Skip to main content

မောင်လူမွှေး


Colour Blues by Lotfi Akalay

လော့ဖီ အာကာလေး (Lotfi Akalay) သည် မော်ရိုကိုအမျိုးသား စာရေးဆရာတစ်ဦးဖြစ်ပြီး ၁၉၄၃ ခုနှစ်တွင် တန်ဂျီးယားစ်မြို့၌ မွေးဖွားသည်။ အာကာလေးသည် ပါရီမြို့၌ စီးပွားရေးနှင့် နိုင်ငံရေးသိပ္ပံ ဘာသာရပ်များကို သင်ယူခဲ့ သည်။ ၁၉၉၀ ပြည့်နှစ်မှစကာ ဂျာနယ်နှင့်မဂ္ဂဇင်းများအတွက် စာစရေးသည်။ Al Bayane La Vie Économique Charlie Hebdo Jeune Afrique စသည့် ပြင်သစ်ဘာသာဖြင့်ထုတ်သည့် မဂ္ဂဇင်း၊ ဂျာနယ်များတွင် ၎င်းရေးသည့် ဆောင်းပါးများနှင့်တွဲပြီး လူသိများသည်။ ၁၉၉၆ ခုနှစ်တွင် ပထမဆုံးသော ဝတ္ထု ‘Les nuits d´Azed’ကို ထုတ်ဝေပြီး ၁၉၉၈ ခုနှစ်တွင် ‘Ibn Battouta, Pince des Voyageurs’ ကို ထုတ်ဝေသည်။
ယခု ဝတ္ထုတိုသည် ၁၉၉၇ ခုနှစ် နှစ်သစ်ကူးနေ့ထုတ် Jeune Afrique တွင် ဦးဆုံးဖော်ပြခဲ့သည့် သရော်ဟန်ပါသည့် ဝတ္ထုတို ဖြစ်ပြီး ပြင်သစ်ဘာသာဖြင့် ဝတ္ထုခေါင်းစဉ်မှာ‘Dis, Papa! (ပြောပြပါ ဖေဖေ)’ဖြစ်သည်။ အင်္ဂလိပ်ဘာသာ ပြန်မူ Colour Blues ကို Stephen Gray (ed.) The Picador Book of African Stories. London, Macmillan, 1998 စာအုပ်တွင် ဖော်ပြထားပြီး ထိုအင်္ဂလိပ်ဘာသာပြန်မူမှ မြန်မာသို့ပြန်ဆိုခြင်းဖြစ်သည်။

