Skip to main content

ကလေးစာတတ်ခြင်းအစ မိဘက

ကလေးတစ်ယောက် လွယ်အိတ်လွယ် လို့ ကျောင်းတက်တဲ့အခါ ကျောင်းစာ တွေကို မကြောက်ရွံ့ဖို့၊ စာအုပ်တွေကို နှစ်နှစ်ခြိုက်ခြိုက် ဖတ်ရှုနေတတ်ဖို့၊ စာဖတ်တဲ့အခါ ဖတ်မှတ်နားလည် နိုင်စွမ်း၊ ခြုံငုံဆင်ခြင်နိုင်စွမ်း၊ ဝေဖန် ပိုင်းခြားနိုင်စွမ်းမြင့်ပြီး ဝေါဟာရကြွယ် ကြွယ်၊ ဝါကျရှည်ရှည်မြင့်မြင့်တွေ သုံးနှုန်းပြောဆိုတတ်ဖို့ ဘယ်အချက် အလက်တွေက ပြဋ္ဌာန်းပါသလဲ။

ကလေး တစ်ယောက် ယဉ်ကျေးသိမ် မွေ့ခြင်း၊ ကြမ်းတမ်းခြင်း၊ ပညာထူးချွန် ခြင်း၊ ညံ့ဖျင်းခြင်း၊ စည်းကမ်းကောင်း ခြင်း၊ စည်းကမ်းမဲ့ခြင်း၊ အဖိုးတန်ခြင်း၊ အဖိုးမဲ့ခြင်းစတာတွေဟာ သူ့ရဲ့ပင်ကို ဗီဇအပြင် ငယ်စဉ်ကတည်းက မိဘရဲ့ ဆုံးမသွန်သင်မှုအပေါ် များစွာ မူတည် တယ်လို့ အများကလက်ခံကြ ပါတယ်။ မြန်မာမှာဆိုရင် "လက်ဦးဆရာ၊ မည်ထိုက်စွာ၊ ပုဗ္ဗာစရိယ၊ မိနှင့် ဖ" လို့တောင် ဆိုစကားရှိကြတာပါ။

ဒီစကားမမှားပါဘူး။ မမှားကြောင်း ကို ပညာရှင်အတော်များများက သူတို့ ရဲ့ လေ့လာဆန်းစစ်ချက်တွေမှာ ဖော် ပြထားကြပါတယ်။ ကလေးရဲ့ စာဖတ် ဝါသနာထုံမှု၊ ကျောင်းမှာ စာလိုက်နိုင်မှု ဟာ မိဘရဲ့လွှမ်းမိုးမှုနဲ့အဓိကသက်ဆိုင် တယ်လို့ သူတို့ရဲ့အဖြေတွေမှာ တွေ့ရှိ ရပါတယ်။ ဒါဟာ လူတစ်ယောက်ရဲ့ ငယ်စဉ်ဘဝမှာ ပတ်ဝန်းကျင်ရဲ့ ပြုစု ပျိုးထောင်မှု ဘယ်လောက်အဓိကကျ သလဲဆိုတာ ပြဆိုတာပါပဲ။ အဲဒီ ပညာ ရှင်တွေရဲ့တွေ့ရှိချက်တွေကို စာရေးသူ အကျဉ်းမျှ ထုတ်နုတ်ပြချင်ပါတယ်။

