Skip to main content

အိုင်းစတိုင်းကွယ်လွန်ခြင်း ၆၅ နှစ်ပြည့် - အိုင်းစတိုင်းနှင့်မိန်းမများ

Genius Season 1 ရဲ့ဇာတ်ဝင်ခန်းတစ်ခု
Genius Season 1 မှ ဇာတ်ဝင်ခန်းတစ်ခု



“I would never have achieved anything without her. She was the love of my life.”

၂၀၂၀ ဧပြီ ၁၈ ရက်ဟာ ကမ္ဘာကျော်သိပ္ပံပညာရှင်ကြီး အဲလဘတ် အိုင်းစတိုင်း (ဂျာမန်အသံထွက် အိုင်းရှတိုင်း) ကွယ်လွန်တာ ၆၅ နှစ်ပြည့်မြောက်တဲ့နေ့ဖြစ်ပါတယ်။ အိုင်းစတိုင်းအကြောင်းကိုတော့ အထူးတလည် ပြောပြ နေစရာလိုမယ်မထင်ပါဘူး။ မည်သူမဆို သူ့အကြောင်း၊ သူ့ရဲ့ရူပဗေဒထောက်တိုင်ကြီးဖြစ်တဲ့ relativity theory ပဲဖြစ်ဖြစ် E=mc2 အကြောင်းပဲဖြစ်ဖြစ် အင်တာနက်မှာအလွယ်တကူ ရှာဖွေတွေ့ရှိနိုင်ပါတယ်။ အခုက အိုင်းစတိုင်းအကြောင်း ပြောပြဖို့မဟုတ်ပါဘူး။ သူကွယ်လွန်တဲ့နှစ်ပတ်လည် နေ့မှာ သူ့အကြောင်းရိုက်ထားတဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲတစ်ခုအကြောင်းပြောပြချင်လို့ပါ။

ဒီဇာတ်ကားကတော့ National Geographic က ရိုက်ကူးတဲ့ Genius Season တွေထဲက ပထမဆုံးဖြစ်တဲ့ ဇတ်လမ်းတွဲဖြစ်ပြီး အိုင်းစတိုင်းရဲ့ဘဝအကြောင်းကို Walter Isaacson ရေးသားတဲ့ Einstein: His Life and University ဆိုတဲ့ အတ္ထုပ္ပတ္တိစာအုပ်အပေါ် အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ အပိုင်း ၁၀ ပိုင်းပါပါတယ်။ (Season 2 ကတော့ ကမ္ဘာကျော်ပန်းချီဆရာ ပက်ဘလို ပီကာဆိုအကြောင်းဖြစ်ပြီး Season 3 ကိုတော့ အမေရိကန် လူမည်းအမျိုးသမီး အဆိုရှင်၊ သီချင်းရေးဆရာမ၊ သရုပ်ဆောင်၊ စန္ဒယားတီးခတ်သူနဲ့ civil rights activist အာရီသာ ဖရန်ကလင် (Aretha Franklin) အကြောင်းဖြစ်ပြီး ၂၀၂၀ နှောင်းပိုင်းမှာ ဖြန့်ချိမယ်လို့ ဆိုပါတယ်။)

မူရင်းစာအုပ်ကို မဖတ်ဖူးပေမယ့် ရုပ်ရှင်ကိုကြည့်ရင်းနဲ့ စိတ်ထဲမှာပေါ်လာတာ တစ်ခုက အမျိုးသမီးတွေကို ဒီ ကား ကြည့်စေချင်စိတ် ပေါက်လာတာပါပဲ။ အမျိုးသားတွေကိုလည်း အလားတူ ကြည့်စေချင်ပါတယ်။ ဒါပေမဲ့ အမျိုးသမီးတွေကို ပိုပြီးကြည့်စေချင်ပါတယ်။ အထူးသဖြင့် feminism ဘက်ကိုပိုယိမ်းတဲ့ အမျိုးသမီးတွေကိုပါ။


ဒီ Genius Season 1 ဟာ အိုင်းစတိုင်းရဲ့ငယ်ဘဝကနေ သေတဲ့အထိ ရိုက်ကူးပြထားတာဆိုပေမဲ့ အဲဒီအထဲကမှ အိုင်းစတိုင်းရဲ့ဘဝမှာ ပါဝင်ပတ်သက်တဲ့ အမျိုးသမီးတွေအကြောင်းကို အထူးလေ့လာကြည့်မိ ပါတယ်။ ပါရမီရှင်၊ ၂၀ ရာစုရဲ့အကြီးကျယ်ဆုံးသော သိပ္ပံပညာရှင်လို့ သမုတ်ကြတဲ့ အိုင်းစတိုင်းဟာ အိမ်ထောင် နှစ်ခါကျဖူးပါတယ်။ ပထမဇနီးကတော့ ဆားဘီးယားသူ ဆလပ်ဗ်မျိုးနွယ်ဝင် မီလေဗာ (Mileva Maric) ဖြစ်ပါတယ်။ အိုင်းစတိုင်းထက် ၄ နှစ်ကြီးပါတယ်။

