Skip to main content

Posts

အဝေးမှုန်လာရင် ဘာလုပ်ကြမလဲ

ချိုင့်ဝှမ်းလွင်ပြင်ကျယ်ကို စီးမိုးမြင်နေရပြီး၊ မြင့်မားသော တောင်စင်တောင်တန်းပြာများကို မျှော်ငေး ကြည့်နိုင်သော နေအိမ်လေးတစ်လုံးကို ကျွန်တော် ဝယ်လိုက်သည်။ ကျွန်တော့ အိမ်ကလေးကလည်း တောင်ကုန်းလေး တစ်ကုန်း ထိပ်မှာရှိသည်။ တောင်ကုန်းအတိုင်း အောက်ကိုခပ်စွေစွေငေးကြည့်လိုက်လျှင် တစ်ပြန့်တစ်ပြောကျယ်လှသည့် ချိုင့်ဝှမ်းလွင့်ပြင်ကြီးရှိသည်။ လယ်ကွင်းတွေရှိသည်။ တူးမြောင်းတွေ၊ ချောင်းတွေရှိသည်။ ထိုချိုင့်ဝှမ်း၏အလွန်မှာတော့ မို့မောက်မြင့်တက်သွားသည့် တောင်စဉ်တောင်တန်းတွေ။ တောင်ကုန်းထိပ်က ကျွန်တော့အိမ်ကလေးတွင် ကျွန်တော်အကြိုက်ဆုံးကတော့ တောင်စောင်းထိပ်မှာ ထိုးထားသော ဝရန်တာကလေးပဲ ဖြစ်သည်။ ထိုဝရန်တာကလေးပေါ် ကုလားထိုင်လေးတစ်လုံးချ၊ ဘေးနားမှာ စားပွဲငယ် တစ်လုံးပေါ် ကော်ဖီတစ်ခွက်ကိုတင်၊ ထိုင်ခုံမှာထိုင်ရင်း စာဖတ်ရခြင်းမှာ ကျွန်တော့နိစ္စဓူဝဖြစ်သည်။ လေက အမြဲတစေ တသုန်သုန် တဖြူးဖြူးဆော်သွေးနေသည်။ စာဖတ်ရင်းမျက်စိညောင်းသည့်အခါ မျက်စိရှေ့ သက်မဲ့ ပန်းချီကားကြီးတစ်ချပ်လုံးကို အပေါ်မှစီးမိုးကာ တစိမ့်စိမ့်ကြည့်ရင်း ကျေနပ်နေမိတတ် သည်။ ကျွန်တော်သည် စာဖတ်သည့်အခါ မျက်မှန်မလိုဘဲ အဝေးကိုကြည့်မှသာ လိုသူဖြစ်သည်။ သို့သော် ဝရန်တာ က...