"အဖယုတ်တော့ ကိုယ်ကြမ်း၊ အမိ ယုတ်တော့နှုတ်ကြမ်း" ရယ်လို့ ယေဘု ယျ ဆိုကြတယ်ဆိုရင် ကလေးတွေရဲ့ စာဖတ်ခြင်းအလေ့အထကို သူတို့ မိဘနဲ့ သူတို့ရှင်သန်ကြီးပြင်းရာ ပတ်ဝန်းကျင်တွေက ပြဋ္ဌာန်းတယ် ဆိုတာကိုလည်း လက်ခံကြမှာပါ။ စာဖတ်ခြင်းကို တန်ဖိုးထားတဲ့မိဘဟာ ကလေးငယ်တွေကို စာအုပ်စာပေနဲ့ နီးစပ်အောင် ဝန်းကျင်လေးတစ်ခု ဖန်တီးပေးထား တတ်ပါတယ်။ ကလေး တွေကို စာအုပ် ထဲမှာပါတဲ့ အရုပ်တွေ ကြည့်ခိုင်းမယ်၊ စာ နည်းနည်း ဖတ်တတ်တဲ့သူဆိုရင် ပုံတို ပတ်စ လေးတွေ ဖတ်ခိုင်းပြီး ပြန်ပြောပြ ခိုင်းမယ်။ မိဘတွေကိုယ်တိုင်က စာဖတ်ပြီး ကိုယ့်ကလေးတွေကိုလည်း စာဖတ်ပြတတ်တဲ့၊ ကလေးတွေ ဖတ် နိုင်အောင်လည်း ထွေထွေရာရာ ဖတ်စရာလေးတွေ ထားပေးထားတတ် တဲ့ မိသားစုက ပေါက်ဖွားလာတဲ့ ကလေးတွေမှာ စာဖတ်ခြင်းနဲ့ မွေ့လျော်တတ်တဲ့ အကျင့်ဝါသနာက ပိုစွဲပြီးပါလာတတ်တယ်လို့ဆိုပါတယ်။

စာဖတ်တာကို မွေ့လျော်ဖွယ်တစ်ခု အဖြစ်ရှုမြင်ပြီး စာဖတ်ရာမှာလည်း ဝေါဟာရတွေရဲ့ ရင်းမြစ်ထိကိုပါ မြင် အောင်ဖတ်ပြတတ်တဲ့ မိဘတွေကနေ စာဖတ် ကျွမ်းကျင်တဲ့၊ စာဖတ်ဝါသနာ ထုံတဲ့ ကလေးတွေကို မွေးထုတ်ပေးပါ တယ်။ စာဖတ်ချင်လာအောင် ဖန်တီး ထားပေးတဲ့ အိမ်မှာနေရတဲ့ ကလေး တွေ ဟာ ပညာသင်ဖို့ ပိုမို လိုလားထက် သန် သူတွေဖြစ်ပါတယ်။ အိမ်မှာ ဖတ်စရာ စာအုပ်တစ်အုပ်မှမရှိ (ဒါမှ မဟုတ်) အနည်းငယ်သာ ရှိတဲ့ မိသားစု တွေ၊ ဒါမှမဟုတ် ကလေးတွေကို စာမဖတ်ပြ နိုင်လောက်အောင် အလုပ် များတဲ့မိဘ (ဒါမှမဟုတ်) ကလေး အတွက် ဖတ်စရာတွေ ဝယ်ဝယ်ပေးဖို့ အရေးကြီးမှန်း မသိတဲ့မိဘတွေဟာ ကလေးတွေကို စာဖတ်ပြဖို့နဲ့ စာဖတ် ချင်လာအောင် နှိုးဆော်ဖို့ အခွင့် အလမ်းနည်းသွားပါတယ်။

"အကြောင်း အမျိုးမျိုးကြောင့် စာမဖတ်တဲ့ မိဘတွေရှိတဲ့အိမ်မှာ ကြီးပြင်တဲ့ ကလေးတွေဟာ စာဖတ် ခြင်းအပေါ် မနှစ်မြို့တတ်ပါဘူး" လို့ ဖလင့်ဆိုတဲ့ ပညာရှင်က ပြောပါတယ်။

မီလာဆိုတဲ့ ပညာရှင်ကလည်း "ပုံမှန်စာဖတ်တတ်တဲ့ အမေ သို့မဟုတ် အဖေကိုမြင်ရတဲ့ ကလေး တစ်ယောက်အတွက် စာဖတ်ခြင်းဟာ အရေးကြီးလာပါတယ်။ အကြောင်းက သူ့ဘဝရဲ့ အရေးကြီးဆုံးပုဂ္ဂိုလ်(တွေ) ဟာ စာဖတ်နေလို့ပါပဲ" လို့ ဆိုပါတယ်။

