Skip to main content

အမှောင်တိုက်ထဲက လရောင်ရွှန်းမြ


ကမ္ဘာကျော်ဝတ္ထုတွေကိုကြည့်ရင် လူ့လောကရဲ့ ဆိုးရွားရက်စက်မှု၊ ဆုတ်ယုတ်မှု၊ တစ်နည်း အမှောင်ခြမ်းကို ဖွဲ့ဆိုပြတာမျိုးက များပါတယ်။ အလင်းခြမ်းကို ပြတဲ့ဝတ္ထုတွေက မှေးမှိန်နေတတ်ပါတယ်။ ဒါပေမဲ့ လုံးဝ မရှိတာတော့ မဟုတ်ပါဘူး။ ဂျပန်စာရေးဆရာမ ယိုးကို အိုဂဝ (Yoko Ogawa) ဟာ သူ့ရဲ့ ပြောင်မြောက်တဲ့ ဖန်တီးမှုပဋိဘာန်ဉာဏ်စွမ်း၊ ထက်မြက်တဲ့အာဝဇ္ဇန်းကို အသုံးပြုပြီး ဒီ ဝတ္ထုကိုရေးခဲ့ရာမှာ ကမ္ဘာလည်းကျော်သွားခဲ့ပါတယ်။ ကမ္ဘာ့ဘာသာစကား အသီးသီးကိုလည်း ပြန်ဆိုကြပါတယ်။ နောက်ဆုံး ပြန်ဆိုလိုက်တဲ့ ဘာသာကတော့ မြန်မာဘာသာပါ။

"ဒီသင်္ကေတလေး တစ်ခုတည်းနဲ့ တို့တစ်တွေဟာ မရေမတွက်နိုင်တဲ့ ဂဏန်းပေါင်းမြောက်မြားစွာကို သိရှိနိုင်တယ်ကွယ့်။ တို့တွေ မမြင်နိုင်၊ မသိနိုင်တဲ့ ကိန်းတွေကိုတောင် မြင်နိုင်သိနိုင်တယ်ကွယ့်" ဟု ဆရာကြီးက ပြောပါသည်။ ပြောရင်းက ဆရာကြီးသည် ဖုန်အလိမ်းလိမ်းတက်နေသည့် သူ့စာရေးစားပွဲပေါ်တွင် နှစ်ထပ်ကိန်းရင်း သင်္ကေတကို ဆွဲပြလိုက်ပါသည်။"

ဘဝတစ်လျှောက်လုံး သင်္ချာကိုသာသူ့ဘဝ၊ သင်္ချာကိုသာ သူ့ကမ္ဘာအဖြစ် မှတ်ယူခဲ့တဲ့ သင်္ချာဆရာအိုကြီး။ လူ့လောကရဲ့သစ္စာတရား၊ လျှို့ဝှက်နက်နဲမှုတွေကို သင်္ချာကနေတစ်ဆင့် သိနိုင်တယ်လို့ ယူဆတဲ့သူ။ ဒါပေမဲ့ ကံမကောင်းအကြောင်းမလှစွာဘဲ ယာဉ်မတော်တဆမှု တစ်ခုကြောင့် ဦးခေါင်းထိခိုက်ပြီး မှတ်ဉာဏ်ချို့ယွင်းသွားခဲ့သူ။

"အဲဒီအချိန်ကစလို့ သူဟာ အသစ်တွေကို မမှတ်မိတော့ဘူး။ သူ့မှတ်ဉာဏ်က ၁၉၇၅ ခုနှစ်မှာ ရပ်သွားတယ်။ လွန်ခဲ့တဲ့ နှစ် ၃၀ လောက်က သူဖော်ထုတ်ခဲ့တဲ့ သင်္ချာသီအိုရမ်ကို မှတ်မိပေမယ့် မနေ့ညက သူညစာ ဘာစားခဲ့လဲ မမှတ်မိဘူး။ အရှင်းဆုံး ပြောရရင် သူ့ခေါင်းထဲမှာ မိနစ် ၈၀ စာပဲရှိတဲ့ တိပ်ခွေတစ်ခွေတည်းပဲ ရှိနေတဲ့ ပုံစံမျိုးပဲ။ အဲဒီတော့ မှတ်ဉာဏ်အသစ်တွေကို ထပ်မှတ်ဖို့အတွက် မှတ်ဉာဏ်ဟောင်းတွေကို ပြန်ဖျက်ပြီးမှတ်ရတဲ့ ပုံစံမျိုးပေါ့ကွယ်။ သူ့မှတ်ဉာဏ်ကလည်း မိနစ် ၈၀ ကိုမှ တစ်မိနစ်တောင်မစွန်းဘူး။ အဲဒီထက်လည်း မလျော့ဘူး။ အတိအကျပဲ။"