နှလုံးသားအေအိုင်

သက္ကရာဇ် ၂၀၅၀ … မိုးလင်းလာတာနဲ့ အလိုလိုရင်ခုန်လာတာပဲ။  ဒီကနေ့ရော ဘဝဟာ ဘယ်လိုထိန်းချုပ်မောင်းနှင်ခံရဦးမလဲ။ လက်မှာပတ်ထားတဲ့ အက်ပဲလ်နာရီဆီကနေ သတိပေးသံတစ်ချက်။ လက်ပတ်နာရီမျက်နှာပြင်ကလေး လင်းနေတယ်။ စာဝင်နေပြီ။ “မင်းညက နှစ်နှစ်ခြိုက်ခြိုက် မအိပ်ပျော်ခဲ့ဘူး မဟုတ်လား။ မင်းရဲ့နှလုံးခုန်နှုန်းတွေ၊ အသက်ရှူနှုန်းတွေ၊ မင်းရဲ့ ကိုယ်ခန္ဓာ လူးလွန့် လှုပ်ရှားမှုတွေက လုံလောက်အောင် မငြိမ်သက်ခဲ့ဘူး။ အိပ်ရေးမဝခဲ့တဲ့ အတွက် မင်းအနေနဲ့ ဒါတွေလုပ်သင့်တယ် …  “နောက်တစ်နာရီထက် နောက်မကျဘဲ မနက်စာ စားပါ။ စားတဲ့အခါ အာဟာရဓာတ်ကြွယ်ဝတဲ့ ကာဗို ဟိုက်ဒရိတ်နဲ့ အသားဓာတ်၊ လူကိုဒုက္ခမပေးတဲ့ အဆီဓာတ်တွေစားပါ။ ရေများများသောက်ပါ။ ရေဘူး တစ်ဘူး အနားမှာဆောင်ထားပြီး တစ်နေ့လုံးသောက်ပေးပါ။ ဘလက်ကော်ဖီတစ်ခွက်လောက် သောက်ပါ …”  မဆုံးနိုင်တဲ့ အကြံပြုချက်တွေ၊ ညွှန်ကြားချက်တွေ … အဲဒါတွေရဲ့နောက် တစ်ခုပြီးတစ်ခု တက်လာတဲ့ ကျန်းမာရေး အစားအသောက် ကြော်ငြာတွေကို ဆက်မဖတ်တော့ဘဲ လက်ပတ်နာရီကိုချွတ်လို့ မျက်နှာသစ်ဖို့ ရေချိုးခန်းဝင်လိုက် တယ်။ အိပ်ရေးမဝတော့ လူက နုံးထိုင်းထိုင်းကြီးဖြစ်နေဆဲ။ ခေါင်းပေါ်တည့်တည့် ရေပန်းကိုဖွင့်ချလို့ တစ်နေ့တာ အစမပြ...

မပြတ်သောအမျှင်

ကျနော်သည် အာဇာနည်ကုန်းအတက် ဂိတ်ဝနားရပ်ရင်း ကျိတ်ကျိတ်တိုးပြည့်ကျပ်နေသော လူအုပ်ကြီးကိုကြည့်နေမိ သည်။ ညနေ ၃ နာရီခွဲသည်အထိ လေးက ရောက်မလာသေး။ ကားလမ်းပိတ်နေသည်ဟု ပြောသည်။ ကျနော် လည်း သူ့ကိုရပ်စောင့်လိုက်၊ ပလက်ဖောင်းပေါ် ဟိုသည်လျှောက်လိုက် လုပ်နေမိသည်။ များပြားလှသည့် လူအုပ်ကြီးက ကျနော့ကို တွန်းတိုက်သွားကြ၏။ ထိုစဉ် ဝင်ပေါက်အနီးရှိ သစ်ပင်အောက် ကွပ်ပျစ်တစ်လုံး ပေါ် ထိုင်နေသော အဘိုးကြီးအို တစ်ယောက်က ကျနော့ကိုလှမ်းခေါ်သည်။ “ဟေ့ သူငယ်… ဒီမှာ လာထိုင်ပါလားကွယ့်၊ အပေါ်မတက်သေးရင်လည်း…” ကျနော်လည်း မတ်တပ်ရပ်ရတာ ညောင်းလာသဖြင့် အဘိုးအိုဘေးတွင် သွားထိုင်လိုက်သည်။ အနီးကပ်တော့မှ အဘိုးအိုသည် ထင်ထားတာထက်ပင် အသက်ကြီးရင့်လှပြီဟု သတိပြုမိသည်။ “အာဇာနည်နေ့ လာ အလေးပြု တာလား အဘ” ဟု မေးသော် ဘာမှမပြောဘဲ ပြုံးရုံပြုံးပြသည်။ သူ့မျက်ဝန်းများက ရီဝေလှသည်။ သူသည်အရိုးပေါ်အရေတင်လှပြီ။ အသားညိုညို ပိန်ပိန်ပါးပါးနှင့် ထိုအဘိုးအိုသည် လေသံအရ အညာသား ဗမာကြီးတစ်ယောက်ဖြစ်မည်ဟု ထင်၏။ နွမ်းကျေနေပြီး အရောင်ပင် မကျန်တော့လောက်အောင် ဟောင်းနွမ်း နေသော စစ်အင်္ကျီနှင့် တစ်ချိန်က တောက်ပခဲ့မည် ဖြစ်သော ချိတ်လုံချည်ဟောင်းတစ်ထည်ကို ...

