Skip to main content

Posts

အမုန်းစကားတွေရပ်ကြစို့

ရီပတ်ဗလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်ဟာ သူပြောလိုက်တဲ့စကားတစ်ခွန်းကြောင့် အတော်လေး ဝေဖန်ခံလိုက်ရပါတယ်။ မွတ်စလင်တွေကို အမေရိကန်နိုင်ငံထဲပေးမဝင်သင့်ဘူးဆိုတဲ့စကားပါ။ ပါရီမှာဖြစ်ပျက် ခဲ့တာတွေ၊ လတ်တလော အမေရိကန်မှာ လူ ၁၄ ယောက်သေကြေခဲ့ရတဲ့ မွတ်စလင်လင်မယားနှစ်ယောက်ရဲ့ ပစ်ခတ်မှုတွေနဲ့အတူ လာမယ့်ရွေးကောက်ပွဲအတွက် ရီပတ်ဗလစ်ကန် ပါတီ ကိုယ်စားပြုဝင်ပြိုင်ဖို့ ကြိုးပမ်းနေတဲ့ ဒေါ်နယ် ထရမ့်က ခုလို ထပြောလိုက်ခြင်းဖြစ်ပါတယ်။ ယနေ့ခေတ်မှာ လူမျိုး၊ ဘာသာရေးမုန်းတီးမှုနဲ့အတူ အကြမ်းဖက်မှုဇာတ်လမ်းတွေလည်း တစ်နေ့တစ်မျိုး မရိုးရအောင် ကြားနေကြရပါတယ်။ အထူးသဖြင့်တော့ အစ္စလာမ်ဘာသာနဲ့မွတ်စလင်တွေအပေါ်မှာ မုန်းတီးမှု၊ မလိုလားမှုနဲ့ မကောင်းပြောမှုတွေ အားလုံးထဲမှာအပြင်းထန်ဆုံးပါပဲ။ အစွန်းရောက် အစ္စလာမ်ဘာသာရေး အဖွဲ့အစည်းအချို့ရဲ့ ရန်သူနိုင်ငံနဲ့လူမျိုး၊ ဘာသာဝင်တွေအပေါ်မှာ အကြမ်းဖက် ဘာသာရေးစစ် ဆင်နွှဲရာကနေ ကျန်တဲ့ လူမျိုး၊ ဘာသာဝင်တွေရဲ့ အမြင်စောင်းမှုနဲ့အတူ မလိုလားသံတွေ၊ မုန်းတီးရေးစကားတွေ ပေါ်ထွက် တလာခဲ့ပါတယ်။ အင်တာနက်ရဲ့အသုံးတွင်ကျယ်မှုကို ဘက်နှစ်ဖက် စလုံးက ကောင်းကောင်း အသုံးချကြတဲ့အတွက် လူမျိုးရေး ဘာသာရေးမုန်းတီးမှုတွေ...

ဒီမိုကရေစီစံနှုန်းများနဲ့ ၂၀၁၀ နောက်ပိုင်း မြန်မာနိုင်ငံ

၁၉၉၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲကို အသိအမှတ်မပြုခဲ့တဲ့စစ်အစိုးရဟာ ၂၀၁၀ ပြည့်နှစ် မှာတော့ သူတို့စိတ်ကြိုက် ကစားပွဲကို အသာစီးယူပြီး ကိုယ့်ကွင်း၊ ကိုယ့်ပရိသတ်၊ ကိုယ့်ဒိုင်တွေနဲ့အတူ  ရွေးကောက်ပွဲကို အနိုင်ယူခဲ့ပါ တယ်။ ဒီ့အတွက်  ပြည်တွင်းနဲ့ နိုင်ငံတကာတို့ရဲ့ ဝေဖန်သံတွေကလည်း ညံမစဲခဲ့ပါဘူး။ ဒါပေမဲ့လည်း စစ်အစိုးရ လက်ထက်မှာ ဝန်ကြီးချုပ်လုပ်ခဲ့ပြီး အများ နှာခေါင်းရှုံ့ကြတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မွေးဖွားပေးခဲ့တဲ့ အမျိုးသား ညီလာခံရဲ့ နာယကလည်းလုပ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး ဟောင်းသိန်းစိန်ကနေ ဦးသိန်းစိန်အဖြစ်နဲ့ သမ္မတရာထူးကို ဆက်ခံခဲ့တဲ့ နောက်ပိုင်းမှာ သူ့ရဲ့မူဝါဒ (ဗျူဟာ??)  ရေးရာအပြောင်းအလဲ တချို့ကြောင့်ဝေဖန်ခဲ့သူ အတော်များများလည်း ခေါင်းထောင် ကြည့်လာခဲ့ကြသလို အရင်က “မူ” ခဲ့တဲ့သူ အတော်များများဟာဆိုရင် “အစိုးရသစ်” ဆိုတာကြီးနဲ့ လက်တွဲလုပ်ဖို့ဆိုပြီး အလုအယက် အပြေးအလွှားနဲ့ အရောက်လာခဲ့ကြ တဲ့ အထိပါပဲ။ ဦးသိန်းစိန်ဦးဆောင်တဲ့ပုံပြောင်းအစိုးရဟာ သူတို့ကိုယ်သူတို့ ဒီမိုကရေစီအစိုးရလို့ကြွေးကြော်သလို ဒီမိုကရေစီခရီးကို ချီတက်ရာမှာလည်း နာက်ကြောင်းပြန်မလှည့်တော့ပါဘူးလို့ အကြိ...