မှတ်ဉာဏ်ချို့ယွင်းနေတဲ့ သင်္ချာပါရမီရှင်ဆရာကြီးရဲ့အိမ်ကို ကျောင်းပညာအရာမှာ သာမန်မျှသာရှိတဲ့ အသက် ၂၈ နှစ်အရွယ် အိမ်ကူမလေးမလေး တစ်ယောက်ဟာ ဆယ်ယောက်မြောက် အိမ်အကူအဖြစ်နဲ့ ရောက်လာခဲ့တယ်။ ဘဝမှာ သန့်ရှင်းရေးလုပ်၊ အချက်အပြုတ် ဝေယျာဝစ္စလုပ်ဆိုတဲ့ ဘောင်ကျဉ်းကျဉ်းကလေးပဲသိတဲ့ ဆင်းရဲသူမ အိမ်အကူမလေး။ ဖအေ ခေါ်စရာမရှိတဲ့ ဆယ်နှစ်အရွယ် သားကလေးကိုသာ တစ်ကမ္ဘာမှတ်ထင် ချစ်ခင်ရတဲ့ အိမ်အကူမလေး။ ဒီလို အိမ်အကူအမျိုးသမီးကလေးရယ်၊ သင်္ချာကလွဲပြီး ဘာမှမပြောတတ်၊ စိတ်မဝင်စားတတ်တဲ့ အပြင် မှတ်ဉာဏ်ကလည်း မိနစ် ၈၀ စာပဲ ရှိတဲ့ သင်္ချာဆရာအိုကြီးရယ် တွေ့ကြတဲ့အခါ …

“ကျုပ်ကတော့ မင်းကို ပေါင်းမိုးလို့ခေါ်မယ်ဟေ့။ နှစ်ထပ်ကိန်းရင်း သင်္ကေတက သိပ်ကိုသဘောကောင်းတဲ့ ရုပ်ပုံလေးပဲကွယ့်။ ကြိုက်တဲ့ကိန်းဂဏန်းလာခဲ့၊ သူကတော့ အရိပ်ခိုလှုံခွင့်ပေးတာပဲ” ဟု ဆရာကြီးကပြောလိုက်သည်။ ထို့နောက်တွင် အင်္ကျီလက်ခေါက် နေရာရှိ မှတ်စုစာရွက်ကိုယူလိုက်ပြီး ထပ်ဖြည့်စွက်လိုက်ပါသည်။

“အိမ်အကူအသစ်နှင့် သူ၏သား ဆယ်နှစ်အရွယ် √”


မနက်မိုးလင်းတာနဲ့ အိမ်အကူမလေးဟာ သင်္ချာဆရာကြီးရဲ့ အိမ်ကိုအလုပ်ဆင်းဖို့ ရောက်လာပါတယ်။ ညနေရောက်တိုင်း သူ့သား ပေါင်းမိုးဟာ ကျောင်းကနေ သူ့အမေရှိရာ သင်္ချာဆရာကြီးအိမ်ကို ရောက်လာပြီး ညစာကိုသုံးယောက်အတူတူစားပြီးမှ အိမ်ကိုပြန်ကြပါတယ်။ သူတို့ရဲ့ စကားဝိုင်းတွေမှာ မပါမဖြစ်ဟင်းလျာကတော့ သင်္ချာ။ နောက် တစ်ခုကတော့ ပေါင်းမိုးနဲ့ဆရာကြီးကြားမှာ တူညီနေတဲ့အရာ … ဘေ့စ်ဘော။ အထူးသဖြင့် ဆရာကြီးရော ပေါင်းမိုးရော အသည်းစွဲအားပေးကြတဲ့ ဟန်ရှင်ကျားရိုင်းဘေ့စ်ဘောအသင်း။

အတိတ်သာလျှင်ဆုပ်ကိုင်စရာကျန်တော့တဲ့ ကာလတိုမှတ်ဉာဏ်ချို့တဲ့နေသူ ဆရာကြီးကို သူ့အဖြစ်မှန်ကို သတိမရအောင် အတိတ်မှာပဲပေးနေပြီး ပျော်စရာတွေသာကျန်အောင် ဒီသားအမိ နှစ်ယောက်က ဘယ်လိုမျိုးကြိုးပမ်းအားထုတ်ခဲ့ကြသလဲ။

