတ်
- မြို့တွင်း downtown ခြောက်မြို့တွင် လမ်းဘေးဈေးသည်များအား စတင်ရှင်းလင်း၊
- ရွှေဝါဝါ နိုင်ငံ၏ ပထမဆုံးနှင့်နောက်ဆုံး private airline ဖြစ်သည့် Air Gold မြို့တော် နေပူပူနှင့် အိမ်နီးချင်း နိုင်ငံ Akhind မြို့တို့ကြား Charter Flight ပြေးဆွဲမည်၊ Open season ရောက်လျှင် Scheduled flight လည်း ပြေးဆွဲမည်။
Breaking News: ဟိုဟိုသည်သည်မြို့၊ တီတီတာတာလမ်းတွင် ယမန်နေ့ညက ကားနှင့်ဆိုင်ကယ် တိုက်မှုဖြစ်ပွား၊ တစ်ဦးသေပြီး နှစ်ဦးမှာ ဆေးရုံသို့အရေးပေါ်တင်ထားရကာ critical အနေအထားတွင်ရှိ။

ဆောင်းပါးရှင် မောင်တွတ်၏ Editorial - ယနေ့ခေတ်ယနေ့အခါတွင် constitution အရ ပေါ်ပေါက်လာသည့် Political Space ကိုအသုံးချပြီး နိုင်ငံ၏ stakeholders များ (တပ်မတော်၊ ethnic groups နှင့် oppositions) က civil society နှင့် institutions များကို အမြစ်ခိုင်အောင် တည်ဆောက်ရမည်ဖြစ်ပေသည်။ အားလုံးသော National stakeholders များက ခွက်ထဲတွင်ရေတစ်ဝက်သာရှိသည်ဟု မမြင်ဘဲ ရေတစ်ဝက်တောင် ရှိသည်ဟု မြင်စေချင်ပါသည်။

အရေးအသား (၂)။ တချို့သော ပညာရှင်ဆိုသူတို့၏ ပညာပြဆောင်းပါးများတွင်တွေ့ရတတ်သည်။

ယနေ့ခေတ်သည် ပညာခေတ် (knowledge age) ဖြစ်ရာ ယနေ့ ကျွန်တော်တို့၏မျိုးဆက်သစ် (New generations) များအား အသေကျက်မှတ် (parrot learning) ခိုင်းသည့်စနစ်ဖြင့် သွား၍မရတော့ဘဲ နိုင်ငံတကာ (International) တွင် ကျင့်သုံးနေသည့် ဆင်ခြင်စဉ်းစားသည့်နည်း (critical thinking) ကိုပါ သူတို့အတွက် ကျောင်းသင်ရိုး(curricula) များတွင် ထည့်သွင်းပြဋ္ဌာန်း (prescribe) ပေးရပါလိမ့်မည်။ နိုင်ငံတကာ (international) ကို အမီလိုက် (catch up)လိုပါလျှင် ရှေးရိုးစွဲစာသင်နည်း (Conservative teaching methods) များကို စွန့်ပစ် (discard) ခဲ့ရပါလိမ့်မည်။

အရေးအသား (၃)။ အချို့သောနိုင်ငံရေးပဏ္ဍိတ် (သို့) မင်းဆရာများ၏ဆောင်းပါးများတွင် တွေ့ရသည်။

၂၁ ရာစုတွင် ဂလိုဘယ်ပါဝါသည် အမေရိကန်နှင့် အနောက်ဥရောပမှ အရှေ့အာရှသို့ ရွေ့သွားပေပြီ။ အစဉ်အလာပါဝါ နိုင်ငံ တို့နှင့် ၎င်းတို့၏ ဒီမိုကရေစီနှင့် မားကတ်ကက်ပီတယ်လစ်ဇင်သည် ကွန်မြူနစ်ဇင် အပေါ် အောင်ပွဲခံခဲ့ပြီဟု ၁၉၉၀ အစောပိုင်းက ဖူကူယားမားက ဆိုခဲ့လင့်ကစား အနောက်ကမ္ဘာသည် ၎င်း၏ အင်စတီကျူးရှင်းအခြေပြု နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှု ဖြစ်စဉ်နှင့် တမူကွဲပြားစွာ ထိုးထွက်လာသော တရုတ်မော်ဒယ် အီကိုနိုမီကို လျှော့တွက်ခဲ့ပေသည်။ သောမတ် ဖရိုင်းမင်း၏ ကမ္ဘာပြားခြင်း အယူအဆအရ နီယို လစ်ဘရယ်တို့သည် ...xxx ... xxx...xxx

