Skip to main content

စင်ကာပူ၏စိတ်ဓာတ်ပိုင်းကိုပါ အတုယူရမည်

စင်ကာပူမြို့
နိုဝင်ဘာလ ၂၈ ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့သည့် စာနယ်ဇင်း တွေ့ဆုံပွဲတွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက နိုင်ငံတော် သမ္မတကြီး၏ လမ်းညွှန်ချက်နှင့် အညီ ရန်ကုန်မြို့ကို စင်ကာပူကဲ့သို့ဖြစ်အောင် ကြိုးပမ်းမည်ဟု ပြောကြား သွားခဲ့သည်။ တစ်ချိန်က အရှေ့တောင် အာရှတွင် အသန့်ရှင်းဆုံး၊ အတိုးတက်ဆုံး၊ နေချင့်စရာအကောင်းဆုံး မြို့တော်ကြီးသည် နှစ်ပေါင်း များစွာကြာအောင် ပြုပြင်ထိန်းသိမ်းမှု ညံ့ဖျင်းခဲ့သဖြင့် ယခု မြို့အို မြို့ဟောင်းကြီး တစ်ခုနှင့်တူနေရာမှ ယခုလို အစိုးရအဖွဲ့က ထုတ်ဖော်လိုက်သည်မှာ ဝမ်းသာစရာ၊ ကြိုဆိုစရာပင် ဖြစ်သည်။



ဝန်ကြီးဦးစိုးသိန်းပြောကြားသွားခဲ့သည့် စကားထဲတွင် ပြည်တွင်းဘဏ်များထံမှ ငွေချေးယူ၍ ယာဉ်ကြော ပိတ်ဆို့မှုအများ ဆုံးဖြစ်သည့် လမ်းဆုံများတွင် ခုံးကျော်တံတားများတည်ဆောက်ခြင်း၊ ရန်ကုန်မြို့ လူဦးရေကို ၁ဝ သန်းအထိ မျှော်မှန်းပြီး မြို့တော်ဖွံ့ဖြိုးရေးစီမံကိန်းတစ်ခုဆွဲ၍ ပိုမိုကောင်းမွန်သော အခြေခံ အဆောက်အအုံများ တည်ဆောက်ခြင်း၊ မီးရထားလမ်း၊ ကားလမ်းများအဆင့်မြှင့်တင်ခြင်း၊ အများ ပြည်သူ သယ်ယူပို့ဆောင်ရေး ကဏ္ဍတွင် ပြည်ပက လာရောက်ရင်းနှီး မြှုပ်နှံကြရန် ဖိတ်ခေါ်ခြင်း၊ နည်းပညာ အကူအညီ တောင်းခြင်း စသည့် အစီ အစဉ်များလည်း ပါဝင်ပေသည်။

ရန်ကုန်မြို့ကြီးကို စင်ကာပူကဲ့သို့ နိုင်ငံတကာ အဆင့်မီမြို့ကြီးတစ်ခုအဆင့် ရောက်အောင် ကြိုးပမ်းခြင်းသည် မလုပ် မဖြစ် လုပ်ဆောင်ရမည့် ကိစ္စဖြစ်သလို ရုပ်ဝတ္ထုပစ္စည်းပိုင်း အခြေခံအဆောက် အအုံပိုင်းတွင် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရမည်ဆိုသည်ကလည်း ငြင်းမရသောအချက်ဖြစ်သည်။ သို့ရာတွင် ရုပ်ဝတ္ထုပစ္စည်းပံ့ပိုးမှုနှင့်ထပ်တူ အရေးကြီးသော အချက်တစ်ခုကိုလည်း လုပ် ဆောင်ဖို့ ကျန်ပါသေးသည်။ ယင်းက မြို့တော်နေ ပြည်သူပြည်သားများ၏ စည်းကမ်းပိုင်း၊ စိတ်ဓာတ်ပိုင်းဖြစ်သည်။
စင်ကာပူမြို့ကဲ့သို့ဖြစ်အောင် ရန်ကုန်မြို့ကို အဆင့်မြှင့်တင်ရမည်ဟုဆိုရာ၌ စင်ကာပူ၏ မြို့ပြအခြေခံ အဆောက် အအုံပိုင်းဖြစ်သည့် အိုးအိမ်၊ တိုက်တာ၊ ပန်းခြံ၊ လမ်းတံတား၊ မီးရထားလမ်း စသည့် ရုပ်ဝတ္ထုပိုင်းကိုသာ အတုယူ ရမည်မဟုတ်ဘဲ စင်ကာပူမြို့သူမြို့သား များ၏ ထင်ရှားလှသည့် စည်းကမ်းရှိမှု အပိုင်း ကိုလည်း အတုခိုးရမည်ဟု နားလည်ပါသည်။ စင်ကာပူမြို့သူမြို့သားများသည် သန့်ရှင်းမှု အပိုင်း မှာရော၊ စည်းကမ်းလိုက်နာမှုပိုင်းမှာပါ စံပြဖြစ်သည်ဆိုသည်မှာ စင်ကာပူနိုင်ငံ၏ ဝိသေသ ဂုဏ်ထူးတစ်ခု ဖြစ်ပါသည်။

