Skip to main content

Posts

Showing posts from September, 2018

ကောင်းပေမယ့် မွဲပြာပုဆိုးဇာတ်လမ်းဆင်ပုံကမလွတ်နိုင်တဲ့ "မာယာဘုံ"

စာအုပ်အမည် - မာယာဘုံ ရေးသူ - မြသန်းတင့် ထုတ်ဝေသူ - အမေ့ဥယျာဉ်စာပေ ကာလ - ၂၀၀၃ ဒီဇင်ဘာ (တတိယအကြိမ်) စာမျက်နှာ - ၄၈၀ ဆရာမြရဲ့ ပင်ကိုရေးလက်ရာဖြစ်ပါတယ်။ ဆိုရှယ်လစ်ခေတ်က မှောင်ခိုလောကသားတွေရဲ့ အကြောင်းကို မုံရွာ-ကလေးဝ-တမူး လမ်းကြောင်းကို ဇာတ်အိမ်တည် ရေးဖွဲ့ထားတဲ့ ဝတ္ထုဖြစ်ပါတယ်။ ဆရာမြရဲ့ အရေးအသား ညက်ညောမှုရှိတာရယ်၊ ကိုယ်တိုင်က အညာသားဖြစ်တဲ့ ဆရာဟာ အညာနောက်ခံကိုပီပြင်အောင် ဖွဲ့နိုင်တာရယ်၊ ကိုယ်မသိမမီလိုက်တဲ့ ခေတ်ကိုဖြတ်သန်းခဲ့ရသူတွေရဲ့ အကြောင်းကို သိခွင့်ရတာတွေရယ်ကြောင့် စာလုံးခပ်သေးသေး၊ စာမျက်နှာ ၅၀၀ နီးပါးစာအုပ်ကို သင်္ကြန်တွင်း မနားဘဲ ဆက်တိုက်ဖတ်ဖြစ်ပါတယ်။ ကိုယ်တိုင်ကလည်း မုံရွာအဆက်ဖြစ်တော့ ကိုယ်နဲ့ရင်းနှီးနေတဲ့ ဒေသအကြောင်းလေးတွေကို ဖတ်ရတာကလည်း အရသာ တစ်ခုပါ။ ဝတ္ထုကိုဖတ်ရတာ ကြိုက်ပေမယ့် ဘဝင်မကျတာလေးအချို့လည်း ရှိပါတယ်။ မြန်မာဝတ္ထုဇာတ်လမ်းတွေထုံးစံ လို့ပဲ ပြောရမလား၊ တိုက်ဆိုင်မှုတွေကို အတင်းဖန်တီးထားသလို ဖြစ်နေတယ်လို့ ခံစားရတာပါ။ ဇာတ်လမ်းထဲမှာ အေးမရဲ့ အဖေ သတ်လိုက်လို့ သေသွားတဲ့ လူရဲ့သား ကိုမြင့်ဟာ အေးမနဲ့ လာဆုံတွေ့ပြီး သမီးရည်းစား ဖြစ်ကြတယ်။ နောက်တစ်ခါ၊ အေးမရဲ့အဖေ ထောင်...

