Colour Blues by Lotfi Akalay လော့ဖီ အာကာလေး (Lotfi Akalay) သည် မော်ရိုကိုအမျိုးသား စာရေးဆရာတစ်ဦးဖြစ်ပြီး ၁၉၄၃ ခုနှစ်တွင် တန်ဂျီးယားစ်မြို့၌ မွေးဖွားသည်။ အာကာလေးသည် ပါရီမြို့၌ စီးပွားရေးနှင့် နိုင်ငံရေးသိပ္ပံ ဘာသာရပ်များကို သင်ယူခဲ့ သည်။ ၁၉၉၀ ပြည့်နှစ်မှစကာ ဂျာနယ်နှင့်မဂ္ဂဇင်းများအတွက် စာစရေးသည်။ Al Bayane ၊ La Vie É conomique ၊ Charlie Hebdo ၊ Jeune Afrique စသည့် ပြင်သစ်ဘာသာဖြင့်ထုတ်သည့် မဂ္ဂဇင်း၊ ဂျာနယ်များတွင် ၎င်းရေးသည့် ဆောင်းပါးများနှင့်တွဲပြီး လူသိများသည်။ ၁၉၉၆ ခုနှစ်တွင် ပထမဆုံးသော ဝတ္ထု ‘Les nuits d ´ Azed’ ကို ထုတ်ဝေပြီး ၁၉၉၈ ခုနှစ်တွင် ‘Ibn Battouta, Pince des Voyageurs’ ကို ထုတ်ဝေသည်။ ယခု ဝတ္ထုတိုသည် ၁၉၉၇ ခုနှစ် နှစ်သစ်ကူးနေ့ထုတ် Jeune Afrique တွင် ဦးဆုံးဖော်ပြခဲ့သည့် သရော်ဟန်ပါသည့် ဝတ္ထုတို ဖြစ်ပြီး ပြင်သစ်ဘာသာဖြင့် ဝတ္ထုခေါင်းစဉ်မှာ ‘Dis, Papa! ( ပြောပြပါ ဖေဖေ )’ ဖြစ်သည်။ အင်္ဂလိပ်ဘာသာ ပြန်မူ Colour Blues ကို Stephen Gray (ed.) The Picador Book of African Stories. London, Macmillan, 1998 စာအုပ်တွင် ဖော်...