Skip to main content

Posts

ကောင်းပေမယ့် မွဲပြာပုဆိုးဇာတ်လမ်းဆင်ပုံကမလွတ်နိုင်တဲ့ "မာယာဘုံ"

စာအုပ်အမည် - မာယာဘုံ ရေးသူ - မြသန်းတင့် ထုတ်ဝေသူ - အမေ့ဥယျာဉ်စာပေ ကာလ - ၂၀၀၃ ဒီဇင်ဘာ (တတိယအကြိမ်) စာမျက်နှာ - ၄၈၀ ဆရာမြရဲ့ ပင်ကိုရေးလက်ရာဖြစ်ပါတယ်။ ဆိုရှယ်လစ်ခေတ်က မှောင်ခိုလောကသားတွေရဲ့ အကြောင်းကို မုံရွာ-ကလေးဝ-တမူး လမ်းကြောင်းကို ဇာတ်အိမ်တည် ရေးဖွဲ့ထားတဲ့ ဝတ္ထုဖြစ်ပါတယ်။ ဆရာမြရဲ့ အရေးအသား ညက်ညောမှုရှိတာရယ်၊ ကိုယ်တိုင်က အညာသားဖြစ်တဲ့ ဆရာဟာ အညာနောက်ခံကိုပီပြင်အောင် ဖွဲ့နိုင်တာရယ်၊ ကိုယ်မသိမမီလိုက်တဲ့ ခေတ်ကိုဖြတ်သန်းခဲ့ရသူတွေရဲ့ အကြောင်းကို သိခွင့်ရတာတွေရယ်ကြောင့် စာလုံးခပ်သေးသေး၊ စာမျက်နှာ ၅၀၀ နီးပါးစာအုပ်ကို သင်္ကြန်တွင်း မနားဘဲ ဆက်တိုက်ဖတ်ဖြစ်ပါတယ်။ ကိုယ်တိုင်ကလည်း မုံရွာအဆက်ဖြစ်တော့ ကိုယ်နဲ့ရင်းနှီးနေတဲ့ ဒေသအကြောင်းလေးတွေကို ဖတ်ရတာကလည်း အရသာ တစ်ခုပါ။ ဝတ္ထုကိုဖတ်ရတာ ကြိုက်ပေမယ့် ဘဝင်မကျတာလေးအချို့လည်း ရှိပါတယ်။ မြန်မာဝတ္ထုဇာတ်လမ်းတွေထုံးစံ လို့ပဲ ပြောရမလား၊ တိုက်ဆိုင်မှုတွေကို အတင်းဖန်တီးထားသလို ဖြစ်နေတယ်လို့ ခံစားရတာပါ။ ဇာတ်လမ်းထဲမှာ အေးမရဲ့ အဖေ သတ်လိုက်လို့ သေသွားတဲ့ လူရဲ့သား ကိုမြင့်ဟာ အေးမနဲ့ လာဆုံတွေ့ပြီး သမီးရည်းစား ဖြစ်ကြတယ်။ နောက်တစ်ခါ၊ အေးမရဲ့အဖေ ထောင်...

