Skip to main content

Posts

အသိအမှတ်ပြုခြင်းအနုပညာ (The art of appreciation)

ကျနော် လူမှန်းသိတတ်စကတည်းက အမေချက်ကျွေးတာကို စားခဲ့တာပဲ ဆိုပေမယ့် အမေ့လက်ရာကို စားတဲ့အခါတိုင်း ‘ဟာ ကောင်းလိုက်တာ အမေရယ်… ကျေးဇူးတင်လိုက်တာ’ ရယ်လို့ မပြောမိခဲ့ပါဘူး။ ဒါပေမဲ့ အမေ့လက်ရာကို ကျနော်ကြိုက်မှန်း အမေကတော့ သိတာပါပဲ။ ငယ်ငယ်က အပြင်ကနေ မောကြီး ပန်းကြီးပြန်လာတိုင်း ထမင်းအုပ်ဆောင်းကိုဖွင့်၊ ဆာဆာနဲ့တီးပြီဆိုရင် အမေက အနားကနေ လာရပ်ကြည့်ပြီး ‘ကောင်းလား စားလို့’ လို့ မေးရင်တော့ ကျနော်က ခေါင်းကို ခပ်သွက်သွက်ပြန်ညိတ်ပြတတ်တာမျိုး။ ကျနော်ကတော့ ဒါကို passive appreciation လို့ခေါ်ချင်တာပါပဲ။ စိတ်ထဲကတော့ အသိအမှတ်ပြုပြီးသား၊ နှုတ်ကတော့ အထူးတလည် ဆိုမနေတော့ဘူးဆိုတဲ့ အနေအထားပေါ့။ အဲဒါနဲ့ဆန့်ကျင်ဘက်ကတော့ active appreciation ပေါ့။ တစ်ဖက်သားက ကိုယ့်ကို လုပ်ကိုင်ကျွေးမွေးတာကို အသိအမှတ်ပြုတယ်၊ ကျေးဇူးတင် ကြောင်း ပြောမယ်၊ နှုတ်ကလည်းပြောမယ်၊ မျက်လုံးတွေနဲ့လည်းပြောမယ်။  ကျနော်တို့ယဉ်ကျေးမှုမှာ တစ်ပါးသူရဲ့ လက်ရာ၊ တစ်ပါးသူရဲ့ ကူညီမှုကို active appreciation နည်းနဲ့ အသိအမှတ်ပြုတာမျိုးက ရှားသလား လို့ တဖြည်းဖြည်းသတိပြုမိလာပါတယ်။ လမ်းသွားရင်း ပစ္စည်းတစ်ခု ပြုတ်ကျသွားလို့ ပြန်ကောက်ပေးလိုက်တိုင်း ‘ကျေးဇ...

