Skip to main content

Posts

မယ်သီဝလိကိုမွေးဖွားခြင်း

အချိန်က ဈေးပေါင်ကျိုး။ ကလေးတွေလည်း ကျောင်းတက်၊ အလုပ်သမားတွေလည်း ရုံးတက်ကုန်ကြပြီ။ လူကျခဲ့တဲ့ လက်ဖက်ရည်ဆိုင်လေးတောင် ပြန်လည်ငိုက်မျဉ်းလို့။ ခုနက ယာဉ်သွားယာဉ်လာတွေ၊ ခြေကျင်သွားသူတွေနဲ့ ရှုပ်ယှက်ခတ်နေတဲ့ လမ်းမတော်ရဲ့အထက်က ဖုန်မှုန့်တွေဟာ လေနှင်ရာ လွင့်ပါသွားပြီးကြလို့ လေထုဟာ ပြန်လည် သန့်စင်သွားတယ်။ ခရီးနှစ်ကြောင်းစီလောက် လိုက်ပြီး ပြန်လာနားနေကြတဲ့ ဆိုက်ကားဆရာတွေဟာ ကျားထိုးတဲ့အဖွဲ့နဲ့ ဇယ်တောက်တဲ့အဖွဲ့ဆိုပြီး နှစ်ဖွဲ့ကွဲသွားကြတယ်။ ဘယ်အဖွဲ့မှာမှ မပါတဲ့ ဆိုက်ကားဆရာတစ်ယောက် ကတော့ ဆိုက်ကားပေါ်မှာပဲ သက်သောင့်သက်သာထိုင်ရင်း ဖုန်းထဲက တွံတေးသိန်းတန် သီချင်းတစ်ပုဒ်ကို ဖွင့်၊ နှုတ်က လိုက်ညည်းလို့။ ဆိုက်ကားဂိတ်နဲ့ မျက်စောင်းထိုး ပျံကျဈေးလေးထဲက ကုန်စုံဆိုင်လေးမှာ ဈေးဝယ်သူရောက်လာလို့ ဆိုင်ရှင်မိန်းမဟာ ကလေး ခါးထစ်ခွင်ချီလျက်သားနဲ့မှ အပြင်ထွက်လာတယ်။ ခုချိန်မှ ဈေးဝယ်လာဟန်တူတဲ့ ဈေးဝယ်သူမိန်းမက သူ့ဆိုင်မှာတင်ထားတဲ့ ပစ္စည်းအတိုအထွာလေးတွေကို ဟိုရွေးသည်ရွေးလုပ်နေတာ တော်တော်နဲ့ မပြီးဘူး။ ဆိုင်ရှင်မိန်းမဟာ ဝယ်သူကိုစိတ်မရှည်ဟန်နဲ့ သူ့ခါးပေါ်က ဂျီတိုက်နေတဲ့ ကလေးကို ဆူနေတယ်။ “ဒီကလေးဟာလေ ငိုရတဲ့ကလေး မုန့်စားရတယ် ဆိုတ...