မိဘတွေဟာ ကလေးတွေ ကိုယ့် အနားနားရှိချိန်မှာ အချိန်ယူပြီး စာဖတ်ပြနေသင့်ပါတယ်။ ဒါမှ ကလေးက ကိုယ့်ကိုနမူနာယူမှာပါ။ မိဘတွေဟာ ကလေးတွေကို တစ်ပတ် ကိုအနည်းဆုံး လေးကြိမ်၊ တစ်ကြိမ်မှာ ၁၀ မိနစ်ခန့် ပုံမှန်ဖတ်ပြသင့်ပါတယ်။ ကလေးတွေကို စာဖတ်ပြခြင်းဟာ ကလေးရဲ့ အက္ခရာတွေမှတ်မိနိုင်စွမ်း၊ ဝေါဟာရနားထောင်နိုင်စွမ်း၊ စကား ပြောရာမှာ ဝါကျရှည်ရှည် ပြောဆိုနိုင် စွမ်းနဲ့ ခြုံငုံသုံးသပ်နားလည်နိုင်စွမ်းတွေ ပါ တိုးတက်စေပါတယ်။

ကလေးတစ်ယောက် ငယ်ရွယ်စဉ် မှာ စာရေးတတ်ဖတ်တတ်ဖို့၊ တစ်ဆင့် တက်ပြီး ခက်ခဲတဲ့စာတွေကို အဓိပ္ပာယ် ဖမ်းတတ်လာဖို့၊ ဝေဖန် ပိုင်းခြား စဉ်းစားတတ်လာဖို့၊ ပရိယာယ်ကြွယ်၀ လာဖို့တွေအတွက် မိဘတွေက အဓိက ကျတဲ့အခန်းက ပါဝင်ပါတယ်။ မိဘနဲ့ ကလေး အတူတူစာဖတ်တဲ့အခါ ကလေးရဲ့စာဖတ်နိုင်စွမ်းကိုသာမက မိဘနဲ့ကလေးကြား ရင်းနှီးတဲ့ချည် နှောင်မှုတစ်ခုကိုပါ ပေါ်ပေါက်စေပါ တယ်။ ကလေးတွေဟာ မေးခွန်းမေးဖို့ မရှက်မကြောက်တော့သလို စာထဲမှာ မိဘနဲ့အတူ နစ်ဝင်စီးမျောဖို့လည်း လွယ်ကူသွားပါတယ်။ ဒါဟာ ကလေး သဘာ၀ စပ်စုချင်တဲ့စိတ်ကိုလည်း အားပေးရာရောက်သလို ဖတ်ထားတာ ကို ပြန်ပြောပြနိုင်စွမ်း၊ စာလုံးတွေခွဲခြား သိမြင်နိုင်စွမ်း၊ ကာရန်တွေရှာနိုင်စွမ်း တွေကိုပါ တိုးတက်စေပါတယ်။

မိဘ (သို့မဟုတ်) လူကြီးတစ်ဦးဦးက မကြာခဏ စာဖတ်ပြတာခံရတတ်တဲ့ ကလေးဟာ ကျောင်းမှာစာသင်ဖို့ ပိုပြီး အဆင်သင့် ဖြစ်နေတတ်ပါတယ်။  ကျောင်းမှာလည်း စာဖတ် စွမ်းရည် အမှတ်အမြဲ မြင့်နေတတ်ပါတယ်။ စာဖတ်ပြရင်း ကိုယ့်ကို မိဘက စကား စမြည်ပါ ပြောတတ်တယ်ဆိုရင် အဲဒီ ကလေးဟာ ကျောင်းမှာ စာဖတ် စွမ်းဆောင်မှု စစ်တမ်းတိုင်းမှာ အမြဲ ရှေ့ကပြေးနေတတ်ပါတယ်။

ဝင်ငွေနိမ့်မိသားစုကလာတဲ့၊ ဒါမှ မဟုတ် အိမ်မှာစာအုပ်စာတမ်းတွေ စုဆောင်းပေးမထားတတ်၊ ကလေးကို လည်း စာဖတ်အလေ့အထ မပြုစု မပျိုးထောင်ပေးတတ်တဲ့ မိဘတွေရဲ့ ကလေးတွေကျတော့ သူတို့ရဲ့ စာဖတ် စွမ်းဆောင်ရည်ပိုင်းမှာ အတော်ကို အားနည်းသွားတာကို တွေ့ရပါတယ်။ ကလေးတွေကို စာဖတ်ပြခြင်းဟာ ကလေးကို ဝေါဟာရတွေကြွယ်ဝစေ သလို၊ ဝါကျတည်ဆောက်မှု၊ စကား ပရိယာယ်ကြွယ်မှုနဲ့ လောကကြီးနဲ့ ဆိုင်တဲ့အထွေထွေဗဟုသုတဆိုင်ရာ သိမှုအဆောက်အအုံကြီးတည်ဆောက် မှုတွေမှာ အလွန်ကိုအထောက်အကူပြု တာသွားတွေ့ရပါတယ်။