'မတ်မတ်'များအတွက်ဩဘာစာ

ဪ မတ်မတ် မတ်မတ် တမတ်တည်းမတ်နေရအောင် မတ်မတ်မှာ ဘာမတ်စရာရှိလို့လဲ။ ဒီလို ကပ်သီးကပ်သတ်မေးတော့ မတ်မတ်က ဟက်ခနဲရယ်တယ်။ ခက်တာပဲ အသက်ရယ်။ မတ်မတ်မှာ မတ်စရာမရှိပေမယ့် မတ်မတ်မှာ မက်စရာတွေရှိတယ်။ မတ်မတ်ဟာ အလတ်ကြီးရှိသေးတယ်။ မတ်မတ်မှာ သက်ဖိုရှိုက်ချက်တွေရှိတယ်။ သက်တုံ၊ တက်တုံတွေရှိတယ်။ မတ်မတ်မို့ ဂျင်းဘောင်းဘီ အကျပ်ဝတ်ရင်၊ ငါ့မတ်ကလေး အခက်တွေ့မယ်။ မတ်မတ်မို့ ဖျတ်ခနဲ လှမ်းကြည့်ရင်၊ ရင်ဘတ်တွေ တဆတ်ဆတ်တုန်မယ်။ မတ်မတ်ဟာ ချက်တတ် ပြုတ်တတ်တယ်။ မတ်မတ်ဟာ ငါးခဲပတ်ကင် ကြိုက်တယ်။ မတ်မတ်တွေဆုံကြပြီဆိုရင် လက်ပံပင်ကဆက်ရက် အရှုံးပေးရတတ်တယ်။ ရှောပင်စင်တာကို သက်စေ့ ပတ်တတ်တယ်။ မတ်မတ်ဟာ စိတ်ပြတ်တယ်။ စိတ်မခိုင်ရင် ပြန်ဆက်တယ်။ ခါးဖက်စရာနတ္ထိဆိုပေမယ့် ပေါက်စရာ ဝက်သက် အထပ်ထပ်ရှိတယ်။ မတ်မတ်ဟာ ချစ်တတ်တယ်။ ဗလိုင်းကြီးလာဖက်လို့ မရပေမယ့် သတ်သတ်မှတ်မှတ် အနားကပ်ရင်ရတယ်။ ပြီးမှ ဖုတ်ဖက်ခါထသွားရင်တော့ အမျက်ကြီးတတ်တယ်။ မတ်မတ်မှာ ဓားတစ်လက်ရှိတယ်။ မတ်မတ် သေအောင်ထိုးသတ်တတ်တယ်။ မတ်မတ်ဟာ တစွက်စွက် စားပေမယ့် ကိုယ်ခန္ဓာ ချပ်ချပ်ရပ်ရပ် ရှိသေးတယ်။ အပြောင်အပြက် ပြောတတ်ပေမယ့် ရန်စရင် ပြန်ပက်တယ်။ မတ်မတ်ဟာ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တယ်။ ရမ်တ...

ပိတောက်ရိပ်သို့အလွမ်းစာ

ကျွန်တော်သည် အနော်ရထာလမ်းမကြီးနှင့် ဗိုလ်အောင်ကျော်လမ်းထောင့်တွင် ရပ်နေ၏။ တစ်မနက်လုံး အုံ့ကာ တဖွဲဖွဲရွာသွန်းခဲ့သော မိုးသည် တအောင့်လောက် ကမှ စဲသွားသဖြင့် ကြဲသွားသော မိုးတိမ်တိုက်တို့ကြားမှ နေရောင်ခြည်က တစ်ချီတစ်မောင်း ဖြာကျလာသည်။ မီးပွိုင့် ဟိုဘက် ထောင့်ဖြတ်နေရာရှိ အတွင်းဝန်များရုံး အဆောက်အအုံသည် ပြိုးပြက်သော နေရောင်အောက်တွင် သစ်လွင်သောဆေးသားတို့ဖြင့် နီစွေးစွေးလှလို့ နေသည်။ လမ်းဆုံမှသည် ဗိုလ်အောင်ကျော်လမ်း အပေါ်ဘလောက်ဘက်သို့ ချိုးကွေ့လိုက်၏။ မျက်နှာမူရာအတိုင်း ကြည့်လျှင် လမ်း၏ဘယ်ဘက်ခြမ်း ပလက်ဖောင်းအတိုင်း လျှောက်လာလိုက်သည်။ ပလက်ဖောင်းသည် လွန်ခဲ့သော တစ်နှစ်၊ နှစ်နှစ်က ပြန်ခင်းထားသော ကွန်ကရစ်လောင်းလူသွားလမ်းဖြစ်သည်။ ယခင်ကလို ကျောက်ပြားချပ်များ မညီမညာခင်းထားသော လမ်းမဟုတ်တော့။ အရင်ကဆို သည် ပလက်ဖောင်းသည် အေးအေးလူလူ လျှောက်၍မရအောင်ကို ခလုတ် ခဏခဏတိုက်သည့် လမ်းဖြစ်ခဲ့သည်။ ပြောင်းလဲခြင်းတို့ ဆီးကြိုနေ၏။ ပလက်ဖောင်းဘေး ကပ်၍ ပါကင်ထိုးထားသည့် ကားတွေပိုများလာသည်။ အရင်ကဆို မိုးတွင်း ရောက်တိုင်း ကတ္တရာလမ်းမနှင့် ပလက်ဖောင်းတို့အကြား လေး၊ ငါးပေလောက်နေရာတွင် အိုင်ထွန်းနေ တတ်သော ရွှံပုပ်မည်းညစ်ညစ...