(အားလုံး happy and healthy အဲလေ ကျန်းမာရွှင်လန်းကြပါစေ။) 😜

ဆက်စပ်ဖတ်ရှုစရာ

ကပြားစာ၊ ကပြားစကား ရေးကြ၊ ပြောကြလျှင်
အိုဘယ့် မြန်မာစာ

Comments

အဖတ်အများဆုံး

ရသဝတ္ထုတို့ရဲ့သဘော

ကျွန်တော်က အခါအားလျော်စွာ ပင်ကိုရေးဝတ္ထုတိုလေးတွေ ရေးဖြစ်တော့ အချို့က သူတို့ရေးထားတဲ့ ၀တ္ထုတိုလေးကို ဖတ်ကြည့်ပေးဖို့ လာလာပြတာမျိုး မကြာခဏကြုံရပါတယ်။ ကျွန်တော်ကိုယ်တိုင်က ရသစာပေတွေရေးနေပေမယ့် သူများရဲ့ရသစာတစ်ပုဒ်ကို ဝေဖန်ပိုင်းခြားပြဖို့တော့ မစွမ်းနိုင်သေးတာ အမှန်ပါ။ ဒါပေမဲ့ လာပေးဖတ်ရင်တော့ အတတ်နိုင်ဆုံး ကိုယ်မြင်တာကို ပြန်ပြောပြတတ်ပါတယ်။ မကြာခင်ကတောင်မှ ညီမတစ်ယောက်က သူ့ရဲ့ ၀တ္ထုတိုလေးတစ်ပုဒ်ကို ဖတ်ကြည့်ပါဦး လို့ ပြောပါသေးတယ်။ သူ့စာလေးအတွက် မှတ်ချက်ပေးဖို့ စဉ်းစားရင်းနဲ့ တစ်ခါတည်းပဲ ကိုယ့်ရဲ့ ရသဝတ္ထုအပေါ်မှာ ထားတဲ့ အမြင်တွေကို စာနဲ့တစ်စုတစ်စည်းတည်း ကျန်ရစ်စေချင်တဲ့အတွက် ခုလို တခုတ်တရ ရေးဖြစ်တာပါပဲ။

တော်တော်ဆိုးတဲ့လူတွေ

ပူပြင်းတဲ့နွေနေ့လယ်ခင်းတစ်ခုမှာ (……) ရဲစခန်းဟာ ပြင်းထန်စူးရှတဲ့ နေရောင်အောက် မီးကင်ထားသလို ထင်ရတယ်။ ငိုက်မြည်းနေတဲ့ ဂိတ်စောင့် ရဲတပ်သားရဲ့ခေါင်းဟာ ဆတ်ခနဲ ဆတ်ခနဲဖြစ်ဖြစ်သွားပြီး မနည်း အားတင်းလို့ မျက်ခွံတွေကို ပြန်ပင့်တင်နေရတယ်။ အမှုလာဖွင့်တဲ့ လူတချို့ ညှိုးငယ်တဲ့မျက်နှာတွေနဲ့အတူ စခန်းထဲကနေ ပြန်ထွက်သွားတော့မှ အစောင့်ရဲတပ်သားကလေးဟာ ကိုယ်ကိုမတ်မတ်ပြန်ထိုင်ပြီး သေနတ်ကိုအသေအချာ ပြန်ဆုပ်ကိုင်လိုက်တယ်။ ပြင်းထန်လှတဲ့နွေအပူဒဏ်ကြောင့် ရဲဌာနတစ်ခုလုံးက ရဲဝန်ထမ်းတွေဟာ သစ်ပင်တွေနဲ့   အပြိုင် ညှိုးရော်လို့။ အပြင်ကပြန်လာတဲ့ စခန်းမှူးဟာ သူ့အခန်းထဲက စားပွဲမှာထိုင်ရင်း တစ်ချက်သမ်းဝေလိုက်တယ်။ ထမင်းစားပြီး ခါစမို့ ဗိုက်ကလည်း တင်းနေသလို အိပ်ချင်စိတ်ကလည်း သူ့ကိုနှိပ်စက်နေတယ်။ သူဟာ “ ပူလိုက် အိုက်လိုက်တာ မပြောပါနဲ့တော့ ” လို့ တစ်ခွန်းပြောရင်း အပေါ်ရှပ်အင်္ကျီကိုချွတ်လိုက်ပြီး တိုင်ငုတ်မှာ သွားချိတ်ထား လိုက်တယ်။ အောက်ခံစွပ်ကျယ်အောက်က အသားပေါ်နေတဲ့ နေရာကတော့ ချွေးတွေကြောင့် မည်းပြောင်နေလေရဲ့။ မျက်နှာကျက် ပန်ကာကို ဖွင့်လိုက်တော့ ပန်ကာကမလည်ဘူး။ ...

