Skip to main content

Posts

အပြာရောင်မီးတောက်တခုအကြောင်း

(၁) လွန်ခဲ့သည့် နှစ် ၃၀ ဝန်းကျင်။ ရန်ကုန်မြို့ ဆိတ်ငြိမ်ရပ်ကွက် ခြံကျယ်တခြံထဲတွင် ဆောက်ထားသော တထပ် ပျဉ်ထောင်အိမ်ကလေးထဲမှာ ဖြစ်သည်။ အသက် ၃၅ နှစ်ဝန်းကျင်အရွယ် ပိန်ပိန်ပါးပါးနှင့် အမျိုးသား တဦးက ဧည့်ခန်းထဲတွင်ထောင်ထားသည့် ဘုတ်ပြားကလေး တချပ်ရှေ့တွင်ရပ်နေသည်။ သူ့တခေါင်းလုံးမှာ ဆံဖြူတွေက အရွယ်နှင့်မလိုက်အောင် ဖွေးဖွေးလှုပ်နေသဖြင့် အဘိုးအိုပေါက်စလေးနှင့်တူနေသည်။ သူ့မျက်နှာမှာ အထူးခြားဆုံးကတော့ စူးရှသည့် မျက်လုံးတစုံ ဖြစ်သည်။ သူနှင့်မျက်နှာချင်းဆိုင်မှာတော့ ကလေး လေးယောက် ထိုင်နေကြသည်။  နွေရာသီဖြစ်သော်လည်း ခြံဝင်းကြီးထဲတွင် အရိပ်ရအပင်များရှိနေသလို အေးမြသည့် လေနုအေးကလည်း အနီးအနား ကန်တော်ကြီးရေပြင်ကို တချက်တချက် ဖြတ်သန်းတိုက်ခိုက်လျက်ရှိသည်။ ဘုတ်ပြားရှေ့မှာ ရပ်နေသော သူက လည်ချောင်းရှင်းလိုက်သည်။ ထိုလူသည် ဆယ်တန်းကျူရှင်ဆရာတဦး၊ အလွတ်သင် အင်္ဂလိပ်စာဆရာတဦး ဖြစ်ခြင်းကြောင့် ကလေးများကို စာပြနေသည်ဟု ထင်စရာ ရှိသည်။ သို့သော် သူကိုင်ထားသည့် ဘုတ်ပြားပေါ်တွင် ဆယ်တန်းစာ၊ အင်္ဂလိပ်စာတို့နှင့် လားလားမျှမဆိုင်သော စာများရေးထားသည်။ သေချာကြည့်ပါက စာကြောင်း ၁၀ ကြောင်းကို တွေ့ရမည်ဖြစ်သည်။  ၁။ လောဘ ၂။ ဒေါသ ၃။ ...

ကွန်စတန်တီနိုပယ်မြို့ကြီးကို အောင်နိုင်ခြင်း

သက္ကရာဇ် ၁၄၅၁ မှာ အော်တိုမန်ထီးနန်းကို ရလာတဲ့ ဒုတိယမြောက် စူလတန်မာမက်ဟာ သူ့အရင် ဘယ်သူမှ ရအောင်မသိမ်းနိုင်ခဲ့တဲ့ ကွန်စတန်တီနိုပယ်မြို့ (ယခုခေတ် တူရကီနိုင်ငံ အစ္စတန်ဘူ) ကို နှစ်လအတွင်း ရအောင် သိမ်းနိုင်ခဲ့သူဖြစ်ပြီး အောင်နိုင်သူမာမက် (Mehmed the Conqueror) ဆိုတဲ့အမည်ကို ရခဲ့သူဖြစ်ပါတယ်။ သူဟာ အသက် ၂၁ နှစ်နဲ့တင်အော်တိုမန်အင်ပါယာပြည့်ရှင်လည်း ဖြစ်လာသူဖြစ်တယ်။ မာမက်ဟာ ငယ်စဉ်မင်းသားဘဝကတည်းက ရည်မှန်းချက် ကြီးသူဖြစ်ပြီး မဟာအလက်ဇန္ဒားကို အားကျခဲ့သူလည်းဖြစ်တယ်။ သူ့အဖေအပါအဝင် ဒေသတွင်းက အားပြိုင်နေကြတဲ့ ထီးပြိုင်နန်းပြိုင်ဘုရင်တွေဟာ ရောမအင်ပါယာရဲ့ထီးနန်းစိုက်ရာ ကွန်စတန်တီနိုပယ်ကို ၂၃ ကြိမ်တိတိ ချီတက်လုပ်ကြံကြပေမဲ့ ခိုင်ခံ့တဲ့ ကွန်စတန်တီနိုပယ်မြို့တံတိုင်းကို မထိုးဖောက်နိုင်ခဲ့ဘဲ အကြိမ်ကြိမ်အခါ တပ်လန်ခဲ့ရပါတယ်။ မာမက် နန်းတက်လာတော့ ကွန်စတန်တီနိုပယ်ကို တက်သိမ်းဖို့ပြင်တယ်။ သူ့ငယ်ဆရာလည်းဖြစ် နန်းရင်းဝန်လည်းဖြစ်တဲ့ ချန်ဒါလ်ဟာလီ (Candarl Halil) ကတော့ မင်းပျိုမင်းလွင် မာမက်ဟာ စိတ်ဆတ်တယ်၊ အတွေ့အကြုံနည်းတယ် စတာတွေကြောင့် ကွန်စတန်တီနိုပယ်မြို့ကြီးကို သိမ်းနိုင်လိမ့်မယ်လို့ မယုံကြည်ဘူး။ ဒါပေမဲ့ မာမက်ဟာ ငယ်ရွယ...