ထက်မြက်တဲ့သူတွေဟာ အချင်းချင်းဆွဲငင်တတ်ကြတဲ့သဘောကြောင့်ထင်ပါတယ်။ ဇူးရစ် ပိုလီတက္ကနစ် မှာ တက်နေတဲ့ အိုင်းစတိုင်းဟာ သူ့အတန်းထဲက တစ်ဦးတည်းသော မိန်းကလေးအတန်းဖော် မီလေဗာကို စွဲလန်း နှစ်သက်သွားခဲ့ရာမှာ သူ့ကိုသဘောကျတဲ့၊ သူကလည်း သဘောကျခဲ့ဖူးတဲ့၊ မိဘတွေကလည်း သဘောတူတဲ့ မာရီ ဗင်တလာဆိုတဲ့ အမျိုးသမီးကို ထားခဲ့တဲ့အထိပါပဲ။ အိုင်းစတိုင်းဟာ တစ်ချိန်လုံး ရူပဗေဒသဘောတရား တွေကိုပဲ စဉ်းစားနေတဲ့သူဆိုတော့ သူနဲ့အတူလိုက်ပြီး သူ့လိုသီအိုရီတွေ လိုက်စဉ်းစားပေးနိုင်တဲ့ မီလေဗာကို သူ့အတွက် partner လို့ မြင်မိတာမဆန်းပါဘူး။

အိုင်းစတိုင်းနှင့် မီလေဗာအဖြစ်သရုပ်ဆောင်ကြတဲ့ Johnny Flynn & Samantha Colley

မီလေဗာဟာ ငယ်စဉ်ကတည်းက သင်္ချာနဲ့ရူပဗေဒမှာ ထူးချွန်တဲ့ဗီဇပါရမီကို ပြသခဲ့လို့ သူ့ဖခင်က သူ့သမီးကို ခေတ်နဲ့ဆန့်ကျင်ပြီး (အဲဒီခေတ်က မိန်းကလေးတွေနဲ့မဆိုင်ဘူးလို့ သတ်မှတ်ထားတဲ့) လောကဓာတ်ပညာ တွေကို သင်စေပါတယ်။ အစကတော့ကျောင်းတွေက မီလေဗာကို မိန်းကလေးဖြစ်လို့ သိပ်လက်မခံချင်ပါဘူး။ ယောက်ျားလေးတွေချည်းရှိတဲ့ ကျောင်းကျပြန်တော့လည်း သူ့ကိုဝိုင်းစတာ နောက်တာ ခံရပြန်ပါတယ်။ အထူးသဖြင့် မီလေဗာမှာ ခြေတစ်ဖက်မသန်တဲ့အားနည်းချက်လည်း ရှိပြန်ပါတယ်။

ရည်မှန်းချက်ကြီးမားတဲ့ မီလေဗာဟာ အစမှာ အိုင်းစတိုင်းကို ရှောင်ဖယ်လုပ်နေခဲ့ပေမဲ့ နောက်ပိုင်း တဖြည်းဖြည်း အရည်ပျော်ပြီး အိုင်းစတိုင်းအတွက် အရာရာကိုပုံအောပေးခဲ့ရာမှာ စာမေးပွဲကျတဲ့ အထိပါပဲ။ ဒါ့ပြင် စာမေးပွဲပြီးလို့ မိဘအိမ်အပြန်မှာ ဗိုက်တစ်လုံးလည်းပါသွားခဲ့ပါတယ်။ အရှက်အကွဲခံ အစဉ်အလာကို ဆန့်ကျင်ပြီး ကလေးကိုမွေးခဲ့ရပေမယ့် ဒီကလေးက အဖတ်မတင်ခဲ့ပါဘူး။

နောက်တော့ အိုင်းစတိုင်းနဲ့မီလေဗာတို့ လက်ထပ်ကြတယ်။ စိတ်တူကိုယ်တူ ဝါသနာတူ၊ တစ်ဦးကိုတစ်ဦး ပါရမီဖြည့်ဖက်တွေအဖြစ်နဲ့ ဘဝကိုလျှောက်လှမ်းကြတော့မယ့် သိပ္ပံပညာရှင်စုံတွဲပေါ့။ ဒါပေမဲ့ သူတို့ဘဝထဲ မမျှော်လင့်တာတွေဖြစ်လာခဲ့ပါတယ်။ အဲဒါကတော့ အိမ်ထောင်သည်ဘဝရဲ့ လှိုင်းတံပိုးတွေနဲ့ ပတ်ဝန်းကျင်က အိမ်ထောင်ရှင်မတွေအပေါ်ထားတဲ့ စံသတ်မှတ်ချက်ဖိအားတွေပါပဲ။ သားယောက်ျားလေးနှစ်ယောက် မိခင် မီလေဗာဟာ အိုင်းစတိုင်းရဲ့သိပ္ပံပညာမျက်နှာစာအတွက် အဖော်ကောင်းဖြစ်ပေမဲ့ တစ်ဖက်ကကျတော့လည်း အိမ်ထောင်ကိုမထိန်းသိမ်းနိုင်သူ စိတ်မဝင်စားသူအဖြစ် ယောက္ခမရဲ့အမြင်စောင်းခြင်းကို ခံရပြန်တယ်။

