Skip to main content

Posts

Showing posts from January, 2009

သီတာ

“ဘာကွ၊ ဘယ်လို၊ ပြန်ပြောစမ်းပါဦး” မိုးကြိုးပစ်သကဲ့သို့ ဟိန်းထွက်လာသောအဖေ့အသံကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး တုန်ခါသွားသလားဟု ထင်မှတ်ရပါသည်။ ဖေဖေ့မျက်နှာကတင်းမာခက်ထန်လျက်။ ဖေဖေ့ မျက်လုံးများက ကျွန်တော့်အား စူးစူးရဲရဲစိုက်ကြည့်လျက်။ ဖေဖေ့ရှေ့မှာတော့ ကြောင်ရှေ့ရောက်သည့်ကြွက်သူငယ်အလား ကျွန်တော်က ခေါင်းကိုငုံ့လျက် ခပ်ယို့ယို့ရပ်နေပါသည်။ “ကျွန်တော့်ရန်ကုန်သွားပြီး အောင်မြင်တဲ့ စာရေးဆရာတစ်ယောက်ဖြစ်အောင် ကြိုးစားပါရစေ ဖေဖေ” ငယ်စဉ်ကတည်းကကြောက်ရွံ့ခဲ့ရသော ဖေဖေ့ရှေ့တွင် အသံကိုမတုန်အောင် သတိထားပြောဖို့ ဆိုသည်မှာ အလွန်တရာမလွယ်ကူလှသောအလုပ်ဖြစ်ပါသည်။ ဖေဖေ့ကိုကြောက်သည့် စိတ်ကြောင့် အယောင်ယောင် အမှားမှားနှင့် စကားမမှားအောင်မနည်းသတိထားပြီး ထိန်းပြောနေရပါသည်။ “ကျွန်တော်ငယ်စဉ်ကတည်းက မျှော်လင့်ခဲ့ရတဲ့ ဘဝတစ်ခုကိုအကောင်အထည်ပေါ်အောင် ကြိုးစားကြည့်ပါရစေ ဖေဖေ။ လူတစ်ယောက်ဟာ သူဖြစ်ချင်တဲ့အရာကို စိတ်ကူးယဉ် ခွင့်ရှိ . . . ရှိ . . .” “အဲဒါခက်တာပေါ့ကွ၊ မင်းတို့ကောင်တွေက။ ကြည့်လိုက်ရင် စာယောင်ယောင်ပေယောင်ယောင်နဲ့၊ ပြီးရင် လာပါပြီ၊ စာရေးဆရာ၊ ကဗျာဆရာဖြစ်ချင်တာနဲ့၊ ဘာနဲ့။ ဟေ့ မမြမေ မင့်သားကိုကြည့်မပြောတော့ဘူးလား” ကျွန...

ကျွန်တော်နှင့်ကြိမ်လုံးနှစ်ချောင်း

တစ်နေ့က အိမ်ကိုသန့်ရှင်းရေးလုပ်နေတုန်း သေတ္တာတစ်လုံးထဲမှာ သိမ်းထားတဲ့ကြိမ်လုံး တစ်ချောင်း ထွက်လာ ပါတယ်။ ကြိမ်လုံးဟာ အတော်ကိုဟောင်းနွမ်းနေပြီး အနားတွေ တောင်ဖွာထွက်နေပါပြီ။ တစ်ချိန်က ကျွန်တော့် အသားကို နာကျင်အောင် ပြုမူခဲ့တဲ့ ဒီကြိမ်လုံးကလေးဟာ အခုတော့လည်း ဇရာဒုဗ္ဗလရဲ့ ဒဏ်ကိုခံစားနေရရှာပြီ ဖြစ်ပါတယ်။ သူ့ကို မြင်ရတာ ငယ်ရွယ်နုပျိုစဉ်က တောင့်တင်း သန်မာလှတဲ့ ယောက်ျားတစ်ယောက်ကို နှစ်အတော်ကြာပြီးတဲ့နောက် အိုမင်းရင့်ရော်မှုနဲ့ အတူပြန်ပြီး မြင်လိုက်ရသလိုပါပဲ။ တစ်ချိန်က ဧည့်ခန်းထဲမှာ ဝင့်ဝင့်ကြွားကြွား နေရာယူခဲ့တဲ့ ကြိမ်လုံးကလေးဟာ အခုတော့လည်း အသုံးမလိုတဲ့ပစ္စည်းတွေ စုပုံထားရှိရာ သေတ္တာတစ်ခုထဲမှာသာ ခပ်ကုပ်ကုပ် မွေ့လျော်နေရ ပါတယ်။ ဒီကြိမ်လုံးကို ကျွန်တော် ဘယ်အချိန်၊ ဘယ်နေရာမှာပဲ တွေ့တွေ့မှတ်မိနေမှာပါ။ သူနဲ့ ကျွန်တော့် အကြားမှာ မမေ့နိုင်စရာ အတိတ်တစ်ခုရှိတယ် မဟုတ်ပါလား။ ကျွန်တော်ဟာ ကြိမ်လုံးကိုလက်ထဲမှာ ကိုင်ဆကြည့်နေရင်းက အမေ့ရဲ့ တင်းမာခက်ထန်တဲ့ မျက်နှာကို မျက်စိ ထဲမှာ ပြန်မြင်ယောင်လာမိပါတယ်။ ကျွန်တော်က နှေးကွေးတဲ့ခြေလှမ်းတွေနဲ့ အိမ်ဘက်ကို မရဲတရဲ ဦးတည်လာ နေပါတယ်။ အမေကတော့ ရေချိုးတော့မယ့်ဆဲဆဲ ထဘီရင်လ...

