နွေခေါင်ခေါင် မီးလောင်ငုတ်တို ရိုးတံကြဲ ပင်အို သံမချို ရွှေဥဩ ဟိုကောင်းကင်တစ်ကြောမှာ လင်းတတို့ပျံကာဝဲ။ ခပ်မည်းမည်းယာဉ်ရထားက အော်ငေါက်ပွတ်အဆွဲမှာ အားလုံးဖရိုဖရဲဖြစ်သွားတယ်။ ခေါင်းလောင်းတွေက အသံတိတ်၊ နှာခေါင်းတွေကိုပိတ်စနဲ့အုပ်ထားတယ်။ အချစ်ကိုတော့အကြောက်နဲ့အုပ်လို့။ သူငယ်ချင်းလည်း သူစိမ်း၊ သူစိမ်းလည်းသူငယ်ချင်း တို့တစ်တွေ မျက်နှာချင်းမဆိုင်တာ ကြာလှရော့မယ်။ ဒီ ကာလနာဟာ ဘယ်လောက်သက်ဆိုးရှည်မတဲ့လဲ။ ကပ်ကြီးပြီးရင်တော့ … သင်္ကြန်မိုးလေးအကြွေးရွာဦးမှ ပိတောက်က စောင့်နေတာမဟုတ်လား။ ညာလက်နဲ့စပါးရိက္ခာ ဘယ်လက်နဲ့ဝတ်စားတန်ဆာပေး ပေးမယ့်သူ ပေါက္ကံကမျှော်နေတာ ကပ်ကြီးပြီးရင်တော့ အမုန်းတွေလျှော့၊ ကာဗွန်တွေလျှော့တော့။ ချော့မော့ရမှာက မေတ္တာမဲ့တွေ။ ငဲ့ရမှာက နှုတ်ခမ်းပဲ့တွေ။ အစိမ်းရောင်ကိုလည်းချစ်၊ ဘဝနေပုံတွေလည်း ပြောင်းပစ် ကမ္ဘာအသစ်ကိုမျှော်လင့်ရင်း လက်ကိုသာ နာနာဆေးထားကြ။ နှလုံးသားလည်း ကျယ်ကျယ်ဖွင့်ထားကြ။ 29 March 2020 ကဗျာကဏ္ဍမှာ အခြားဖတ်စရာ ကျနော်ကခင်ဗျားကိုတွေ့ချင်တာ မတ်မတ်များအတွက် ဩဘာစာ ၃ နှင့် ၄ များ သတိဖြင့်ချစ်ခြင်း စောင်းကြိုးညှိခြင်း လူတွေန...