လူမမည် ကလေးနှစ်ယောက်ရယ်၊ သူ့အလုပ်ကလွဲရင် ဘာကိုမှစိတ်မဝင်စားတဲ့ လင်ယောက်ျားရယ်အတွက် သူ့အိပ်မက်တွေကိုစွန့်လွှတ်လိုက်ရတဲ့ မီလေဗာဟာ မပျော်မရွှင်ဖြစ်လာသလို အိုင်းစတိုင်းနဲ့လည်း အိမ်ထောင်ရေး မသာယာတော့ဘူး။ အိုင်စတိုင်း ခုလို အောင်မြင်ထင်ရှားတဲ့ သိပ္ပံပညာရှင်ဖြစ်လာတဲ့ ခရီးလမ်းမှာ မီလေဗာရဲ့ ကူညီမှုတွေဟာ အဓိကအရေးပါပေမဲ့လို့ သူဟာ မေ့လျော့ခံနေရ၊ အသိအမှတ် အပြု မခံရသူရယ်လို့ ခံစားမိလာရသလို သူ့ရဲ့မိန်းမသားအဖြစ်ကိုလည်း စိတ်ပျက်လာဟန်ရှိပါတယ်။ ဒါကိုတော့ အိုင်းစတိုင်း ပရပ်ဂ်မှာ အလုပ်ရလို့ ယောက်ျားနောက်လိုက်သွားရမယ့် မီလေဗာတစ်ယောက် သူ့အမေနဲ့ အချီအချစကားပြောခန်းမှာတွေ့နိုင်ပါတယ်။

အိုင်းစတိုင်းနှင့် မီလေဗာ 


မီလေဗာ - Why should I be happy in a new city? It will just be more of the same. Wash dishes, change diapers, buy groceries. I might as well be – a mule tied to a cart. When do I get to use my mind?

သူ့အမေ - You should count your blessings. There was a time I thought you would never have a man at all.

မီလေဗာ - Maybe I would have been better off without one.

အဲဒီခေတ်က ဆေးပညာရဲ့အမြင်ကိုလည်း ဆရာဝန်က မီလေဗာကို ပြောတဲ့စကားမှာ တွေ့နိုင်ပါတယ်။ မီလေဗာကိုကြည့်ပြီး ဆရာဝန်က ခင်ဗျား hysteria ဖြစ်နေလိမ့်မယ်လို့ ပြောတယ်။ နောက်ပြီး မေးတယ်။

ဆရာဝန် - Are you having relations with your husband?
မီလေဗာ - Excuse me?
ဆရာဝန် - It is a medical fact: a woman’s organs do not function properly if she’s not meeting her husband’s needs.

မီလေဗာလည်း သူ့ယောက်ျားနဲ့သူနဲ့ကြားက ပျောက်ဆုံးနေတဲ့ အချိုသကာလေးတွေ ပြန်တွေ့အောင် ကြိုးစား ပြန်ပါသေးတယ်။ ဒါပေမဲ့လည်း အိမ်ထဲမှာပဲနေရတဲ့မိန်းကလေးတွေနည်းတူ ယောက်ျားအပေါ်မှာ သံသယဝင်တာ၊ သဝန်တိုစွပ်စွဲတာတွေ မကင်းတော့ အဆင်မပြေဘူး။ (အိုင်းစတိုင်းကလည်း မိန်းမစွံဟန်၊ ပွေဟန်ရှိတယ်)။ ဒါ့ပြင် ပရပ်ဂ်မှာရှိတုန်း မင်းပွဲစိုးပွဲ သဘင်တွေမှာလည်း သူ့ယောက်ျားက သူ့ကိုပွဲမထုတ်လို့ခံစားရတော့ စိတ်ကျဟန်တူပါတယ်။










အိုင်းစတိုင်းရဲ့သားနှစ်ယောက်ဟာလည်း မသာယာတဲ့ သူတို့အိမ်ထောင်ရေးကြားမှာ မြေစာပင်ဖြစ်ပြန် တယ်။ အထူးသဖြင့် အငယ်ကောင်ဟာဆိုရင် နောက်ပိုင်း စိတ်ရောဂါဆေးရုံမှာပဲ တစ်သက်လုံးနေသွားရတဲ့အထိ သူ့အဖေအပေါ် နာကျည်းစိတ်က ပြင်းထန်ခဲ့တယ်။

တစ်နေ့တော့ အိုင်းစတိုင်းဟာ သူ့ရဲ့ဒုတိယဇနီးဖြစ်လာမယ့် အဲလ်ဆာ (Elsa) နဲ့ ဘာလင်မှာ ပြန်ဆုံကြတယ်။ အဲလ်ဆာက တစ်ခုလပ်ကလေးအမေ။ အိုင်းစတိုင်းရဲ့ အဖေဘက်က မောင်နှမနှစ်ဝမ်းကွဲတော်ပြီး အမေဘက်က တစ်ဝမ်းကွဲတော်တယ်။ သူ့ထက် ၃ နှစ်ကြီးတယ်။ သားတော်မောင် မိန်းမရ ကံမကောင်းဘူး ဆိုပြီး ကြေကွဲနေတဲ့ သူ့အမေက အဲလ်ဆာကို ခုလိုပြောတယ်။

Poor Albert, he’s been so miserable in Prague.

It’s his wife. He’d never admit, but he – regrets the day he married her.

