Skip to main content

Posts

ရသဝတ္ထုတို့ရဲ့သဘော

ကျွန်တော်က အခါအားလျော်စွာ ပင်ကိုရေးဝတ္ထုတိုလေးတွေ ရေးဖြစ်တော့ အချို့က သူတို့ရေးထားတဲ့ ၀တ္ထုတိုလေးကို ဖတ်ကြည့်ပေးဖို့ လာလာပြတာမျိုး မကြာခဏကြုံရပါတယ်။ ကျွန်တော်ကိုယ်တိုင်က ရသစာပေတွေရေးနေပေမယ့် သူများရဲ့ရသစာတစ်ပုဒ်ကို ဝေဖန်ပိုင်းခြားပြဖို့တော့ မစွမ်းနိုင်သေးတာ အမှန်ပါ။ ဒါပေမဲ့ လာပေးဖတ်ရင်တော့ အတတ်နိုင်ဆုံး ကိုယ်မြင်တာကို ပြန်ပြောပြတတ်ပါတယ်။ မကြာခင်ကတောင်မှ ညီမတစ်ယောက်က သူ့ရဲ့ ၀တ္ထုတိုလေးတစ်ပုဒ်ကို ဖတ်ကြည့်ပါဦး လို့ ပြောပါသေးတယ်။ သူ့စာလေးအတွက် မှတ်ချက်ပေးဖို့ စဉ်းစားရင်းနဲ့ တစ်ခါတည်းပဲ ကိုယ့်ရဲ့ ရသဝတ္ထုအပေါ်မှာ ထားတဲ့ အမြင်တွေကို စာနဲ့တစ်စုတစ်စည်းတည်း ကျန်ရစ်စေချင်တဲ့အတွက် ခုလို တခုတ်တရ ရေးဖြစ်တာပါပဲ။

သတိဖြင့်ချစ်ခြင်း

အချစ်ကိုဖွင့်ဆိုဖို့ မင်းအဆိုတင်တော့ ကိုယ်က ကန့်ကွက်ဖို့ပြင်တယ် ပေါင်းလန်အောင် အနန္တဆန်တဲ့အရာကို ကာမိအောင် ကျယ်တဲ့စကားလုံး ကိုယ့်မှာရှိကိုမရှိဘူး။ ချစ်တယ်လို့ ပြောပါဆိုတော့ ကိုယ်က အသည်းအသန်အငြင်းပိုတယ် နတ်သုဒ္ဓါလို ဟင်းတစ်ခွက်ထဲ ဆံခြည်တစ်မျှင်တောင် မင်း အရောခံနိုင်ရဲ့လား။ ‘မြစ်တစ်စင်းထဲ လူတစ်ယောက်ဟာ နှစ်ခါမဆင်းနိုင်ဘူး’ ဆိုတဲ့စကား မင်း ကြားဖူးမှာပေါ့။ အချစ်ဟာ မြစ်တစ်စင်းနဲ့တူတယ်။ အလျင်ရှိတယ်၊ တသွင်သွင်စီးနေတယ်။ တစ်ခုတည်းသောအချစ်ကို ကိုယ်တို့ နှစ်ခါပြန်ရနိုင်ပါ့မလား။ စက္ကန့်တိုင်း မိနစ်တိုင်းမှာ အချစ်တွေဟာ အသစ်အသစ်ဖြစ် မင်းနဲ့ကိုယ်လည်း လူသစ်စိတ်သစ် လွန်ပြီးအချစ်ကို ဖက်တွယ်ရင်ဖြင့် ဖြစ်ဆဲအချစ်ကို လက်လွတ်သွားမစိုး အ,အနှစ်ယောက်ရဲ့ကြားကအချစ်ကို ပိုးမွေးမွေးကြသလိုမျိုး ကိုယ်တို့စိတ်ချင်း တံတားထိုးကြတာပေါ့။ ဘုရားဟောရှိတယ်မလား သတိနဲ့နေ သတိနဲ့သွား သတိနဲ့စား သတိနဲ့ချစ် တလှစ်လှစ်ဖြစ်ပြီးပျက် ချစ်စိတ်အလျင်ဘက် မင်းအာရုံကို လှည့်ထား စိတ်နဲ့သာကြားလှည့်ပါ မြစ်ရေစီးသံ မင်းနားဝမှာ။ (၂၁ မတ် ၂၀၁၇) ကဗျာကဏ္ဍမှာ အခြားဖတ်စရာ ကျနော်က ခင်ဗျားကိုတွေ့ချင်တာ မတ်မတ်များအတွက် ဩဘာစာ သတိဖြင့်ချစ်ခြင်း စ...