စံပယ်ရုံကဖေးကို ထပ်မသွားတော့ပါ

တက္ကသိုလ်ကျောင်းတုန်းက ကျွန်တော့်သူငယ်ချင်းတွေထဲမှာ ဖိုးဇော်ဆိုတာ ရှိတယ်။ ဖိုးဇော်နဲ့ ကျွန်တော်နဲ့က မေဂျာမတူဘူး။ သူက မြို့ပြအင်ဂျင်နီယာဘာသာရပ်၊ ကျွန်တော်က အီလက်ထရွန်းနစ်ပေါ့။ ဖိုးဇော်ဟာ သူနဲ့ တစ်မေဂျာတည်းတက်တဲ့ နွေးနွေးဆိုတဲ့ ကျောင်းသူနဲ့ပဲ နောက်ပိုင်း အိမ်ထောင်ကျတယ်။ သမီးတစ်ယောက်ရတယ်။  ဖိုးဇော်နဲ့ နွေးနွေးတုန်းက ကြိုက်သွားတဲ့အကြောင်းတွေကို ကျွန်တော်က အစအဆုံး သိတယ်။ ကျွန်တော်တို့ ပထမနှစ်ကတည်းက ဖိုးဇော်က နွေးနွေးကို စိတ်ဝင်စားတယ်။ နွေးနွေးက တရုတ်ကပြားမလေး၊ အသားဖြူဖြူ၊ ခပ်ချောချော၊ သွားထပ်ကလေးနဲ့။ ဆံပင်ရှည်ရှည်လေးကို ဖားလျားလေးချပြီး လွယ်အိတ်လေး ဘေးတစောင်းလွယ်လို့ ကျောင်းလာတတ်တယ်။ ရိုးရိုးယဉ်ယဉ်ပုံစံလေးပေါ့။ ဖိုးဇော်က နွေးနွေးကို ကျွန်တော်တို့ ပထမနှစ်မှာ စပိုးတယ်။  ဖိုးဇော်က ကျောင်းမှာ ပေါ်ပြူလာဖြစ်တဲ့သူ။ အဲဒီတုန်းက ကျွန်တော်တို့ အင်ဂျင်နီယာကျောင်းသားတွေကို ဗိုလ်သန်းရွှေ ဦးဆောင်တဲ့ စစ်အစိုးရက အသကုန်နှိပ်ကွပ်ထားတာ။ ကျောင်းတွေကို ခွဲထုတ်၊ မြို့ပြင်ပို့။ ရိုးရိုး အေဂျီတီအိုင်တွေနဲ့ ရောပြီးတက်ခိုင်း။ အဲသလိုလုပ်တော့ ကျောင်းသားတွေက ကျောင်းထဲမှာ ဆန္ဒပြကြတယ်။ အခန်းထဲကနေ အပြင်ထွက်ထိုင်၊ ...

အင်ဒရိုမီဒါနှင့်ကျွန်တော်တို့ ဆုံတဲ့အခါ ပြန်ပြောပြချင်တဲ့ နိုဝင်ဘာ ၂၇

နိုဝင်ဘာလ ၂၇ ရက်နေ့သည် ကျွန်တော့်ဘဝတွင် တိုက်ဆိုင်စွာပင် အမှတ်တရများရှိသော နေ့စွဲတစ်ခု ဖြစ်ပါသည်။ လူတို့သည် သူတို့ဘဝတွင် ထူးခြားဖြစ်စဉ်များနှင့်ကြုံရသောအခါ ထိုသို့ကြုံရသည့် နေ့စွဲကို မှတ်မိနေတတ်ကြသည် မဟုတ်လား။  (၁) နိုဝင်ဘာ ၂၇ နှင့်ပတ်သက်၍ ပထမဆုံး အမှတ်တရမှာ ထိုနေ့သည် အဘွားဆုံးသောနေ့စွဲဖြစ်သည်။ အဘွား ရုတ်တရက် ဆုံးတုန်းက ကျွန်တော်အသက် ၁၆ နှစ်အရွယ်။ အဘွားသည် အိပ်ရာထပြီးနောက် ရေချိုးခန်းထဲ မျက်နှာသစ်နေရာမှ နှလုံးရပ်ကာ သတိလစ်သွားခဲ့သည်။ အိမ်သားများက ရှေးဦးသူနာပြုစုနည်းဖြင့် နှလုံးပြန်နှိုးကာ ဆေးရုံအမြန်ပို့သော်လည်း ထိုတောင်ကိုမကျော်နိုင်ခဲ့ပါ။ အဘွား အဲသည်လိုတွေ ဖြစ်နေတော့ ကျွန်တော်က ကျောင်းသွားနေချိန်။ မနက်ကျောင်းမသွားခင် အဘွားကို တွေ့လိုက်သေး သည်။ ကျောင်းမှအိမ်ပြန်လာတော့ အဘွားမရှိတော့။ မြန်လိုက်တာ။ သည်လိုမှန်း သိခဲ့လျှင် ကျောင်းမသွားခင် အဘွားကို ဖက်သွားခဲ့ရကောင်းသား။  အဘွားဆုံးတော့ အမေတို့ငိုကြသည်။ အဘွားအကြောင်းတွေ တသသပြန်ပြောကြ၊ အဘွားကို အာဂမိန်းမဟဲ့ ဟူ၍ ဟိမဝန္တာချီးမွမ်းခန်း ဖွင့်ကြ။ လွမ်းဆွေးကြ။ အဘွားသည် ရှာမှရှားသောမိန်းမတွေထဲက တစ်ယောက်ဟု ထောပနာကြသည်။ ကျွန်တော်သည် နာရေးကာလတစ်...

