Skip to main content

ကင်ဆာ


သြော်...ဟုတ်ကဲ့ ဒေါက်တာ။ ကျွန်တော်က ကင်ဆာရောဂါဝေဒနာသည်ပါ။ တစ်ကိုယ်လုံးနီးပါး ကလီစာတွေမှာ ကင်ဆာဆဲလ်တွေ ဖြစ်နေတာပါ။ ဗျာ ...ဒေါက်တာ အံ့သြသွားတာလား။ သြော်...ဟုတ်ကဲ့။
ကျွန်တော့ ကေ့စ်မျိုးကလည်း ရှားတာကိုး။ စဖြစ်တာလား ... ရောဂါရယ်လို့ ပွင့်အန်ထွက်လာတာကတော့ ၁၉၄၈-၄၉ လောက်ကဆိုတော့ ခု နှစ် ၇၀လောက်ရှိပြီပေါ့။ ဒီမတိုင်ခင်ကတည်းက အထဲမှာလှိုက်ပြီး ရောဂါပျိုးနေခဲ့တာပေါ့။ ဟဲ ဟဲ ဘာလဲ ...ဒေါက်တာက မယုံဘူးလား။
နှစ်ပေါင်း ၇၀ လောက် ကင်ဆာရောဂါဖြစ်နေပြီး မသေသေးဘူးဆိုတော့ ဆရာပါးစပ်အဟောင်းသားဖြစ်သွားတာလား။ ဒီလိုဒေါက်တာရဲ့..ဒေါက်တာတို့လို ဟိုမိုဆေးပီးယန်းတွေက သက်တမ်းကမှ ၇၀-၈၀။ အလွန်ဆုံး ၉၀-၁၀ဝပေါ့ဗျာ။ ဒီတော့ ကင်ဆာရယ်လို့မှ သိလိုက်ပြီဆိုတာနဲ့အလွန်ဆုံး ခြောက်လလောက်ပဲကိုး။ ဒေါက်တာတို့နဲ့နှိုင်းယှဉ်ရင်တော့ ကျွန်တော်ဟာ နှစ် ၇၀ လောက် ကင်ဆာနဲ့အသက်ရှင်နေတာ ထူးဆန်းနေမှာပေါ့။ 
ကျွန်တော့အသက်လား။ အင်း... ဒီမေးခွန်းကိုဖြေဖို့အတွက်က ကျွန်တော့်အသက်ကို ဘယ်ကနေ စပြီးပိုင်းဖြတ်ကြည့်မှာလဲဆိုတာပဲ။ ခုနကပြောတဲ့ ကင်ဆာရယ်လို့ စပွင့်အန်ထွက်တဲ့အချိန်ဆိုတာက ကျွန်တော်က ပုံသဏ္ဌာန်တစ်မျိုး၊ နာမည်တစ်မျိုးနဲ့ အသစ်ပြန်လည်မွေးဖွားလာတဲ့အချိန်။ ဘယ်လိုပြောမလဲ...ချက်ပလက် ဗိုက်ပူကားကို အင်ဂျင်လဲ၊ ဘော်ဒီပြန်ဆေးမှုတ်ပြီး ကားနံပါတ်ပြားအသစ်ထုတ်လိုက်သလိုပေါ့။
အဲသလိုဆိုတော့ အဲဒီအချိန်ကနေ စပြီး ဆစ်ပိုင်းရင်တော့ အသက် ၇၁ နှစ်ကျော်ပြည့်ပြီးပြီပေါ့။ အဲဒီလိုမှမဟုတ်ဘဲ ကျွန်တော်ရယ်လို့ စပြီးဖြစ်တည်ခဲ့တဲ့ အချိန်ကို တိုင်းမယ်ဆိုရင်တော့ အနည်းဆုံးနှစ်ပေါင်း ၂ဝ၀ဝ လောက်တော့ ရှိမယ်ထင်တာပဲ။ ထင်တာပဲလို့ ပြောရတာက ကျွန်တော့အမေက ကျွန်တော့်ကို တစ်ခါမှ ပြောမပြဖူးဘူး။