နိုင်ငံတကာဆက်ဆံရေး အဓိကအယူအဆများ

စာအုပ်အမည် - နိုင်ငံတကာ ဆက်ဆံရေး အဓိကအယူအဆများ (ပထမအကြိမ်) ထုတ်ဝေသည့်လ - ၂၀၁၄ ဒီဇင်ဘာ ထုတ်ဝေသူ - Myanmar Knowledge Society တန်ဖိုး - ကျပ် ၂၅၀၀ ဖြန့်ချိရေး - MKS ၀၁ ၆၈၃ ၁၉၈၊ ၀၉ ၇၃၀ ၆၆၉၁၈၊ ၉၀၉၇၂၃၄ ၃၅၆၁ စာအုပ်အမည် - နိုင်ငံတကာ ဆက်ဆံရေး အဓိကအယူအဆများ (ဒုတိယအကြိမ်) ထုတ်ဝေသည့်လ - ၂၀၁၉ ဇန်နဝါရီ ထုတ်ဝေသူ - Myanmar Harp Publishing တန်ဖိုး - ကျပ် ၄၀၀၀ ဖြန့်ချိရေး - Myanmar Harp Publishing အမှတ် ၁၈၀၊ မြေညီ၊ ၃၅ လမ်း(လယ်)၊ ကျောက်တံတား၊ ရန်ကုန်မြို့ ဖုန်း ၀၉ ၉၇၂ ၇၄၂ ၁၅၀၊ ၀၉ ၇၇၇ ၀၀၁ ၀၁၇

ကွန်းခိုရာ။ ရာဘင်ဒြာနတ် တဂိုး

ဘာသာပြန်သူ၏အမှာ ဘင်္ဂါလီစာဆိုတော်ကြီး ရာဘင်ဒြာနတ် တဂိုး (၁၈၆၁-၁၉၄၁) ကို ဝတ္ထုရေးဆရာတစ်ဦးအဖြစ်ထက် ကဗျာစာဆိုတော်ကြီး တစ်ဦးအဖြစ်သာ ကျွန်တော်ပို၍ ရင်းနှီးခဲ့သည်။ မြန်မာနိုင်ငံတွင် တဂိုး၏ ကဗျာစာစုများ၊ ဝတ္ထုတိုများကို ရှေ့ရှေ့က ဘာသာပြန် ဆရာကြီးများ မြန်မာဘာသာသို့  ပြန်ဆိုမှုများ ရှိသော်လည်း ဝတ္ထုရှည်အဖြစ်မူဘာသာပြန်သည်ကို မတွေ့ဖူးပါ။ (ကျွန်တော် မသိတာလည်း ဖြစ်နိုင်ပါသည်။) မူရင်း ဘင်္ဂါလီဘာသာဖြင့် ရေးသားထားသည့် ထိုဝတ္ထု၏ အင်္ဂလိပ်ဘာသာပြန်ကိုဖတ်ပြီး သည့်အခါ နှစ်သက်သဖြင့် မြန်မာဘာသာပြန်ဆိုရန် ဆုံးဖြတ်လိုက်သည်။