ရထားကောင်

ဆိုင်ထဲဝင်ပြီးတဲ့နောက် အပြင်ကိုလည်း ကောင်းကောင်း မြင်ရမယ့်၊ အပြင်ကဝင်လာရင်လည်း ကိုယ့်ကို သိပ်မရှာရမယ့် စားပွဲတစ်လုံးကို ရွေးပြီးထိုင်လိုက်တယ်။ စားပွဲထိုးကို မှာစရာရှိတာ မှာပြီးတာနဲ့ ဖုန်းဆက်မယ်လုပ်တုန်း ကျနော်ဆက်မယ့်သူဆီက ဖုန်းအရင် ဝင်လာတာနဲ့ ကောက်ကိုင်လိုက်တယ်။  “ရောက်နေပြီ ကိုစည်သူ၊ ဆိုင်ထဲဝင်ဝင်ချင်း ဘယ်ဘက်ခြမ်း ဒုတိယမြောက်စားပွဲမှာ” မကြာပါဘူး၊ ကျနော့်အသိ ကိုစည်သူတို့စုံတွဲ ဆိုင်ထဲကို ဝင်လာပါတယ်။ ကျနော့်စားပွဲမှာ ဝင်ထိုင်ကြတယ်။  “ရောက်တာကြာပြီလား ကိုမြင့်ကို” ဆိုတဲ့ ကိုစည်သူ့မေးခွန်းအဆုံးမှာ မကြာသေးကြောင်း ဖြေလိုက်ရင်း တခြား ပဋိသန္ဓာရစကားတွေ ပြောကြပါတယ်။ ခဏနေတော့ သူတို့ဖို့ယူလာတဲ့ ဖိတ်စာကို ကျနော် ကမ်းပေးလိုက်ပါတယ်။  “ဒါ လာမယ့်အပတ်ထဲ လောကနတ်မှာလုပ်မယ့် ကျနော့်ပြပွဲဖိတ်စာ။ ကိုစည်သူရော မကြော့ရော အချိန်ရရင် ကြွခဲ့ပါဦး” “ဟာ မိုက်တာပေါ့၊ တစ်ကိုယ်တော်ပွဲလား” လို့ မကြော့က မေးတော့ “ဟုတ်တယ်၊ မကြော့ရေ။ ကျနော့်ရဲ့ ပထမဆုံး တစ်ကိုယ်တော်ပြပွဲပါဗျ” လို့ ကျနော်က ဂုဏ်ယူဝံ့ကြွားစွာနဲ့ ပြောလိုက်တယ်။  မကြော့ဟာ အဝါရောင်စာအိတ်လေးပေါ်က သူတို့စုံတွဲနာမည်ရေးထားတာကို တစ်ချက်ကြည့်တယ်။ ပြီးတ...

ရေအေး၏ 'သားပိုက်ကောင်နေ့ရက်များ'