ဘာလင်မှာရောက်တုန်း အိုင်းစတိုင်းကို ကရုဏာသက်တဲ့ အဲလ်ဆာနဲ့ အိုင်းစတိုင်းဟာ ငြိသွားကြတယ်။ အဲလ်ဆာက မီလေဗာလိုတော့ ထူးချွန်ထက်မြက်တဲ့ ခေတ်ပညာတတ်မိန်းမတော့မဟုတ်ဘူး။ ဒါပေမဲ့ သူတို့ခေတ် သူတို့အခါနဲ့ဆိုရင်တော့ အိမ်ထောင်ရှင်မကောင်းဆိုရမလား။ အချက်အပြုတ်ကောင်းတယ်၊ အချုပ်အလုပ်တော်တယ်။ အိုင်းစတိုင်းကိုလည်း ဂရုစိုက်တယ်။ ကြောင်ခံတွင်းပျက်နဲ့ ဆက်ရက်တောင်ပံ ကျိုး တွေ့ကြတာပေါ့။

Elsa - Is she (Mileva) always like you? Always thinking about big ideas? Never remembering to take care of little things?

Einstein: I’ve a friend, a psychiatrist (Carl Jung ကိုဆိုလို), who thinks that husbands and wives’ psyches must be in balance. Mileva and I certainly are not.

အတိုချုပ်ရရင်တော့ အဲလ်ဆာနဲ့ အိုင်းစတိုင်းတို့အကြောင်း မီလေဗာသိသွားတယ်။ ဒါပေမဲ့ အိုင်းစတိုင်းကို သူက ကွာမပေးဘူး။ အိုင်းစတိုင်းကလည်း သူကွာမပေး ပေးချင်အောင် အပေးအယူလုပ်တယ်။ သူ့ကို ချက်ပြုတ်ပေးရမယ်၊ ကလေးက သူအလုပ်လုပ်နေတုန်း လာရှုပ်နေရင် ချက်ချင်းလာခေါ်ရမယ်၊ သူက နားမထောင်ချင်ဘူးပြောတာနဲ့ စကားပြောတာကိုချက်ချင်းရပ်ပြီးထွက်သွားရမယ် စသည်ဖြင့်ပေါ့။ မီလေဗာကလည်း ကွာမပေးချင်တာနဲ့ပဲ ခေါင်းမာမာနဲ့ရှင်တောင်းဆိုတာအကုန်သဘောတူတယ်ဆိုပြီး လုပ်လိုက်တယ်။ ဒီလိုနဲ့ အိုင်းစတိုင်းဟာ မီလေဗာနဲ့ကွာဖို့ ငါးနှစ်လောက်စောင့်လိုက်ရတယ်။ ဒါတောင် နောက်ဆုံး သူ နိုဗဲလ်ဆုရခဲ့ရင် သူရတဲ့ဆုကြေးငွေအကုန်လုံးကို သူ့သားနှစ်ယောက်အတွက် ဂေါပကအဖွဲ့ ဖွဲ့ပြီး အပ်ထားမယ်၊ မယားစရိတ်ဘယ်လောက်ထောက်ပါ့မယ် စတဲ့ကတိတွေပေးပြီးတော့မှရတာပါ။

မီလေဗာဟာ သနားဖို့ကောင်းပါတယ်။ အထူးသဖြင့်တော့ သူ့လိုမျိုးရှားပါးတဲ့အမျိုးသမီးပါရမီရှင် မာရီ ကျူရီ နဲ့ နှိုင်းယှဉ်ရင်ပေါ့။ မာရီ ကျူရီဟာ သူ့ယောက်ျား ပီယဲ ကျူရီနဲ့အတူ ရေဒီယိုသတ္တိကြွခြင်း (radioactivity) ပတ်သက်ပြီး ရူပဗေဒ နိုဗဲလ်ဆု ရထားသူ။ သူတို့ အိုင်းစတိုင်းလင်မယားနဲ့လည်း ရင်းနှီးတယ်။ တစ်နေ့တော့ မီလေဗာနဲ့ မာရီ ကျူရီ စကားပြောနေကြတယ်။ တစ်ယောက်က လောကရဲ့အသိအမှတ်ပြုချီးကျူးခံယူမှုရဖို့ သားသမီးတွေရဲ့အချစ်ကို ဆုံးရှုံးခဲ့ရသူ။ တစ်ယောက်ကတော့ သားသမီးတွေရဲ့အချစ်ကိုရပြီး အိပ်မက်တွေကို စွန့်လွှတ်ခဲ့ရသူ။

မီလေဗာက မာရီကျူရီကို ခုလိုရင်ဖွင့်ပါတယ်။ သူလည်းပဲ နိုဗဲလ်ဆုရဖို့ မျှော်လင့်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။

Mileva: It seems foolish now, but once I dreamed that I might win a Nobel Prize, too. But then, life and … children. How did you do it all?

Marie Curie: I didn’t. My chidren hardly saw me. Now I’m afraid they hate me.

Mileva: I’m sorry. I didn’t realize.

Curie: You’re very lucky Mileva. Your children obviously adore you.

Mileva: My husband doesn’t. Not anymore. 

အိုင်းစတိုင်းနှင့် ဒုတိယဇနီး အဲလ်ဆာ


အိုင်းစတိုင်းဟာ အဲလ်ဆာနဲ့ယူရနိုးနိုးဖြစ်နေချိန် မာရီကျူရီဟာလည်း သူ့ယောက်ျား ပီယဲကျူရီ ကွယ်လွန်သွားပြီးနောက် အိမ်ထောင်ရှိယောက်ျားတစ်ယောက်နဲ့ တွဲနေတယ်လို့ သတင်းထွက်နေတဲ့ အတွက် သိပ္ပံပညာရှင်အသိုင်းအဝိုင်းက နှာခေါင်းရှုံ့ခံနေရချိန်လည်းဖြစ်ပါတယ်။ ဒါပေမဲ့သူ့စကားတစ်ခွန်းနဲ့ပဲ အိုင်းစတိုင်းဟာ အဲလ်ဆာကို လက်ထပ်ဖြစ်သွားသလား။

Einstein: don’t you think life is not worth living without someone to love?