အတိတ်ရဲ့အရိပ်

သူကပရိုဘောက်စ်လေးကိုလက်တားလိုက်လို့ကားရပ်၊ မှန်ချပြီးဈေးစကားစပြောစဉ်မှာပဲကားဆရာကိုသူစသတိထားမိတာပဲ။ သူထင်ထားသူများဖြစ်လေမလားပေါ့။ ဒါနဲ့ပဲသူတောင်းတဲ့ဈေးကိုမဆစ်ဘဲသွားဖို့သဘောတူလိုက်တယ်။ ကားဆရာနဲ့စကားပြောချင်တဲ့အတွက်တမင်တကာနောက်ခန်းမထိုင်ဘဲခေါင်းခန်း၊ ဒရိုင်ဘာဘေးမှာဝင်ထိုင်လိုက်တယ်။ ကားစထွက်စဉ်ကတည်းကသူနဲ့ကားဆရာနဲ့စကားတပြောပြောပဲ။“ကားလမ်းတွေလည်းကျပ်လိုက်တာဗျာ…” “ဟုတ်ပါ့ဆွဲမကောင်းဘူးညီလေး ရေ…” “ဆီဈေးကခုဘယ်လောက်ဖြစ်နေပြီးတုံး” “ခုနကပဲတစ်လီတာကို(…) နှုန်းနဲ့ထည့်ခဲ့ တာကွ… လုပ်စားကိုင်စားလို့မကောင်းတော့ပါဘူးကွာ။” စကားပြောနေရင်းနဲ့လည်း ကားဆရာရဲ့မျက်နှာကို သူအကဲခတ်တယ်။ များသောအားဖြင့် ရှေ့ကိုပဲကြည့်မောင်းနေရတယ်ဆိုပေမဲ့ ပွိုင့်မိတဲ့အခါ၊ ရှေ့သိပ်ကြည့်စရာမလိုတဲ့အခါမှာ စကားပြောလို့ အရှိန်တက်နေတဲ့ကားဆရာဟာ သူ့ကိုဘေးတိုက်လှည့်ကြည့်ပြီး ပြောတယ်။ သူပဲလား… တူသလိုလိုပါပဲ၊ မျက်နှာ ပေါက်မျက်နှာကျ၊ ပြောဟန်ဆိုပေါက်။ လူတူမရှားဖြစ်နေတာများလား… ။ တကယ်တော့ကြာခဲ့ပြီပဲလေ။ ကြာဆိုဆယ်စုနှစ်တစ်ခုကျော်ကြာခဲ့ပြီဆိုတော့ မှတ်မိဖို့က မနည်းစဉ်းစားနေရတာပေါ့။ ဆယ်နှစ်ဆိုတဲ့အချိန်အတွင်းလူတစ်ယောက်ဟာ ရုပ်ရော၊ စိတ်ရောအများကြီး ပ...

ပျော်ရွှင်ခြင်းလမ်းစ

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ တောင်ကိုရီးယားနိုင်ငံရဲ့ ရုပ်ရှင်မင်းသမီးတစ်လက်ဖြစ်တဲ့ ဂျီအွန်မီဆွန် (Jeon Mi-sun) ဟာ သူ့ကိုယ်သူ အဆုံးစီရင်ခဲ့တယ်လို့ ယူဆရတဲ့အနေအထားမျိုးနဲ့ ကွယ်လွန်ခဲ့တယ်ဆိုတဲ့ သတင်းတွေကို ဖတ်ရပါတယ်။ နာမည်ကျော် အနုပညာရှင်တွေအပြင် သာမန် ပြည်သူတွေထဲကလည်း မကြာခဏ သေကြောင်းကြံစည်မှုတွေ များတဲ့ တောင်ကိုရီးယားနိုင်ငံမှာ ဒီမင်းသမီး သေကြောင်းကြံစည် သွားတာဟာလည်း အဆန်းတကြယ်တော့ မဟုတ်လှပြန်ပါဘူး။ ဒါပေမဲ့လည်း ကျနော်တို့ထက် အများကြီးချမ်းသာ ကြွယ်ဝတဲ့၊ လွတ်လပ်မှုလည်း ပိုမို ရရှိတဲ့ နိုင်ငံတစ်နိုင်ငံက အောင်မြင်ကျော်ကြားတဲ့၊ သူများတကာတွေ လေးစားအားကျရတဲ့ နောက်ထပ်လူသားတစ်ယောက် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ပြန်ခြင်းဟာ မေးခွန်းတွေမေးစရာ အများကြီးချန်ထားခဲ့ပြန်ပါတယ်။ တောင်ကိုရီးယားမှတင် မဟုတ်ပါဘူး၊ ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်နိုင်ငံမှာမဆို ကိုယ့်ကိုယ်ကိုယ် သေကြောင်း ကြံစည်မှုတွေဟာ အရင်ကလည်းရှိခဲ့၊ ခုလည်း ရှိနေ၊ နောင်လည်း အနည်းနဲ့အများဆိုသလို ရှိနေဦးမှာပါပဲ။ ဒါပေမဲ့ ဆင်းရဲပြီး စိတ်ရှုပ်စရာ ပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့ ပြည့်နေနဲ့ ကျနော်တို့ မြန်မာနိုင်ငံလို နိုင်ငံမျိုးက သာမန်ပြည်သူတစ်ယောက်အန...