]]မိဘတစ်ယောက်အနေနဲ့ ကိုယ့် ကလေး ကျောင်းမှာရော အပြင် မှာပါ ပညာရည်အဆင့်မနိမ့်သူအဖြစ် ရပ်တည်နိုင်အောင် ဘယ်လိုပျိုးထောင် ရမလဲဆိုတဲ့ စာအုပ်တစ်အုပ် လိုပါ တယ်}}လို့ ဝိုင်နာ အမည်ရှိ ပညာရှင်က ဆိုပါတယ်။ စာသင်ခန်းထဲမှာ ဆရာ တစ်ယောက်ဟာ ကလေးတွေအများ ကြီးကို ကိုင်တွယ်ရတဲ့အတွက် တစ်ဦး ချင်းစီရဲ့ စာဖတ်စွမ်းရည်အပေါ် အသေးစိတ်အာရုံမစိုက်နိုင်တာမို့ မိဘ သည်သာလျှင် ကလေးစာဖတ်တတ်ဖို့ အဓိကပံ့ပိုးသူဖြစ်လာပါတယ်။ အိမ်နဲ့ ကလေးရဲ့ ပတ်ဝန်းကျင်တွေဟာ ကလေးအတွက် စာဖတ် လက်တွေ့ စမ်းသပ်ခန်းတွေဖြစ်လာပါတယ်တဲ့။

အိမ်မှာ စာအုပ်များများရှိလေ၊ ကလေးဟာ စာဖတ်နာသူ၊ စာဖတ် ဝါသနာထုံသူဖြစ်လေပဲလို့ လေ့လာမှု တစ်ခုကဆိုပါတယ်။ စာဖတ်ရာမှာ လည်း တစ်ဖက်တည်းကချည်း အသေ ဖတ်သွားတာမျိုးမဟုတ်ဘဲ ကလေးနဲ့ မိဘကြား အပြန်အလှန်ဆွေးနွေးရင်း ဖတ်သွားတာမျိုးက ကလေးရဲ့ ဖွံ့ဖြိုးမှု ဖြစ်စဉ်တခုလုံးအတွက် အလွန်အမင်း အရေးကြီးပါတယ်။ လူကြီးနဲ့ကလေး အတူတူစာဖတ်တဲ့အခါ ကလေးတွေ ဟာ မေးခွန်းတွေအလိုအလျောက် ရှိလာတတ်ပြီးတော့ သူတို့စိတ်ထဲမှာ ရှိတာတွေကိုလည်း ပြောပြတတ်ပါ တယ်။

ကလေးရဲ့ ရှေးဦးစာတတ်မြောက်မှု ဟာ မိဘရဲ့ပညာရည်အဆင့်အတန်းနဲ့ ဆိုင်တယ်လို့ ယေဘုယျဆိုလို့ရပေမယ့် မိဘက ပညာအဆင့်အတန်း မမြင့်ရင် တောင် ကလေးရဲ့ စာတတ်မြောက်ရေး ကြိုးပမ်းအားထုတ်မှုမှာ ပါဝင် ပတ်သက်တဲ့မိဘတွေမှာ စာဖတ်ခြင်း ကို လိုလိုလားလား နှစ်ခြိုက်တတ် ပြီး တော့ အိမ်မှာလည်း စာအုပ်တွေ များများစားစား ထားရှိတတ်ပါတယ်။ စာဖတ်ရာမှာ မိဘဆီက အကူအညီ ရတတ်တဲ့ကလေးတွေဟာ မရတဲ့ ကလေးတွေထက် စာဖတ်စွမ်းရည်မှာ ပိုမိုပြောင်မြောက်တတ်ပါတယ်။