Curie: Perhaps you’ll find someone else. The rumors about my affairs with … were true. I don’t feel any guilt about it. We fell in love. So, why should we have to deny our feelings just because of an old-fashioned social contract? You and I don’t accept all the rules and conventions of science. So, why must we accept traditional marriage?

အိုင်းစတိုင်းဟာ ခေတ်သစ်ရူပဗေဒနဲ့သိပ္ပံလောကကို ပြောင်းလဲပေးခဲ့တဲ့၊ ပြန်အစားမရနိုင်မယ့် ရှာမှရှားတဲ့ ပါရမီရှင်ကြီးဖြစ်ပေမဲ့ ဖခင်ကောင်း၊ လင်ကောင်းတစ်ယောက် မဖြစ်ခဲ့ဘူး။ အိုင်းစတိုင်းဟာ သူ့သီအိုရီတွေထဲမှာပဲ နစ်မြောနေသလောက် မိသားစုအတွက် နစ်မြောဖို့အချိန်ပေးဖို့ အချိန်အလွန် ရှားခဲ့သူ။ သူ့သားအကြီးကောင် ဟန်းစ်ဟာ အငယ်ကောင် အက်ဒွပ်လောက်မဆိုးပေမဲ့ သူလည်း သူ့အဖေနဲ့ပတ်သက်တဲ့ ခံစားချက်တွေကို မျိုသိပ်မထားနိုင်ခဲ့ပြန်ဘူး။

Hans: I’ve always hoped that just once in my life, you’d be absorbed with your family instead of your work. But we’re just a burden to you. … That’s why you are oblivious to the feelings of those closet to you, Papa. You’re so kind to so many people. But you have been so cruel to your own family.

ဇာတ်လမ်းအရ အိုင်းစတိုင်းရဲ့နောက်ဆုံးအချိန်တွေမှာ သူ့သား ဟန်စ်နဲ့ပြန်အဆင်ပြေအောင် လုပ်ပေးခဲ့သူဟာ လည်း မိန်းမတစ်ယောက်ပါပဲ။ အိုင်းစတိုင်းနဲ့ အဲလ်ဆာတို့ ဂျာမနီကနေ အမေရိကကို ပြောင်းရွှေ့ခိုလှုံပြီး အခြေချနေစဉ်နောက်ပိုင်း သူတို့အိမ်မှာ မိသားစုဝင်လိုဖြစ်လာခဲ့တဲ့ ဟယ်လင်ဆိုတဲ့ အိမ်တော်ထိန်း၊ အိုင်းစတိုင်းရဲ့ ကိုယ်ရေးအရာရှိ အမျိုးသမီးပါပဲ။

အဖေကို စိတ်နာနေတဲ့ သားဖြစ်သူဟန်စ်ကို ပြန်ဆက်သွယ်ဖို့ အဘိုးကြီးအိုင်းစတိုင်းကို တိုက်တွန်းနားချခဲ့သူဟာ ဟယ်လင်ပါပဲ။

Helen: You care so much about your legacy. About how you will be remembered by the world. But the world begins and ends in your own family.

ဒီလိုနဲ့သားအဖတွေ၊ မြေးအဘိုးတွေ ပြန်ပေါင်းထုပ်ကြတယ်။ မြေးတွေဆော့နေတာကိုကြည့်ရင်း ပြုံးနေတဲ့ အိုင်းစတိုင်းကို သူ့သားက (အဲဒီအချိန်မှာ မရှိတော့ပြီဖြစ်တဲ့ မိခင် မီလေဗာနဲ့ပတ်သက်လို့) မချိတင်ကဲ ပြောတယ်။

Hans - “And mother? You made her feel inconsequential, Papa. She told me she wasted her life.”

Einstein - “Your mother was the blood in my veins, but I was the thorn in her side. She was a great scientist, Hans, insatiably curious. I would never have achieved anything without her. She was the love of my life.”

ဒီဇာတ်ကားကို အမျိုးသမီးတွေကြည့်ရရင် ဘယ်လိုများမြင်ကြ၊ ခံစားကြမလဲ။ မီလေဗာဟာ အချိန်မှား နေရာမှားပြီး မွေးလာခဲ့တယ်လို့ မြင်မလား။ သို့မဟုတ် အိုင်းစတိုင်းဆိုတဲ့ မဟာပုဂ္ဂိုလ်ကျော်ကြီး ဖြစ်လာဖို့ရာ အတွက် ပံ့ပိုးပေးဖို့သက်သက် မွေးဖွားလာခဲ့တယ်လို့ မြင်မလား။ အိမ်ထောင်မပြုခဲ့ရင် သူလည်း ကမ္ဘာမှာ ကမ္ဗည်းထိုးခံရတဲ့ အာဂမိန်းမတစ်ယောက်ဖြစ်နေမှာပေါ့လို့ မြင်မလား။ သို့တည်းမဟုတ် လူ့လောကမှာ တစ်ခုခုကိုရဖို့ တစ်ခုခုကိုအမြဲပေးဆပ်ရတယ်လို့ ဆိုလေမလား။