မွေးစာရင်း ဘာညာလည်း မရှိဘူး။ ဒေါက်တာတို့လို ဟိုမိုဆေးပီးယန်းတွေဆိုတာလည်း ကိုယ့်အသက်ကိုယ် ပြောနိုင်တယ်ဆိုတာက ကိုယ့်ကို လူကြီးသူမတွေက ပြောပြလို့သိရတာပဲ မဟုတ်လား။ အမေ့ ဗိုက်ထဲကထွက်ထွက်ချင်း ပြက္ခဒိန်ထလှန်ကြည့်၊ မွေးနေ့ရေးမှတ်ထားတာမျိုးမှ မဟုတ်တာ။ ကျွန်တော့်ကျ အဲဒီလို ပြောမယ့်လူက မရှိဘူး ဒေါက်တာရဲ့။ ကျွန်တော့်မှာ အမေတောင်ရှိခဲ့ရဲ့လား မသိပါဘူး။ ကိုယ်မှတ်မိ သလောက် ပြန်စဉ်းစားပြီးမှ နှစ်ပေါင်း ၂çဝ၀ဝ လောက်လို့မှန်းကြည့်ရတာ။ ဒီထက်လည်း စောနိုင်တယ်။ ဒီတော့ ဒေါက်တာရာ..နှစ်ပေါင်းထောင်ချီသက်တမ်းရှည်တဲ့သူအတွက်ကတော့ နှစ် ၇၀ လောက် ကင်ဆာဖြစ်တာက ဘာကြာသေးတာလိုက်လို့။ အချိန်ဆိုတဲ့သဘောက နှိုင်းရပဲလေ။ ဒေါက်တာလည်း သိရဲ့သားနဲ့။
ဖြစ်ဖြစ်ချင်းတုန်းကလား... ။ အဲဒီတုန်းက အခြေအနေအတော်ဆိုးတယ် ဒေါက်တာရဲ့။ ကင်ဆာဆဲလ်တွေက နှလုံးနဲ့အဆုတ်ကလွဲရင် ကျန်တဲ့တစ်ကိုယ်လုံးကို သိမ်းပိုက်ပစ်လိုက်တာ။ နှလုံးခုန်နိုင်သေး၊ အသက်ရှူနိုင်သေးလို့ ဗုန်းဗုန်းလဲကျမသွားခဲ့တာ။ ဒါပေမဲ့အံ့သြစရာကောင်းတာက ကျွန်တော် အဲဒီအနေအထားကနေ ဆဲလ်တွေကို ပြန်တွန်းလှန်နိုင်ခဲ့တာပဲ။ သေမသွားဘူး ဒေါက်တာရေ အံ့ရောပဲ။ ဆရာဝန်ရယ်လို့လည်း လောက်လောက်လားလား ပြခဲ့ရတာ မဟုတ်ဘူး။ ဆေးမြီးတိုနဲ့ကု၊ ဗိန္ဓောဆရာနဲ့ကု၊ ဘုရားကု ကုတာပဲ။ ရောဂါက ဒီအတောအတွင်း တန့်ရုံပဲတန့်နေခဲ့တယ်။အဆိုးကြီးတာနဲ့အဆိုးနည်းတာပဲကွာတယ်။ ကောင်းမယ့် အရိပ်အယောင် မမြင်ခဲ့ရဘူး။ 
ဆရာဝန်တွေတစ်လက်ပြီးတစ်လက် ပြောင်းပြောင်းသွားကြတယ်။ ကျွန်တော့်ရောဂါကို အလျင်းပျောက် အောင် မကုနိုင်ကြသေးပါဘူး။ ဒါနဲ့ပဲ ဒေါက်တာ့ကို အားကိုးတကြီးနဲ့လာတွေ့တာပါ။ ကျွန်တော်နဲ့သက်တူ ရွယ်တူတွေခေတ်ပြိုင်တွေက ကြီးပွားတိုးတက် ကျန်းမာချမ်းသာ လန်းဖြာနေကြချိန်မှာ ကျွန်တော်ကတော့ တရှောင်ရှောင်နဲ့ဆိုတော့ စိတ်ဓာတ်ကျရတာပေါ့ဗျာ။ ဘယ့်နှယ် လောကစည်းစိမ်ခံစားပြီး တလန်းလန်းနဲ့ နေနေရမယ့်အချိန်မှာ ကျွန်တော့ခမျာ ဒီရောဂါကြီးနဲ့ နပန်းလုံးနေရတာနဲ့တင် ဘဝမှာ တခြားအရေးကြီး တာတွေဘာမှမလုပ်ရတော့ပါပဲကလား။ 