မိနစ် ၈၀ တိုင်းမှာ လူအသစ်နှစ်ယောက်နဲ့ဆုံရသလို ဖြစ်နေပေမယ့် ဒီသားအမိနှစ်ယောက်အပေါ် မသိစိတ်ထဲက ကိုယ့်သမီး၊ ကိုယ့်မြေးလို သံယောဇဉ်ဖြစ်နေတဲ့ ဆရာကြီးဟာ သူတတ်နိုင်တဲ့ အပိုင်းကနေ ဘယ်လိုများ အသိပညာတွေကို ဝေမျှပေးခဲ့သလဲ။

ချစ်သောဆရာ၊ ချစ်သောသင်္ချာဟာ မှောင်မိုက်တဲ့ညသန်းခေါင်မှာ ရွှန်းမြဝင်းပနေတဲ့ လစန္ဒာ။



စာအုပ်အမည် - ချစ်သောဆရာ၊ ချစ်သောသင်္ချာ
ရေးသူ - ယိုးကို အိုဂဝ (Yoko Ogawa)
မူရင်းဘာသာစကား - ဂျပန်၊ မြန်မာဘာသာပြန်သူ - ဝေယံဘုန်း
မျက်နှာဖုံးဒီဇိုင်း - တော်တီဆွေ
ထုတ်ဝေသူ - ဦးကျော်စွာ (Myanmar Harp Publishing)
ခုနှစ် - ၂၀၂၀ ဧပြီလ
တန်ဖိုး - ကျပ် ၅၀၀၀
အုပ်ရေ - ၁၀၀၀
ထုတ်ဝေသူနှင့်ဆက်သွယ်ရန်ဖု န်း - ၀၉ ၉၇၂ ၇၄၂ ၁၅၀၊ ၀၉ ၇၇၇ ၀၀၁ ၀၁၇

အခြားသောစာအုပ်မိတ်ဆက်များ

ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ စာအုပ်အညွှန်းနှင့် ဝေဖန်ချက်များ

Comments

အဖတ်အများဆုံး

အင်တာလုဒ်

လူ့လောကသည် ငြိမ်ငြိမ်သက်သက် …  လကလေးက ထွန်းမြကြည်သာ ...  လေနုသွေးမှာ ပိုးမွှားအချို့ပါလာသည် ကျေးလက်ရိုးရာဗုံသံအချို့ တိုးချည် ကျယ်ချည်ကြားရသည်။ ကမ္ဘာသည် ဝင်ရိုးပေါ်တစ်ပတ်သွားနှုန်း တစ်စက္ကန့်ထပ်နှေးသွား၏။ တစ်စုံတစ်ရာကို ကျောပိုးထားရသောကြောင့် …  ပြာလွင်လွင်ကောင်းကင်၌ တိမ်လွန်းပျံက  တက်သုတ်ရိုက် ခရီးနှင်၏။ သတင်းစကားကို သယ်လာရသောကြောင့် …  စစ်သည်တော်သည် သေနတ်ပြောင်းဝကို အောက်သို့စိုက်၏။ နှင်းဆီတစ်ခြင်း၏ဆွဲအားကြောင့် … ငွေဗျိုင်းဖြူကိုမြင်သော လယ်တောသူက အထက်သို့မော့ကြည့်သည်။ စပါးခင်းမှရောင်ပြန်အလင်း ထွန်းသောသူ့မျက်နှာကို သူ့ချစ်သူက စေ့စေ့ကြည့်၏။ ကျေးငှက်တို့သည် စပါးနှံတို့ကို ကိုက်ချီသွားသည်။ စောင်းသံသည် အဘယ်အရပ်မှလာသနည်း။ လေပြည်လာရာ လမ်းကြောင်းမှ … ရွှေလမှာယုန်ဝပ်နေဆဲ ဆန်ဖွပ်သူမရှိတော့ချေ။ 1.1.2021 #WaiYanHponePoetry

အာရှ ယဉ်ကျေးမှုတန်ဖိုးများနှင့် အစိမ်းရောင်မူဝါဒ နိုင်ငံရေး - ဗုဒ္ဓဝါဒရှုထောင့်မှချဉ်းကပ်ခြင်း