လူစီယာ၏နိက္ခမ

လူစီယာသည် အိမ်ဝင်းထဲတွင်ထိုင်လျက်ရှိသည်။ သူ့ဘက်ကပေးရမည့် ခန်းဝင်လက်ဖွဲ့များထဲမှ နောက်ဆုံးအဖြစ် ခေါင်းအုံးစွပ်တစ်ခုကိုချုပ်ကာ အလှပုံဖော်နေသည်။ ပြန့်ကျဲနေသောသစ်ရွက်စိမ်းများပေါ်မှ ခပ်နိမ့်နိမ့်ပက်ဖျန်းနေသည့် ရေပန်းက သူ့အားတီးတိုးစကား ဆိုသွား၏။ သူက တစ်ချက်နားထောင်လိုက်ပြီး နူးညံ့သည့် ကျောပြင်ကို အကြောဆန့်ကာ ကျောက်နံရံထူထူများပေါ် မှီချလိုက်သည်။ သူသည် ဤအိမ်၏အစိတ်အပိုင်း။ ဤအိမ်နှင့် သူမခွဲနိုင်။ Nun of Monza by Giuseppe Molteni Mark Cartwright (CC BY-NC-SA) ဒေသခံရေဝတီရပ်ကွက်တွင် ကနုတ်ထွင်းသစ်သားတံခါးကြီးအား မင်းတုပ်ထိုး ထား၏။ ယင်း၏အပြင်ဘက် ကော်ဒိုးဘား၏အခြားရပ်ကွက်တစ်ခုမှာတော့ ရိုဒရီးဂိုး၏အမေတစ်ယောက် အခု အချိန်လောက်ဆို အကောင်းဆုံး ထမင်းပွဲတစ်ခုကို ပြင်နေလောက်ပြီ။ ယနေ့ည သူတို့ပျော်ကြ ရွှင်ကြလိမ့်မည်။ လူစီယာ၏ မဟူရာတောက်သည့်ဆံကေသာသည် ပုခုံးပေါ်ဝဲကျနေသည်မှာ ကျီးနက် တစ်ကောင်၏ အတောင်ပံများအလား ထင်ရသည်။ မနေ့ညက သူအိပ်ပျော်အောင် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရသည်။ ကြောင်ညိုကြီး တစ်ကောင်ကို သူအိပ်မက်မက်သည်။ အိပ်မက်ထဲတွင် ကြောင်ကြီးသည် ခြံဝင်းတံတိုင်းပေါ်တွင် ထိုင်နေပြီးလျှင် လပြည့်ခါနီးလာသောအခါ အညိုမှသည...

ပိုလီသရစ္စကီးယား

ကျွန်တော်တို့ကလည်း အိမ်ရှင်တွေကို အားနာလှပြီ။ လေယာဉ်ပျက်ကျပြီးကတည်းက သူ့တို့ဆီမှာ သောင်တင်နေတာ သည်ပင် တစ်လရှိပြီ။ အိမ်ရှင် မူနာ ကတော့ ဘာမှအားမနာဖို့ပြောသလို သူ့မိသားစု ကလည်း လိုလေသေးမရှိအောင် ကျွန်တော်တို့ကို ဂရုစိုက်သည်။ ကျွန်တော်တို့ကတော့ အမြန်ဆုံး ကိုယ့်နိုင်ငံ ကိုယ် ပြန်ချင်လှပြီ။ မူနာက သူတို့ နိုင်ငံ၏ လူဝင်မှု ကြီးကြပ်ရေးဌာနနှင့်ပြောပြီးပါပြီ၊ အိမ်ကိုတန်းတန်း မတ်မတ် ပြန်ရောက်အောင် ကူညီပေးပါ့ မည်ဟု ဆိုသည်။ သူတို့ဆီမှာက ကျွန်တော်တို့နိုင်ငံသံရုံးမရှိသဖြင့် အနီးဆုံး ဩစတြေးလျမှာရှိသည့် သံရုံးက တစ်ဆင့်ဖြစ်ဖြစ် ကျွန်တော်တို့အစိုးရဘက်ကို လှမ်းအကြောင်း ကြား ပေးထားသည်။ တကယ်တော့လည်း မူနာ့ကို ကျွန်တော်တို့က အားနာစရာတော့ သည်လောက် မလိုလှ။ သူတို့ အစိုးရ၏ လူမှုရေးဌာန စရိတ်ဖြင့် နိုင်ငံတော်ဧည့်ဂေဟာမှာ ထားထားရင်းက လွတ်လွတ်လပ်လပ် နေချင်သည့် ကျွန်တော်တို့ကလည်း တောင်းဆိုသည်နှင့် ခင်မင်နေပြီ ဖြစ်သည့် ဂေဟာက လူမှုဝန်ထမ်းအရာရှိ မူနာ က သူ့အိမ်မှာ လာနေဖို့ဖိတ်ခြင်းဖြစ်သည်။ ကျွန်တော်တို့အတွက် အဓိက ကုန်ကျစရိတ်ကိုတော့ အစိုးရက ပေးသည်။ မူနာ တို့ မိသားစုကလည်း စေတနာမခေါင်းပါး။ နိုင်ငံတော်စရိတ်အပြင် သူတို့က...