ကျွန်တော့်မှာ ပညာကလည်း မတတ်၊ စီးပွားမရှာနိုင်၊ သူများပေးစာ ကမ်းစာရယ်၊ မိဘအမွေရခဲ့တဲ့အထုပ်ကလေး ထုခွဲရောင်းချရတာရယ်နဲ့နေခဲ့ရတာပဲ။ ကျန်းမာရေးစရိတ်တွေက ထောင်းလွန်းတော့ ကျွန်တော်ပိုင်မြေပေါ်မှာ စက်ရုံလာဆောက်ပြီး စီးပွားလာရှာမယ့်သူကိုတောင် လက်ခံလိုက်ရတယ်။ သူကတော့ ကျွန်တော့်ကို ထမင်းတော့ ကျွေးတာပဲ၊ ကျွန်တော့်မိဘအမွေပစ္စည်းတွေတော့ သူ့လက်ပါတာပေါ့ဗျာ။ ဘယ်တတ်နိုင်မလဲ။ လူကမှ ကျန်းမာရေးမကောင်းတာ၊ သူများအားကိုးရတော့တာပေါ့။ 
အရင် ဆရာဝန်တွေတုန်းကလား။ သူတို့လည်းကုခဲ့တာပဲ။ ဆရာဝန်အချင်းချင်း အယူအဆမတူလို့သူ့နည်းမှန်တယ်၊ ငါ့နည်းမှန်တယ် လုပ်နေတုန်း ပယောဂဆရာ တစ်ယောက်က သူကုမယ်ဆိုပြီး အတင်းကုကတည်းက နာလန်မထူနိုင်တော့တာ ခုထိပါပဲ ဒေါက်တာရယ်။ ကြမ်းသလား မမေးနဲ့ဒေါက်တာရေ။ သူ့ဆေးကြိမ်လုံးကြီးနဲ့အသေဆော်တာ။ရိုက်ချက်ကလည်း ဘယ်လောက်ပြင်းသလဲဆိုရင် လူကိုမြော့မြော့ပဲကျန်တော့တယ်။ အရှိုးရာတွေကိုသာ ကြည့်ပါတော့။ 
ပယောဂဆရာကြီး သေတော့လည်း နောက်ပယောဂဆရာငယ်က လက်လွှဲယူပြီး ဆက်ဆော်တာ။ ပယောဂမဟုတ်ဘူး၊ ကင်ဆာလို့ ကျွန်တော် သူတို့ကို အကြိမ်ကြိမ်ပြောခဲ့ပါတယ်။ ပြောတိုင်း သူတို့က ကျွန်တော့်မျက်ခွက်ကို ဖြတ်ရိုက်တာပဲ။ အဲဒီ ပယောဂဆရာမျိုးဆက် နှစ်ဆက် နှိပ်စက်တာ လူကို အတော် ဖြူခါပြာခါကျသွားခဲ့တာ။ မိဘအမွေတွေလည်း ကုန်သလောက်ပဲ။ ခုမှ အားကိုးစရာ ဒေါက်တာနဲ့တွေ့တာ
ဒုတိယပယောဂဆရာက စိတ်ပြောင်းပြီး ဆက်မကုတော့ဘဲ ဆရာတို့လို တတ်ကျွမ်းနားလည်သူတွေနဲ့ပြန်ကုချင်ကုတော့ဆိုပြီး တချို့တစ်ဝက် လွှဲလိုက်လို့ ဒေါက်တာရေ။ နို့မို့ဆို မတွေးဝံ့စရာပဲ။
ဗျာ...ကျွန်တော့်ရောဂါက ကင်ဆာမဟုတ်ဘူး ဟုတ်လား။ သေချာရဲ့လား ဒေါက်တာရယ်။ ကျွန်တော်တစ်သက်လုံး ကင်ဆာဆိုပြီး ကုလာခဲ့တာ။ ရောဂါတလွဲနာမည်တပ်တာပေါ့ ဟုတ်လား။