သွားပြီ ပီတာ နှုတ်ဆက်တယ်

ဒီနေ့ ပီတာအသက် ရွှေရတုတိုင်ပြီ။ ဒါဆို ကျနော့်အသက်လည်း ရွှေရတုပဲပေါ့။ ရွှေရတုရောက်တဲ့အထိ သူနဲ့အတူရှိနေသေးတာဆိုလို့ ကျနော်ပဲကျန်တော့တာ။ ကျန်တဲ့သူတွေကတော့ ခရီးတစ်ဝက် လမ်းခုလတ် မှာတင် လက်ပြနှုတ်ဆက်သွားခဲ့ကြပြီ။ မနက်အိပ်ရာ နိုးနိုးချင်းမှာပဲ ကျနော်ပီတာကို ‘ပျော်ရွှင်ဖွယ်ရာ မွေးနေ့ဖြစ်ပါစေ ပီတာရေ’ လို့ ဆုတောင်းပေးလိုက်သေးတယ်။ သူကြားမှာမဟုတ်မှန်း သိပေမဲ့ပေါ့လေ။ တကယ်တော့လည်း ကျနော့်တစ်သက်မှာ သူ့ကိုမွေးနေ့ဆုတောင်းပေးတာ ခု ဒါပထမဆုံးပဲ။ အဲ … နောက်ဆုံးလည်း ဖြစ်လိမ့်မယ်လို့တော့ မသိခဲ့ဘူးပေါ့လေ။  ပီတာနဲ့ ကျနော်နဲ့က တစ်နေ့တည်း၊ တစ်ချိန်တည်းမွေးကြတာပေါ့။ တစ်မအေတည်းကနေ မွေးကြတာပေါ့။ အမြွှာညီအစ်ကိုတော့လည်း မဟုတ်ပြန်ဘူး။ နားရှုပ်သွားလား။ မရှုပ်ပါနဲ့။ ပီတာမှာ အမြွှာမရှိပါဘူး။ ရိုးရိုးအမြွှာလည်းမရှိသလို ခေါင်းချင်းဆက်၊ ကိုယ်ချင်းဆက်၊ ရင်ချင်းဆက် အမြွှာလည်းမရှိပါဘူး။ ကျနော်က အမှန်တော့ သူ့ခေါင်းပေါ်က ဆံပင်မွေးတစ်ချောင်းမျှရယ်ပါ။ ဖွားဖက်တော် ဆံပင်မွေးအနည်းငယ်အနက်က တစ်ချောင်းပေါ့။ ကြီးမှ အသစ်ထပ်ပေါက်လာတဲ့ ဆံပင်မျိုးထဲကမဟုတ်ဘူး။ ဒါကြောင့် ပီတာရဲ့ဖွားဖက်တော် ပိုစစ်တယ်လို့ဆိုရမှာပေါ့။  ကျနော်က “ပီတာ၊ ပီတ...

နေတစ်စင်းရဲ့ခရီးရှည်

နေချိုသွားပြီ၊ ကောင်းကင်မှာ ပုစွန်ဆီရောင်တွေသန်းလာပြီလည်း ဆိုရော ကျနော်လည်း ချုံတွေ ကွယ်နေတဲ့ မြောင်းထဲကနေ အသာကုပ်ကပ်ထွက်လာပြီး ခြံစည်းရိုးနားကို ကပ်သွားတယ်။ ခြံစည်းရိုးက ခနော်နီခနော်နဲ့ ပါပဲ။ ပြင်ဦးလွင်တို့၊ ကလောတို့ဘက်မှာ မြေကွက်ဝယ်ထားသူတွေက အကွက်ရိုက်၊ ခြံခတ်ရင် သုံးတဲ့ သံဆူးကြိုးတွေ လောက်ပဲ။ ခတ်ထားတာ ကြာပြီမို့ထင်ပါရဲ့ ... သံဆူးကြိုးတွေက သံချေးတွေ တက်နေပြီး လျော့တွဲကျနေကြပြီ။ ပြတ်ကျနေတဲ့ နေရာ အပေါက်ကနေ ခြံဝင်းထဲ အသားလေးပဲ ကျနော် လျှိုဝင် လိုက်တယ်။  ခြံဝင်းကအကျယ်ကြီးပဲ။ စစ်တပ်ပိုင် ဆန်စက်တွေထဲက တစ်ခုပေါ့။ စက်ရုံမကြီးကိုပတ်ပြီး နောက်ဖေးဘက် ဂိုဒေါင်တွေ ရှိရာဘက်ဆီ ကျနော် မှောင်ရိပ်ခိုရင်း ခပ်သုတ်သုတ်လှမ်း လာလိုက်တယ်။ စက်ရုံထဲမှာတော့ အလုပ်သမား အချို့ မပြန်ကြသေးဘူး။ တချို့လည်း အပြင်ဘက် အုတ်ရေကန် နားမှာ ရေချိုးနေကြတယ်။ တစ်နေရာမှာ သံပုံးအစုတ်နဲ့ ခလုတ်တိုက်မိလို့ လန့်ပြီး ခဏရပ်နေရသေးတယ်။ သူတို့ မကြားမှန်းသေချာမှ ကျနော်လည်း ဟိုးနောက်ဖက် ဆက်ထွက်လာခဲ့တယ်။ ဂိုဒေါင်ဟောင်းတစ်လုံးတွေ့တာနဲ့ တံခါးသော့ခလောက်ကို အုတ်ခဲနဲ့ ထုဖျက်ပြီး အထဲဝင်လိုက်တယ်။  ဂိုဒေါင်အတွင်းပိုင်းက မှောင်မည်းနေပြီး စိုထ...