'မတ်မတ်'များအတွက်ဩဘာစာ

ဪ မတ်မတ် မတ်မတ် တမတ်တည်းမတ်နေရအောင် မတ်မတ်မှာ ဘာမတ်စရာရှိလို့လဲ။ ဒီလို ကပ်သီးကပ်သတ်မေးတော့ မတ်မတ်က ဟက်ခနဲရယ်တယ်။ ခက်တာပဲ အသက်ရယ်။ မတ်မတ်မှာ မတ်စရာမရှိပေမယ့် မတ်မတ်မှာ မက်စရာတွေရှိတယ်။ မတ်မတ်ဟာ အလတ်ကြီးရှိသေးတယ်။ မတ်မတ်မှာ သက်ဖိုရှိုက်ချက်တွေရှိတယ်။ သက်တုံ၊ တက်တုံတွေရှိတယ်။ မတ်မတ်မို့ ဂျင်းဘောင်းဘီ အကျပ်ဝတ်ရင်၊ ငါ့မတ်ကလေး အခက်တွေ့မယ်။ မတ်မတ်မို့ ဖျတ်ခနဲ လှမ်းကြည့်ရင်၊ ရင်ဘတ်တွေ တဆတ်ဆတ်တုန်မယ်။ မတ်မတ်ဟာ ချက်တတ် ပြုတ်တတ်တယ်။ မတ်မတ်ဟာ ငါးခဲပတ်ကင် ကြိုက်တယ်။ မတ်မတ်တွေဆုံကြပြီဆိုရင် လက်ပံပင်ကဆက်ရက် အရှုံးပေးရတတ်တယ်။ ရှောပင်စင်တာကို သက်စေ့ ပတ်တတ်တယ်။ မတ်မတ်ဟာ စိတ်ပြတ်တယ်။ စိတ်မခိုင်ရင် ပြန်ဆက်တယ်။ ခါးဖက်စရာနတ္ထိဆိုပေမယ့် ပေါက်စရာ ဝက်သက် အထပ်ထပ်ရှိတယ်။ မတ်မတ်ဟာ ချစ်တတ်တယ်။ ဗလိုင်းကြီးလာဖက်လို့ မရပေမယ့် သတ်သတ်မှတ်မှတ် အနားကပ်ရင်ရတယ်။ ပြီးမှ ဖုတ်ဖက်ခါထသွားရင်တော့ အမျက်ကြီးတတ်တယ်။ မတ်မတ်မှာ ဓားတစ်လက်ရှိတယ်။ မတ်မတ် သေအောင်ထိုးသတ်တတ်တယ်။ မတ်မတ်ဟာ တစွက်စွက် စားပေမယ့် ကိုယ်ခန္ဓာ ချပ်ချပ်ရပ်ရပ် ရှိသေးတယ်။ အပြောင်အပြက် ပြောတတ်ပေမယ့် ရန်စရင် ပြန်ပက်တယ်။ မတ်မတ်ဟာ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တယ်။ ရမ်တ...

ပိတောက်ရိပ်သို့အလွမ်းစာ

ကျွန်တော်သည် အနော်ရထာလမ်းမကြီးနှင့် ဗိုလ်အောင်ကျော်လမ်းထောင့်တွင် ရပ်နေ၏။ တစ်မနက်လုံး အုံ့ကာ တဖွဲဖွဲရွာသွန်းခဲ့သော မိုးသည် တအောင့်လောက် ကမှ စဲသွားသဖြင့် ကြဲသွားသော မိုးတိမ်တိုက်တို့ကြားမှ နေရောင်ခြည်က တစ်ချီတစ်မောင်း ဖြာကျလာသည်။ မီးပွိုင့် ဟိုဘက် ထောင့်ဖြတ်နေရာရှိ အတွင်းဝန်များရုံး အဆောက်အအုံသည် ပြိုးပြက်သော နေရောင်အောက်တွင် သစ်လွင်သောဆေးသားတို့ဖြင့် နီစွေးစွေးလှလို့ နေသည်။ လမ်းဆုံမှသည် ဗိုလ်အောင်ကျော်လမ်း အပေါ်ဘလောက်ဘက်သို့ ချိုးကွေ့လိုက်၏။ မျက်နှာမူရာအတိုင်း ကြည့်လျှင် လမ်း၏ဘယ်ဘက်ခြမ်း ပလက်ဖောင်းအတိုင်း လျှောက်လာလိုက်သည်။ ပလက်ဖောင်းသည် လွန်ခဲ့သော တစ်နှစ်၊ နှစ်နှစ်က ပြန်ခင်းထားသော ကွန်ကရစ်လောင်းလူသွားလမ်းဖြစ်သည်။ ယခင်ကလို ကျောက်ပြားချပ်များ မညီမညာခင်းထားသော လမ်းမဟုတ်တော့။ အရင်ကဆို သည် ပလက်ဖောင်းသည် အေးအေးလူလူ လျှောက်၍မရအောင်ကို ခလုတ် ခဏခဏတိုက်သည့် လမ်းဖြစ်ခဲ့သည်။ ပြောင်းလဲခြင်းတို့ ဆီးကြိုနေ၏။ ပလက်ဖောင်းဘေး ကပ်၍ ပါကင်ထိုးထားသည့် ကားတွေပိုများလာသည်။ အရင်ကဆို မိုးတွင်း ရောက်တိုင်း ကတ္တရာလမ်းမနှင့် ပလက်ဖောင်းတို့အကြား လေး၊ ငါးပေလောက်နေရာတွင် အိုင်ထွန်းနေ တတ်သော ရွှံပုပ်မည်းညစ်ညစ...