အဖြူရောင်နှလုံးသားများသို့

ပန်းတွေဟာလှပစွာဖူးပွင့်နေကြပါတယ်။ ကမ္ဘာလောကဟာ ခါတိုင်းထက်ကို ပိုလှနေသလိုပါပဲ။ အပြာရောင် ပိတ်ကားတစ်ချပ်ပေါ်မှာ ပုစွန်ဆီရောင်တွေကို ခြယ်သထားပြီး အဲဒီအပေါ်မှာတော့ တိမ်စိုင်တိမ်လိပ် တွေကိုချိတ်ဆွဲထားပါတယ်။ ဟောဟို တောတန်းလေးဆီကလွင့်မျောလာတဲ့ ပန်းရနံ့ မွှေးမွှေးတွေက စိတ်အညစ် အကြေးတွေကို ဆေးကြောချဖို့လား။ တည်ငြိမ်နေတဲ့ ကန်ရေပြင်ကိုကြည့်လို့ ကျွန်တော်အတွေးနယ်ချဲ့ နေမိပါတယ်။ ကမ္ဘာလောကဟာ သိပ်ကိုနေချင့်စဖွယ် ကောင်းလောက်အောင် သာယာလှပနေတာပါ။ ကျွန်တော်ဟာ ဒီမြင်ကွင်းကိုကြည့်လို့ လောကကိုခုံမင်တွယ်တာတဲ့စိတ်တွေ တိုးပွားနေမိတာပါ။ ရုတ်တရက် ကျွန်တော့်မျက်စိရှေ့က သဘာဝပန်းချီကားချပ်ကြီးပေါ်ကို ဆေးအနီတွေ မှောက်ကျသွားသလားလို့ မှတ်ထင်လိုက်မိပါတယ်။ အကြောင်းအရာတစ်ရပ် ခေါင်းထဲဝင်ရောက်လာတဲ့အခါမှာပေါ့။ ဒီအကြောင်းကို သတိရမိတိုင်း ကျွန်တော်ဟာနေထိပန်းလိုညှိုးနွမ်းသွားရတာ ဘယ်သူများသိပါ့မလဲ။ စာရွက်တစ်ရွက်ပေါ်က အဖြေတစ်ခု၊ မိုးကြိုးသံမက ကျယ်လေမလားထင်ရတဲ့ စကားတစ်ခွန်း၊ အထင်သေးစက်ဆုပ်မှုတွေနဲ့မျက်လုံးတွေ ...အို ခုထိ မျက်လုံးထဲကမထွက်နိုင်သေးပါဘူး။ သနားစရာ အကောင်းဆုံးသတ္တဝါတစ်ကောင်အဖြစ် ကိုယ့်ကိုယ်ကိုယ်မှတ်ယူရင်း ဆေးခန်းထဲက...

