Skip to main content

စင်ကာပူ၏စိတ်ဓာတ်ပိုင်းကိုပါ အတုယူရမည်

စင်ကာပူမြို့
နိုဝင်ဘာလ ၂၈ ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့သည့် စာနယ်ဇင်း တွေ့ဆုံပွဲတွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက နိုင်ငံတော် သမ္မတကြီး၏ လမ်းညွှန်ချက်နှင့် အညီ ရန်ကုန်မြို့ကို စင်ကာပူကဲ့သို့ဖြစ်အောင် ကြိုးပမ်းမည်ဟု ပြောကြား သွားခဲ့သည်။ တစ်ချိန်က အရှေ့တောင် အာရှတွင် အသန့်ရှင်းဆုံး၊ အတိုးတက်ဆုံး၊ နေချင့်စရာအကောင်းဆုံး မြို့တော်ကြီးသည် နှစ်ပေါင်း များစွာကြာအောင် ပြုပြင်ထိန်းသိမ်းမှု ညံ့ဖျင်းခဲ့သဖြင့် ယခု မြို့အို မြို့ဟောင်းကြီး တစ်ခုနှင့်တူနေရာမှ ယခုလို အစိုးရအဖွဲ့က ထုတ်ဖော်လိုက်သည်မှာ ဝမ်းသာစရာ၊ ကြိုဆိုစရာပင် ဖြစ်သည်။



ဝန်ကြီးဦးစိုးသိန်းပြောကြားသွားခဲ့သည့် စကားထဲတွင် ပြည်တွင်းဘဏ်များထံမှ ငွေချေးယူ၍ ယာဉ်ကြော ပိတ်ဆို့မှုအများ ဆုံးဖြစ်သည့် လမ်းဆုံများတွင် ခုံးကျော်တံတားများတည်ဆောက်ခြင်း၊ ရန်ကုန်မြို့ လူဦးရေကို ၁ဝ သန်းအထိ မျှော်မှန်းပြီး မြို့တော်ဖွံ့ဖြိုးရေးစီမံကိန်းတစ်ခုဆွဲ၍ ပိုမိုကောင်းမွန်သော အခြေခံ အဆောက်အအုံများ တည်ဆောက်ခြင်း၊ မီးရထားလမ်း၊ ကားလမ်းများအဆင့်မြှင့်တင်ခြင်း၊ အများ ပြည်သူ သယ်ယူပို့ဆောင်ရေး ကဏ္ဍတွင် ပြည်ပက လာရောက်ရင်းနှီး မြှုပ်နှံကြရန် ဖိတ်ခေါ်ခြင်း၊ နည်းပညာ အကူအညီ တောင်းခြင်း စသည့် အစီ အစဉ်များလည်း ပါဝင်ပေသည်။

ရန်ကုန်မြို့ကြီးကို စင်ကာပူကဲ့သို့ နိုင်ငံတကာ အဆင့်မီမြို့ကြီးတစ်ခုအဆင့် ရောက်အောင် ကြိုးပမ်းခြင်းသည် မလုပ် မဖြစ် လုပ်ဆောင်ရမည့် ကိစ္စဖြစ်သလို ရုပ်ဝတ္ထုပစ္စည်းပိုင်း အခြေခံအဆောက် အအုံပိုင်းတွင် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရမည်ဆိုသည်ကလည်း ငြင်းမရသောအချက်ဖြစ်သည်။ သို့ရာတွင် ရုပ်ဝတ္ထုပစ္စည်းပံ့ပိုးမှုနှင့်ထပ်တူ အရေးကြီးသော အချက်တစ်ခုကိုလည်း လုပ် ဆောင်ဖို့ ကျန်ပါသေးသည်။ ယင်းက မြို့တော်နေ ပြည်သူပြည်သားများ၏ စည်းကမ်းပိုင်း၊ စိတ်ဓာတ်ပိုင်းဖြစ်သည်။
စင်ကာပူမြို့ကဲ့သို့ဖြစ်အောင် ရန်ကုန်မြို့ကို အဆင့်မြှင့်တင်ရမည်ဟုဆိုရာ၌ စင်ကာပူ၏ မြို့ပြအခြေခံ အဆောက် အအုံပိုင်းဖြစ်သည့် အိုးအိမ်၊ တိုက်တာ၊ ပန်းခြံ၊ လမ်းတံတား၊ မီးရထားလမ်း စသည့် ရုပ်ဝတ္ထုပိုင်းကိုသာ အတုယူ ရမည်မဟုတ်ဘဲ စင်ကာပူမြို့သူမြို့သား များ၏ ထင်ရှားလှသည့် စည်းကမ်းရှိမှု အပိုင်း ကိုလည်း အတုခိုးရမည်ဟု နားလည်ပါသည်။ စင်ကာပူမြို့သူမြို့သားများသည် သန့်ရှင်းမှု အပိုင်း မှာရော၊ စည်းကမ်းလိုက်နာမှုပိုင်းမှာပါ စံပြဖြစ်သည်ဆိုသည်မှာ စင်ကာပူနိုင်ငံ၏ ဝိသေသ ဂုဏ်ထူးတစ်ခု ဖြစ်ပါသည်။