ခင်လွမ်းမေ

ခင်လွမ်းမေ၏အသက်ကို ကျနော်ကယ်တင်ပြီးနောက် နှစ်နှစ်နီးပါးအကြာ၊ အတိအကျဆိုရလျှင်တစ်နှစ်၊ ဆယ်လနှင့် ဆယ့်နှစ်ရက် တိတိအကြာတွင် ခင်လွမ်းမေသည် သူမုန်းသောလူ့လောကကို စွန့်ခွာသွားပါသည် (သို့မဟုတ်) စွန့်ခွာချင်တုန်းက မစွန့်ခွာဖြစ်ခဲ့ဘဲ မစွန့်ခွာချင်တော့မှ မတော်တဆ စွန့်ခွာမိ သွားတာလည်း ဖြစ်နိုင် သည်။ ခင်လွမ်းမေသည် သူပေးထားသည့်ကတိကို သူဘာကြောင့် မထိန်းမသိမ်း လုပ်သွားပါ သလဲ ။ ကျနော်ခွင့်မလွှတ်နိုင်သည့်လုပ်ရပ်ကို ကျနော်နှင့် ဆန့်ကျင်ဘက်ပြု၍ ဘာကြောင့်လုပ်ရက် ပါသ လဲ ။ တကယ်ဆို ကျနော်က သူ့အပေါ်အထင်မှားနေတာလည်း ဖြစ်နိုင်ပါသည်။ ခင်လွမ်းမေသည် ဒီနှစ်နှစ် နီးပါးလုံးလုံး အခြေအနေတွေ ဆက်တိုက်တိုးတက်လာခဲ့ပြီးခါမှ ယခုမှ ကောက်ခါငင်ခါကြီး ပစ္စလက်ခတ် လုပ်ပါ့မလား။ ကျနော့်မှာ  ကြေလည်းကြေကွဲ၊ ကရုဏာဒေါသလည်းဖြစ်၊ ခေါင်းလည်းခြောက်ရပါသည်။ ခင်လွမ်းမေအကြောင်း ဖုန်းထဲမှာ ကြားကြားချင်း ကိုယ့်နားကိုယ်မယုံနိုင်ပါ။ သနားစရာ လွမ်း ... ဘာတွေ ဘယ်လိုများ ဖြစ်သွားရပါလိမ့်။ ထိုနေ့က ကျနော်သည် ညနေခင်းရေချိုးပြီး ညစာအပြင်မှာထွက်စားဖို့ ပြင်နေတုန်း ဆေးရုံကြီး အရေးပေါ် ဌာနမှ ဖုန်းဝင် လာခဲ့ခြင်းဖြစ်သည်။ ခင်လွမ်းမေကားတိုက်ခံရလို...

