Skip to main content

Posts

ဒသမစခန်းသာမှာ စိတ်ဖြောင့်ဖြောင့်နဲ့သာချန်ခဲ့ပါ

“ဧည့်သည်တော်တစ်ဦးမှ တေးသံရှင် (…) အား ဆုတော်ငွေများစွာနဲ့အတူ ကြိုက်နှစ်သက်ရာ သီချင်းတစ်ပုဒ် သီဆိုပေးဖို့ တောင်းဆိုထားပါတယ်ရှင်” ခဏအကြာ နားကွဲမတတ် ဆူညံလှသော ကီးဘုတ်မြည်သံ တဒေါင်ဒေါင်တဒင်ဒင်နှင့်အတူ စကတ်အတိုဝတ် ကောင်မလေးတစ်ယောက် ထွက်လာပြီး ကိုယ်တလှုပ်လှုပ် တယမ်းယမ်းဖြင့် သီချင်းတစ်ပုဒ်ဆိုသည်။ စားပွဲထိုးတစ်ဦးက တက်လာပြီး သီချင်းတောင်းသူကိုယ်စား ပန်းကုံး စွပ်ပေးသည်။ ဧည့်သည်က ပန်းကုံးစွပ်တိုင်း တဆိုင်လုံးက စားပွဲထိုးများက လက်ခုပ်တဖြောင်းဖြောင်းတီးကြ၏။  ထိုမြင်ကွင်းကို ကျနော် ယခုကာလမှာ တကယ်မြင်နေရခြင်းမဟုတ်ပါ။ ထိုမြင်ကွင်းနှင့်အသံတို့မှာ ကျနော် ယခု ရောက်ရှိနေရာ၏ အတိတ်မှာကျန်ခဲ့သော ပုံရိပ် များစွာအနက်မှ တစ်ခုသာဖြစ်သည်။ ကျနော် တကယ်မြင်နေ ကြားနေရသည်တို့မှာ အသစ်အသစ်တွေဖြစ်နေပါသည်။  “ဘော်ဒါတို့ ကဲဖို့အဆင်သင့်ပဲလား” “ရေး...”  “ဟာ … ခု ညအသည်းကွဲတဲ့သူတွေချည်းပါပဲလား” “ရေး...”  Music band အဆိုတော်ကောင်မလေးနှင့် ပရိသတ်တို့ အတိုင်အဖောက်ညီနေကြသည်။ မျက်နှာကျက်မှ တလက်လက်ဒစ္စကိုမီးရောင်စုံများ။ သီချင်းတစ်ပုဒ်ဆိုတိုင်း လိုက်ဆိုကြသူများ၊ dancing floor မှာ ထွက် က ကြသူများ။  ကျနော့်မျက်စ...

အာရှ ယဉ်ကျေးမှုတန်ဖိုးများနှင့် အစိမ်းရောင်မူဝါဒ နိုင်ငံရေး - ဗုဒ္ဓဝါဒရှုထောင့်မှချဉ်းကပ်ခြင်း

 နိဒါန်း အာရှသား အစိမ်းရောင်သမားတွေဟာ အနောက်တိုင်းသား အစိမ်းရောင်သမားတွေရဲ့ စဉ်းစားကြံစည် လုပ်ကိုင်ပုံတွေကို ပုံတူကူးရုံပဲဆိုရင်တော့ အာရှတိုက်မှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒ နိုင်ငံရေးဟာ ကျရှုံးမှာပါပဲ။ ရှေ့မှာလည်း နမူနာတွေရှိထားပါတယ်။ ဒေသတွင်းနိုင်ငံတွေမှာတွေ့ရတဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်နဲ့ ဆိုရှယ်လစ်မူဝါဒရေးရာတွေကို ကြည့်ရင်လည်း ရလဒ်တွေဆိုးရွားလေ့ရှိတာ မြင်ရမှာပါ။ ကျွန်တော်တို့အာရှမှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒအားပြုနိုင်ငံရေးကို အနှစ်အသား ပြည့်ပြည့်နဲ့ အောင်မြင်တာ မြင်ချင်တယ်ဆိုလို့ရှိရင်တော့ လုပ်ရမှာက သီးခြား အစိမ်းရောင်အယူအဆတွေနဲ့ အလေးအနက်ထား ပေါင်းစပ်ဖို့အတွက် အာရှရဲ့ ယဉ်ကျေးမှုဇာစ်မြစ်တွေထဲက သင့်လျော်မယ့် အစိတ်အပိုင်းတွေကို စေ့စေ့စပ်စပ် လိုက်ရှာဖွေဖို့ပဲဖြစ်ပါတယ်။ ဒီ ဆောင်းပါးမှာဆွေးနွေးမှာကတော့ အာရှရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို ဘာဖြစ်လို့ ပစ်ပယ်လို့မရဘူးလဲဆိုတာ၊ အဲဒီ တန်ဖိုးတွေက ဘာတွေလဲ ဆိုတာ၊ အာရှတိုက်မှာရော အာရှတိုက်ကြီးအတွက်ရော သီးခြားအသွင်ဆောင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖန်တီးရာမှာ အဲဒီတန်ဖိုးတွေက ဘယ်လိုအကူအညီဖြစ်မလဲဆိုတာတွေပဲဖြစ်ပါတယ်။  အခုဆောင်းပါး...