သေစမ်း...သေစမ်း။ ဒါဆိုဘာရောဂါလဲ ဒေါက်တာ။ သြော်...အာဟာရဓာတ်တွေက ကိုယ်ခန္ဓာအနှံ့ကို မရောက်ဘဲ တစ်နေရာတည်းမှာပဲ စုပြုံနေတာ ဟုတ်လား။ သွေးကြောလေကြောတွေပိတ်တဲ့သဘောလား ဒေါက်တာ။ အဲဒါကို ဘယ်လိုလုပ်ရမလဲ။ ဟုတ်ကဲ့...ဟုတ်ကဲ့ ဒါဆို တတ်ကျွမ်းတဲ့ အာဟာရပညာရှင်ကိုမေးပြီး ကျွမ်းကျင်တဲ့စားဖိုမှူးကို ချက်ခိုင်းပါ့မယ်။
ကိုယ်လက် လှုပ်ရှားလေ့ကျင့်ခန်းတွေလည်း လုပ်ပါ့မယ်။ အင်းလေ ဟုတ်ပါတယ်။ ကျွန်တော့်တစ်သက်လုံး စားသမျှအဆီတွေက ဗိုက်မှာလာစုနေပြီး မအီမသာဖြစ်နေတာနေမှာ။
ဗျာ ... မေတ္တာဓာတ်တွေလည်း ခန်းနေတယ် ဟုတ်လား။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ်တောင် မေတ္တာမပို့မိ၊ မေတ္တာမထားမိတာ ကြာလှပေါ့။ အင်း... ဒေါက်တာပြောမှ သတိထားမိတော့တယ်။ ကိလေသာထူပြောတော့ စိတ်က မကြည်၊ စိတ်မကြည်တော့ အဝိဇ္ဇာဖုံး။ အဝိဇ္ဇာဖုံးတော့ လုပ်ချင်တာတွေစွတ်လုပ်မိတော့တာပဲ။ စားချင်သလောက် စွတ်စား၊ မိဘအမွေတွေထုခွဲ ရောင်းချ သုံးဖြုန်း။ ဒါဆို ကျွန်တော့ရောဂါက မေတ္တာစေတနာခေါင်းပါးတဲ့ရောဂါ၊ ဥဏ်နည်းတဲ့ရောဂါ၊ အတ္တထူတဲ့ရောဂါပေါ့နော် ဒေါက်တာ။ 
ဟုတ်ကဲ့ ဒေါက်တာ၊ ကျွန်တော် ဒီနေ့စပြင်ပါတော့မယ်။ တော်သေးတာပေါ့ ...ဒေါက်တာနဲ့သာမတွေ့ခဲ့ရင် ကင်ဆာဆိုပြီး ဆေးတွေဆက်သွင်း၊ ဓာတ်တွေဆက်ကင်နေရင် ငါးပါးမှောက်တော့ မှာ။ အစောပိုင်းက ဓာတ်တွေကင်ခဲ့တဲ့ ဒဏ်၊ ပယောဂဆရာ ဗျင်းတာခံခဲ့ရတဲ့ဒဏ်တွေကြောင့် ဒေါက်တာမြင်တဲ့အတိုင်း ရှိသမျှအမွေတွေကျွတ်ပြီး ပြောင်၊ လူကလည်း ဖွတ်လောက်တောင် မသားနားတော့တာပါပဲလား။ ဟုတ်ကဲ့ ဒေါက်တာ၊ ကျေးဇူးပါဗျာ၊ ကျွန်တော် ဒီနေ့ကစလို့ အတ္တတွေလျှော့ပါ့မယ်။ စည်းမရှိကမ်းမရှိ စားတာသောက်တာတွေပြင်ပါ့မယ်။ ကိုယ်ခန္ဓာအနှံ့အောက်ဆီဂျင် ဆတူရောက်အောင် လေ့ကျင့်ခန်းလုပ်ပါ့မယ်။
ကြိုးစားပါ့မယ် ဒေါက်တာ။ အချိန်တော့ မနှောင်းလောက်သေးဘူး ထင်ရပါရဲ့။ အချိန်နှောင်းသွားတော့လည်း ဘယ်တတ်နိုင်ပါ့မလဲ … သူများတွေ ကျွန်တော့်ကိုကြည့် သင်ခန်းစာယူကြလိမ့်မပေါ့။ သွားလိုက်ဦးမယ် ဒေါက်တာ။ ‌‌‌
မြန်မာတိုင်း(မ်) အပတ်စဉ်၊ ‌‌အောက်တိုဘာ ၃၊ ၂၀၁၉။

'ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ' စာအုပ်ကို အိမ်တိုင်ရာရောက် မှာယူနိုင်ပါပြီ။ Myanmar Harp Publishing ရဲ့ Facebook Page messenger ကနေ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ် အပြည့်အစုံနဲ့ စာပို့ပြီးမှာယူနိုင်သလို အောက်ပါ ဖုန်းနံပါတ် များကနေလည်း မှာယူနိုင်ပါတယ်။ 

Comments

အဖတ်အများဆုံး

ကျွန်တော့်ဘဝကို လမ်းပြပေးခဲ့တဲ့ စာတစ်စောင်

ဒီစာရဲ့သက်တမ်းဟာ နှစ် ၂၀ နီးပါးရှိပါပြီ။  ၂၀၀၄ သို့မဟုတ် ၂၀၀၅ ခုနှစ်အတွင်းက စာတစ်စောင်ပါ။  အဲဒီတုန်းက ကျွန်တော်ဟာ ကျောင်းပြီးခါစ။ စိတ်ကူးအိပ်မက်က တောင်းဆိုနေတဲ့ဘဝနဲ့ ဘဝပြဋ္ဌာန်းမှုက တောင်းဆိုနေတဲ့ ဘဝ ဆိုတဲ့ ဘဝနှစ်မျိုးကြားမှာ ရွေးရခက်နေချိန်ပေါ့။ ကျွန်တော်ရတဲ့ဘွဲ့က BE ဘွဲ့။ အင်ဂျင်နီယာ။ ကျွန်တော့်စိတ်နှလုံးထဲက တောင်းဆိုနေတာကတော့ စာရေးဆရာ။ နိုင်ငံခြားထွက်ပြီး အင်ဂျင်နီယာလုပ်မယ်ဆိုရင် ငွေကြေးအရ ပြည့်စုံမယ့်ဘဝ။ ဒုတိယတစ်ခုကတော့ ဘာမှ မသေချာ မရေရာတဲ့လမ်း၊ ငတ်တစ်လှည့် ပြတ်တစ်လှည့်လမ်း။ တစ်ဖက်ကလည်း ကိုယ်လုပ်ချင်တာ လျှောက်လုပ်နေလို့ရလောက်အောင် ကိုယ့်မိဘက ငွေကြေးပြည့်စုံချမ်းသာသူမဟုတ်။  အဲဒီအချိန်မှာ မြန်မာပြည်မှာ အင်တာနက်ကဖေးတွေ စပေါ်ခါစ။ Gmail ဆိုတာလူသိပ်မသိကြသေးချိန်။ mptmail.net.mm ကလွဲပြီး တခြားဘာအီးမေးလ်မှ ဖွင့်ခွင့်မရှိတဲ့အချိန်။ အင်တာနက်ပေါ်က အခမဲ့ရတဲ့ လူမသိသူမသိ အီးမေးလ်တွေကို လိုက်ဖွင့်ပြီး ဟိုလူ့ဆီ စာလှမ်းရေးလိုက်၊ ဒီလူ့ဆီ စာလှမ်းရေးလိုက်နဲ့ ခုမှ အင်တာနက်တို့၊ အီးမေးလ်တို့နဲ့ စသုံးဖူးတဲ့ ကျွန်တော်တစ်ယောက် မျောက်အုန်းသီးရသလို။  အဲဒီအချိန် ပြည်ပကိုပြောင်းရွှေ့သွာ...