အမုန်းစကားတွေရပ်ကြစို့

ရီပတ်ဗလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်ဟာ သူပြောလိုက်တဲ့စကားတစ်ခွန်းကြောင့် အတော်လေး ဝေဖန်ခံလိုက်ရပါတယ်။ မွတ်စလင်တွေကို အမေရိကန်နိုင်ငံထဲပေးမဝင်သင့်ဘူးဆိုတဲ့စကားပါ။ ပါရီမှာဖြစ်ပျက် ခဲ့တာတွေ၊ လတ်တလော အမေရိကန်မှာ လူ ၁၄ ယောက်သေကြေခဲ့ရတဲ့ မွတ်စလင်လင်မယားနှစ်ယောက်ရဲ့ ပစ်ခတ်မှုတွေနဲ့အတူ လာမယ့်ရွေးကောက်ပွဲအတွက် ရီပတ်ဗလစ်ကန် ပါတီ ကိုယ်စားပြုဝင်ပြိုင်ဖို့ ကြိုးပမ်းနေတဲ့ ဒေါ်နယ် ထရမ့်က ခုလို ထပြောလိုက်ခြင်းဖြစ်ပါတယ်။ ယနေ့ခေတ်မှာ လူမျိုး၊ ဘာသာရေးမုန်းတီးမှုနဲ့အတူ အကြမ်းဖက်မှုဇာတ်လမ်းတွေလည်း တစ်နေ့တစ်မျိုး မရိုးရအောင် ကြားနေကြရပါတယ်။ အထူးသဖြင့်တော့ အစ္စလာမ်ဘာသာနဲ့မွတ်စလင်တွေအပေါ်မှာ မုန်းတီးမှု၊ မလိုလားမှုနဲ့ မကောင်းပြောမှုတွေ အားလုံးထဲမှာအပြင်းထန်ဆုံးပါပဲ။ အစွန်းရောက် အစ္စလာမ်ဘာသာရေး အဖွဲ့အစည်းအချို့ရဲ့ ရန်သူနိုင်ငံနဲ့လူမျိုး၊ ဘာသာဝင်တွေအပေါ်မှာ အကြမ်းဖက် ဘာသာရေးစစ် ဆင်နွှဲရာကနေ ကျန်တဲ့ လူမျိုး၊ ဘာသာဝင်တွေရဲ့ အမြင်စောင်းမှုနဲ့အတူ မလိုလားသံတွေ၊ မုန်းတီးရေးစကားတွေ ပေါ်ထွက် တလာခဲ့ပါတယ်။ အင်တာနက်ရဲ့အသုံးတွင်ကျယ်မှုကို ဘက်နှစ်ဖက် စလုံးက ကောင်းကောင်း အသုံးချကြတဲ့အတွက် လူမျိုးရေး ဘာသာရေးမုန်းတီးမှုတွေ...

ဒီမိုကရေစီစံနှုန်းများနဲ့ ၂၀၁၀ နောက်ပိုင်း မြန်မာနိုင်ငံ

၁၉၉၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲကို အသိအမှတ်မပြုခဲ့တဲ့စစ်အစိုးရဟာ ၂၀၁၀ ပြည့်နှစ် မှာတော့ သူတို့စိတ်ကြိုက် ကစားပွဲကို အသာစီးယူပြီး ကိုယ့်ကွင်း၊ ကိုယ့်ပရိသတ်၊ ကိုယ့်ဒိုင်တွေနဲ့အတူ  ရွေးကောက်ပွဲကို အနိုင်ယူခဲ့ပါ တယ်။ ဒီ့အတွက်  ပြည်တွင်းနဲ့ နိုင်ငံတကာတို့ရဲ့ ဝေဖန်သံတွေကလည်း ညံမစဲခဲ့ပါဘူး။ ဒါပေမဲ့လည်း စစ်အစိုးရ လက်ထက်မှာ ဝန်ကြီးချုပ်လုပ်ခဲ့ပြီး အများ နှာခေါင်းရှုံ့ကြတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မွေးဖွားပေးခဲ့တဲ့ အမျိုးသား ညီလာခံရဲ့ နာယကလည်းလုပ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး ဟောင်းသိန်းစိန်ကနေ ဦးသိန်းစိန်အဖြစ်နဲ့ သမ္မတရာထူးကို ဆက်ခံခဲ့တဲ့ နောက်ပိုင်းမှာ သူ့ရဲ့မူဝါဒ (ဗျူဟာ??)  ရေးရာအပြောင်းအလဲ တချို့ကြောင့်ဝေဖန်ခဲ့သူ အတော်များများလည်း ခေါင်းထောင် ကြည့်လာခဲ့ကြသလို အရင်က “မူ” ခဲ့တဲ့သူ အတော်များများဟာဆိုရင် “အစိုးရသစ်” ဆိုတာကြီးနဲ့ လက်တွဲလုပ်ဖို့ဆိုပြီး အလုအယက် အပြေးအလွှားနဲ့ အရောက်လာခဲ့ကြ တဲ့ အထိပါပဲ။ ဦးသိန်းစိန်ဦးဆောင်တဲ့ပုံပြောင်းအစိုးရဟာ သူတို့ကိုယ်သူတို့ ဒီမိုကရေစီအစိုးရလို့ကြွေးကြော်သလို ဒီမိုကရေစီခရီးကို ချီတက်ရာမှာလည်း နာက်ကြောင်းပြန်မလှည့်တော့ပါဘူးလို့ အကြိ...