မိမိတို့ မြန်မာနိုင်ငံတွင်မူ လွန်ခဲ့သည့် နှစ်ပိုင်းများအတွင်း ရုပ်ဝတ္ထုပစ္စည်းပိုင်း အထိုက်အလျောက် ဖွံ့ဖြိုးတိုးတက်လာခဲ့သော်လည်း နိုင်ငံသူ၊ နိုင်ငံသား၊ မြို့သူမြို့သားများ၏ စည်းကမ်းပိုင်းနှင့် သန့်ရှင်း သပ်ရပ်မှုပိုင်းတွင်မူ ပြောပလာက်အောင် တိုးတက်မလာသေးသည်ကို သတိထားမိပေမည်။ ဖုန် တထောင်းထောင်း ထနေသည့် လမ်းမဘေးထက်က အအုပ်အဆောင်းမပါ သည့် လမ်းဘေးဈေးသည်များ၊ လူ မြင်ကွင်းတွင် ဖြစ်သလို အပေါ့အလေး စွန့်တတ်သည့် မြင်ကွင်းများ၊ လက်ဘက်ရည်ဆိုင်များမှ ချေး အထပ်ထပ် ကပ်ကာ ညစ်နေသည့် လက်ဘက်ရည် ခွက်များ၊ ရေမြောင်းထဲ အမှိုက်ပစ်ကြသူများကြောင့် မိုးရွာတိုင်း ပင်လယ်လိုဖြစ်နေတတ်သည့် လမ်းမများ၊ ကျပ်သိန်းထောင်ချီ ရာချီတန်သည့် ဇိမ်ခံကား များထက်မှ ကတ္တရာလမ်းမများထက် အမှိုက်ပစ်ချသွားတတ်သူများ၊ အစိုးရရုံး၊ ကန်ထရိုက် တိုက် စသည်တို့ရှိ လှေခါးထောင့်ချိုးတိုင်းရှိ စွန်းပေနေသာ ကွမ်းတံတွေး နီနီအကွက်များ၊ အနံ့ဆိုးများ တလှိုင်လှိုင်ထနေသည့် လူနေရပ်ကွက်များအတွင်းမှ လမ်းဘေးအမှိုက်ပုံကြီးများနှင့် နောက်ဖေး လမ်းကြားရှိ အမှိုက်နှင့် စားကြွင်းစားကျန်များ စသည်စသည်တို့ ပပျောက်ရေးသည် ရန်ကုန်မြို့တော်ကို စင်ကာပူကဲ့သို့ဖြစ်အောင် အဆင့်မြှင့်တင်ရာတွင် မဖြစ်မနေ ထည့်သွင်းစဉ်းစားရမည့် အချက်များ ဖြစ်ပါသည်။

ထိုနည်းလည်းကောင်း ခြေကျင်လျှာက်သူများကလည်း လမ်းကို ကူးချင်သလိုမကူးဘဲ စည်းကမ်းရှိအောင်၊ ကားမောင်းသူတို့ကလည်း မောင်းချင် သလိုမမောင်း၊ ဆဲချင်သလိုမဆဲဘဲ စည်းကမ်းရှိအောင်၊ ယာဉ်ထိန်းရဲတို့ကလည်း စည်းကမ်းနှင့်အညီ အတိအကျ တာဝန်အတိုင်းဆောင်ရွက်အောင်၊ စည်းကမ်း ပိုင်းတိုးမြှင့်လုပ်ဆောင်ဖို့လည်း လိုအပ်ပါသည်။