တစ်ယောက်ပြီးတစ်ယောက်

Salvador Dalí. Hyperxiological Sky. 1960 “မင်းဦးလေးတော့ အခြေအနေမကောင်းဘူးဟေ့…” အဖေက အညာမှာနေသည့် သူ့ညီ၏သားသမီးများက ဗိုက်ဘာမှတစ်ဆင့်ပို့လိုက်သည့် ဆေးအဖြေလွှာဓာတ်ပုံ များကို ကြည့်ရင်း ခေါင်းတစ်ခါခါနှင့်ပြောလေသည်။ ညီဖြစ်သူမှာ အဆုတ်ကင်ဆာဖြစ်နေပြီတဲ့။ ကာယကံရှင် ကတော့ သူဘာရောဂါဖြစ်နေမှန်း မသိသေး။ သို့ပေမယ့် ရောဂါအခြေအနေအရ လပိုင်းမျှသာခံတော့မည်မှန်း ရှေ့မှာကြုံခဲ့ကြားခဲ့ဖူးသည့် အတွေ့အကြုံများအရ သိနေမိပြန်သည်။ အဖေ့ညီက အဖေ့ထက် တစ်နှစ်နှစ်နှစ်လောက်ပဲ ငယ်သည်။ လွန်ခဲ့သည့် နှစ်နှစ်လောက်တုန်းက သူတို့မြို့ကို အလည်ရောက်တုန်းကတော့ အဖေ့ညီက အဖေ့ကို သူနှင့်လာနေဖို့၊ နေရေးစားရေး နောက်ဆုံး နာရေးအထိ သူတာဝန်ယူကြောင်း အစ်ကိုလုပ်သူကို ဖျောင်းဖျနားချသေး၏။ သူ့စိတ်ထဲတွင် အစ်ကိုဖြစ်သည့် ကျွန်တော့ အဖေက အရင်သေမည်ဟု ထင်သည်ပေါ့။ ထိုစဉ်တုန်းကတော့ သူလည်း မာမာချာချာရှိသေးသည်။ ထမင်းစားလျှင် တစ်ဇလုံကတော့ အသာလေး။ ကျွန်တော်တို့သားအဖ ထမင်းစားတာကိုကြည့်ပြီး အမြဲ အားမရဖြစ်သည်။ “မင်းတို့ဟာကလည်း ကြောင်စာလောက်ကွာ…”ဟု ပြောတတ်၏။ ရောဂါဖြစ်မှန်းသိပြီးမကြာခင် အဖေလည်း နယ်ကိုလိုက်သွားသည်။ ပြီးခဲ့သည့် အောက်တိုဘာလဆန်...