 နိဒါန်း အာရှသား အစိမ်းရောင်သမားတွေဟာ အနောက်တိုင်းသား အစိမ်းရောင်သမားတွေရဲ့ စဉ်းစားကြံစည် လုပ်ကိုင်ပုံတွေကို ပုံတူကူးရုံပဲဆိုရင်တော့ အာရှတိုက်မှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒ နိုင်ငံရေးဟာ ကျရှုံးမှာပါပဲ။ ရှေ့မှာလည်း နမူနာတွေရှိထားပါတယ်။ ဒေသတွင်းနိုင်ငံတွေမှာတွေ့ရတဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်နဲ့ ဆိုရှယ်လစ်မူဝါဒရေးရာတွေကို ကြည့်ရင်လည်း ရလဒ်တွေဆိုးရွားလေ့ရှိတာ မြင်ရမှာပါ။ ကျွန်တော်တို့အာရှမှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒအားပြုနိုင်ငံရေးကို အနှစ်အသား ပြည့်ပြည့်နဲ့ အောင်မြင်တာ မြင်ချင်တယ်ဆိုလို့ရှိရင်တော့ လုပ်ရမှာက သီးခြား အစိမ်းရောင်အယူအဆတွေနဲ့ အလေးအနက်ထား ပေါင်းစပ်ဖို့အတွက် အာရှရဲ့ ယဉ်ကျေးမှုဇာစ်မြစ်တွေထဲက သင့်လျော်မယ့် အစိတ်အပိုင်းတွေကို စေ့စေ့စပ်စပ် လိုက်ရှာဖွေဖို့ပဲဖြစ်ပါတယ်။ ဒီ ဆောင်းပါးမှာဆွေးနွေးမှာကတော့ အာရှရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို ဘာဖြစ်လို့ ပစ်ပယ်လို့မရဘူးလဲဆိုတာ၊ အဲဒီ တန်ဖိုးတွေက ဘာတွေလဲ ဆိုတာ၊ အာရှတိုက်မှာရော အာရှတိုက်ကြီးအတွက်ရော သီးခြားအသွင်ဆောင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖန်တီးရာမှာ အဲဒီတန်ဖိုးတွေက ဘယ်လိုအကူအညီဖြစ်မလဲဆိုတာတွေပဲဖြစ်ပါတယ်။  အခုဆောင်းပါး...

ဘယ်တော့မှဖတ်ခွင့်ရမှာ မဟုတ်တဲ့ ဂန္ထဝင်စာအုပ် ၆ အုပ်

စာအရေးအသားပေါ်ပေါက်လာတာဟာ နှစ်ပေါင်းထောင်နဲ့ချီရှိခဲ့ပြီမို့ ဘယ်သောအခါမှ ဖတ်ခွင့်မရတော့မယ့် ပုံဝတ္ထုတွေလည်း ရှိပါတယ်။ အဲဒီထဲကတချို့ဆိုရင် ပျောက်လို့ပျောက်နေမှန်း​တောင် လူတွေမသိကြတဲ့ စာတွေဖြစ်ပြီး တချို့ကျတော့လည်း နှုတ်ဖြင့်သာလက်ဆင့်ကမ်းလာခဲ့ကြတဲ့ ဒဏ္ဍာရီဆန်ဆန်တွေ ဖြစ်ကြ ပါတယ်။ ဒါပေမဲ့လည်း ပျောက်ဆုံးစာအုပ်စာရင်းဆိုတာ ရှိနေမှန်းတော့ အသေအချာသိကြပါတယ်။ တချို့ စာအုပ်/စာမူတွေဆိုရင် စာကြည့်တိုက်တွေထဲမှာ၊ လက်ဆွဲသေတ္တာတွေထဲမှာ၊ ဒါမှမဟုတ် စာရေးစားပွဲခုံ တွေထဲမှာ ဘယ်သူမှမတို့မထိရဘဲ ရှိချင်ရှိနေမှာပါ။ ဆေးလ်ဗီးယား ပလာ့သ်ရဲ့ ပျောက်ဆုံးသွားတဲ့ စာမူတွေ အစ လော့ဒ်ဘိုင်ရွန်ရဲ့ မီးရှို့ပစ်လိုက်တဲ့ ကိုယ်ရေးမှတ်တမ်းတွေအဆုံး အဲဒီ စာအုပ်တွေ စာမူတွေဟာ အတိတ်သမိုင်း ဟိုးဝေးဝေးမှာ ကျန်ရစ်ပျောက်ဆုံးခဲ့ပြီဖြစ်ပါတယ်။ Isle of the Cross by Herman Melville ဟားမန်း မဲလ်ဗီးဟာ Isle of the Cross ဆိုတဲ့ စာမူကို Moby Dick စာအုပ်ထုတ်ဝေပြီး နှစ်နှစ်အကြာ ၁၈၅၃ ခုနှစ်မှာ ထုတ်ဝေသူကို ပြသခဲ့ပါတယ်။ အဲဒီစာမူကတော့ သူအားလပ်ရက်ခရီးသွားတုန်း လေ့လာသိရှိခဲ့ရတဲ့ ဇာတ်လမ်းတစ်ပုဒ်အပေါ်မှာ အခြေခံထားပါတယ်။ သင်္ဘောသား ခင်ပွန်းဖြစ်သူရဲ့...