စောင်းကြိုးညှိခြင်း

လာပါကွယ် သွားရအောင်ပါ အလင်းရှိတဲ့နေရာ အာဃာတတွေ စေးပိုင် အနုညာတတွေက ဈေးကိုင် မရ, ရသက ချိုင်နေကြတဲ့ တို့တွေနေတဲ့ အပူသည် ကမ္ဘာ မင်းရယ်ကိုယ်ဟာ စွန့်ခွာထွက်ပြေး မဝေးလည်းမဝေး မနီးလည်းမနီး ငြီးလည်း မငြီးငွေ့နိုင်တဲ့တစ်နေရာ လိုက်မှာလား မင်းငါ့အပါး နှလုံးသားချင်း ခပ်ပြင်းပြင်းပူးချည် မေတ္တာဖြင့် နွေးထွေးစေမည် သစ္စာဖြင့် စုစည်းရစ်ချည် နေခြည်မှာရွှေရည်လောင်းသော တစ်နှစ်မှာ အကြိမ်ကြိမ်သီးသော မြေဆီမှာ အဆိပ်ကင်းသော မွှေးပျံ့သော ငါတို့ဥယျာဉ် စိမ်းဖန့်သော ငါတို့လွင်ပြင် ဆိတ်ညံသော ငါတို့ရင်ခွင် လူမျိုးသည်လည်းကောင်း၊ ဘာသာသည်လည်းကောင်း၊ စကားသည် လည်းကောင်း၊ ဓလေ့သည်လည်းကောင်း ငါတို့စိတ်ကြိုက် ငါတို့ဦးခိုက် ဘယ်အမိုက်မှ မဖျက်စေရ ဒီတစ်သက်စာ ငါတို့ဆောက်တဲ့ကမ္ဘာ လာပါကွယ် သွားရအောင်ပါ။ (၂၉ မေ ၂၀၁၃) ကဗျာကဏ္ဍမှာ အခြားဖတ်စရာ ကျနော်က ခင်ဗျားကိုတွေ့ချင်တာ မတ်မတ်များအတွက် ဩဘာစာ သတိဖြင့်ချစ်ခြင်း လူတွေနေနေတဲ့မြို့ နှစ် အပေါင်း နှစ် ညီမျှခြင်း တစ် My Dear Guest ဒွိဟ “လ” နှစ်သစ်ဆုတောင်း

စင်ကာပူ၏စိတ်ဓာတ်ပိုင်းကိုပါ အတုယူရမည်

စင်ကာပူမြို့ နိုဝင်ဘာလ ၂၈ ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့သည့် စာနယ်ဇင်း တွေ့ဆုံပွဲတွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက နိုင်ငံတော် သမ္မတကြီး၏ လမ်းညွှန်ချက်နှင့် အညီ ရန်ကုန်မြို့ကို စင်ကာပူကဲ့သို့ဖြစ်အောင် ကြိုးပမ်းမည်ဟု ပြောကြား သွားခဲ့သည်။ တစ်ချိန်က အရှေ့တောင် အာရှတွင် အသန့်ရှင်းဆုံး၊ အတိုးတက်ဆုံး၊ နေချင့်စရာအကောင်းဆုံး မြို့တော်ကြီးသည် နှစ်ပေါင်း များစွာကြာအောင် ပြုပြင်ထိန်းသိမ်းမှု ညံ့ဖျင်းခဲ့သဖြင့် ယခု မြို့အို မြို့ဟောင်းကြီး တစ်ခုနှင့်တူနေရာမှ ယခုလို အစိုးရအဖွဲ့က ထုတ်ဖော်လိုက်သည်မှာ ဝမ်းသာစရာ၊ ကြိုဆိုစရာပင် ဖြစ်သည်။

For a united nation, a name is not a problem

WHEN US Secretary of State Hillary Clinton visited Myanmar last week, she wisely avoided facing a controversy. She rarely referred to the country by name – either its former name Burma, or the official title, Myanmar. News agency AFP reported that Clinton’s aides acknowledged she faced an unhappy choice of either offending the government by using a name they reject or angering many US lawmakers and exile activists who consistently call the country Burma. Instead Mrs Clinton mostly referred to “this country” in public and when she met Myanmar’s leaders in Nay Pyi Taw. This is not a new controversy. In 1989, the then-ruling State Law and Order Restoration Council changed the English-language name of not only the country but also many towns and places. Burma became Myanmar, Rangoon Yangon and so on. The changes were recognised by the United Nations and some countries but not the US and United Kingdom. The European Union has referred to the country as “Burma/Myanmar”, although in...