မောင် မိုး သက်

မောင် ကိုယ့်ကိုယ်ကိုယ် ကံအကောင်းဆုံးလို့ထင်တဲ့အချက်ကတော့ ကျွန်တော့် ဒီဇနီးနဲ့ အိမ်ထောင်ကျ ခဲ့တာပါပဲ။ ပြောရရင် ကိုယ်ငယ်ငယ်ကဖတ်ဖူးခဲ့တဲ့ ဝတ္ထုတစ်ပုဒ်ထဲက ကိုယ်စိတ်ကူးယဉ်ခဲ့တဲ့ အိမ်ထောင်ရှင်မ မျိုးကို ရတယ် ဆိုပါတော့။ ကျွန်တော်ငယ်ငယ်က ဂျာနယ်ကျော် မမလေးရဲ့ ‘သူမ’ဝတ္ထုကို ဖတ်ပြီး အဲဒီထဲက သက်သက် လို မိန်းမမျိုးကို စိတ်ကူးယဉ်ခဲ့ဖူးတယ်။ ဝတ္ထုထဲမှာ သက်သက်ဟာ ဝန်ကြီး တစ်ဦးရဲ့ ခြောက်သွေ့နေတဲ့ စံအိမ်တော် ကြီးကို နေအိမ်နဲ့တူအောင် သာယာစိုပြည်တဲ့ ဂေဟာလေး ဖြစ်လာစေခဲ့တာ မဟုတ်လား။ တိုက်တိုက် ဆိုင်ဆိုင် ကိုယ်နဲ့ရတဲ့ မိန်းမနာမည်မှာလည်း ‘သက်’ ပါတယ်။ သက်နဲ့ ကျွန်တော်နဲ့က တက္ကသိုလ်ကျောင်းနေဖက် သူငယ်ချင်းတွေပါ။ ကျောင်းပြီး ဘွဲ့ရလို့ မကြာဘူး၊ နှစ်ဖက် မိဘကို ဖွင့်ပြောပြီး ယူခဲ့ကြတာပဲ။ သက်ဟာ ကျွန်တော် ရှာဖွေ နေတဲ့ ‘သူမ’ ပါပဲ။ အိမ်ထောင်မှုကိစ္စ သိပ်နိုင်နင်းတယ်။ မိန်းမလည်း တအားပီသသလို သားသားနဲ့မီးမီးကို ရလာတော့လည်း စံပြမိခင် ဖြစ်တာပါပဲ။ မိဘမျိုးရိုးကလည်း ပညာတတ်တယ်။ တအားမချမ်းသာပေမယ့်လည်း တိုက်နဲ့တာနဲ့ တင့်တင့် တယ်တယ်နေနိုင်တယ်။ သက်ဟာ သူဌေးသမီးရယ်လို့ သုံးဖြုန်း အပျော်အပါး မက်တာ မျိုးလည်း မရှိဘူး။ ကျော...