သို့တည်းမဟုတ်

လောကကြီးဟာ မတရားဘူးလို့ပဲ သတ္တုချလေမလား…



Comments

  1. သိပ်ကောင်းတဲ့ သုံးသပ်ချက်လေးပါ ကျွန်တော်ကတော့ မ ဝါဒ ရှုထောင့်ထက် ကိုယ့် ကိုယ်ပိုင် ဘဝ ကို တနည်းတဖုံ ပုံဖော်ဖို့ ဆန္နပြင်းပြတဲ့ ပုဂ္ဂလိက တဦးချင်းမှာ ကြုံရနိင်တဲ့ ဒွိဟ တရား်တခုလို့ မြင်ပါတယ် ကိုယ်ဟာ လူ့တာဝန်ကျေတဲ့ သာမန်လူသားတယောက်လုပ်မလား လူ့အဖွဲ့အစည်းရဲ့ တန်ဖိုးတွေကို ဂရုမစိုက်တဲ့ ထူးချွန်ထက်မြက်တဲ့ လူတယောက်လုပ်မလား ကိုယ့်ရွေးချယ်မှုပါပဲ ဒါပေမယ့် ဒီ ရွေးချယ်မှု က သိပ်ကို တန်ဖိုးကြီးတဲ့ အလောင်းအစားတခုဆိုတာတော့ သေချာပါတယ် ဘာကြောင့်ဆို လူတိုင်းက အိုင်းစတိုင်း တို့ မောင်ချောနွယ်တို့ မဟုပ်ကြလို့ပါပဲ

    ReplyDelete

Post a Comment

စာဖတ်သူတို့၏ သဘောထားမှတ်ချက်များကို ကြိုဆိုပါသည်။ စာတစ်ပုဒ်ချင်းစီအလိုက် သင်တို့၏ထင်မြင်ယူဆချက်များ၊ အတွေးပေါ်မိသည်များကို လွတ်လွတ်လပ်လပ် ရေးသားနိုင်ပါသည်။

ဝေယံဘုန်း

အဖတ်အများဆုံး

အာရှ ယဉ်ကျေးမှုတန်ဖိုးများနှင့် အစိမ်းရောင်မူဝါဒ နိုင်ငံရေး - ဗုဒ္ဓဝါဒရှုထောင့်မှချဉ်းကပ်ခြင်း

 နိဒါန်း အာရှသား အစိမ်းရောင်သမားတွေဟာ အနောက်တိုင်းသား အစိမ်းရောင်သမားတွေရဲ့ စဉ်းစားကြံစည် လုပ်ကိုင်ပုံတွေကို ပုံတူကူးရုံပဲဆိုရင်တော့ အာရှတိုက်မှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒ နိုင်ငံရေးဟာ ကျရှုံးမှာပါပဲ။ ရှေ့မှာလည်း နမူနာတွေရှိထားပါတယ်။ ဒေသတွင်းနိုင်ငံတွေမှာတွေ့ရတဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်နဲ့ ဆိုရှယ်လစ်မူဝါဒရေးရာတွေကို ကြည့်ရင်လည်း ရလဒ်တွေဆိုးရွားလေ့ရှိတာ မြင်ရမှာပါ။ ကျွန်တော်တို့အာရှမှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒအားပြုနိုင်ငံရေးကို အနှစ်အသား ပြည့်ပြည့်နဲ့ အောင်မြင်တာ မြင်ချင်တယ်ဆိုလို့ရှိရင်တော့ လုပ်ရမှာက သီးခြား အစိမ်းရောင်အယူအဆတွေနဲ့ အလေးအနက်ထား ပေါင်းစပ်ဖို့အတွက် အာရှရဲ့ ယဉ်ကျေးမှုဇာစ်မြစ်တွေထဲက သင့်လျော်မယ့် အစိတ်အပိုင်းတွေကို စေ့စေ့စပ်စပ် လိုက်ရှာဖွေဖို့ပဲဖြစ်ပါတယ်။ ဒီ ဆောင်းပါးမှာဆွေးနွေးမှာကတော့ အာရှရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို ဘာဖြစ်လို့ ပစ်ပယ်လို့မရဘူးလဲဆိုတာ၊ အဲဒီ တန်ဖိုးတွေက ဘာတွေလဲ ဆိုတာ၊ အာရှတိုက်မှာရော အာရှတိုက်ကြီးအတွက်ရော သီးခြားအသွင်ဆောင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖန်တီးရာမှာ အဲဒီတန်ဖိုးတွေက ဘယ်လိုအကူအညီဖြစ်မလဲဆိုတာတွေပဲဖြစ်ပါတယ်။  အခုဆောင်းပါး...