ထို့ပြင် စင်ကာပူ၏လာဘ်စားမှု၊ ခြစားမှုအနည်းဆုံး၊ ဗျူရိုကရေစီအဆင့်များ အနည်းဆုံးနိုင်ငံ တစ်နိုင်ငံ ဆိုသည့် ဂုဏ်ထူးဝိသေသများကိုလည်း အတုယူဖို့ လိုအပ်ပါမည်။ တစ်ချိန်က စင်ကာပူသားတို့သည် ရန်ကုန်ကို အတုယူခဲ့ကြသည်။ ယခု လည်း ရန်ကုန်သားတို့ စင်ကာပူကို အတုယူရာ ၌ စင်ကာပူ၏ ရုပ်ပိုင်း ဖွံ့ဖြိုး တိုးတက်မှုကိုသာမက ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုများကိုလည်း ကျွန်ုပ်တို့ အတုယူမှသာ စင်ကာပူနှင့်တူသော ရန်ကုန်မြို့ကြီး၊ မြန်မာနိုင်ငံတော်ကြီး ဖြစ်လာမည်ဟု တင်ပြလိုက်ရပေသည်။

Comments

အဖတ်အများဆုံး

အနက်မထင် ပဟေဠိများ

မစဲသော တံခါးခေါက်သံများ လှည့်ရလွန်းသဖြင့် ပျက်လုလု လက်ကိုင်ဘု မကွေးညွတ်တတ်မီက ငါ့နှုတ်ခမ်းများကို ပုလဲပုတီးတကုံးဆွဲသော လည်တိုင်အထက်မှာ ပြန်ရှာတွေ့ပါသည် ရောင်စုံစာအိတ်များနှင့် ပြည့်လျှံနေသော အိမ်ရှေ့က အဝင်စာတိုက်ပုံး ဖွင့်ကြည့်မိသော အိပ်မက်ထဲကပြန်စာတစောင် အထဲမှာ ဗလာစာရွက်တရွက် နှင်းဆီပွင့်များအား နေ့တိုင်း ငါပြန်ပြုံးပြဖို့ကြိုးစားပါသည် စံပယ်နဲ့တွေ့မယ့်အခါအတွက် ရီဟာဇယ်အဖြစ် သို့သော် ... စံပယ် ဪ ချစ်စံပယ်ဟာ မျက်နှာလွှဲသွား အခန်းထဲဝင်အလာ ‘မင်္ဂလာပါ’ ဟု လက်ပိုက်နှုတ်ဆက်ကြသူများ ခင်ခင်ပျိုတွေ တပျော်တပါး ပါသွားသော မပြေးဆွဲဖြစ်လိုက်သော လေအိတ်ရထားများ မြောက်မှတောင်သို့တိုက်နေသော နှင်းစက်တင်လေများ အသားတွေပပ်ကြားအက်နေသော လေကြောင်းသင့် ငါ့မျက်နှာ လမ်းပေါင်းများစွာ လမ်းပေါင်းများစွာ ဖြောင့်ဖြောင့်ဖြူးဖြူး ချိုင့်ကျင်းမရှိ ကတ္တရာလမ်းများ အကောင်းစား ဇိမ်ခံကားများ အဲကွန်းပါသော ဘတ်စ်ကားများ ဓာတ်တိုင်များ၊ LED လမ်းမီးများ ဓာတ်ကြိုးများပေါ်ရှိ ခိုများ လမ်းဘေးဝဲယာက အိမ်ကြီးရခိုင်များ လကြည့်နေသူများ ... ကြယ်ရေတွက်နေသူများ နို့ဆာနေသူများ ... အာသာဖြေနေကြသူများ ‘အိမ်ရှင်’ ဟုခေါ်၍ တံခါးကို အသာအယာ ခေါက်၏ တံခါ...