ကပြားစာ၊ ကပြားစကား ရေးကြပြောကြလျှင်

“မြန်မာစာစောင်တွေ၊ ဂျာနယ်တွေဖတ်ရင် အင်္ဂလိပ်-မြန်မာ အဘိဓာန်ဆောင် ထားကွ” ဟူ၍ မကြာမီက ထွက်သည့် လစဉ်ထုတ် မဂ္ဂဇင်းတစ်စောင်တွင် ကာတွန်းတစ်ပုဒ်တွေ့လိုက်ရပါသည်။ မြန်မာလို ရေးထားသည့် သတင်းများ၊ ဆောင်းပါးများ ကြားတွင် အင်္ဂလိပ်စာလုံးများ ကြားညှပ်ထည့်မှု များလာ ခြင်းကို မျက်စိနောက်လာသည့် ကာတွန်းဆရာက သရော်ထားသော ကာတွန်းတစ်ပုဒ်ဖြစ်ပါသည်။ သူပြောလည်း ပြောချင်စရာပါ။ ယနေ့ မြန်မာဘာသာဖြင့် ရေးထားသော စာအတော်များများကို ဖတ်ရသည် မှာ မြန်မာမဆန်လှပါ။ မြန်မာအက္ခရာများကြားတွင် အင်္ဂလိပ်အက္ခရာများကို တွေ့မြင်ရသည်မှာ အရုပ်ဆိုး လှပါသည်။ ဘာကြောင့် အခုလိုရေးကြသလဲဟု စဉ်းစားစရာဖြစ်ပါသည်။ အဆိုပါ အင်္ဂလိပ်စကားလုံးကို မြန်မာ ဘာသာသို့ မပြန်ဆိုနိုင်သဖြင့် အလွယ်တကူ ရေးလိုက်ခြင်းလား၊ မြန်မာစကားပြောလျှင် အင်္ဂလိပ်လို ညှပ်ပြောနေကျ အကျင့်ပါနေ၍ စာရေးတော့လည်း ညှပ်ရေးလိုက်ခြင်းလား၊ ဒါမှမဟုတ် ကာယကံရှင် ကိုယ်တိုင်က အင်္ဂလိပ်လို ထည့်ရေးမှ ဂုဏ်ရှိသည်ဟု အထင်ရောက်၍လား။ မြန်မာဘာသာစကားတွင် သူများ ဘာသာစကားမှ မွေးစားစကားလုံးများ ရှိသည်။ ကိုယ့်မှာမရှိသဖြင့် မွေးစား ရခြင်းဖြစ်ပါသည်။ (ဥပမာ။ ရေဒီယိုတို့၊ ကက်ဆက်တို့၊ ကားတို့) မတတ်နိုင်ပါ။ ...

၃ နှင့် ၄ များ

သူငယ်ချင်းပင်၊ ဆိုချင်ဆိုစေ၊ သူတို့တွေသည်၊ ကမ္ဘေကမ္ဘာ၊ ခြားကွာမလောက်၊ ထင်မှတ်ရောက်၏။ တစ်ကိုင်းတည်းနားပင်၊ ဆိုချင်ဆိုလေ၊ သူတို့တွေသည်၊ နင်နေ-ငါသွား၊ ထိုစိတ်ထားရောက်၊ မေတ္တာပျောက်၏။ အတွေးအယူ၊ တူခဲစွာဝယ်၊ မြင်ကြားသိကြွယ်၊ ခြားနားရာဝယ်၊ ငယ်ကျွမ်းစွယ်တော်၊ ထိုနှစ်ဖော်လည်း၊ စကားဆိုခဲ၊ ရယ်ခဲလှာသည်၊ လားရာသွေဖည်ကြပြီကိုး...။ ဝေယံဘုန်း (၇ မေ ၂၀၁၈)