သားပိုက်ကောင်နေ့ရက်များ ရေအေး ဇလပ်နီစာပေ၊ ဩဂုတ် ၂၀၂၃ (ပထမအကြိမ်) ဒီဝတ္ထုလေးထွက်လာတဲ့အတွက် စာရေးသူကိုရော ထုတ်ဝေသူကိုရော ကျေးဇူးတင်တယ်။ ဒါမျိုး မြန်မာပင်ကိုရေးထဲမှာ ဖတ်ချင်နေတဲ့ အာသီသလေး ပြည့်သွားတယ် ဆိုရမယ်။ အစဉ်အလာ ဝတ္ထုရေးဟန်တွေသာ လွှမ်းမိုးနေဆဲ မြန်မာခေတ်ပေါ်စာပေလောကရဲ့ ကွက်လပ်တစ်ခုကို ဖြည့်ဆည်း ပေးလိုက်တဲ့ ဝတ္ထုလို့ဆိုရမယ်။  ရုတ်တရက် ပြိုကျလာတဲ့ကျီးအုပ်တွေ၊ နေပြောက်တောင် မထိုးအောင် ကောင်းကင်မှာ ကျီးတွေဟာ အတောင်ပံချင်း ထိနေအောင် အုပ်မိုးထားတဲ့အတွက် ရုတ်တရက် မိုးမှောင်ကြီးကျသွားသလို ဖြစ်သွားတဲ့ အခိုက်အတံ့တွေရဲ့နောက်မှာ သွေးပျက်စရာ အဖြစ်အပျက်တွေ။ ရွာထဲကို ကြောင်နက်ကြီးတွေ ဝင်လာသတဲ့။ အိမ်ပြင်မှာတွေ့သမျှ လူတွေကို အကုန် လက်တွေခြေတွေ ဆွဲဖြုတ်။ တစ်ရွာလုံး ကမ္ဘာပျက်သလိုဖြစ်။ တချို့ကလည်း လူတစ်ကိုယ်စာမကမြင့်တဲ့ ကြောင်ကြီးတွေတဲ့။ တချို့ကလည်း လူကိုယ်ခန္ဓာနဲ့ ကြောင်ဦးခေါင်းတဲ့။ မျက်လုံးက ကြောင်မျက်လုံးတွေတဲ့။  ဒီလိုနဲ့ ရွာတွေ ရွာတွေဟာ ကျီးတွေ၊ ကြောင်တွေကြောင့် အိုးအိမ်ကိုစွန့်ခွာထွက်ပြေးကြရတယ်။ လူမရှိတော့တဲ့ ရွာပျက်ကြီးတွေကို ကြောင်တွေက မီးရှို့ဖျက်ဆီးတယ်။ ရွာကိုစွန့်ခွာထွက်ပြေးရသူတွေထဲက...

ကျွန်တော့်ဘဝကို လမ်းပြပေးခဲ့တဲ့ စာတစ်စောင်

ဒီစာရဲ့သက်တမ်းဟာ နှစ် ၂၀ နီးပါးရှိပါပြီ။  ၂၀၀၄ သို့မဟုတ် ၂၀၀၅ ခုနှစ်အတွင်းက စာတစ်စောင်ပါ။  အဲဒီတုန်းက ကျွန်တော်ဟာ ကျောင်းပြီးခါစ။ စိတ်ကူးအိပ်မက်က တောင်းဆိုနေတဲ့ဘဝနဲ့ ဘဝပြဋ္ဌာန်းမှုက တောင်းဆိုနေတဲ့ ဘဝ ဆိုတဲ့ ဘဝနှစ်မျိုးကြားမှာ ရွေးရခက်နေချိန်ပေါ့။ ကျွန်တော်ရတဲ့ဘွဲ့က BE ဘွဲ့။ အင်ဂျင်နီယာ။ ကျွန်တော့်စိတ်နှလုံးထဲက တောင်းဆိုနေတာကတော့ စာရေးဆရာ။ နိုင်ငံခြားထွက်ပြီး အင်ဂျင်နီယာလုပ်မယ်ဆိုရင် ငွေကြေးအရ ပြည့်စုံမယ့်ဘဝ။ ဒုတိယတစ်ခုကတော့ ဘာမှ မသေချာ မရေရာတဲ့လမ်း၊ ငတ်တစ်လှည့် ပြတ်တစ်လှည့်လမ်း။ တစ်ဖက်ကလည်း ကိုယ်လုပ်ချင်တာ လျှောက်လုပ်နေလို့ရလောက်အောင် ကိုယ့်မိဘက ငွေကြေးပြည့်စုံချမ်းသာသူမဟုတ်။  အဲဒီအချိန်မှာ မြန်မာပြည်မှာ အင်တာနက်ကဖေးတွေ စပေါ်ခါစ။ Gmail ဆိုတာလူသိပ်မသိကြသေးချိန်။ mptmail.net.mm ကလွဲပြီး တခြားဘာအီးမေးလ်မှ ဖွင့်ခွင့်မရှိတဲ့အချိန်။ အင်တာနက်ပေါ်က အခမဲ့ရတဲ့ လူမသိသူမသိ အီးမေးလ်တွေကို လိုက်ဖွင့်ပြီး ဟိုလူ့ဆီ စာလှမ်းရေးလိုက်၊ ဒီလူ့ဆီ စာလှမ်းရေးလိုက်နဲ့ ခုမှ အင်တာနက်တို့၊ အီးမေးလ်တို့နဲ့ စသုံးဖူးတဲ့ ကျွန်တော်တစ်ယောက် မျောက်အုန်းသီးရသလို။  အဲဒီအချိန် ပြည်ပကိုပြောင်းရွှေ့သွာ...

