Skip to main content

Posts

Jane Eyre ဝတ္ထုကို ယဉ်ကျေးမှုမတူတဲ့ ဘာသာစကားအမျိုးမျိုးသို့ ပြန်ဆိုကြပုံများ

ဘာသာပြန်သူတွေဟာ စာပေရဲ့ ချီးကျူးမခံရတဲ့သူရဲကောင်းတွေပါ။ ဒါမှမဟုတ် မျှမျှတတပြောရရင်တော့ အသံကျယ်ကျယ် ချီးကျူးမခံရသူတွေပေါ့။ တကယ်တော့ ဘာသာပြန်သူတွေကို လုံးဝအသိအမှတ် မပြုတာတော့ မဟုတ်ပါဘူး။ နိုင်ငံတကာဘွတ်ကာဆုမှာဆိုရင် ဆုရစာအုပ်ရဲ့ စာရေးသူနဲ့ ဘာသာပြန်သူတို့ဟာ ပေါင် ၅၀,၀၀၀ ဆုကို ခွဲယူကြရပါတယ်။ စက်တင်ဘာလ ၃၀ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ ဘာသာပြန်နေ့ဖြစ်ပါတယ်။ ဒါဟာ ဘာသာပြန်ဝတ္ထုနဲ့ ကဗျာတွေကို ထုတ်ဝေတဲ့ စာအုပ်တိုက်သေးသေးလေးတွေအတွက် အောင်ပွဲခံဖို့အခွင့်ဖြစ်သလို အွန်လိုင်းဘာသာပြန်နဲ့တကွ အရင်ကထက် ပိုမိုအရေးပါလာပြီဖြစ်တဲ့ လူသားဘာသာပြန်ဆရာတွေရဲ့ အခန်းကဏ္ဍအတွက်ပါ လက်ခုပ် တီးဖို့ ပါပဲ။ ဒါပေမဲ့လည်း ဘာသာပြန်ခြင်းဆိုတာဟာ ယဉ်ကျေးမှုရဲ့ စက်အင်ဂျင်တစ်ခုဆိုတာကို မမေ့ကြဖို့ပါ။ ဂန္ထဝင်မြောက် စာပေလက်ရောက်တွေပဲဖြစ်ဖြစ်၊ ခေတ်ပေါ် ဘတ်ဆဲလားစာအုပ်တွေပဲဖြစ်ဖြစ် မူရင်း ရေးတဲ့ ဘာသာစကားထက် ဘာသာပြန်လိုက်မှ လူပိုသိ ပိုဖတ်ဖြစ်တာမျိုးပါ။ ဥပမာ ဆိုပါတော့ ရှားလော့ ဘရွန်တီရဲ့ ဂျိန်းအဲရ် (Jane Eyre) ဆိုရင် ဘာသာစကား ၅၇ မျိုးကို အနည်းဆုံး ၅၉၃ ကြိမ် ပြန်ဆိုပြီးပါပြီ။ ဒါဟာ ကျွန်တော်တို့ Jane Eyre အပေါ် ဘယ်လိုမြင်သလဲဆိုတာကို ပြောင်...