လူတွေနေနေတဲ့မြို့

မြို့ကလေးတစ်မြို့ ကောင်းကင်ပြာက အုပ်မိုးကြည့်နေတယ် တိမ်လွှာကဆိုင်းလို့။ တောင်ကြောက ပခုံးနဲ့ထမ်းထားတယ် မြူတွေက မှိုင်းလို့။ နဒီက ကွေ့ကောက်ရစ်သိုင်းထားတယ် သီတာက ဝိုင်းလို့။ ဒီမြို့လေးမှာဆို လေးမောင့်စံကျောင်းတွေက လက်ညှိုးထိုးမလွဲ။ တဝီဝီပျားပိတုန်းတွေက မာလာ့ကို နမ်းရှုပ်လို့။ ကျောက်စက်ကျရေက ရေအိုင်ငယ်တစ်ခုဖြစ်၊ အဲဒီမှာ လူတွေက ဟဒယအညစ်ကို ဝိုင်းဆေးကြတာပေါ့။ ပြောရရင် ဒီမြို့မှာ ကျီးကန်းတွေကတောင် “အိုးဝေ ... အိုးဝေ”ရယ်လို့ တွန်မြည်တတ်ကြတယ်။ ဟား ... ဒီမြို့မှာ မုန်ယိုနေတဲ့ ဆင်ကြီးတွေနဲ့ ချွန်းဖွင့်နေတဲ့ ဦးစီးတွေမရှိဘူးကွ။ ဒီမြို့မှာ ခြင်္သေ့တွေ၊ ဆင်တွေက ကြားခံဖလှယ်ရေး ကိရိယာမဟုတ်ဘူးဗျ။ မြို့သားတွေရဲ့ ဝဲဘက်ရင်အုံဟာ ကျောက်ဆောင်တွေနဲ့ ထိုးထောင်မနေဘူးဟ။ ပျားရည်နဲ့ဝမ်းအချခံရမှာကို နေ့နေ့ညညကြောက်နေစရာမလိုဘူးပ။ ဒီမြို့မှာ လူတွေက ငှက်တွေရဲ့စကားကို နားလည်ကြသတဲ့။ မြေမှုန်လေးတွေ သစ်ရွက်လေးတွေကိုလည်း အသေအကြေ ချစ်တတ်ကြသတဲ့။ လဲနေသူ၊ ဝဲစွဲအနူတွေ့ရင်လည်း အသေအချာ ထူပေးတတ်ကြသတဲ့။ တောင်းခံသူလာရင် ပေးလှူရအောင် နှလုံးသည်းပွတ်ကို ဆီဆွတ်ထားကြသတဲ့။ ကဲ ... ဘာပြောကောင်းမလဲ ဒီမြို့က...

အားပေးဖေးကူနေကြသရွေ့

အဖေ ...သားကို သတိရပါသေးရဲ့လား။ အဖေ့ကို သားလိုအပ်နေချိန် အဖေဘယ်ရောက်နေပါသလဲ။ လောက ဓံရဲ့ အထုအထောင်းတွေကြောင့် အသက်ထက် အိုမင်းရင့်ညိုနေတဲ့ အဖေ့မျက်နှာရယ်၊ ကိုယ်အထက်ပိုင်း အဝတ်အစားမကပ်တတ်တာကြာလိူ့ နေခထားတဲ့ မွဲပြာပြာ အဖေ့ကျောဗလာကြီးရယ်၊ အိမ်ပြန်လာတိုင်း သား ယီးလေးခိုဖို့ ဆန့်ထုတ်ပေးတတ်တဲ့ အဖေ့ရဲ့ ကြီးမားတုတ်ခိုင်တဲ့ လက်မောင်းအိုးကြီးတွေရယ်၊ ဒါတွေ အခု ဘယ်များရောက်နေပါသလဲ။ အဖေဟာအဖေ့ကိုချစ်လို့မဝတဲ့၊ အဖေချစ်လို့ မ၀သေးတဲ့သားကို တကယ်ပဲခွဲသွားခဲ့ပြီလား။