အားပေးဖေးကူနေကြသရွေ့

အဖေ ...သားကို သတိရပါသေးရဲ့လား။ အဖေ့ကို သားလိုအပ်နေချိန် အဖေဘယ်ရောက်နေပါသလဲ။ လောက ဓံရဲ့ အထုအထောင်းတွေကြောင့် အသက်ထက် အိုမင်းရင့်ညိုနေတဲ့ အဖေ့မျက်နှာရယ်၊ ကိုယ်အထက်ပိုင်း အဝတ်အစားမကပ်တတ်တာကြာလိူ့ နေခထားတဲ့ မွဲပြာပြာ အဖေ့ကျောဗလာကြီးရယ်၊ အိမ်ပြန်လာတိုင်း သား ယီးလေးခိုဖို့ ဆန့်ထုတ်ပေးတတ်တဲ့ အဖေ့ရဲ့ ကြီးမားတုတ်ခိုင်တဲ့ လက်မောင်းအိုးကြီးတွေရယ်၊ ဒါတွေ အခု ဘယ်များရောက်နေပါသလဲ။ အဖေဟာအဖေ့ကိုချစ်လို့မဝတဲ့၊ အဖေချစ်လို့ မ၀သေးတဲ့သားကို တကယ်ပဲခွဲသွားခဲ့ပြီလား။

တူတူပုန်း

Artist: Mirek Kuzniar အဖေသည်သမီးပြန်အလာကို စောင့်မျှော်နေ၏။ သမီးသည် အခုအချိန်လောက်ဆို ကျောင်းကနေပြန်ရောက်သင့်ပြီ။ အဖေက စိတ်ပူစွာ သက်ပြင်းချ၏။ သူ့မျက်နှာက မှေးမှိန်ဖျော့တော့လျက်။ တရွေ့ရွေ့သွားနေသော စက္ကန့်လက်တံတို့သည် သူ့အတွက်တော့နှေးကွေးလွန်းလှသော လိပ်တစ်ကောင်နှင့်မခြား။ အဖေသည် မီးသေသွားသောဆေးပေါ့လိပ်ကို မီးညှိဖို့ မီးခြစ်ကို ဟိုဟို ဒီဒီလိုက်ရှာ၏။ တစ်အိမ်လုံးနှံ့အောင် ပတ်ရှာပြီးကာမှ သူ့အိပ်ထောင်ထဲထည့်ထားသည့် မီးခြစ်ကို အဖေတွေ့သည်။ အဖေသည် စိတ်ကို တည်ငြိမ်အောင်ထားပြီး ဆေးလိပ်မီးညှိ၏။ အဖေ့လက်တို့မှာ ကတုန်ကယင်။ အဖေသည် ပူနေသောစိတ်တို့ကို အေးရာအေးကြောင်း ကြိုးစားသည့်အနေဖြင့် ကလောင်ကို ကောက်ကိုင် လိုက်ပြီးမပြီးသေးသောစာပန်းချီတစ်ချပ်ကို ဆက်လက်ခြယ်မှုန်းဖို့ အားထုတ်၏။ အဖေ့ရင်ထဲမှ ခံစားချက်များသည် စကားလုံးမြစ်များအဖြစ် စာရွက်ပေါ်တွင် စီးဆင်းသွားကြသည်။ အဖေသည် သမီးပြန်မရောက်သေးသည့် အဖြစ်ကို မေ့လျော့သွားသည်။ ယခုမူ အချိန်တို့သည် လျင်မြန်စွာ ကုန်ဆုံးသွားသည်ဟု အဖေထင်မိသည်။ သမီးက လွယ်အိတ်ကိုပင်ပင်ပန်းပန်းလွယ်၍ အိမ်ရှေ့လှေကားကိုအမောတကောတက်ရင်း ]ဖေဖေရေ } ဟု အော်ခေါ်လိုက်သည်။ သူ့ပုံ...

