Skip to main content

Posts

နှစ်သစ်ဆုတောင်း

နှစ်သစ်တွင် ... အရှေ့ဂေါယာ ပြူထွက်လာမည့် ရောင်ဝါထွန်းလင်း ရှင်နေမင်းသည် ငါတို့ပြည်ပေါ် ဖုံးလွှမ်းပိတ်ဖုံး မိုက်မှောင်တုံးအား ကြွင်းမဲ့ပယ်ခွင်း ရောင်ဝင်းအလင်း ထွန်းလင်းစေသား။ နှစ်သစ်တွင်... ထက်ဝတိံသာ အဇဋာမှ ရွာရွာကျကျ၊ မိုးစက်မြတို့ မွေးရပ်သခင် မြေပြင်အဝန်း ထင်းစွန်းပူနွေး မခြောက်သေးသည့် အာဇာနည်သွေး နီထွေးတို့အား သုတ်သင်ဆေး၍ ဝေးရောက်ဝိဉာဉ်တို့အား နှစ်သိမ့်နိုင်စေသား။ နှစ်သစ်တွင်... ရှစ်ရပ်တခွင် တိုက်ခတ်နှင်မည့် လေပြင်း၊ လေပျော့၊ လေအသော့တို့ မိရင်ခွင်နှင့် မဝေးချင်ရှာသည့် တစ်ရွာပြောင်းနေ၊ သားရွှေသွေးထံ အမိမြေ၏ကောင်းခြင်းငါးပါး မင်္ဂလာစကားကို ဆောင်ကြဉ်းစေချင်။ နှစ်သစ်တွင်... ထက်အောက်ရှေ့လုံ လွှမ်းခြုံလာမည့် ဆောင်းကတ္တီပါ နှင်းထုလွှာသည် သောကအပူ ငြီးငြီးဆူအပ် ငါ့မွေးရပ်နေ ငါ့မျိုးဆွေတို့ သောကဗျာဝေး ရယ်သွမ်းသွေးနိုင်အောင် စွမ်းနိုင်စေချင်၊ စွမ်းစေချင်။ နှစ်သစ်တွင်... ငါ့နိုင်ငံသည် ဘေးဘယာမရှိပါစေနှင့် ငါ့လူမျိုးသည် ဆင်းရဲကြောင့်ကြဗျာပါဒတို့ မရှိပါစေနှင့် အဓမ္မတရား မသူတော်တရားတို့ မထွန်းကားပါစေနှင့် လူအချင်းချင်းနှိပ်စက်ခြင်း ကင်းရှင်းကြပါစေ အထင်သေးခ...

နှလုံးသားကိုစတေးတန်စတေးရသည်

စေ့စပ်ပွဲကျင်းပရန် ရက်ပိုင်းမျှသာအလိုကျမှ ကျွန်တော့အစ်မဝမ်းကွဲတစ်ယောက်သည် သူနှင့်သူ့ချစ်သူတို့ ဘာသာမတူမှန်း မိဘများအား ဖွင့်ပြောလိုက်ပါသည်။ လူကြီးများ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ စေ့စပ်ပွဲကလည်း မနက်ဖြန်သန်ဘက်။ ဘာမှမတတ်နိုင်တော့။ စေ့စပ်ပွဲပြီးဆုံးသွားသော်လည်း သူ့မိဘ နှစ်ပါးမှာ အောင့်သက်သက်ဖြစ်ကျန်ခဲ့သည်ဟု ပြန်ကြားရပါသည်။  ကျွန်တော့အစ်မလုပ်ပုံသည် လူကြီးများကို တစ်ခါတည်း ချည်ပြီးတုပ်ပြီး လုပ်သည့်ပုံစံ ဖြစ်နေပါသည်။ သို့သော်လည်း ငယ်စဉ်ကတည်းက ချစ်ကြောက်ရိုသေခဲ့ရသည့်ဖခင်ကို ကြောက်သည့်စိတ်ကတစ်ဘက်၊ ချစ်သူနှင့် ဝေးရမည်ကို စိုးရွံ့သည့်စိတ်က တစ်ဘက်နှင့်မို့ ယခုလို စွန့်စားပြီးလုပ်လိုက်ရသည်ဟု ကျွန်တော်ကတော့ နားလည်ပေးလိုက်ပါသည်။