ကလေးစာတတ်ခြင်းအစ မိဘက

ကလေးတစ်ယောက် လွယ်အိတ်လွယ် လို့ ကျောင်းတက်တဲ့အခါ ကျောင်းစာ တွေကို မကြောက်ရွံ့ဖို့၊ စာအုပ်တွေကို နှစ်နှစ်ခြိုက်ခြိုက် ဖတ်ရှုနေတတ်ဖို့၊ စာဖတ်တဲ့အခါ ဖတ်မှတ်နားလည် နိုင်စွမ်း၊ ခြုံငုံဆင်ခြင်နိုင်စွမ်း၊ ဝေဖန် ပိုင်းခြားနိုင်စွမ်းမြင့်ပြီး ဝေါဟာရကြွယ် ကြွယ်၊ ဝါကျရှည်ရှည်မြင့်မြင့်တွေ သုံးနှုန်းပြောဆိုတတ်ဖို့ ဘယ်အချက် အလက်တွေက ပြဋ္ဌာန်းပါသလဲ။ ကလေး တစ်ယောက် ယဉ်ကျေးသိမ် မွေ့ခြင်း၊ ကြမ်းတမ်းခြင်း၊ ပညာထူးချွန် ခြင်း၊ ညံ့ဖျင်းခြင်း၊ စည်းကမ်းကောင်း ခြင်း၊ စည်းကမ်းမဲ့ခြင်း၊ အဖိုးတန်ခြင်း၊ အဖိုးမဲ့ခြင်းစတာတွေဟာ သူ့ရဲ့ပင်ကို ဗီဇအပြင် ငယ်စဉ်ကတည်းက မိဘရဲ့ ဆုံးမသွန်သင်မှုအပေါ် များစွာ မူတည် တယ်လို့ အများကလက်ခံကြ ပါတယ်။ မြန်မာမှာဆိုရင် "လက်ဦးဆရာ၊ မည်ထိုက်စွာ၊ ပုဗ္ဗာစရိယ၊ မိနှင့် ဖ" လို့တောင် ဆိုစကားရှိကြတာပါ။ ဒီစကားမမှားပါဘူး။ မမှားကြောင်း ကို ပညာရှင်အတော်များများက သူတို့ ရဲ့ လေ့လာဆန်းစစ်ချက်တွေမှာ ဖော် ပြထားကြပါတယ်။ ကလေးရဲ့ စာဖတ် ဝါသနာထုံမှု၊ ကျောင်းမှာ စာလိုက်နိုင်မှု ဟာ မိဘရဲ့လွှမ်းမိုးမှုနဲ့အဓိကသက်ဆိုင် တယ်လို့ သူတို့ရဲ့အဖြေတွေမှာ တွေ့ရှိ ရပါတယ်။ ဒါဟာ လူတစ်ယောက်ရဲ့ ငယ်စဉ်ဘဝမှာ ပတ်ဝ...

တော်တော်ဆိုးတဲ့လူတွေ

ပူပြင်းတဲ့နွေနေ့လယ်ခင်းတစ်ခုမှာ (……) ရဲစခန်းဟာ ပြင်းထန်စူးရှတဲ့ နေရောင်အောက် မီးကင်ထားသလို ထင်ရတယ်။ ငိုက်မြည်းနေတဲ့ ဂိတ်စောင့် ရဲတပ်သားရဲ့ခေါင်းဟာ ဆတ်ခနဲ ဆတ်ခနဲဖြစ်ဖြစ်သွားပြီး မနည်း အားတင်းလို့ မျက်ခွံတွေကို ပြန်ပင့်တင်နေရတယ်။ အမှုလာဖွင့်တဲ့ လူတချို့ ညှိုးငယ်တဲ့မျက်နှာတွေနဲ့အတူ စခန်းထဲကနေ ပြန်ထွက်သွားတော့မှ အစောင့်ရဲတပ်သားကလေးဟာ ကိုယ်ကိုမတ်မတ်ပြန်ထိုင်ပြီး သေနတ်ကိုအသေအချာ ပြန်ဆုပ်ကိုင်လိုက်တယ်။ ပြင်းထန်လှတဲ့နွေအပူဒဏ်ကြောင့် ရဲဌာနတစ်ခုလုံးက ရဲဝန်ထမ်းတွေဟာ သစ်ပင်တွေနဲ့   အပြိုင် ညှိုးရော်လို့။ အပြင်ကပြန်လာတဲ့ စခန်းမှူးဟာ သူ့အခန်းထဲက စားပွဲမှာထိုင်ရင်း တစ်ချက်သမ်းဝေလိုက်တယ်။ ထမင်းစားပြီး ခါစမို့ ဗိုက်ကလည်း တင်းနေသလို အိပ်ချင်စိတ်ကလည်း သူ့ကိုနှိပ်စက်နေတယ်။ သူဟာ “ ပူလိုက် အိုက်လိုက်တာ မပြောပါနဲ့တော့ ” လို့ တစ်ခွန်းပြောရင်း အပေါ်ရှပ်အင်္ကျီကိုချွတ်လိုက်ပြီး တိုင်ငုတ်မှာ သွားချိတ်ထား လိုက်တယ်။ အောက်ခံစွပ်ကျယ်အောက်က အသားပေါ်နေတဲ့ နေရာကတော့ ချွေးတွေကြောင့် မည်းပြောင်နေလေရဲ့။ မျက်နှာကျက် ပန်ကာကို ဖွင့်လိုက်တော့ ပန်ကာကမလည်ဘူး။ ...