နယူးယီးယားဟာသ

နှစ်တစ်နှစ်ကုန်တော့မယ်ဆိုတိုင်း ကျနော်တို့တတွေ ပြက္ခဒိန်အသစ်ကို ချိတ်ကြ ရှေ့တစ်နှစ်စာ ဟောစာတမ်းတွေ ဟိုလှန် သည်ပွတ် ဖတ်ကြ ဒီနှစ်ထက် ရှေ့နှစ်က ကံပိုကောင်းမှာလား ချောင်းကြည့်ကြ။  တကယ်တော့လည်း ခုနှစ်ဟောင်းဆိုတာကိုက  တစ်ချိန်တုန်းက နှစ်သစ်ပဲမဟုတ်လား အဲသည်တုန်းကလည်း  ခု မလိုချင် စွန့်ခွာထွက်ပြေးချင် မြန်မြန်ကုန်ဆုံးနေစေချင်တဲ့ နှစ်ဟောင်းကိုပဲ မနှစ်တုန်းက  “လာပါတော့ အခါခါမော့ မာလာဖော့ မျှော်ပေါ့လေးနာရီ” လုပ်ခဲ့ကြ။ ရင်ခုန်ခြင်းများစွာနဲ့ ကြိုဆိုခဲ့ကြ ဝိုင်ခွက်တွေ တိုက်ခဲ့ကြ ဘီယာတွေ စီးဆင်းခဲ့ကြ အသားကင်တွေ၊ ငါးသံပရာတွေ အကြော်တွေအလှော်တွေ မီးရှူးတွေ မီးပန်းတွေနဲ့ပဲ  ကြိုဆိုခဲ့ကြ။  နှစ်သစ်ထဲဝင်ပြီး ပထမကွာတားလောက်ရောက်တော့ ရင်ခုန်သံတွေ အေးစက်ခဲ့၊ နှေးကွေးခဲ့ကြ မောပန်းနွမ်းနယ်လာခဲ့ကြ နုံးချိမောဟိုက်လာခဲ့ကြ အားတင်းကြရ၊ အချင်းချင်းအားပေးကြရ ဟောစာတမ်းတွေ မှန်တာတွေလည်းရှိ လွဲတာတွေလည်းရှိ ဘယ်နှလကျန်သေးတယ်၊ လက်ကျန်ကာလမှာ ဘာဖြစ်ဦးမယ်ရယ်လို့ ရက်လရှင်းတမ်းမှာ ကံဇာတာကြွေးကျန်ကို ပေသီးခေါက်ကြ။  ရယ်ကြ၊ မောကြ။ အားဖြည့်ကြ။ ရေဖြည့်ကြ။  နိုဝင်ဘာ၊ ဒီဇင်ဘာရောက်တော့ ကောင်းကျိုးမ...

‘တဏှာထက်ကြီးသောမြစ် မရှိ’ - ဆယမ်၏ များများထုတ်များများသုံးဝါဒကို ဗုဒ္ဓရှုထောင့်မှဝေဖန်ခြင်း