ကျကွဲသွားသောကြေးမုံပြင်တစ်ချပ်

ကျွန်တော်သည် ကျွန်တော့်ခြံထဲမှပန်းပင်များအား ကောင်းစွာပွင့်လန်းနိုင်ရန်အတွက် ပြုစုပျိုးထောင်ပေးလျက် ရှိပါသည်။ သို့မဟုတ် လူရည်ချွန်ဖြစ်ရန်အတွက် သားကောင်းများအား မြေတောင်မြှောက် ပေးကြသည်ကို မြင်တိုင်းလည်း ဝမ်းသာရသည်။ ပန်းပင်များအား မသမာသူတို့က ရေနွေးဖြင့် လောင်းသွားလျှင်တော့ စိတ်နှလုံး မသာမယာဖြစ်ရပါသည်။ ကျွန်တော့်အိမ်ရှေ့တွင် အလေ့ကျပေါက်သော မြက်ရိုင်းများရှိသည်။ သူတို့ကိုတော့ ပြုစုပျိုးထောင်ခြင်း၊ ပေါင်းသင် ရေလောင်းခြင်းမပြုပါ။ သို့ရာတွင် သူတို့ ကောင်းစွာသန်မာကြပါသည်။ ကျွန်တော့်အိမ်မျက်စောင်းထိုးရှိ ရပ်ကွက်လူကြီးဦးမျိုးချစ်တွင် ပေါ်ကြော့နေသည့် သားနှစ်ယောက်ရှိသည်။ ဦးမျိုးချစ်သည် သားနှစ်ယောက်ကို ဖြစ်စေချင်လွန်း၍ နိုင်ငံခြားလွှတ်ပြီး ပညာသင်စေသည်။ သို့သော် ထိုသားနှစ်ယောက်သည် သူတို့အဖေ မျှော်လင့်သလိုဖြစ်မလာဘဲ ခေတ်ရေစီးထဲ အလိုက်သင့်မျောပါသွားသည်။ ဦးမျိုးချစ်မိန်းမတွင် လက်ဝတ်ရတနာများ အစုံလိုက်ရှိ၏။ ပွဲလမ်းရှိရှိ မရှိရှိ ထိုမိန်းမကြီးသည် သူ့လက်ဝတ်ရတနာများကို ပြူးနေအောင်ထုတ်ဝတ်၍ ကြွားရသည်မှာအမော။ လူအများ ငမ်းငမ်းတက် မက်မောကြသည့် အရာများထဲတွင် ရတနာပစ္စည်းများပါသည်။ ၎င်းတို့ကိုငွေဖြင့် ဝယ်နိုင်သူက...

ဘူတာရုံ

အဲဒီနေ့က မိုးတွေသဲသဲမဲမဲရွာနေတာ ကောင်းကောင်းမှတ်မိတယ်။ ကာလရှည်လျား ပိတ်ထားခဲ့တဲ့ မျက်လုံးတွေကို ပထမဆုံးပြန်ဖွင့်ကြည့်မိတော့ ပင့်ကူမျှင်တွေ၊ ကြပ်ခိုးတွေစွဲနေတဲ့ မျက်နှာကျက်တစ်ခုကို မြင်လိုက်ရတာနဲ့ တစ်ဆက်တည်းဆိုသလို မိုးသံတွေကို ကြားမိလိုက်တာပဲ။ အခြေအနေကတော့ အိပ်မက်ဆိုးမက်နေရာကနေ လန့်နိုးလာသလိုမျိုး၊ အာကာသဟင်းလင်းပြင်ကြီးထဲကနေ လိမ့်ကျလာသလိုမျိုးပဲ။ ချွေးအိုင်ထဲကနေ ပတ်ဝန်းကျင်ကို ထိတ်လန့်တကြား မျက်လုံးကစားမိတယ်။ စူးရှတဲ့ အလင်းရောင်တွေကို မျက်ကြည်လွှာတွေက ခုခံနိုင်စွမ်းမရှိသေးဘူး။ ဘာတွေလဲ ... ဘာမှ နားမလည်ဘူး။ မသိမှုတွေဟာ ၀ေ၀ါးနေတဲ့ နှင်းမြူတွေလိုပဲ။ အရာအားလုံးဟာ ရှေ့မှာပိတ်ဆို့ ကာဆီး ထားကြတယ်။ အလင်းရောင်ကိုခံနိုင်စွမ်းမရှိသေးတဲ့ မျက်လုံးတွေကို အသာအယာ ပြန်မှိတ်ထား လိုက်မိတယ်။ ဒီနေရာကို ဘယ်လိုရောက်လာခဲ့တာလဲ။ ငါဟာ ဘယ်သူလဲ။ ဒီကိုမရောက်ခင်က ဘာတွေဖြစ်ခဲ့လဲ။ မးခွန်းပေါင်းများစွာဟာ ပတ်ခြာလည်လှည့်နေကြတယ်။ ဒါပေမဲ့ အဖြေဆိုတာမရှိခဲ့။ ဘာမှပြန်စဉ်းစားမရခဲ့။ မှာင်မိုက်နေတဲ့အခန်းတစ်ခုကိုပဲ ရးတေးတေး ပန်မှတ်မိသလိုပါပဲ။ အဲဒီအမှောင်ရဲ့ဟိုမှာဘက်ကမ်းရော... အမှောင်တွေပဲ ထပ်လာခဲ့တာပဲ။ အမှောင်ပြီးရင် အမှောင်တွေသ...