မိမိတို့ မြန်မာနိုင်ငံတွင်မူ လွန်ခဲ့သည့် နှစ်ပိုင်းများအတွင်း ရုပ်ဝတ္ထုပစ္စည်းပိုင်း အထိုက်အလျောက် ဖွံ့ဖြိုးတိုးတက်လာခဲ့သော်လည်း နိုင်ငံသူ၊ နိုင်ငံသား၊ မြို့သူမြို့သားများ၏ စည်းကမ်းပိုင်းနှင့် သန့်ရှင်း သပ်ရပ်မှုပိုင်းတွင်မူ ပြောပလာက်အောင် တိုးတက်မလာသေးသည်ကို သတိထားမိပေမည်။ ဖုန် တထောင်းထောင်း ထနေသည့် လမ်းမဘေးထက်က အအုပ်အဆောင်းမပါ သည့် လမ်းဘေးဈေးသည်များ၊ လူ မြင်ကွင်းတွင် ဖြစ်သလို အပေါ့အလေး စွန့်တတ်သည့် မြင်ကွင်းများ၊ လက်ဘက်ရည်ဆိုင်များမှ ချေး အထပ်ထပ် ကပ်ကာ ညစ်နေသည့် လက်ဘက်ရည် ခွက်များ၊ ရေမြောင်းထဲ အမှိုက်ပစ်ကြသူများကြောင့် မိုးရွာတိုင်း ပင်လယ်လိုဖြစ်နေတတ်သည့် လမ်းမများ၊ ကျပ်သိန်းထောင်ချီ ရာချီတန်သည့် ဇိမ်ခံကား များထက်မှ ကတ္တရာလမ်းမများထက် အမှိုက်ပစ်ချသွားတတ်သူများ၊ အစိုးရရုံး၊ ကန်ထရိုက် တိုက် စသည်တို့ရှိ လှေခါးထောင့်ချိုးတိုင်းရှိ စွန်းပေနေသာ ကွမ်းတံတွေး နီနီအကွက်များ၊ အနံ့ဆိုးများ တလှိုင်လှိုင်ထနေသည့် လူနေရပ်ကွက်များအတွင်းမှ လမ်းဘေးအမှိုက်ပုံကြီးများနှင့် နောက်ဖေး လမ်းကြားရှိ အမှိုက်နှင့် စားကြွင်းစားကျန်များ စသည်စသည်တို့ ပပျောက်ရေးသည် ရန်ကုန်မြို့တော်ကို စင်ကာပူကဲ့သို့ဖြစ်အောင် အဆင့်မြှင့်တင်ရာတွင် မဖြစ်မနေ ထည့်သွင်းစဉ်းစားရမည့် အချက်များ ဖြစ်ပါသည်။

ထိုနည်းလည်းကောင်း ခြေကျင်လျှာက်သူများကလည်း လမ်းကို ကူးချင်သလိုမကူးဘဲ စည်းကမ်းရှိအောင်၊ ကားမောင်းသူတို့ကလည်း မောင်းချင် သလိုမမောင်း၊ ဆဲချင်သလိုမဆဲဘဲ စည်းကမ်းရှိအောင်၊ ယာဉ်ထိန်းရဲတို့ကလည်း စည်းကမ်းနှင့်အညီ အတိအကျ တာဝန်အတိုင်းဆောင်ရွက်အောင်၊ စည်းကမ်း ပိုင်းတိုးမြှင့်လုပ်ဆောင်ဖို့လည်း လိုအပ်ပါသည်။