ဝါဆိုလပြည့်နေ့အတွေးများ (၂)

လွန်ခဲ့တဲ့ နှစ်နှစ်က ‘ ဝါဆိုလပြည့်နေ့အတွေးများ ’ ဆိုပြီး ရေးခဲ့ဖူးတော့ ခုတစ်ခါရေးတာက အပိုင်း (၂) ပဲ ဆိုကြပါစို့။ အများသူငါက ဝါဆိုလပြည့်နေ့မှာ ဓမ္မစကြာ ဒေသနာကို အကျဉ်းချုပ်ပြန်ရေးကြတာ လုပ်ကြပေမဲ့ ကျွန်တော်ကတော့ ဓမ္မစကြာထဲက အချက်အချို့ကို အမြင်တစ်မျိုးနဲ့ ပြန်ကြည့်ချင်တယ်။   (၁) ပထမအချက်က မဇ္ဈိမပဋိပဒါလို့ လူသိများကြတဲ့ အလယ်အလတ်လမ်း၊ အစွန်းမရောက်တဲ့လမ်း ဆိုတဲ့ ဟောကြားချက်ပါ။ သိပြီးဖြစ်တဲ့အတိုင်း ဗုဒ္ဓက ပဉ္စဝဂ္ဂီငါးဦးကို တရားဟောတော့ “ဒွေ မေ ဘိက္ခဝေ အန္တာ ...” အစချီပြီး ဟောပါတယ်။ ရဟန်းတို့၊ လောကမှာ အစွန်းနှစ်ပါးရှိတယ်။ တစ်ပါးက ကာမသုခလ္လိကာနုယောဂ (ကာမဂုဏ်ခံစားတဲ့လမ်း)၊ တစ်ပါးက အတ္တကိလမထာနုယောဂ (ကိုယ့်ကိုယ်ကိုယ် ညှဉ်းဆဲတဲ့လမ်း)။ သစ္စာတရားရှာဖွေသူတွေဟာ အဲဒီ အစွန်းနှစ်ပါးစလုံးကို ရှောင်တယ် (ရှောင်ရမယ်) လို့ ဆိုတယ်။ ကာမဂုဏ် ခံစားနေခြင်းဖြင့် သို့မဟုတ် ကိုယ့်ခန္ဓာကိုယ်ကို နာကျင်အောင် နှိပ်စက်နေခြင်းဖြင့် ဓမ္မဉာဏ်အလင်းကို မသိနိုင်ဘူး။ ဒါ အားလုံးသိပြီးသားအပိုင်း။  အဲဒီမှာ ကျွန်တော်တို့က အဲဒီလမ်းနှစ်သွယ်ကို ‘အစွန်း နှစ်ပါး’ ရယ်လို့ သိထားကြတယ်။ ဒါကလည်း ပါဠိ ‘အန္တာ’ ကို မြန်မာလို ‘အစွန်း’ အင်...