ဖောင်နှင့်တူသော နက္ခတ်ဗေဒင်ပညာ

အခန်းထဲဝင်လိုက်တာနဲ့ ဆရာပရော ဖက်မြတ်သစ်က အပြုံးနဲ့ဆီးကြိုပါတယ်။ဆရာ့အလုပ်ခန်းရဲ့ ငြိမ်သက်မှုနဲ့ ဆရာ ရဲ့အပြုံးဟာ လူတစ်ယောက်ရဲ့ ကံကြမ္မာကိုဖော်ထုတ်ဟောကြားဖို့ရာ လုံလောက်တဲ့ အကြောင်းအထောက် အပံ့လို့လည်း ပြောရင်ရနိုင်ပါတယ်။ ဆရာ့အလုပ်ခန်းနဲ့ကပ်လျက်မှာတော့ ဆရာ ဘုရားရှိခိုး၊ တရားဘာ၀နာပွားတဲ့ ဘုရားခန်းရှိပါတယ်။ စိတ်ရဲ့တည်ငြိမ်မှု အပေါ်အများကြီးအားကိုးရတဲ့ နက္ခတ္တ ဗေဒ ပညာရှင်တစ်ဦးအနေနဲ့ သမာဓိ တိုးတက်ဖို့ ဆရာလေ့ကျင့်ရပါတယ်။ သမာဓိဟာ ဟောချက်မှန်မမှန်ကို အဆုံး အဖြတ်ပေးတဲ့ အချက်တွေထဲက တစ်ခု လို့ ဆရာကပြောပါတယ်။