ထို့ပြင် စင်ကာပူ၏လာဘ်စားမှု၊ ခြစားမှုအနည်းဆုံး၊ ဗျူရိုကရေစီအဆင့်များ အနည်းဆုံးနိုင်ငံ တစ်နိုင်ငံ ဆိုသည့် ဂုဏ်ထူးဝိသေသများကိုလည်း အတုယူဖို့ လိုအပ်ပါမည်။ တစ်ချိန်က စင်ကာပူသားတို့သည် ရန်ကုန်ကို အတုယူခဲ့ကြသည်။ ယခု လည်း ရန်ကုန်သားတို့ စင်ကာပူကို အတုယူရာ ၌ စင်ကာပူ၏ ရုပ်ပိုင်း ဖွံ့ဖြိုး တိုးတက်မှုကိုသာမက ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုများကိုလည်း ကျွန်ုပ်တို့ အတုယူမှသာ စင်ကာပူနှင့်တူသော ရန်ကုန်မြို့ကြီး၊ မြန်မာနိုင်ငံတော်ကြီး ဖြစ်လာမည်ဟု တင်ပြလိုက်ရပေသည်။

Comments

အဖတ်အများဆုံး

ရသဝတ္ထုတို့ရဲ့သဘော

ကျွန်တော်က အခါအားလျော်စွာ ပင်ကိုရေးဝတ္ထုတိုလေးတွေ ရေးဖြစ်တော့ အချို့က သူတို့ရေးထားတဲ့ ၀တ္ထုတိုလေးကို ဖတ်ကြည့်ပေးဖို့ လာလာပြတာမျိုး မကြာခဏကြုံရပါတယ်။ ကျွန်တော်ကိုယ်တိုင်က ရသစာပေတွေရေးနေပေမယ့် သူများရဲ့ရသစာတစ်ပုဒ်ကို ဝေဖန်ပိုင်းခြားပြဖို့တော့ မစွမ်းနိုင်သေးတာ အမှန်ပါ။ ဒါပေမဲ့ လာပေးဖတ်ရင်တော့ အတတ်နိုင်ဆုံး ကိုယ်မြင်တာကို ပြန်ပြောပြတတ်ပါတယ်။ မကြာခင်ကတောင်မှ ညီမတစ်ယောက်က သူ့ရဲ့ ၀တ္ထုတိုလေးတစ်ပုဒ်ကို ဖတ်ကြည့်ပါဦး လို့ ပြောပါသေးတယ်။ သူ့စာလေးအတွက် မှတ်ချက်ပေးဖို့ စဉ်းစားရင်းနဲ့ တစ်ခါတည်းပဲ ကိုယ့်ရဲ့ ရသဝတ္ထုအပေါ်မှာ ထားတဲ့ အမြင်တွေကို စာနဲ့တစ်စုတစ်စည်းတည်း ကျန်ရစ်စေချင်တဲ့အတွက် ခုလို တခုတ်တရ ရေးဖြစ်တာပါပဲ။