စိုင်ကော်ရာမှ စသုံးလုံးဝန်ထမ်းဖြစ်သွားခြင်း

ကျနော့် မိန်းမကို ဖေ့စ်ဘွတ်မှာ ဘလော့လိုက်တယ်။ ညက ဘော်ဒါအပေါင်းအသင်း ရောင်းရင်းတွေနဲ့ ခပ်ထွေထွေလေး ကောင်းနေတဲ့အချိန် ဆိုင်မှာတင် ဘလော့လိုက်တာပေါ့။ သူ သိပ်ရစ်လွန်းအားကြီးတယ်ဗျ။ ‘ရှင် ဟိုကောင်မပုံအောက်မှာ သွားရေးထားတဲ့ မန့်က ဘာသဘောလဲ။’ ‘ရှင်က ဘာကိစ္စ ကြီးကောင် ကြီးမား ကျမှ ချာတိတ်မ ငယ်ငယ်လေးတွေနဲ့ သူငယ်ချင်းဖြစ်နေရတာလဲ။’ ‘ရှင်က ဟိုတစ်ယောက် ပုံအောက်မှာ ဘာကိစ္စ အသဲ သွားပေးထားရတာလဲ။’ တစ်နေ့တစ်နေ့ ဖြေရှင်းရတာ အမော။ ကြာတော့ ကျနော် မခံနိုင်တော့ဘူး။ တစ်ခါတလေလေး ဘော်ဒါတွေနဲ့ လူစုံတုန်း အေးဆေး သောက်ရမလား မှတ်တယ်။ ဖုန်းတဂွမ်ဂွမ်ဆက်ပြီး ရစ်လာတဲ့အတွက် ‘ကဲ ဘလော့တယ်ကွာ’ ဆိုပြီး သောက်ရင်း မတ်တပ်ကကို လုပ်ချလိုက်တာပဲ။ ဒီ မိန်းမတစ်ယောက်ဟာ အရင်က အဲလောက် မရစ်တတ်ဘူး။ လူတကာ ဖုန်းကိုင်နိုင်လာတဲ့နောက်ပိုင်း၊ လူတကာ ဖုန်းထက်မှာ အင်တာနက်ဆိုတာကြီး ရလာတဲ့နောက် ဖေ့စ်ဘွတ်နဲ့ အင်တာနက်ကို ညီမျှခြင်း ချရကောင်းမှန်းလောက်သာ သိရတဲ့သူတွေထဲမှာ သူ ပါလာတဲ့နောက်ပိုင်း ကျနော့်မှာ အေးအေး မနေရတော့ ဘူး။ ဟိုအရင်တစ်ချိန်က အင်တာနက်ကို စိတ်အေးချမ်းသာစွာနဲ့ လွတ်လွတ်လပ်လပ် သုံးခွင့်ရခဲ့တဲ့ဘဝကိုတော့ ပြန်တောင့်တမိသား။ ခုများတော့ ကိုယ...