ကပြားစာ၊ ကပြားစကား ရေးကြပြောကြလျှင်

“မြန်မာစာစောင်တွေ၊ ဂျာနယ်တွေဖတ်ရင် အင်္ဂလိပ်-မြန်မာ အဘိဓာန်ဆောင် ထားကွ” ဟူ၍ မကြာမီက ထွက်သည့် လစဉ်ထုတ် မဂ္ဂဇင်းတစ်စောင်တွင် ကာတွန်းတစ်ပုဒ်တွေ့လိုက်ရပါသည်။ မြန်မာလို ရေးထားသည့် သတင်းများ၊ ဆောင်းပါးများ ကြားတွင် အင်္ဂလိပ်စာလုံးများ ကြားညှပ်ထည့်မှု များလာ ခြင်းကို မျက်စိနောက်လာသည့် ကာတွန်းဆရာက သရော်ထားသော ကာတွန်းတစ်ပုဒ်ဖြစ်ပါသည်။ သူပြောလည်း ပြောချင်စရာပါ။ ယနေ့ မြန်မာဘာသာဖြင့် ရေးထားသော စာအတော်များများကို ဖတ်ရသည် မှာ မြန်မာမဆန်လှပါ။ မြန်မာအက္ခရာများကြားတွင် အင်္ဂလိပ်အက္ခရာများကို တွေ့မြင်ရသည်မှာ အရုပ်ဆိုး လှပါသည်။ ဘာကြောင့် အခုလိုရေးကြသလဲဟု စဉ်းစားစရာဖြစ်ပါသည်။ အဆိုပါ အင်္ဂလိပ်စကားလုံးကို မြန်မာ ဘာသာသို့ မပြန်ဆိုနိုင်သဖြင့် အလွယ်တကူ ရေးလိုက်ခြင်းလား၊ မြန်မာစကားပြောလျှင် အင်္ဂလိပ်လို ညှပ်ပြောနေကျ အကျင့်ပါနေ၍ စာရေးတော့လည်း ညှပ်ရေးလိုက်ခြင်းလား၊ ဒါမှမဟုတ် ကာယကံရှင် ကိုယ်တိုင်က အင်္ဂလိပ်လို ထည့်ရေးမှ ဂုဏ်ရှိသည်ဟု အထင်ရောက်၍လား။ မြန်မာဘာသာစကားတွင် သူများ ဘာသာစကားမှ မွေးစားစကားလုံးများ ရှိသည်။ ကိုယ့်မှာမရှိသဖြင့် မွေးစား ရခြင်းဖြစ်ပါသည်။ (ဥပမာ။ ရေဒီယိုတို့၊ ကက်ဆက်တို့၊ ကားတို့) မတတ်နိုင်ပါ။ ...

အာဇာနည်နေ့နှင့် ခံစားမိသည့် ဆရာဇော်ဂျီ၏ကဗျာ

ဇူလိုင်လ ၁၉ ရက်နေ့သည် အာဇာနည်နေ့ဖြစ်သည်။ အာဇာနည်နေ့ကို ရောက်တိုင်း ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား ပြည်သူအပေါင်းက သတိတရ ရှိကြ လေသည်။ လွန်ခဲ့သော ၆၃ နှစ်၊ ဤနေ့ ဤရက်က ဆိုလျှင်ဖြင့် မြန်မာနိုင်ငံ တစ်ဝန်းလုံး လှည်းနေလှေအောင်း မြင်းဇောင်း မကျန်သော ပြည်သူအပေါင်း တို့သည် အပြင်မှာ သူတို့ လူကိုယ်တိုင် မြင်ဖူးချင်မှ မြင်ဖူးမည်ဖြစ်သည့်၊ စကားပြောဖူးချင်မှ ပြောဖူးမည်ဖြစ်သည့် အာဇာနည် ခေါင်းဆောင်ကြီးများ အတွက် ဖြေမဆည်နိုင် မျက်ရည် ဖြိုင်ဖြိုင် ကျခဲ့ကြဖူးလေသည်။ လောကတွင် လူတို့သည် မိမိချစ်ခင်ရသော ဆွေမျိုးသားချင်း၊ ညီအစ်ကိုမောင်နှမများနှင့် ခွဲခွာရ၍ ငိုကြွေးတတ်သည်မှာ သဘာဝကျသော်လည်း ကိုယ်နှင့်သွေးမတော် သားမစပ်၊ ရင်းနှီးကျွမ်းဝင်ခြင်းမရှိသော လူတစ်ယောက် (သို့မဟုတ်) လူတစ်စုအတွက် ငိုကြွေးကြသည်မှာ အဘယ်ကြောင့်နည်း။ ဘဝတွင် မိမိ၏ မိဘ၊ ဆွေမျိုး၊ ဇနီးခင်ပွန်း၊ သားသမီးတို့အတွက် ငိုကြွေးခြင်းက သံယောဇဉ်ကြောင့် ဖြစ်ပြီး အာဇာနည်တို့အတွက် ငိုကြွေးခြင်းကမူ ထိုသူတို့အပေါ် မိမိထားသည့် တန်ဖိုးတစ်ခုကြောင့်၊ (တစ်နည်း) အစားထိုးမရသော ဆုံးရှုံးမှုအတွက်ကြောင့် ဖြစ်သည်။ ငိုကြွေးတာချင်း တူသော် လည်း ငိုကြွေး ပုံချ...