မယ်သီဝလိကိုမွေးဖွားခြင်း

အချိန်က ဈေးပေါင်ကျိုး။ ကလေးတွေလည်း ကျောင်းတက်၊ အလုပ်သမားတွေလည်း ရုံးတက်ကုန်ကြပြီ။ လူကျခဲ့တဲ့ လက်ဖက်ရည်ဆိုင်လေးတောင် ပြန်လည်ငိုက်မျဉ်းလို့။ ခုနက ယာဉ်သွားယာဉ်လာတွေ၊ ခြေကျင်သွားသူတွေနဲ့ ရှုပ်ယှက်ခတ်နေတဲ့ လမ်းမတော်ရဲ့အထက်က ဖုန်မှုန့်တွေဟာ လေနှင်ရာ လွင့်ပါသွားပြီးကြလို့ လေထုဟာ ပြန်လည် သန့်စင်သွားတယ်။ ခရီးနှစ်ကြောင်းစီလောက် လိုက်ပြီး ပြန်လာနားနေကြတဲ့ ဆိုက်ကားဆရာတွေဟာ ကျားထိုးတဲ့အဖွဲ့နဲ့ ဇယ်တောက်တဲ့အဖွဲ့ဆိုပြီး နှစ်ဖွဲ့ကွဲသွားကြတယ်။ ဘယ်အဖွဲ့မှာမှ မပါတဲ့ ဆိုက်ကားဆရာတစ်ယောက် ကတော့ ဆိုက်ကားပေါ်မှာပဲ သက်သောင့်သက်သာထိုင်ရင်း ဖုန်းထဲက တွံတေးသိန်းတန် သီချင်းတစ်ပုဒ်ကို ဖွင့်၊ နှုတ်က လိုက်ညည်းလို့။ ဆိုက်ကားဂိတ်နဲ့ မျက်စောင်းထိုး ပျံကျဈေးလေးထဲက ကုန်စုံဆိုင်လေးမှာ ဈေးဝယ်သူရောက်လာလို့ ဆိုင်ရှင်မိန်းမဟာ ကလေး ခါးထစ်ခွင်ချီလျက်သားနဲ့မှ အပြင်ထွက်လာတယ်။ ခုချိန်မှ ဈေးဝယ်လာဟန်တူတဲ့ ဈေးဝယ်သူမိန်းမက သူ့ဆိုင်မှာတင်ထားတဲ့ ပစ္စည်းအတိုအထွာလေးတွေကို ဟိုရွေးသည်ရွေးလုပ်နေတာ တော်တော်နဲ့ မပြီးဘူး။ ဆိုင်ရှင်မိန်းမဟာ ဝယ်သူကိုစိတ်မရှည်ဟန်နဲ့ သူ့ခါးပေါ်က ဂျီတိုက်နေတဲ့ ကလေးကို ဆူနေတယ်။ “ဒီကလေးဟာလေ ငိုရတဲ့ကလေး မုန့်စားရတယ် ဆိုတ...

စံပယ်ရုံကဖေးကို ထပ်မသွားတော့ပါ

တက္ကသိုလ်ကျောင်းတုန်းက ကျွန်တော့်သူငယ်ချင်းတွေထဲမှာ ဖိုးဇော်ဆိုတာ ရှိတယ်။ ဖိုးဇော်နဲ့ ကျွန်တော်နဲ့က မေဂျာမတူဘူး။ သူက မြို့ပြအင်ဂျင်နီယာဘာသာရပ်၊ ကျွန်တော်က အီလက်ထရွန်းနစ်ပေါ့။ ဖိုးဇော်ဟာ သူနဲ့ တစ်မေဂျာတည်းတက်တဲ့ နွေးနွေးဆိုတဲ့ ကျောင်းသူနဲ့ပဲ နောက်ပိုင်း အိမ်ထောင်ကျတယ်။ သမီးတစ်ယောက်ရတယ်။  ဖိုးဇော်နဲ့ နွေးနွေးတုန်းက ကြိုက်သွားတဲ့အကြောင်းတွေကို ကျွန်တော်က အစအဆုံး သိတယ်။ ကျွန်တော်တို့ ပထမနှစ်ကတည်းက ဖိုးဇော်က နွေးနွေးကို စိတ်ဝင်စားတယ်။ နွေးနွေးက တရုတ်ကပြားမလေး၊ အသားဖြူဖြူ၊ ခပ်ချောချော၊ သွားထပ်ကလေးနဲ့။ ဆံပင်ရှည်ရှည်လေးကို ဖားလျားလေးချပြီး လွယ်အိတ်လေး ဘေးတစောင်းလွယ်လို့ ကျောင်းလာတတ်တယ်။ ရိုးရိုးယဉ်ယဉ်ပုံစံလေးပေါ့။ ဖိုးဇော်က နွေးနွေးကို ကျွန်တော်တို့ ပထမနှစ်မှာ စပိုးတယ်။  ဖိုးဇော်က ကျောင်းမှာ ပေါ်ပြူလာဖြစ်တဲ့သူ။ အဲဒီတုန်းက ကျွန်တော်တို့ အင်ဂျင်နီယာကျောင်းသားတွေကို ဗိုလ်သန်းရွှေ ဦးဆောင်တဲ့ စစ်အစိုးရက အသကုန်နှိပ်ကွပ်ထားတာ။ ကျောင်းတွေကို ခွဲထုတ်၊ မြို့ပြင်ပို့။ ရိုးရိုး အေဂျီတီအိုင်တွေနဲ့ ရောပြီးတက်ခိုင်း။ အဲသလိုလုပ်တော့ ကျောင်းသားတွေက ကျောင်းထဲမှာ ဆန္ဒပြကြတယ်။ အခန်းထဲကနေ အပြင်ထွက်ထိုင်၊ ...