မိဘတွေ ကလေးရဲ့စာဖတ်စွမ်း ရည် တိုးအောင် ကူညီနိုင်တဲ့ နည်းလမ်း တွေ ရှိပါတယ်။ အဲဒါတွေကတော့ (၁) အိမ်မှာ စာဖတ်စရာတွေထားရှိပေး ခြင်း၊ (၂) "ဖတ်၊ ခြုံငုံယူ၊ မှတ်၊ ပြန်ပြော" ခိုင်းခြင်း (၃) ၃-၂-၁ နည်းစနစ်ကို သုံးခြင်း တို့ပဲ ဖြစ်ပါတယ်။ (၃-၂-၁ နည်းစနစ်ဆိုတာက ကလေးနဲ့အတူ ဖတ်တဲ့စာတစ်ပုဒ်ထဲကနေ ကလေး အဓိကထားမိတဲ့အချက် သုံးခု၊ သူ စိတ်ဝင်စားတဲ့အရာ နှစ်ခု၊ မေးချင်လာ မိတဲ့ မေးခွန်းတစ်ခုကို သိအောင်၊ ထွက်လာအောင် လုပ်တာပါပဲ။)

နိုင်ငံသားချင်းမတူတဲ့ မိဘနှစ်ပါးက မွေးဖွားတဲ့ ကလေးဟာ နိုင်ငံသားတူ မိဘက မွေးတဲ့ကလေးနဲ့ယှဉ်ရင် (စာ ဖတ်တာကို အားပေးတာချင်း တူတယ် ဆိုရင် တောင်) စာဖတ်စွမ်းရည်ပိုင်းမှာ အား နည်းတတ်ပါတယ်တဲ့။ မိခင်နဲ့ ဖခင်မှာတောင် ကလေးရဲ့စာဖတ်ခြင်း အပေါ် မိခင်ကပိုမိုလွှမ်းမိုးပါတယ်။ မိခင်ဟာ အထက်တန်းထက် ပိုမြင့်တဲ့ ပညာအဆင့်ရှိထားရင် စာဖတ်တဲ့ အလေ့အထပိုများပြီး စာဖတ်ရတာကို ပိုနှစ်ခြိုက်တတ်သလို ကလေးကိုလည်း စာအုပ် ပိုများများ ဝယ်ပေးလေ့ ရှိသူ ဖြစ်တယ်လို့ ဆိုပါတယ်။ ပညာတတ်တဲ့ အမေရဲ့ ကလေးတွေဟာ စာဖတ်မှု ပိုင်းမှာ ပိုပြီး ရလဒ်ကောင်း တတ်တယ် လို့ ဆိုလိုတာပါ။

မိဘတွေဟာ ကိုယ့်ရဲ့ကလေးကို လိမ္မာရေးခြားရှိပြီး ထူးချွန်ထက်မြက်တဲ့ လူတွေ ဖြစ်လာစေချင်ကြပါတယ်။ ပညာရှင်တွေရဲ့ လေ့လာချက်တွေအရ တော့ "ကလေးပညာရေးအစ မိဘက" လို့ပဲ ပြောရမှာပါ။

Comments

အဖတ်အများဆုံး

အာရှ ယဉ်ကျေးမှုတန်ဖိုးများနှင့် အစိမ်းရောင်မူဝါဒ နိုင်ငံရေး - ဗုဒ္ဓဝါဒရှုထောင့်မှချဉ်းကပ်ခြင်း

 နိဒါန်း အာရှသား အစိမ်းရောင်သမားတွေဟာ အနောက်တိုင်းသား အစိမ်းရောင်သမားတွေရဲ့ စဉ်းစားကြံစည် လုပ်ကိုင်ပုံတွေကို ပုံတူကူးရုံပဲဆိုရင်တော့ အာရှတိုက်မှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒ နိုင်ငံရေးဟာ ကျရှုံးမှာပါပဲ။ ရှေ့မှာလည်း နမူနာတွေရှိထားပါတယ်။ ဒေသတွင်းနိုင်ငံတွေမှာတွေ့ရတဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်နဲ့ ဆိုရှယ်လစ်မူဝါဒရေးရာတွေကို ကြည့်ရင်လည်း ရလဒ်တွေဆိုးရွားလေ့ရှိတာ မြင်ရမှာပါ။ ကျွန်တော်တို့အာရှမှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒအားပြုနိုင်ငံရေးကို အနှစ်အသား ပြည့်ပြည့်နဲ့ အောင်မြင်တာ မြင်ချင်တယ်ဆိုလို့ရှိရင်တော့ လုပ်ရမှာက သီးခြား အစိမ်းရောင်အယူအဆတွေနဲ့ အလေးအနက်ထား ပေါင်းစပ်ဖို့အတွက် အာရှရဲ့ ယဉ်ကျေးမှုဇာစ်မြစ်တွေထဲက သင့်လျော်မယ့် အစိတ်အပိုင်းတွေကို စေ့စေ့စပ်စပ် လိုက်ရှာဖွေဖို့ပဲဖြစ်ပါတယ်။ ဒီ ဆောင်းပါးမှာဆွေးနွေးမှာကတော့ အာရှရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို ဘာဖြစ်လို့ ပစ်ပယ်လို့မရဘူးလဲဆိုတာ၊ အဲဒီ တန်ဖိုးတွေက ဘာတွေလဲ ဆိုတာ၊ အာရှတိုက်မှာရော အာရှတိုက်ကြီးအတွက်ရော သီးခြားအသွင်ဆောင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖန်တီးရာမှာ အဲဒီတန်ဖိုးတွေက ဘယ်လိုအကူအညီဖြစ်မလဲဆိုတာတွေပဲဖြစ်ပါတယ်။  အခုဆောင်းပါး...