ပုံဖျက်ခံနေရတဲ့ကိစ္စလည်း အရေးကြီးတယ်

Photo: Reuters အသိ ညီငယ်တစ်ယောက်က ကျွန်တော့်ကိုလှမ်းမေးပါတယ်။ “အစ်ကို၊ Editorial ဆိုတာ ဗမာလိုဘာလဲ”တဲ့။ မြန်မာပြည်မှာမွေး၊ ဗမာစကားပြောပြီး ဗမာလိုကြီးလာတဲ့လူတစ်ယောက်က အင်္ဂလိပ်စာလုံးကိုတော့သိပြီး ဗမာလိုတော့မသိဘူး ဆိုတော့ ရင်နာမိရတယ်။ တကယ်ဆိုရင် “အစ်ကိုရေ သတင်းစာခေါင်းကြီးဆိုတာ အင်္ဂလိပ်လိုဆို ဘာလဲ”လို့ မေးတာမျိုးပဲ ဖြစ်သင့် တာမဟုတ်လား။ စိတ်ထဲမှာ တင်းခနဲဖြစ်သွားမိပေမယ့် သူ့အပြစ်မဟုတ်ဘူးဆိုတာ ဆင်ခြင်မိတော့လည်း စိတ်လျှော့ လိုက်ပါတယ်။ သည်ကနေ့ထုတ်ဝေနေတဲ့ သတင်းစာ၊ ဂျာနယ်တွေ၊ ရုပ်သံလိုင်းတွေ ကြည့်လိုက်ရင် အဲဒီ ဗမာစကားလုံးဖြစ်တဲ့ ‘ခေါင်းကြီးပိုင်း’ ဆိုတဲ့ စာလုံးက တွေ့မှမတွေ့ရတော့တာ။ အဲဒီလိုပါပဲ Satire တို့၊ Article တို့၊ Feature တို့၊ Local News တို့၊ International News တို့၊ Sport News တို့၊ Entertainment တို့၊ Celebrity News တို့က နေရာပိုယူထားကြတာမို့ အဲဒါတွေကို ဗမာလို ဘယ်လို ခေါ်သလဲလို့ မေးတဲ့ကလေးတွေ ရှိတော့လည်း ဆန်းတော့မဆန်းပါဘူး။ ဘာသာစကား ဆိုတာ မွေးကတည်းက တတ်လာတာမဟုတ်ဘဲ ကိုယ့်ပတ်ဝန်းကျင်ကနေပဲ သင်ယူရတာမျိုးမဟုတ်လား။ ကျွန်တော်ကတော့ နောင် အနှစ် ၂၀၊ ၃၀ မှာဖြစ်နေမယ့် ဗမာဘာသာစကားရဲ့ပုံစံ...

အိုင်းစတိုင်းကွယ်လွန်ခြင်း ၆၅ နှစ်ပြည့် - အိုင်းစတိုင်းနှင့်မိန်းမများ

Genius Season 1 မှ ဇာတ်ဝင်ခန်းတစ်ခု “I would never have achieved anything without her. She was the love of my life.” ၂၀၂၀ ဧပြီ ၁၈ ရက်ဟာ ကမ္ဘာကျော်သိပ္ပံပညာရှင်ကြီး အဲလဘတ် အိုင်းစတိုင်း (ဂျာမန်အသံထွက် အိုင်းရှတိုင်း) ကွယ်လွန်တာ ၆၅ နှစ်ပြည့်မြောက်တဲ့နေ့ဖြစ်ပါတယ်။ အိုင်းစတိုင်းအကြောင်းကိုတော့ အထူးတလည် ပြောပြ နေစရာလိုမယ်မထင်ပါဘူး။ မည်သူမဆို သူ့အကြောင်း၊ သူ့ရဲ့ရူပဗေဒထောက်တိုင်ကြီးဖြစ်တဲ့ relativity theory ပဲဖြစ်ဖြစ် E=mc 2  အကြောင်းပဲဖြစ်ဖြစ် အင်တာနက်မှာအလွယ်တကူ ရှာဖွေတွေ့ရှိနိုင်ပါတယ်။ အခုက အိုင်းစတိုင်းအကြောင်း ပြောပြဖို့မဟုတ်ပါဘူး။ သူကွယ်လွန်တဲ့နှစ်ပတ်လည် နေ့မှာ သူ့အကြောင်းရိုက်ထားတဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲတစ်ခုအကြောင်းပြောပြချင်လို့ပါ။ ဒီဇာတ်ကားကတော့ National Geographic က ရိုက်ကူးတဲ့ Genius Season တွေထဲက ပထမဆုံးဖြစ်တဲ့ ဇတ်လမ်းတွဲဖြစ်ပြီး အိုင်းစတိုင်းရဲ့ဘဝအကြောင်းကို Walter Isaacson ရေးသားတဲ့ Einstein: His Life and University ဆိုတဲ့ အတ္ထုပ္ပတ္တိစာအုပ်အပေါ် အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ အပိုင်း ၁၀ ပိုင်းပါပါတယ်။ (Season 2 ကတော့ ကမ္ဘာကျော်ပန်းချီဆရာ ပက်ဘလို ပီကာဆိုအကြေ...