တော်တော်ဆိုးတဲ့လူတွေ

ပူပြင်းတဲ့နွေနေ့လယ်ခင်းတစ်ခုမှာ (……) ရဲစခန်းဟာ ပြင်းထန်စူးရှတဲ့ နေရောင်အောက် မီးကင်ထားသလို ထင်ရတယ်။ ငိုက်မြည်းနေတဲ့ ဂိတ်စောင့် ရဲတပ်သားရဲ့ခေါင်းဟာ ဆတ်ခနဲ ဆတ်ခနဲဖြစ်ဖြစ်သွားပြီး မနည်း အားတင်းလို့ မျက်ခွံတွေကို ပြန်ပင့်တင်နေရတယ်။ အမှုလာဖွင့်တဲ့ လူတချို့ ညှိုးငယ်တဲ့မျက်နှာတွေနဲ့အတူ စခန်းထဲကနေ ပြန်ထွက်သွားတော့မှ အစောင့်ရဲတပ်သားကလေးဟာ ကိုယ်ကိုမတ်မတ်ပြန်ထိုင်ပြီး သေနတ်ကိုအသေအချာ ပြန်ဆုပ်ကိုင်လိုက်တယ်။ ပြင်းထန်လှတဲ့နွေအပူဒဏ်ကြောင့် ရဲဌာနတစ်ခုလုံးက ရဲဝန်ထမ်းတွေဟာ သစ်ပင်တွေနဲ့   အပြိုင် ညှိုးရော်လို့။ အပြင်ကပြန်လာတဲ့ စခန်းမှူးဟာ သူ့အခန်းထဲက စားပွဲမှာထိုင်ရင်း တစ်ချက်သမ်းဝေလိုက်တယ်။ ထမင်းစားပြီး ခါစမို့ ဗိုက်ကလည်း တင်းနေသလို အိပ်ချင်စိတ်ကလည်း သူ့ကိုနှိပ်စက်နေတယ်။ သူဟာ “ ပူလိုက် အိုက်လိုက်တာ မပြောပါနဲ့တော့ ” လို့ တစ်ခွန်းပြောရင်း အပေါ်ရှပ်အင်္ကျီကိုချွတ်လိုက်ပြီး တိုင်ငုတ်မှာ သွားချိတ်ထား လိုက်တယ်။ အောက်ခံစွပ်ကျယ်အောက်က အသားပေါ်နေတဲ့ နေရာကတော့ ချွေးတွေကြောင့် မည်းပြောင်နေလေရဲ့။ မျက်နှာကျက် ပန်ကာကို ဖွင့်လိုက်တော့ ပန်ကာကမလည်ဘူး။ ...

အတိတ်ရဲ့အရိပ်

သူကပရိုဘောက်စ်လေးကိုလက်တားလိုက်လို့ကားရပ်၊ မှန်ချပြီးဈေးစကားစပြောစဉ်မှာပဲကားဆရာကိုသူစသတိထားမိတာပဲ။ သူထင်ထားသူများဖြစ်လေမလားပေါ့။ ဒါနဲ့ပဲသူတောင်းတဲ့ဈေးကိုမဆစ်ဘဲသွားဖို့သဘောတူလိုက်တယ်။ ကားဆရာနဲ့စကားပြောချင်တဲ့အတွက်တမင်တကာနောက်ခန်းမထိုင်ဘဲခေါင်းခန်း၊ ဒရိုင်ဘာဘေးမှာဝင်ထိုင်လိုက်တယ်။ ကားစထွက်စဉ်ကတည်းကသူနဲ့ကားဆရာနဲ့စကားတပြောပြောပဲ။“ကားလမ်းတွေလည်းကျပ်လိုက်တာဗျာ…” “ဟုတ်ပါ့ဆွဲမကောင်းဘူးညီလေး ရေ…” “ဆီဈေးကခုဘယ်လောက်ဖြစ်နေပြီးတုံး” “ခုနကပဲတစ်လီတာကို(…) နှုန်းနဲ့ထည့်ခဲ့ တာကွ… လုပ်စားကိုင်စားလို့မကောင်းတော့ပါဘူးကွာ။” စကားပြောနေရင်းနဲ့လည်း ကားဆရာရဲ့မျက်နှာကို သူအကဲခတ်တယ်။ များသောအားဖြင့် ရှေ့ကိုပဲကြည့်မောင်းနေရတယ်ဆိုပေမဲ့ ပွိုင့်မိတဲ့အခါ၊ ရှေ့သိပ်ကြည့်စရာမလိုတဲ့အခါမှာ စကားပြောလို့ အရှိန်တက်နေတဲ့ကားဆရာဟာ သူ့ကိုဘေးတိုက်လှည့်ကြည့်ပြီး ပြောတယ်။ သူပဲလား… တူသလိုလိုပါပဲ၊ မျက်နှာ ပေါက်မျက်နှာကျ၊ ပြောဟန်ဆိုပေါက်။ လူတူမရှားဖြစ်နေတာများလား… ။ တကယ်တော့ကြာခဲ့ပြီပဲလေ။ ကြာဆိုဆယ်စုနှစ်တစ်ခုကျော်ကြာခဲ့ပြီဆိုတော့ မှတ်မိဖို့က မနည်းစဉ်းစားနေရတာပေါ့။ ဆယ်နှစ်ဆိုတဲ့အချိန်အတွင်းလူတစ်ယောက်ဟာ ရုပ်ရော၊ စိတ်ရောအများကြီး ပ...