ကျွန်တော်တို့ ပြန်မရနိုင်တော့မယ့်အရာထဲက ပြန်ရနိုင်ဦးမယ့်အရာတွေ

ကျနော်ငယ်ငယ်တုန်းက အိမ်မှာ တီဗီမရှိပါ။ ကြည့်ချင်လျှင် သူများအိမ်မှာ သွားကြည့်ရသည်။ ၁၉၈၀ နှင့် ၉၀ အစောပိုင်းကာလများတုန်းက အိမ်တိုင်းမှာ တီဗီမရှိကြသေး။ ထို့ကြောင့် ရပ်ကွက်ထဲက တီဗီရှိသည့် အိမ်တစ်အိမ်အိမ်မှာ စုပြီးကြည့်ကြသည်။ ကြည့်စရာ ရုပ်သံလိုင်း ကလည်း ရန်ကုန်မြို့ ပြည်လမ်းရှိ အသံလွှင့်ရုံက ထုတ်လွှင့်သော တစ်ခုတည်းသော မြန်မာ့ရုပ်မြင် သံကြား အစီအစဉ်သာ ရှိသည်မို့ ကြိုက်ကြိုက် မကြိုက်ကြိုက် ပြတာကို ကြည့်ရုံ။ ကျနော်တို့တွင် ရွေးချယ်စရာ မရှိခဲ့။ အထူးသဖြင့် စနေ၊ တနင်္ဂနွေနှင့် ပိတ်ရက်ရှိသောညမျိုးတွင် လူစိတ်ဝင်စားသော ရုပ်သံအစီအစဉ်များ ပြသ တတ်သဖြင့် တီဗီရှိသော အိမ်များ၌ တခြား မိသားစုများ စုရုံးနေတတ်ပုံမှာ ယနေ့ခေတ် Sky Net က ဘောလုံးပွဲပြသည့် လက်ဖက်ရည်ဆိုင်များတွင် လူများ စုရုံးနေပုံနှင့် တူသည်။ သို့သော် အနှစ်သာရတော့မတူပါ။ အိမ်တိုင်းတွင် တီဗီမရှိသောအခါ တီဗီရှိသည့်အိမ်တွင် အိမ်နီးချင်းတို့ ဆုံဖြစ်ကြသည်။ မသိသေးသူများ လည်း သိလာကြ၊ သိပြီးသူများလည်း ပိုရင်းနှီးလာကြသည်။ တစ်ခုတည်းသောကြည့်စရာကို (အစောပိုင်းကာလများ က စလောင်းလည်း သိပ်မတွင်ကျယ်သေး) အိမ်ရှင်မိသားစုများရော၊ အိမ်နီးချင်းမိသားစုများရော ...

'ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ' စာအုပ်အညွှန်းနှင့်ဝေဖန်ချက်များ

ဆန့်ကျင်မှုအလှ (သို့မဟုတ်) ဖြစ်ရပ်မှန် စိတ်ကူးယဉ်ဝတ္ထုတိုများ By ငြိမ်းအိအိထွေး စာရေးဆရာ ဝေယံဘုန်းရဲ့ ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ စာအုပ်ကို ဇူလိုင်လထဲမှာ ထုတ်ဝေပါတယ်။ ပြောင်းလဲလာတဲ့ သက္ကရာဇ်တွေနဲ့အတူ အဘက်ဘက်မှာ ရှိနှင့်နေတဲ့ စိတ်ဖိစီးမှုတွေကြောင့် ဒီဘက်နှစ်ပိုင်းတွေမှာ လူတွေဟာ အကြောင်းအရာတစ်ခုကို နင့်နင့်နဲနဲခံစားအချိန်ပေးဖို့ တကယ့်ကို မလွယ်တော့ပါဘူး။  ဒါပေမဲ့ စာရေးဆရာဝေယံဘုန်းရဲ့ ဝတ္ထုတွေကတော့ အကြောင်းအရာ၊ တင်ဆက်ပုံ၊ ဆွဲဆောင်နိုင်စွမ်း ထူးခြားနေတဲ့အတွက် အချိန်ပေးခံစားဖို့သင့်တဲ့၊ ဝတ္ထုတိုရသကို အပြည့်အဝပေးနိုင်တဲ့ စာအုပ်လို့ ဆိုရမှာပါပဲ။ စာအုပ်ရဲ့ ခေါင်းစဉ်ဖြစ်တဲ့ ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဆိုတာကကို contrast ဖြစ်တဲ့ အရေးအသားနဲ့အညီ စာရေးဆရာဖန်တီးထားတဲ့ ဝတ္ထုတိုတွေကလည်း ဆန့်ကျင်ဘက်ကျကျပေါင်းစပ်ထားတဲ့ အလှတစ်ခုလို ခံစားရစေတာအမှန်ပါပဲ။  ဖြစ်ရပ်မှန် စိတ်ကူးယဉ်ဝတ္ထုတိုများ စာအုပ်မှာ "ကျကွဲသွားသော ကြေးမုံပြင်တစ်ချပ်"၊ "ဖြစ်ရပ်မှန် စိတ်ကူးယဉ် ဝတ္ထု"၊ "မင်္ဂလာဦးည"၊ "မှဲ့တစ်ခုရဲ့ အနုပညာ "၊ "ပုတီးကိုချ ကားကိုမ"၊ "ညီမလေးကို ကတိ တ...