“ဖွံ့ဖြိုးမှု (တိုးပွားခြင်း) ဆိုတဲ့ စကားကို ပါဠိဘာသာနဲ့ ‘ဝဍ္ဎန’ လို့ ခေါ်ပါတယ်။ များပြားခြင်း လို့ အဓိပ္ပာယ်ရတယ်။ ကောင်းတဲ့အရာတွေ များပြားတာဖြစ်နိုင်သလို ပြဿနာ၊ ဒုက္ခဆင်းရဲ၊ ပဋိပက္ခတွေ များပြားတာလည်း ဖြစ်နိုင်တယ်။ ဒီနေ့ကမ္ဘာမှာတော့ ဖွံ့ဖြိုးမှုဆိုတာရဲ့ အဓိပ္ပာယ်ဟာ ကမ္ဘာကြီးမှာ အသိဉာဏ်ပညာကို လျစ်လျူရှုပြီး ရုပ်ဝတ္ထုပစ္စည်းတွေနောက်ပဲ လိုက်နေကြ ပေါများပြည့်လျှံနေကြတယ်ဆိုတဲ့ အဓိပ္ပာယ်ရတယ်။” ဒီ စကားကို မိန့်ကြားခဲ့သူကတော့ ဆယမ်* ဗုဒ္ဓဘာသာရဟန်းတော်တပါးလည်းဖြစ် အတွေးအခေါ်ရှင်လည်း ဖြစ်တဲ့ အရှင် ဗုဒ္ဓဒါသဘိက္ခုဖြစ်ပါတယ်။ ဒီ စကားပေါ်ကိုအခြေခံပြီး ဆရာ ဆုလက် ဆီဝရက်ဆက ဘာပြော သလဲဆိုတော့ များများတိုးထုတ်၊ များများသုံးစွဲဝါဒ (consumerism) က နောက်ဆုံးပေါ်မိစ္ဆာဘာသာပဲတဲ့။   ဒီ ဆောင်းပါးမှာတော့ ဆယမ်နိုင်ငံအပေါ် များများတိုးထုတ်၊ များများသုံးစွဲဝါဒရဲ့ ရိုက်ခတ်မှုအကြောင်းရယ်၊ ဆရာတော် ဗုဒ္ဓဒါသနဲ့ ဆရာဆုလက် ဆီဝရက်ဆတို့နှစ်ဦး ဟောပြောခဲ့တာတွေအပေါ် အခြေခံထားတဲ့ အမြင်သစ်၊ လမ်းကြောင်းသစ်တွေအကြောင်းရယ်ကို ဆွေးနွေးထားပါတယ်။ အဲဒီ ဆရာနှစ်ပါးဟာ ဆယမ် နိုင်ငံရဲ့ လူမှုအကျိုးပြုဗုဒ္ဓဘာသာရဲ့ ဗိသုကာတွေပါ။ ဒီ ဆောင်းပါးကို ...

အတိတ်ရဲ့အရိပ်

သူကပရိုဘောက်စ်လေးကိုလက်တားလိုက်လို့ကားရပ်၊ မှန်ချပြီးဈေးစကားစပြောစဉ်မှာပဲကားဆရာကိုသူစသတိထားမိတာပဲ။ သူထင်ထားသူများဖြစ်လေမလားပေါ့။ ဒါနဲ့ပဲသူတောင်းတဲ့ဈေးကိုမဆစ်ဘဲသွားဖို့သဘောတူလိုက်တယ်။ ကားဆရာနဲ့စကားပြောချင်တဲ့အတွက်တမင်တကာနောက်ခန်းမထိုင်ဘဲခေါင်းခန်း၊ ဒရိုင်ဘာဘေးမှာဝင်ထိုင်လိုက်တယ်။ ကားစထွက်စဉ်ကတည်းကသူနဲ့ကားဆရာနဲ့စကားတပြောပြောပဲ။“ကားလမ်းတွေလည်းကျပ်လိုက်တာဗျာ…” “ဟုတ်ပါ့ဆွဲမကောင်းဘူးညီလေး ရေ…” “ဆီဈေးကခုဘယ်လောက်ဖြစ်နေပြီးတုံး” “ခုနကပဲတစ်လီတာကို(…) နှုန်းနဲ့ထည့်ခဲ့ တာကွ… လုပ်စားကိုင်စားလို့မကောင်းတော့ပါဘူးကွာ။” စကားပြောနေရင်းနဲ့လည်း ကားဆရာရဲ့မျက်နှာကို သူအကဲခတ်တယ်။ များသောအားဖြင့် ရှေ့ကိုပဲကြည့်မောင်းနေရတယ်ဆိုပေမဲ့ ပွိုင့်မိတဲ့အခါ၊ ရှေ့သိပ်ကြည့်စရာမလိုတဲ့အခါမှာ စကားပြောလို့ အရှိန်တက်နေတဲ့ကားဆရာဟာ သူ့ကိုဘေးတိုက်လှည့်ကြည့်ပြီး ပြောတယ်။ သူပဲလား… တူသလိုလိုပါပဲ၊ မျက်နှာ ပေါက်မျက်နှာကျ၊ ပြောဟန်ဆိုပေါက်။ လူတူမရှားဖြစ်နေတာများလား… ။ တကယ်တော့ကြာခဲ့ပြီပဲလေ။ ကြာဆိုဆယ်စုနှစ်တစ်ခုကျော်ကြာခဲ့ပြီဆိုတော့ မှတ်မိဖို့က မနည်းစဉ်းစားနေရတာပေါ့။ ဆယ်နှစ်ဆိုတဲ့အချိန်အတွင်းလူတစ်ယောက်ဟာ ရုပ်ရော၊ စိတ်ရောအများကြီး ပ...