သေခြင်းအက်ဆေး

သေခြင်းအက်ဆေးဟုပြောလိုက်သဖြင့် စာရှုသူများ လန့်ဖျန့်သွားနိုင်ပါသည်။ သို့သော်လည်း လူ့ဘဝသည် မွေးဖွားခြင်းဖြင့် အစပြုကာ သေဆုံးခြင်းဖြင့် အဆုံးသတ်ကြသည်ဖြစ်ရာ သေခြင်းတရားသည်လည်း လူ့ဘဝ၏ အရေးကြီးသည့် အကြောင်းတစ်ရပ်ဖြစ်၍ လူတို့အတွက် အရေးတယူလုပ်ရန်လိုအပ်သည့်ကိစ္စလည်းဖြစ်ပါသည်။ လူအများစုသည် သေခြင်းအကြောင်းခေါင်းထဲမထည့်လိုကြပါ။ သေခြင်းသည် အမင်္ဂလာကိစ္စ၊ လူတို့ မလိုလားအပ် သော၊ မစဉ်းစားချင်သောကိစ္စဖြစ်သည်။ သေခြင်းသည် မိမိချစ်ခင်နှစ်သက်သူများနှင့် ထာဝရခွဲခွာရခြင်းဖြစ်သည်။ ပြန်မလာနိုင် တော့မည့် ခရီးရှည်ကြီးကိုသွားရခြင်း ဖြစ်သည်။ လူတိုင်း သေခြင်းအကြောင်းကို မပြောလိုကြပါ။ သို့သော်လည်း လူတို့မလိုလားသော သေခြင်းသည် လူ့လောက လူ့ဘုံတွင်မမြင်ချင်မှအဆုံး၊ မကြားချင်မှအဆုံး၊ မပတ်သက်ချင်မှအဆုံး။ သေခြင်းကို လွန်ဆန်နိုင်သည့်ပုဂ္ဂိုလ်ဟူသည်ယခင်ကလည်းမရှိခဲ့၊ ယခုလည်းမရှိ၊ နောင်လည်း ရှိမည်မဟုတ်။ ယနေ့မြင်နေရသည့် ကြီးကြီးငယ်ငယ်ရွယ်ရွယ်မရွေး လူအပေါင်းတို့သည် နောင်နှစ်ပေါင်း လေး၊ ငါးဆယ် အတွင်း ဖြုတ်ကနဲပျောက်ကွယ်သွားကြမည့်သူချည်းသာ ဖြစ်သည်။ ယင်းသည်ငြင်း၍ မရ။ သို့သော် ထိုလူတို့ ပျောက်ကွယ် သွားပုံ သွားနည်းများသည် တစ်ဦးနှင...

ရေအေး၏ 'သားပိုက်ကောင်နေ့ရက်များ'

သားပိုက်ကောင်နေ့ရက်များ ရေအေး ဇလပ်နီစာပေ၊ ဩဂုတ် ၂၀၂၃ (ပထမအကြိမ်) ဒီဝတ္ထုလေးထွက်လာတဲ့အတွက် စာရေးသူကိုရော ထုတ်ဝေသူကိုရော ကျေးဇူးတင်တယ်။ ဒါမျိုး မြန်မာပင်ကိုရေးထဲမှာ ဖတ်ချင်နေတဲ့ အာသီသလေး ပြည့်သွားတယ် ဆိုရမယ်။ အစဉ်အလာ ဝတ္ထုရေးဟန်တွေသာ လွှမ်းမိုးနေဆဲ မြန်မာခေတ်ပေါ်စာပေလောကရဲ့ ကွက်လပ်တစ်ခုကို ဖြည့်ဆည်း ပေးလိုက်တဲ့ ဝတ္ထုလို့ဆိုရမယ်။  ရုတ်တရက် ပြိုကျလာတဲ့ကျီးအုပ်တွေ၊ နေပြောက်တောင် မထိုးအောင် ကောင်းကင်မှာ ကျီးတွေဟာ အတောင်ပံချင်း ထိနေအောင် အုပ်မိုးထားတဲ့အတွက် ရုတ်တရက် မိုးမှောင်ကြီးကျသွားသလို ဖြစ်သွားတဲ့ အခိုက်အတံ့တွေရဲ့နောက်မှာ သွေးပျက်စရာ အဖြစ်အပျက်တွေ။ ရွာထဲကို ကြောင်နက်ကြီးတွေ ဝင်လာသတဲ့။ အိမ်ပြင်မှာတွေ့သမျှ လူတွေကို အကုန် လက်တွေခြေတွေ ဆွဲဖြုတ်။ တစ်ရွာလုံး ကမ္ဘာပျက်သလိုဖြစ်။ တချို့ကလည်း လူတစ်ကိုယ်စာမကမြင့်တဲ့ ကြောင်ကြီးတွေတဲ့။ တချို့ကလည်း လူကိုယ်ခန္ဓာနဲ့ ကြောင်ဦးခေါင်းတဲ့။ မျက်လုံးက ကြောင်မျက်လုံးတွေတဲ့။  ဒီလိုနဲ့ ရွာတွေ ရွာတွေဟာ ကျီးတွေ၊ ကြောင်တွေကြောင့် အိုးအိမ်ကိုစွန့်ခွာထွက်ပြေးကြရတယ်။ လူမရှိတော့တဲ့ ရွာပျက်ကြီးတွေကို ကြောင်တွေက မီးရှို့ဖျက်ဆီးတယ်။ ရွာကိုစွန့်ခွာထွက်ပြေးရသူတွေထဲက...