Skip to main content

Posts

Showing posts from September, 2023

ရထားကောင်

ဆိုင်ထဲဝင်ပြီးတဲ့နောက် အပြင်ကိုလည်း ကောင်းကောင်း မြင်ရမယ့်၊ အပြင်ကဝင်လာရင်လည်း ကိုယ့်ကို သိပ်မရှာရမယ့် စားပွဲတစ်လုံးကို ရွေးပြီးထိုင်လိုက်တယ်။ စားပွဲထိုးကို မှာစရာရှိတာ မှာပြီးတာနဲ့ ဖုန်းဆက်မယ်လုပ်တုန်း ကျနော်ဆက်မယ့်သူဆီက ဖုန်းအရင် ဝင်လာတာနဲ့ ကောက်ကိုင်လိုက်တယ်။  “ရောက်နေပြီ ကိုစည်သူ၊ ဆိုင်ထဲဝင်ဝင်ချင်း ဘယ်ဘက်ခြမ်း ဒုတိယမြောက်စားပွဲမှာ” မကြာပါဘူး၊ ကျနော့်အသိ ကိုစည်သူတို့စုံတွဲ ဆိုင်ထဲကို ဝင်လာပါတယ်။ ကျနော့်စားပွဲမှာ ဝင်ထိုင်ကြတယ်။  “ရောက်တာကြာပြီလား ကိုမြင့်ကို” ဆိုတဲ့ ကိုစည်သူ့မေးခွန်းအဆုံးမှာ မကြာသေးကြောင်း ဖြေလိုက်ရင်း တခြား ပဋိသန္ဓာရစကားတွေ ပြောကြပါတယ်။ ခဏနေတော့ သူတို့ဖို့ယူလာတဲ့ ဖိတ်စာကို ကျနော် ကမ်းပေးလိုက်ပါတယ်။  “ဒါ လာမယ့်အပတ်ထဲ လောကနတ်မှာလုပ်မယ့် ကျနော့်ပြပွဲဖိတ်စာ။ ကိုစည်သူရော မကြော့ရော အချိန်ရရင် ကြွခဲ့ပါဦး” “ဟာ မိုက်တာပေါ့၊ တစ်ကိုယ်တော်ပွဲလား” လို့ မကြော့က မေးတော့ “ဟုတ်တယ်၊ မကြော့ရေ။ ကျနော့်ရဲ့ ပထမဆုံး တစ်ကိုယ်တော်ပြပွဲပါဗျ” လို့ ကျနော်က ဂုဏ်ယူဝံ့ကြွားစွာနဲ့ ပြောလိုက်တယ်။  မကြော့ဟာ အဝါရောင်စာအိတ်လေးပေါ်က သူတို့စုံတွဲနာမည်ရေးထားတာကို တစ်ချက်ကြည့်တယ်။ ပြီးတ...

ရေအေး၏ 'သားပိုက်ကောင်နေ့ရက်များ'

သားပိုက်ကောင်နေ့ရက်များ ရေအေး ဇလပ်နီစာပေ၊ ဩဂုတ် ၂၀၂၃ (ပထမအကြိမ်) ဒီဝတ္ထုလေးထွက်လာတဲ့အတွက် စာရေးသူကိုရော ထုတ်ဝေသူကိုရော ကျေးဇူးတင်တယ်။ ဒါမျိုး မြန်မာပင်ကိုရေးထဲမှာ ဖတ်ချင်နေတဲ့ အာသီသလေး ပြည့်သွားတယ် ဆိုရမယ်။ အစဉ်အလာ ဝတ္ထုရေးဟန်တွေသာ လွှမ်းမိုးနေဆဲ မြန်မာခေတ်ပေါ်စာပေလောကရဲ့ ကွက်လပ်တစ်ခုကို ဖြည့်ဆည်း ပေးလိုက်တဲ့ ဝတ္ထုလို့ဆိုရမယ်။  ရုတ်တရက် ပြိုကျလာတဲ့ကျီးအုပ်တွေ၊ နေပြောက်တောင် မထိုးအောင် ကောင်းကင်မှာ ကျီးတွေဟာ အတောင်ပံချင်း ထိနေအောင် အုပ်မိုးထားတဲ့အတွက် ရုတ်တရက် မိုးမှောင်ကြီးကျသွားသလို ဖြစ်သွားတဲ့ အခိုက်အတံ့တွေရဲ့နောက်မှာ သွေးပျက်စရာ အဖြစ်အပျက်တွေ။ ရွာထဲကို ကြောင်နက်ကြီးတွေ ဝင်လာသတဲ့။ အိမ်ပြင်မှာတွေ့သမျှ လူတွေကို အကုန် လက်တွေခြေတွေ ဆွဲဖြုတ်။ တစ်ရွာလုံး ကမ္ဘာပျက်သလိုဖြစ်။ တချို့ကလည်း လူတစ်ကိုယ်စာမကမြင့်တဲ့ ကြောင်ကြီးတွေတဲ့။ တချို့ကလည်း လူကိုယ်ခန္ဓာနဲ့ ကြောင်ဦးခေါင်းတဲ့။ မျက်လုံးက ကြောင်မျက်လုံးတွေတဲ့။  ဒီလိုနဲ့ ရွာတွေ ရွာတွေဟာ ကျီးတွေ၊ ကြောင်တွေကြောင့် အိုးအိမ်ကိုစွန့်ခွာထွက်ပြေးကြရတယ်။ လူမရှိတော့တဲ့ ရွာပျက်ကြီးတွေကို ကြောင်တွေက မီးရှို့ဖျက်ဆီးတယ်။ ရွာကိုစွန့်ခွာထွက်ပြေးရသူတွေထဲက...