ခွေးတစ်ကောင်နှင့် ကလေးကိုးယောက်

စကော့တီသည် သန်မာထွားကြိုင်းလှသော ခွေးဘီလူးမတစ်ကောင်ဖြစ်သည်။ ကျန်းလည်းကျန်းမာ၊ ချစ်ဖို့ လည်းကောင်း၊ ဖျတ်ဖျတ်လတ်လတ်လည်း ရှိသည်။ စကော့တီ၏ သခင်လင်မယားဖြစ်ကြသော ရောဘတ်နှင့် အေဒယ်လင်းတို့သည် အိုင်ဗရီကို့စ်မှ ထွက်ခွာ သွားကြတော့မည်။ သူတို့က တဟီတီသို့ သွားကြမည်။ လမ်းမှာ ပြင်သစ်ခဏဝင်ဦးမည်။ သို့ဖြစ်၍ သူတို့ အဖို့ စကော့တီကို တစ်ပါတည်းခေါ်သွားဖို့ရာမှာ အတော်လေး ခက်ခဲနေကြသည်။ သို့သော် သိပ်ကြာကြာ မရှာလိုက်ရဘဲ သူတို့ခွေးအတွက် သခင်အသစ်ကို တွေ့သွားကြသည်။ အသက်လေးနှစ်အရွယ် ကျွန်တော့သား ရိုမိန်းကလည်း ခွေးကိုချစ်သည်။ ကျွန်တော်တို့ကလည်း သဘောကျသည်။ ထို့ပြင် ကျွန်တော်တို့ ကလည်း ခြံနှင့်ဝင်းနှင့် လုံးချင်းအိမ်မှာနေကြသည်က တစ်ကြောင်း၊ ကျွန်တော်တို့ခြံစောင့် ဘူရီမာကလည်း တစ်ခုခု ကြားလျှင် ထကြည့်ဖို့ထက် ဆက်နှပ်ချင်နေတတ်သူ ဖြစ်တာကတစ်ကြောင်း (ကျွန်တော်တို့ကလည်း သူ့ကို ဘယ်လိုလုပ်အပြစ်သွားပြောမလဲ) စကော့တီကိုသာ မွေးထားလိုက်လျှင် အိမ့်လုံခြုံရေးမှာ တစ်တပ်တစ်အား ဖြစ်သွားမည်ဟု တွေးမိပါသည်။ တိုတိုပြောရလျှင် စကော့တီမည်သော ခွေးမသည် ကျွန်တော်တို့နှင့် လာနေဖြစ်သွားသည်။ အားလုံးကလည်း ကျေနပ်ကြသည်။ ကျွန်တော်တို့အိမ်မှာ ခိုင်...