အတိတ်ရဲ့အရိပ်

သူကပရိုဘောက်စ်လေးကိုလက်တားလိုက်လို့ကားရပ်၊ မှန်ချပြီးဈေးစကားစပြောစဉ်မှာပဲကားဆရာကိုသူစသတိထားမိတာပဲ။ သူထင်ထားသူများဖြစ်လေမလားပေါ့။ ဒါနဲ့ပဲသူတောင်းတဲ့ဈေးကိုမဆစ်ဘဲသွားဖို့သဘောတူလိုက်တယ်။ ကားဆရာနဲ့စကားပြောချင်တဲ့အတွက်တမင်တကာနောက်ခန်းမထိုင်ဘဲခေါင်းခန်း၊ ဒရိုင်ဘာဘေးမှာဝင်ထိုင်လိုက်တယ်။ ကားစထွက်စဉ်ကတည်းကသူနဲ့ကားဆရာနဲ့စကားတပြောပြောပဲ။“ကားလမ်းတွေလည်းကျပ်လိုက်တာဗျာ…” “ဟုတ်ပါ့ဆွဲမကောင်းဘူးညီလေး ရေ…” “ဆီဈေးကခုဘယ်လောက်ဖြစ်နေပြီးတုံး” “ခုနကပဲတစ်လီတာကို(…) နှုန်းနဲ့ထည့်ခဲ့ တာကွ… လုပ်စားကိုင်စားလို့မကောင်းတော့ပါဘူးကွာ။” စကားပြောနေရင်းနဲ့လည်း ကားဆရာရဲ့မျက်နှာကို သူအကဲခတ်တယ်။ များသောအားဖြင့် ရှေ့ကိုပဲကြည့်မောင်းနေရတယ်ဆိုပေမဲ့ ပွိုင့်မိတဲ့အခါ၊ ရှေ့သိပ်ကြည့်စရာမလိုတဲ့အခါမှာ စကားပြောလို့ အရှိန်တက်နေတဲ့ကားဆရာဟာ သူ့ကိုဘေးတိုက်လှည့်ကြည့်ပြီး ပြောတယ်။ သူပဲလား… တူသလိုလိုပါပဲ၊ မျက်နှာ ပေါက်မျက်နှာကျ၊ ပြောဟန်ဆိုပေါက်။ လူတူမရှားဖြစ်နေတာများလား… ။ တကယ်တော့ကြာခဲ့ပြီပဲလေ။ ကြာဆိုဆယ်စုနှစ်တစ်ခုကျော်ကြာခဲ့ပြီဆိုတော့ မှတ်မိဖို့က မနည်းစဉ်းစားနေရတာပေါ့။ ဆယ်နှစ်ဆိုတဲ့အချိန်အတွင်းလူတစ်ယောက်ဟာ ရုပ်ရော၊ စိတ်ရောအများကြီး ပ...