ခင့်အတွက်မွေးနေ့လက်ဆောင်

ခင့်ကို ဝလာသည်ဟု လူတိုင်းက ပြောကြသည်။ ဟုတ်ပါသည်။ ယခင်က သွယ်သွယ်လျလျ ခင့်ခါးတဝိုက်တွင် ယခု အတော်လေး အဆီတက်နေမှန်း ကျွန်တော်လည်း သတိထားမိပါ၏။ အသက်အားဖြင့် သုံးဆယ်ကျော် ငါးနှစ်ပတ်လည် အိမ်ထောင်သည် မိန်းမတစ်ဦးအဖို့ ခါးလေးတုတ်လာသည်မှာ သိပ်တော့ အဆန်း မဟုတ်ပါ။ ထားတော့။ ဒါက ပြဿနာမဟုတ်ပါ။ ခင် ဝ သည်ဖြစ်စေ၊ ပိန်သည်ဖြစ်စေ ခင်သည် ကျွန်တော့်အတွက် ထာ၀ရ ခင် သာ ဖြစ်ပါသည်။ ပြဿနာက ခင့်ခန္ဓာကိုယ်မဟုတ်ပါ။ ပြဿနာက ခင့် စိတ်ဖြစ်သည်။ “ မောင် အရင်လို မဟုတ်တော့ဘူး ” ဆိုသည့် စကားကို ပြောနေသည့် ခင်ကိုယ်တိုင်ပင် ဖြစ်သည်။ ခင်နှင့်ကျွန်တော် လက်ထပ်ခဲ့တာ ၁၀ စုနှစ် တစ်ခုကျော်၍ သားတစ်ယောက်သမီးတစ်ယောက်ပင် ထွန်းကားခဲ့ပြီ။ ဒီအတောအတွင်း ကျွန်တော် ခင့်အပေါ် မည်မျှသစ္စာရှိမှန်း၊ ခင့်ကို ကျွန်တော်ဘယ်လောက်ချစ်မှန်း ခင် တကယ်ပဲ မသိလေသလား။ မသိချင်ယောင်ပဲဆောင်လေသလား။ “ မောင် ခင့်ကို အရင်လောက် မချစ်တော့ဘူး မဟုတ်လား ” ဆိုသော စကားသည် ဘာကိုကြည့် ၍ ဆိုပါသနည်း။ ကျွန်တော်ပဲ သမီး ရည်းစား ဘ ဝ ကလို ခင့်လက်ကလေးကို တမြတ်တနိုး မကိုင်တွယ် မိ၍လော။ ခင်နှင့် ဆိုင်ထိုင်တိုင်း တစ်ရှူးစကလေးများ အလိုက်တသိဆုတ်မပေးမိလေသလော။ ခင့်မျက်နှာမကြ...

ကျွန်တော်ပုတီးမစိပ်ပါ သို့သော်...

ထိုစဉ်က ထွေးကို စိပ်ပုတီးလေး အမှတ် မထင် လက်ဆောင်ပေးမိသည်။ ထွေး ပုတီးစိပ်၊ မစိပ် သိထားလို့ရယ်တော့ မဟုတ်ပါ။ အကယ်စင်စစ် ထွေး အကြောင်းကို ကျွန်တော်ထိုစဉ်က ဘာမျှ ဟုတ္တိပတ္တိ မသိသေး။ “ ထွေး ပုတီးစိပ်သလား ” ဟုမေးတော့ ထွေးက အသာအယာသာ ခေါင်းညိတ်ပြခဲ့လေသည်။ နောက်မှ သိရသည်က ‘ ထွေးပုတီးစိပ်လေ့မရှိ ’ တဲ့၊ ‘ ကျွန်တော့် ပုတီးကိုတစ်ညသာစိပ်ပြီး နောက်ညတွေ ဆက်မစိပ်ဖြစ် ’ တဲ့။ ထွေး ကျွန်တော့်ကို ညာခဲ့သည်။ သို့သော် ထိုညာခြင်းကပင် စိပ်ပုတီးပေးဖြစ်ရခြင်း၏ အကြောင်းပင် ဖြစ်လေသည်။ “ မင်းကွာ လက်ဆောင်ပေးစရာရှားလို့ ပုတီးမှပေးရသလား။ မိန်းကလေးအကြိုက် ပစ္စည်းတွေမှ တပုံတပင် ” ဟုအပြစ်ပြောလာလျှင်လည်း ခံရုံသာရှိပါသည်။ တကယ်တော့ ထိုစဉ်က ကျွန်တော်တို့နှစ်ဦးသားက ဘုရားစောင်းတန်းမှာ။ ရုတ်တရက် ခေါင်းထဲမှာ ဖျတ်ကနဲပေါ်လာသည်က ထွေးကို မိတ်ဖြစ်ဆွေဖြစ် လက်ဆောင်တစ်ခုပေးဖို့။ ဘုရားစောင်းတန်းတလျှောက်ရှိ ဆိုင်များတွင် အမှတ်တရပန်းချီကား၊ ခရုကမာပုတီး၊ လက်ကောက်၊ ဆံထိုး စသည့် မိန်းမကြိုက်ပစ္စည်းပစ္စယ အစုံအလင်တင်ထားသော်ငြား ကျွန်တော်သည် နံသာဖြူပုတီးကိုသာ လက်ဆောင်အဖြစ် ရွေးချယ်ခဲ့မိ၏။ ဘာကြောင့် ရွေးခဲ့ရမှန်းတော့ ကိုယ်ကိုယ်တိုင်လည်း မ...