အာဇာနည်နေ့နှင့် ခံစားမိသည့် ဆရာဇော်ဂျီ၏ကဗျာ

ဇူလိုင်လ ၁၉ ရက်နေ့သည် အာဇာနည်နေ့ဖြစ်သည်။ အာဇာနည်နေ့ကို ရောက်တိုင်း ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား ပြည်သူအပေါင်းက သတိတရ ရှိကြ လေသည်။ လွန်ခဲ့သော ၆၃ နှစ်၊ ဤနေ့ ဤရက်က ဆိုလျှင်ဖြင့် မြန်မာနိုင်ငံ တစ်ဝန်းလုံး လှည်းနေလှေအောင်း မြင်းဇောင်း မကျန်သော ပြည်သူအပေါင်း တို့သည် အပြင်မှာ သူတို့ လူကိုယ်တိုင် မြင်ဖူးချင်မှ မြင်ဖူးမည်ဖြစ်သည့်၊ စကားပြောဖူးချင်မှ ပြောဖူးမည်ဖြစ်သည့် အာဇာနည် ခေါင်းဆောင်ကြီးများ အတွက် ဖြေမဆည်နိုင် မျက်ရည် ဖြိုင်ဖြိုင် ကျခဲ့ကြဖူးလေသည်။ လောကတွင် လူတို့သည် မိမိချစ်ခင်ရသော ဆွေမျိုးသားချင်း၊ ညီအစ်ကိုမောင်နှမများနှင့် ခွဲခွာရ၍ ငိုကြွေးတတ်သည်မှာ သဘာဝကျသော်လည်း ကိုယ်နှင့်သွေးမတော် သားမစပ်၊ ရင်းနှီးကျွမ်းဝင်ခြင်းမရှိသော လူတစ်ယောက် (သို့မဟုတ်) လူတစ်စုအတွက် ငိုကြွေးကြသည်မှာ အဘယ်ကြောင့်နည်း။ ဘဝတွင် မိမိ၏ မိဘ၊ ဆွေမျိုး၊ ဇနီးခင်ပွန်း၊ သားသမီးတို့အတွက် ငိုကြွေးခြင်းက သံယောဇဉ်ကြောင့် ဖြစ်ပြီး အာဇာနည်တို့အတွက် ငိုကြွေးခြင်းကမူ ထိုသူတို့အပေါ် မိမိထားသည့် တန်ဖိုးတစ်ခုကြောင့်၊ (တစ်နည်း) အစားထိုးမရသော ဆုံးရှုံးမှုအတွက်ကြောင့် ဖြစ်သည်။ ငိုကြွေးတာချင်း တူသော် လည်း ငိုကြွေး ပုံချ...

နယူးယီးယားဟာသ

နှစ်တစ်နှစ်ကုန်တော့မယ်ဆိုတိုင်း ကျနော်တို့တတွေ ပြက္ခဒိန်အသစ်ကို ချိတ်ကြ ရှေ့တစ်နှစ်စာ ဟောစာတမ်းတွေ ဟိုလှန် သည်ပွတ် ဖတ်ကြ ဒီနှစ်ထက် ရှေ့နှစ်က ကံပိုကောင်းမှာလား ချောင်းကြည့်ကြ။  တကယ်တော့လည်း ခုနှစ်ဟောင်းဆိုတာကိုက  တစ်ချိန်တုန်းက နှစ်သစ်ပဲမဟုတ်လား အဲသည်တုန်းကလည်း  ခု မလိုချင် စွန့်ခွာထွက်ပြေးချင် မြန်မြန်ကုန်ဆုံးနေစေချင်တဲ့ နှစ်ဟောင်းကိုပဲ မနှစ်တုန်းက  “လာပါတော့ အခါခါမော့ မာလာဖော့ မျှော်ပေါ့လေးနာရီ” လုပ်ခဲ့ကြ။ ရင်ခုန်ခြင်းများစွာနဲ့ ကြိုဆိုခဲ့ကြ ဝိုင်ခွက်တွေ တိုက်ခဲ့ကြ ဘီယာတွေ စီးဆင်းခဲ့ကြ အသားကင်တွေ၊ ငါးသံပရာတွေ အကြော်တွေအလှော်တွေ မီးရှူးတွေ မီးပန်းတွေနဲ့ပဲ  ကြိုဆိုခဲ့ကြ။  နှစ်သစ်ထဲဝင်ပြီး ပထမကွာတားလောက်ရောက်တော့ ရင်ခုန်သံတွေ အေးစက်ခဲ့၊ နှေးကွေးခဲ့ကြ မောပန်းနွမ်းနယ်လာခဲ့ကြ နုံးချိမောဟိုက်လာခဲ့ကြ အားတင်းကြရ၊ အချင်းချင်းအားပေးကြရ ဟောစာတမ်းတွေ မှန်တာတွေလည်းရှိ လွဲတာတွေလည်းရှိ ဘယ်နှလကျန်သေးတယ်၊ လက်ကျန်ကာလမှာ ဘာဖြစ်ဦးမယ်ရယ်လို့ ရက်လရှင်းတမ်းမှာ ကံဇာတာကြွေးကျန်ကို ပေသီးခေါက်ကြ။  ရယ်ကြ၊ မောကြ။ အားဖြည့်ကြ။ ရေဖြည့်ကြ။  နိုဝင်ဘာ၊ ဒီဇင်ဘာရောက်တော့ ကောင်းကျိုးမ...