မယ်လွင့်၏ဝတ္ထုတပုဒ်တွင်တွေ့ရသော အပြာနှင့် အနုပညာကြားမှ နယ်ခြားမျဉ်း

မယ်လွင့်ဆိုတဲ့ အမျိုးသမီးကလောင် လူငယ်စာဖတ်ပရိသတ်ကြားမှာ နာမည်အတော်ကြီးပေမဲ့ တော်တော်နဲ့ မဖတ်ဖူးခဲ့ပါဘူး။ ကိုဉာဏ်လင်းအောင်ရဲ့ ‘ငါတို့ခေတ် ငါတို့အသံ’ အင်တာဗျူးမှာ မယ်လွင့်နဲ့အမေးအဖြေကို ဖတ်ပြီးတဲ့နောက်မှ သူ့စာအုပ်တွေ ရသလောက် ရှာဖွေပြီး ဖတ်ရှုဖြစ်ပါတယ်။ ခုဆိုရင် Psychopath ကလွဲရင် ကျန်တာ အားလုံးဖတ်ပြီးပြီလို့ ဆိုရပါမယ်။  ခုစာစုက မယ်လွင့် စာပေဝေဖန်ရေးမဟုတ်သလို မယ်လွင့် ပရိုမိုးရှင်းလည်း မဟုတ်ဘူးဆိုတာ ကြိုတင် စကားခံချင်ပါတယ်။ သူ့စာအုပ်တွေ အားလုံးနီးပါးဖတ်ပြီးတဲ့နောက် မယ်လွင့်ဟာ မယ်လွင့်ပါပဲ လို့ ဆိုရမလောက် မြန်မာပြည်မှာတော့ သူနဲ့ခေတ်ပြိုင်တွေထဲမှာ သူ့ကိုယ်ပိုင်ဟန်၊ သူ့ကိုယ်ပိုင် identity တခုကို တည်ဆောက်ပြီးတဲ့ စာရေးဆရာမဆိုတာ သူ့ပရိသတ်တွေရော၊ လေ့လာဖတ်ရှုဖူးသူတွေပါ လက်ခံမယ်ဆိုတာ ယုံပါတယ်။ ခုပြောမယ့်ဟာက ကျနော့်ရဲ့ ကိုယ်ပိုင် အတွေးအမြင်သာဖြစ်ပြီး စာရှုသူအနေနဲ့ လွတ်လပ်စွာ သဘောကွဲလွဲနိုင်ပါတယ်။  ခု စာစုက မယ်လွင့်ရဲ့ Midnight Blue ဆိုတဲ့ ဝတ္ထုတိုစုစည်းမှု စာအုပ်ထဲမှာပါတဲ့ ပထမဆုံး အပုဒ် ‘ဟိုဘက်ခန်းက မိန်းမ’ ဆိုတဲ့ ဝတ္ထုတိုလေး တပုဒ်ကို ဆွေးနွေးချင်လို့ပါ။ မယ်လွင့်ရဲ့ တခြား ဝတ္ထုတို/ရှည်တွေက...