ကျွန်တော့်ဘဝကို လမ်းပြပေးခဲ့တဲ့ စာတစ်စောင်

ဒီစာရဲ့သက်တမ်းဟာ နှစ် ၂၀ နီးပါးရှိပါပြီ။  ၂၀၀၄ သို့မဟုတ် ၂၀၀၅ ခုနှစ်အတွင်းက စာတစ်စောင်ပါ။  အဲဒီတုန်းက ကျွန်တော်ဟာ ကျောင်းပြီးခါစ။ စိတ်ကူးအိပ်မက်က တောင်းဆိုနေတဲ့ဘဝနဲ့ ဘဝပြဋ္ဌာန်းမှုက တောင်းဆိုနေတဲ့ ဘဝ ဆိုတဲ့ ဘဝနှစ်မျိုးကြားမှာ ရွေးရခက်နေချိန်ပေါ့။ ကျွန်တော်ရတဲ့ဘွဲ့က BE ဘွဲ့။ အင်ဂျင်နီယာ။ ကျွန်တော့်စိတ်နှလုံးထဲက တောင်းဆိုနေတာကတော့ စာရေးဆရာ။ နိုင်ငံခြားထွက်ပြီး အင်ဂျင်နီယာလုပ်မယ်ဆိုရင် ငွေကြေးအရ ပြည့်စုံမယ့်ဘဝ။ ဒုတိယတစ်ခုကတော့ ဘာမှ မသေချာ မရေရာတဲ့လမ်း၊ ငတ်တစ်လှည့် ပြတ်တစ်လှည့်လမ်း။ တစ်ဖက်ကလည်း ကိုယ်လုပ်ချင်တာ လျှောက်လုပ်နေလို့ရလောက်အောင် ကိုယ့်မိဘက ငွေကြေးပြည့်စုံချမ်းသာသူမဟုတ်။  အဲဒီအချိန်မှာ မြန်မာပြည်မှာ အင်တာနက်ကဖေးတွေ စပေါ်ခါစ။ Gmail ဆိုတာလူသိပ်မသိကြသေးချိန်။ mptmail.net.mm ကလွဲပြီး တခြားဘာအီးမေးလ်မှ ဖွင့်ခွင့်မရှိတဲ့အချိန်။ အင်တာနက်ပေါ်က အခမဲ့ရတဲ့ လူမသိသူမသိ အီးမေးလ်တွေကို လိုက်ဖွင့်ပြီး ဟိုလူ့ဆီ စာလှမ်းရေးလိုက်၊ ဒီလူ့ဆီ စာလှမ်းရေးလိုက်နဲ့ ခုမှ အင်တာနက်တို့၊ အီးမေးလ်တို့နဲ့ စသုံးဖူးတဲ့ ကျွန်တော်တစ်ယောက် မျောက်အုန်းသီးရသလို။  အဲဒီအချိန် ပြည်ပကိုပြောင်းရွှေ့သွာ...