‘တဏှာထက်ကြီးသောမြစ် မရှိ’ - ဆယမ်၏ များများထုတ်များများသုံးဝါဒကို ဗုဒ္ဓရှုထောင့်မှဝေဖန်ခြင်း

“ဖွံ့ဖြိုးမှု (တိုးပွားခြင်း) ဆိုတဲ့ စကားကို ပါဠိဘာသာနဲ့ ‘ဝဍ္ဎန’ လို့ ခေါ်ပါတယ်။ များပြားခြင်း လို့ အဓိပ္ပာယ်ရတယ်။ ကောင်းတဲ့အရာတွေ များပြားတာဖြစ်နိုင်သလို ပြဿနာ၊ ဒုက္ခဆင်းရဲ၊ ပဋိပက္ခတွေ များပြားတာလည်း ဖြစ်နိုင်တယ်။ ဒီနေ့ကမ္ဘာမှာတော့ ဖွံ့ဖြိုးမှုဆိုတာရဲ့ အဓိပ္ပာယ်ဟာ ကမ္ဘာကြီးမှာ အသိဉာဏ်ပညာကို လျစ်လျူရှုပြီး ရုပ်ဝတ္ထုပစ္စည်းတွေနောက်ပဲ လိုက်နေကြ ပေါများပြည့်လျှံနေကြတယ်ဆိုတဲ့ အဓိပ္ပာယ်ရတယ်။” ဒီ စကားကို မိန့်ကြားခဲ့သူကတော့ ဆယမ်* ဗုဒ္ဓဘာသာရဟန်းတော်တပါးလည်းဖြစ် အတွေးအခေါ်ရှင်လည်း ဖြစ်တဲ့ အရှင် ဗုဒ္ဓဒါသဘိက္ခုဖြစ်ပါတယ်။ ဒီ စကားပေါ်ကိုအခြေခံပြီး ဆရာ ဆုလက် ဆီဝရက်ဆက ဘာပြော သလဲဆိုတော့ များများတိုးထုတ်၊ များများသုံးစွဲဝါဒ (consumerism) က နောက်ဆုံးပေါ်မိစ္ဆာဘာသာပဲတဲ့။   ဒီ ဆောင်းပါးမှာတော့ ဆယမ်နိုင်ငံအပေါ် များများတိုးထုတ်၊ များများသုံးစွဲဝါဒရဲ့ ရိုက်ခတ်မှုအကြောင်းရယ်၊ ဆရာတော် ဗုဒ္ဓဒါသနဲ့ ဆရာဆုလက် ဆီဝရက်ဆတို့နှစ်ဦး ဟောပြောခဲ့တာတွေအပေါ် အခြေခံထားတဲ့ အမြင်သစ်၊ လမ်းကြောင်းသစ်တွေအကြောင်းရယ်ကို ဆွေးနွေးထားပါတယ်။ အဲဒီ ဆရာနှစ်ပါးဟာ ဆယမ် နိုင်ငံရဲ့ လူမှုအကျိုးပြုဗုဒ္ဓဘာသာရဲ့ ဗိသုကာတွေပါ။ ဒီ ဆောင်းပါးကို ...

သေမင်းနှင့်ရက်ချိန်းပြန်ယူခြင်း

ငါချစ်ခင်ရသူတွေ လေးစားရသူတွေ မြတ်နိုးရသူတွေ တဖြုတ်ဖြုတ်ကြွေသွားကြတော့ ငါ့မှာ သေမင်းနဲ့ပြန်တိုင်ပင်ရတယ်။ ရက်ချိန်းပြန်ယူဖို့မျက်နှာလုပ်ကြည့်တယ်။ ငါထားခဲ့ရမယ့်သူတွေ ငါ့မျက်နှာကိုကြည့်နေကြသူတွေ ငါအခုခံစားရသလို မခံစားစေချင်သေးဘူးလို့။  သေမင်းကပြောတယ်။ လူတိုင်းက ဒီလိုပဲပြောကြတာပဲ မင်းမို့လို့ အစဉ်အလာကိုဖောက်ဖျက်လိုက်ရင် ငါ မျက်နှာလိုက်ရာ ကျလိမ့်မယ် တဲ့။ ငါကပြန်ချေတယ်။ ခြွင်းချက်ဆိုတာလောကရဲ့ဓမ္မတာလို့။ ဆိုတော့ သူကပြောတယ် မင်းဟာခြွင်းချက်နဲ့ ထိုက်တန်ကြောင်း  ပရိုပိုဆယ် တင်ပါဦး၊ ငါကြည့်စမ်းမယ် တဲ့။ ငါဟာသစ်ပင်စိုက်ရဦးမှာလို့  ပြောလိုက်တော့ သူကရယ်တယ်။ ကမ္ဘာဟာခေါင်းတုံးဖြစ်တော့မယ်ဆိုမှ လူတွေဟာ မင်းလိုလူတွေနဲ့မတန်ပါဘူး။ မင်းတစ်ယောက်နဲ့ ဘာထူးမှာတုံး ...  နှမ်းတစ်လုံးနဲ့ဆီမဖြစ်ဘူးကွ တဲ့။ မဟုတ်ဘူး ... ငါကိုယ်တိုင်သစ်ပင်ဖြစ်မှာ သစ်ပင်နဲ့တူသောပုဂ္ဂိုလ်ဖြစ်မှာ ငါဟာအရိပ် ငါဟာအကိုင်းအခက် ငါဟာအသီးအပွင့်ဖြစ်မှာ။ ငါ့အရိပ်ကိုခိုသူတိုင်းဟာအေးမြနေမယ် ငါ့ရဲ့အသီးအပွင့်တွေကို ငှက်တွေကကိုက်ချီပြီး အရပ်ရှစ်မျက်နှာမှာ ပြန့်ပွားပေါက်ရောက်စေလိမ့်မယ်။ ငါဟာ လောကရဲ့နှစ်တစ်လုံးကနေ  ရာဝင်အိုးနဲ့ပြည့်...