မမှောင်သောည

မုန်တိုင်းမလာခင် ဆိတ်ငြိမ်မှုမျိုးနဲ့ ခန်းမဆောင်ဟာ အေးတိအေးစက်။ အဆက်မပြတ်ထွက်နေတဲ့ တခေါခေါ ဟောက်သံတို့က နားထဲကို အတင်းထိုးဖောက်ဝင်ရောက်လျက်။ ခန္ဓာကိုယ်တစ်ခုလုံး ချွေးအိုင်ထဲမှာ ...   ကယောင်ခြောက်ခြား ဖြစ်နေတဲ့စိတ်အစဉ်ကြောင့် ဘာကိုမှ သဲသဲကွဲကွဲ မမြင်ရဘူး။ ကျီးကန်းတောင်းမှောက် လျှောက်ကြည့်နေတဲ့ မျက်လုံးများက ကညင်ဆီမီးတိုင်တို့ရဲ့ မသဲမကွဲ အလင်းရောင်ကို လက်ခံယူလိုက်တယ်။ မီးတောက်တွေက နှေးကွေးဖျော့တော့စွာ တောက်လောင်လျက်။ အပြင်မှာတော့ အမှောင်ထုကသာ ကြီးစိုးမင်းမူလျက်။ အိပ်မက်ထဲကနေ နိုးထလာခဲ့တာ ဘာမှမကြာသေးဘူး။ ဒါပေမဲ့ အပြင်လောကအထိ ဒီအိပ်မက်ဟာ အရိပ်လို မနားတမ်းကပ်လိုက်နေဆဲ။

ကျွန်တော့်ဘဝကို လမ်းပြပေးခဲ့တဲ့ စာတစ်စောင်

ဒီစာရဲ့သက်တမ်းဟာ နှစ် ၂၀ နီးပါးရှိပါပြီ။  ၂၀၀၄ သို့မဟုတ် ၂၀၀၅ ခုနှစ်အတွင်းက စာတစ်စောင်ပါ။  အဲဒီတုန်းက ကျွန်တော်ဟာ ကျောင်းပြီးခါစ။ စိတ်ကူးအိပ်မက်က တောင်းဆိုနေတဲ့ဘဝနဲ့ ဘဝပြဋ္ဌာန်းမှုက တောင်းဆိုနေတဲ့ ဘဝ ဆိုတဲ့ ဘဝနှစ်မျိုးကြားမှာ ရွေးရခက်နေချိန်ပေါ့။ ကျွန်တော်ရတဲ့ဘွဲ့က BE ဘွဲ့။ အင်ဂျင်နီယာ။ ကျွန်တော့်စိတ်နှလုံးထဲက တောင်းဆိုနေတာကတော့ စာရေးဆရာ။ နိုင်ငံခြားထွက်ပြီး အင်ဂျင်နီယာလုပ်မယ်ဆိုရင် ငွေကြေးအရ ပြည့်စုံမယ့်ဘဝ။ ဒုတိယတစ်ခုကတော့ ဘာမှ မသေချာ မရေရာတဲ့လမ်း၊ ငတ်တစ်လှည့် ပြတ်တစ်လှည့်လမ်း။ တစ်ဖက်ကလည်း ကိုယ်လုပ်ချင်တာ လျှောက်လုပ်နေလို့ရလောက်အောင် ကိုယ့်မိဘက ငွေကြေးပြည့်စုံချမ်းသာသူမဟုတ်။  အဲဒီအချိန်မှာ မြန်မာပြည်မှာ အင်တာနက်ကဖေးတွေ စပေါ်ခါစ။ Gmail ဆိုတာလူသိပ်မသိကြသေးချိန်။ mptmail.net.mm ကလွဲပြီး တခြားဘာအီးမေးလ်မှ ဖွင့်ခွင့်မရှိတဲ့အချိန်။ အင်တာနက်ပေါ်က အခမဲ့ရတဲ့ လူမသိသူမသိ အီးမေးလ်တွေကို လိုက်ဖွင့်ပြီး ဟိုလူ့ဆီ စာလှမ်းရေးလိုက်၊ ဒီလူ့ဆီ စာလှမ်းရေးလိုက်နဲ့ ခုမှ အင်တာနက်တို့၊ အီးမေးလ်တို့နဲ့ စသုံးဖူးတဲ့ ကျွန်တော်တစ်ယောက် မျောက်အုန်းသီးရသလို။  အဲဒီအချိန် ပြည်ပကိုပြောင်းရွှေ့သွာ...