ဟားခါးသို့ လေးဆယ့်ရှစ်နာရီ

မန္တလေးမုံရွာကားလမ်းမထက် ဟားခါး-မန်း မှန်လုံယာဉ်ငယ်သည် ခရီးသည် ၂၂ ဦးကို တင်ဆောင်ရင်း တအိအိပြေး လျက်ရှိသည်။ ကားတွင်ကုန်ကအပြည့်။ သွားနှုန်းကလည်း နှေးလွန်းလှသည်။ ကျွန်တော်သည် မအိပ်ချင်အောင် သတိထား၍ လမ်းဘေးဝဲယာ မြင်ကွင်းများကို ကြည့်ရှုရင်း လိုက်ပါလာခဲ့၏။ အညာရှုခင်းသည် ခြောက်သယောင်း လွန်းလှသည်။ ကားတစ်စီးလုံးတွင် ယာဉ်မောင်းနှင့် စပယ်ယာကအစ အားလုံးနီးပါး ချင်းအမျိုးသားချည်း။ ဗမာဆိုလို့ ကျွန်တော်ပါမှ လေးဦးသာ။ ခရီးသည်အားလုံးက လိပ်လိုသွားနေသည့် ကားကို စိတ်မရှည် ချင်ကြ။ ဒီပုံစံနဲ့ဆို နောက်နေ့ ဟားခါး အရောက်နောက်ကျပြီ။ ခရီးစဉ်စကတည်းက နိမိတ်ကသိပ်မကောင်း။ မြင်းမူနားမှာ ကားတစ်စီးနှင့် တိုက်မိမလိုဖြစ်သည်။ ယာဉ်မောင်းက အသက်ကြီးကြီး၊ အတွေ့အကြုံရှိမည့်ပုံ ဆိုပေမယ့် သူမောင်းနေပုံက သိပ်အားရချင်စရာ မကောင်း။ ချောင်းဦး-ပခုက္ကူလမ်းခွဲ ရောက်တော့ ညနေစောင်းပြီ။ ချင်းတွင်းမြစ်ကူး ဆင်ဖြူ ရှင်တံတားကိုဖြတ်ပြီး မကွေးတိုင်းကို ဝင်သည်။ နေဝင်ရီတရောမှာ တောင်ယမားသဲချောင်းကိုဖြတ်သည်။ မိုးတွင်းကျ ဒီလမ်းကမသွားဘဲ မုံရွာဘက်က ပတ်သွားသည်ဟုသိရသည်။ သို့နှင့် ကင်းဝန်မင်းကြီးဇာတိ မင်းတိုင်ပင်ရွာ၊ ပုလဲမြို့တို့ကို အသီးသီး ဖြတ်ကျော...

ရေးသူဖတ်သူ ထုတ်ဝေသူတို့ရဲ့ အခက်အခဲတွေနဲ့ နှေးကွေးလာတဲ့ ရသစာပေရေစီး

ဟိုတစ်လောက စာရေးဆရာမ နုနုရည် (အင်း၀) ရဲ့ ပြုံး၍လည်း ကန်တော့ခံတော်မူပါ၊ ရယ်၍လည်းကန်တော့ခံတော်မူပါ ဆိုတဲ့ ပင်ကိုရေးဝတ္ထုစာအုပ်ကို အဲဒီနှစ်ကမှ စတင်ချီးမြှင့်တဲ့ အာရှစာပေဆု (Man Asian Literary Prize) အတွက် ပဏာမစာရင်း တင်သွင်း လိုက်တယ်ဆိုတဲ့ သတင်းဟာ ဂန္ထဝင်မြောက်တဲ့ ပင်ကိုရေး ရသဝတ္ထုရှည် စာအုပ်တွေ အသစ်ထပ် မထွက်တာ ကြာပြီဖြစ်တဲ့ မြန်မာ့ရသ စာပေလောက ရေမျက်နှာပြင်ထက်မှာ ပလုံစီလေးတစ်လုံး ထပွက်သွားသလိုပါပဲ။ (မှတ်ချက်။ ဤဆောင်းပါးရေးစဉ်က ၂၀၀၇ ခုနှစ်ဖြစ်ပါသည်။ နုနုရည် (အင်း၀) ၏ စာအုပ် ဆန်ကာတင်စာရင်းမှာပါသည့် သတင်းထွက်လာပြီး မရှေးမနှောင်းအချိန် ဖြစ်သည်။ Man Asian Literary Prize သည် နိုဘဲလ်စာပေဆုလို တစ်ကမ္ဘာလုံးရှိ စာရေးဆရာများထဲမှ ရွေးချယ်ခြင်း မဟုတ်ဘဲ အာရှတိုက်သား စာရေးဆရာများအတွက် သီးသန့် ချီးမြှင့်သည့် ဆု ဖြစ်သည်။) ခုချိန်မှာငြိမ်သက်နေတဲ့ မြန်မာ့ရသစာပေလောကဟာ အတိတ်က ရွှေထီးဆောင်းခဲ့ဖူးပါတယ်။ ၁၉၄၀-၇၀ ကာလမှာ စံချိန်မီဝတ္ထုတို/ရှည်တွေ လှိုင်လှိုင်ကြီး ထွက်ခဲ့ဖူးတယ်။ မြန်မာ့ဂန္ထဝင်စာရေးဆရာအများစုဟာ အဲဒီခေတ်မှာ ရှင်သန်နေထိုင်ခဲ့သူတွေ ဖြစ်တယ်။ ဒါပေမယ့်လည်း လောကရဲ့ အနိမ့်အမြင့်၊ အတက်အကျ သဘောကြောင့်ပဲလ...