မမှောင်သောည

မုန်တိုင်းမလာခင် ဆိတ်ငြိမ်မှုမျိုးနဲ့ ခန်းမဆောင်ဟာ အေးတိအေးစက်။ အဆက်မပြတ်ထွက်နေတဲ့ တခေါခေါ ဟောက်သံတို့က နားထဲကို အတင်းထိုးဖောက်ဝင်ရောက်လျက်။ ခန္ဓာကိုယ်တစ်ခုလုံး ချွေးအိုင်ထဲမှာ ...   ကယောင်ခြောက်ခြား ဖြစ်နေတဲ့စိတ်အစဉ်ကြောင့် ဘာကိုမှ သဲသဲကွဲကွဲ မမြင်ရဘူး။ ကျီးကန်းတောင်းမှောက် လျှောက်ကြည့်နေတဲ့ မျက်လုံးများက ကညင်ဆီမီးတိုင်တို့ရဲ့ မသဲမကွဲ အလင်းရောင်ကို လက်ခံယူလိုက်တယ်။ မီးတောက်တွေက နှေးကွေးဖျော့တော့စွာ တောက်လောင်လျက်။ အပြင်မှာတော့ အမှောင်ထုကသာ ကြီးစိုးမင်းမူလျက်။ အိပ်မက်ထဲကနေ နိုးထလာခဲ့တာ ဘာမှမကြာသေးဘူး။ ဒါပေမဲ့ အပြင်လောကအထိ ဒီအိပ်မက်ဟာ အရိပ်လို မနားတမ်းကပ်လိုက်နေဆဲ။

ကျွန်တော့်ဘဝကို လမ်းပြပေးခဲ့တဲ့ စာတစ်စောင်

ဒီစာရဲ့သက်တမ်းဟာ နှစ် ၂၀ နီးပါးရှိပါပြီ။  ၂၀၀၄ သို့မဟုတ် ၂၀၀၅ ခုနှစ်အတွင်းက စာတစ်စောင်ပါ။  အဲဒီတုန်းက ကျွန်တော်ဟာ ကျောင်းပြီးခါစ။ စိတ်ကူးအိပ်မက်က တောင်းဆိုနေတဲ့ဘဝနဲ့ ဘဝပြဋ္ဌာန်းမှုက တောင်းဆိုနေတဲ့ ဘဝ ဆိုတဲ့ ဘဝနှစ်မျိုးကြားမှာ ရွေးရခက်နေချိန်ပေါ့။ ကျွန်တော်ရတဲ့ဘွဲ့က BE ဘွဲ့။ အင်ဂျင်နီယာ။ ကျွန်တော့်စိတ်နှလုံးထဲက တောင်းဆိုနေတာကတော့ စာရေးဆရာ။ နိုင်ငံခြားထွက်ပြီး အင်ဂျင်နီယာလုပ်မယ်ဆိုရင် ငွေကြေးအရ ပြည့်စုံမယ့်ဘဝ။ ဒုတိယတစ်ခုကတော့ ဘာမှ မသေချာ မရေရာတဲ့လမ်း၊ ငတ်တစ်လှည့် ပြတ်တစ်လှည့်လမ်း။ တစ်ဖက်ကလည်း ကိုယ်လုပ်ချင်တာ လျှောက်လုပ်နေလို့ရလောက်အောင် ကိုယ့်မိဘက ငွေကြေးပြည့်စုံချမ်းသာသူမဟုတ်။  အဲဒီအချိန်မှာ မြန်မာပြည်မှာ အင်တာနက်ကဖေးတွေ စပေါ်ခါစ။ Gmail ဆိုတာလူသိပ်မသိကြသေးချိန်။ mptmail.net.mm ကလွဲပြီး တခြားဘာအီးမေးလ်မှ ဖွင့်ခွင့်မရှိတဲ့အချိန်။ အင်တာနက်ပေါ်က အခမဲ့ရတဲ့ လူမသိသူမသိ အီးမေးလ်တွေကို လိုက်ဖွင့်ပြီး ဟိုလူ့ဆီ စာလှမ်းရေးလိုက်၊ ဒီလူ့ဆီ စာလှမ်းရေးလိုက်နဲ့ ခုမှ အင်တာနက်တို့၊ အီးမေးလ်တို့နဲ့ စသုံးဖူးတဲ့ ကျွန်တော်တစ်ယောက် မျောက်အုန်းသီးရသလို။  အဲဒီအချိန် ပြည်ပကိုပြောင်းရွှေ့သွာ...