ခင့်ကိုမုန်း၍ချစ်ခဲ့သည်

ခင့်ကိုချစ်ခြင်းသည် ခင့်ကိုမုန်းခြင်းကြောင့် ဖြစ်ပါသည်။ ထိုစကားသည် ရှေ့နောက်မညီသော ဝိရောဓိ အသုံး တစ်ခုဖြစ်သည်။ သို့သော် ယုတ္တိမရှိသော စကားတော့လည်း မဟုတ်ပြန်ပါ။ လင်းရလျှင် ခင့်ကို ချစ်ခြင်းသည် ခင့်ကို မုန်းခြင်းကြောင့် ဖြစ်သည်။ သို့သော် ခင့်ကို မုန်းခြင်း၏ ရှေ့တွင် ခင့်ကို ချစ်ခြင်းက အရင်လာပါသည်။ အရာအားလုံး၏ အစပထမသည် ခင့်ကို ချစ်ခြင်းဖြစ်ပါသည်။ သို့သော် ခင်က ကျွန်တော့်ကို မချစ်ပါ။ မချစ်ရုံ မက ခင်က ကျွန်တော့်ကို အလွန်ပင် မုန်းပါသည်။ ကျွန်တော်သည် ခင့်ထံမှ အချစ်ကို မျှော်လင့်လျက် ခင့်ကို ချစ်ခဲ့သော်လည်း ခင်က ပြန်ချစ်ဖို့ဝေးစွ၊ ခင်က မုန်းပင် မုန်းလိုက်ပါသေးသည်။ တစ်ယောက်က ချစ်ပြီး တစ်ယောက်က မုန်းနေခြင်းသည် မျှခြေမရှိသော အနေအထား ဖြစ်ပါသည်။ ထိုအခါ နှစ်ယောက်စလုံး ပူလောင် ဆင်းရဲရပါသည်။ ကျွန်တော်သည် နေ့ရှိသရွေ့ ခင့်ကို ချစ်ပြဖို့သာ ကြိုးပမ်းနေသော်လည်း ခင်က အချိန်ရှိသရွေ့ ကျွန်တော့်ကို စိတ်ဆင်းရဲအောင်သာ စဉ်းစား ပြုမူတတ်ပါသည်။ ကျွန်တော်က ကြင်နာ ပြသလောက် ခင်ကမူ ကျွန်တော့်ကို နာကျင်အောင် လုပ်ပါသည်။ ကျွန်တော်က ခင့်အား ပန်းကလေး ပေးသောအခါ ခင်က ထိုပန်းကလေးကို နင်းခြေမွ ပစ်တတ်ပါသည်။ ကျွန်တော်က ခင့်ကိ...

ညီမလေးကို ကတိတကယ်မပေးခဲ့မိဘူး

ယခုည ညီမလေးကို မမက်စဖူး အိပ်မက်မက်၏။ မမက်စဖူးဟု ပြောရသော်လည်း ဟိုးလွန်ခဲ့သည့်နှစ်ပေါင်းများစွာက တစ်ခါ မက်ခဲ့ဖူးသေးသည်။ ယခု အိပ်မက်ထဲမတော့ ညီမလေးက အိမ်ဝင်းခြံထောင့်က သရက်ပင်ကြီးအောက်တွင် ဒန်းစီးနေသည်။ ကျွန်တော့်ကိုမြင်တော့ “ကိုကို … လာ ညီမလေးနဲ့ဆော့မယ်” ဟု ခေါ်ကာ ဒန်းပေါ်မှ အပြေးတစ်ပိုင်း ဆင်းလာ၏။ ညီမလေးက အဝါနုရောင် ဂါဝန်လေး ဝတ်ထားသည်။ ပါးပြင်တွင် ပါးကွက်လေးနှစ်ကွက်က အဖွေးသား။ ဒါ ကျွန်တော်ကိုယ်တိုင် သနပ်ခါးကို သွေးပြီး လိမ်းပေးထားသည့် ပါးကွက်လေးများပဲ ဖြစ်ရမည်။ ညီမလေးက ကျွန်တော့် ပေါင်လယ်လောက်ပဲရှိသေးသည်။ အနားရောက်တော့ ကျွန်တော်က ထိုင်ချလိုက်ပြီး အလိုက်သင့်ပွေ့ဖက်လို့ ပါးပြင်လေးများ ကို မွှေးနမ်းမည်ကြံဆဲ… ညီမလေးက လေတံခွန်တစ်ခုဖြစ်သွား၏။ ဘယ်ညာယိမ်းနွဲ့လျက် မိုးပေါ်ကို ပျံတက်သွားသည်။ ပြန်ခေါ်လို့ မရတော့ချေ။ ရစ်ဘီးကိုပြန်ရစ်မည်ကြံဆဲ ကြိုးပြတ်သွားလေသည်။  အိပ်မက်မှ လန့်နိုးလာတော့ ညက မှောင်မိုက်တိတ်ဆိတ်နေ၏။ အိမ်ခန်းထဲက နာရီကြီး၏ စက္ကန့်သံတစ်ချက်ချက်က ကျယ်လောင်သော ဗုံးပေါက်ကွဲ သံနှင့်တူသည်။ ဘေးနားမှာ အိပ်မောကျနေသည့် အေး၏ အသက်ရှူသံပြင်းပြင်းကို ကြားရ၏။ အိမ်မြောင်စုတ်ထိုးသံကို ကြားရ...