Jane Eyre ဝတ္ထုကို ယဉ်ကျေးမှုမတူတဲ့ ဘာသာစကားအမျိုးမျိုးသို့ ပြန်ဆိုကြပုံများ

ဘာသာပြန်သူတွေဟာ စာပေရဲ့ ချီးကျူးမခံရတဲ့သူရဲကောင်းတွေပါ။ ဒါမှမဟုတ် မျှမျှတတပြောရရင်တော့ အသံကျယ်ကျယ် ချီးကျူးမခံရသူတွေပေါ့။ တကယ်တော့ ဘာသာပြန်သူတွေကို လုံးဝအသိအမှတ် မပြုတာတော့ မဟုတ်ပါဘူး။ နိုင်ငံတကာဘွတ်ကာဆုမှာဆိုရင် ဆုရစာအုပ်ရဲ့ စာရေးသူနဲ့ ဘာသာပြန်သူတို့ဟာ ပေါင် ၅၀,၀၀၀ ဆုကို ခွဲယူကြရပါတယ်။ စက်တင်ဘာလ ၃၀ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ ဘာသာပြန်နေ့ဖြစ်ပါတယ်။ ဒါဟာ ဘာသာပြန်ဝတ္ထုနဲ့ ကဗျာတွေကို ထုတ်ဝေတဲ့ စာအုပ်တိုက်သေးသေးလေးတွေအတွက် အောင်ပွဲခံဖို့အခွင့်ဖြစ်သလို အွန်လိုင်းဘာသာပြန်နဲ့တကွ အရင်ကထက် ပိုမိုအရေးပါလာပြီဖြစ်တဲ့ လူသားဘာသာပြန်ဆရာတွေရဲ့ အခန်းကဏ္ဍအတွက်ပါ လက်ခုပ် တီးဖို့ ပါပဲ။ ဒါပေမဲ့လည်း ဘာသာပြန်ခြင်းဆိုတာဟာ ယဉ်ကျေးမှုရဲ့ စက်အင်ဂျင်တစ်ခုဆိုတာကို မမေ့ကြဖို့ပါ။ ဂန္ထဝင်မြောက် စာပေလက်ရောက်တွေပဲဖြစ်ဖြစ်၊ ခေတ်ပေါ် ဘတ်ဆဲလားစာအုပ်တွေပဲဖြစ်ဖြစ် မူရင်း ရေးတဲ့ ဘာသာစကားထက် ဘာသာပြန်လိုက်မှ လူပိုသိ ပိုဖတ်ဖြစ်တာမျိုးပါ။ ဥပမာ ဆိုပါတော့ ရှားလော့ ဘရွန်တီရဲ့ ဂျိန်းအဲရ် (Jane Eyre) ဆိုရင် ဘာသာစကား ၅၇ မျိုးကို အနည်းဆုံး ၅၉၃ ကြိမ် ပြန်ဆိုပြီးပါပြီ။ ဒါဟာ ကျွန်တော်တို့ Jane Eyre အပေါ် ဘယ်လိုမြင်သလဲဆိုတာကို ပြောင်...