တော်တော်ဆိုးတဲ့လူတွေ

ပူပြင်းတဲ့နွေနေ့လယ်ခင်းတစ်ခုမှာ (……) ရဲစခန်းဟာ ပြင်းထန်စူးရှတဲ့ နေရောင်အောက် မီးကင်ထားသလို ထင်ရတယ်။ ငိုက်မြည်းနေတဲ့ ဂိတ်စောင့် ရဲတပ်သားရဲ့ခေါင်းဟာ ဆတ်ခနဲ ဆတ်ခနဲဖြစ်ဖြစ်သွားပြီး မနည်း အားတင်းလို့ မျက်ခွံတွေကို ပြန်ပင့်တင်နေရတယ်။ အမှုလာဖွင့်တဲ့ လူတချို့ ညှိုးငယ်တဲ့မျက်နှာတွေနဲ့အတူ စခန်းထဲကနေ ပြန်ထွက်သွားတော့မှ အစောင့်ရဲတပ်သားကလေးဟာ ကိုယ်ကိုမတ်မတ်ပြန်ထိုင်ပြီး သေနတ်ကိုအသေအချာ ပြန်ဆုပ်ကိုင်လိုက်တယ်။ ပြင်းထန်လှတဲ့နွေအပူဒဏ်ကြောင့် ရဲဌာနတစ်ခုလုံးက ရဲဝန်ထမ်းတွေဟာ သစ်ပင်တွေနဲ့   အပြိုင် ညှိုးရော်လို့။ အပြင်ကပြန်လာတဲ့ စခန်းမှူးဟာ သူ့အခန်းထဲက စားပွဲမှာထိုင်ရင်း တစ်ချက်သမ်းဝေလိုက်တယ်။ ထမင်းစားပြီး ခါစမို့ ဗိုက်ကလည်း တင်းနေသလို အိပ်ချင်စိတ်ကလည်း သူ့ကိုနှိပ်စက်နေတယ်။ သူဟာ “ ပူလိုက် အိုက်လိုက်တာ မပြောပါနဲ့တော့ ” လို့ တစ်ခွန်းပြောရင်း အပေါ်ရှပ်အင်္ကျီကိုချွတ်လိုက်ပြီး တိုင်ငုတ်မှာ သွားချိတ်ထား လိုက်တယ်။ အောက်ခံစွပ်ကျယ်အောက်က အသားပေါ်နေတဲ့ နေရာကတော့ ချွေးတွေကြောင့် မည်းပြောင်နေလေရဲ့။ မျက်နှာကျက် ပန်ကာကို ဖွင့်လိုက်တော့ ပန်ကာကမလည်ဘူး။ ...