ဖေဖေ၊ ဖေဖေ၊ မော်ရိုကိုက ဘယ်မှာရှိတဲ့နိုင်ငံလဲဟင်။
အာဖရိကမှာ။
ဟို သစ်ကုလားအုတ်တွေ၊ ရေမြင်းတွေရှိတဲ့ နိုင်ငံလား။
မဟုတ်ဘူး၊ သူက အပေါ်ဘက်ပိုင်းပိုရောက်တယ်မြောက်ပိုင်းအာဖရိကမှာ။
အဲဒီတော့ မော်ရိုကိုမှာ ဘာတွေရှိလဲ။
အာရပ်တွေရှိတာပေါ့။
သားက အာရပ်တွေအကုန်လုံး အာရေးဘီးယားမှာပဲနေကြတယ် မှတ်နေတာ…”
အင်း၊ အာရပ်တွေဆိုတာ နေရာတကာမှာရှိတယ် သားရဲ့။ မက်ထရိုမှာတောင် ရှိတယ်။ မော်ရိုကိုမှာကျတော့ အာရပ်တွေက ဘာဘာ မျိုးနွယ်စုဝင်တွေကွ။
ဒါပေမဲ့ ဘာဘာ တွေဆိုတာက အရိုင်းအစိုင်းတွေမဟုတ်လား။
မဟုတ်ဘူးသားရဲ့။ အရိုင်းအစိုင်းတွေဆိုတာက သပ်သပ်သူတို့က ကျူးကျော်လာကြတဲ့ လူအုပ်တွေကို ခေါ်တာ။
ဟင်၊ ဒါပေမဲ့ မနေ့တုန်းက ဖေဖေ တီဗီကြည့်နေတုန်း ပြောတာတော့ သားတို့ပြင်သစ်နိုင်ငံကို အာရပ်တွေက ကျူးကျော်နေကြပြီဆို။
အဲ အင်းဒါပေမဲ့ အဲဒီလိုမျိုး ထပ်တူတော့ မဟုတ်ဘူးသားရဲ့။ ကောင်းတဲ့အာရပ်တွေလည်း ရှိပါတယ်ကွ။ ဥပမာ တို့အိမ်နီးချင်း ကုန်စုံဆိုင်ဖွင့်ထားတဲ့ ဦးဘရာဟင် လိုမျိုးပေါ့။
ဟင် တစ်မြန်နေ့တုန်းကပဲ ဖေဖေက သူ့ကိုသူခိုးလို့ခေါ်လိုက်သေးတယ် လေ။ သူ့ဆိုင်မှာ ဈေးဝယ်သူကျတဲ့အချိန် ကျရင် သူက ဈေးကိုတင်တတ်လို့ ဆိုပြီးတော့လေ။
ဖေဖေ အဲဒီတုန်းက နည်းနည်းစိတ်ဆိုးနေလို့ပါကွ။ ဒီလောက်ပါပဲ။
ဒါဖြင့် ဖေဖေသိတဲ့ မော်ရိုကိုသားရော ရှိလား။
သိတဲ့လူရယ်လို့တော့ မရှိဘူး သား။ ဒါပေမဲ့ လမ်းမှာ တစ်ခါတစ်ရံတော့ သူတို့ကိုတွေ့တယ်။
သူတို့ကို ဖေဖေက ဘာစကားနဲ့သွားပြောလဲ။
ဟင့်အင်း ဖေဖေ သူတို့ကို ဘာမှသွားမပြောပါဘူး။ သူတို့နဲ့မှ မသိတာ။
ဒါဆို ဖေဖေက သူတို့နဲ့မသိဘူးဆိုရင် သူတို့ကို မော်ရိုကိုသားတွေမှန်း၊ အမေရိကန်တွေမဟုတ်မှန်း ဘယ်လိုလုပ် သိလဲ။
ဘယ်လိုပြောမလဲ အမေရိကန်တွေက လူဖြူတွေလေ။
မိုင်းလ် ဒေးဗစ်နဲ့ ကားလ် လဲဝစ်တို့လိုမျိုးလား။
မဟုတ်ဘူးကွ။ သူတို့ကကျတော့ အာဖရိကက။
ဖေဖေလုပ်တာနဲ့ သားတော့မျက်စိလည်ကုန်ပြီ။ ဦးဘရာဟင်က ဖေဖေတို့ သားတို့လို အသားဖြူတယ်။ လူမည်း မဟုတ်ဘူး။ ဒါပေမဲ့ သူကကျ အာရပ်တဲ့။
ဖြူတဲ့အာရပ်တွေလည်း ရှိတယ်လေကွာ။ မော်ရိုကိုသားတွေဆိုတာက အသားအရောင် အမျိုးမျိုးနဲ့ကွ။ တချို့ကျ အသားက မည်းတူးချိတ်လို့၊ တချို့ကျတော့လည်း ဒတ်ချ်တွေလိုမျိုး ဆွတ်ဆွတ်ဖြူဖြူလို့။ သဘောပေါက်လား။
ဟင်တနင်္ဂနွေနေ့တုန်းက သား တီဗီမှာ ဒတ်ချ်ဘောလုံးအသင်းကန်တာ ကြည့်လိုက်တာ အသင်းရဲ့တစ်ဝက် လောက်က လူမည်းတွေဖေဖေ။
ဒါကကျတော့ ဒီလိုရှိတယ် သားရဲ့။ အားကစားလောကမှာကျတော့ လူမည်းတွေမှ အများကြီး။
တင်းနစ်မှာကျတော့ တစ်ယောက်တည်းပါ ဖေဖေ။ ဂေါက်သီးတို့၊ ရေကူးတို့၊ မြင်းစီးတို့ကျတော့ သားဖြင့် လူမည်းအားကစားသမား တစ်ယောက်တောင် မတွေ့ဖူးဘူး။
ကဲ ကျွန်တော်မျိုးလည်း မလျှောက်တတ်တော့ပါ လူကြီးမင်းလေးရေ့မင်းအမေကိုသာ သွားမေးချည်တော့။ ဒီမှာ ဖေဖေ မြင်းပွဲလေး ဖြောင့်ဖြောင့်ကြည့်ပါရစေဦး။
မေမေက သားကို ဖေဖေ့ဆီလွှတ်လိုက်လို့ လာမေးတာလေ။ မေမေ မီးဖိုချောင်ထဲ အလုပ်များနေတယ် ဖေဖေရဲ့။ နောက်ပြီး ဖေဖေက သူ့ကိုတစ်ခါမှ ကူမလုပ်ဘူးဆိုပြီး ပွစိပွစိနဲ့။ သား ဖေဖေ့ကို မေးစရာတစ်ခုကျန်သေး တယ်။ သားသူငယ်ချင်း အန်နာဘဲလ်လေ၊ တစ်ကိုယ်လုံးမည်းနက်နေတာပဲ၊ ဒါပေမဲ့ သူက ပြင်သစ်မှပြင်သစ် စစ်စစ်ပါလို့ ပြောသေးတာ။ သူ လိမ်ပြောတာပေါ့နော် ဖေဖေ ဟုတ်လား။
သား သူငယ်ချင်းက မာတီနိခ်ကဆိုတော့ သူက ပြင်သစ်ဖြစ်သွားတာပေါ့ကွာ။
ဖေဖေ ပြောပုံအရဆိုတော့ အသားမည်းတဲ့ ပြင်သစ်တွေရှိတယ်၊ အသားဖြူတဲ့ မော်ရိုကိုသားလည်း ရှိတယ်ပေါ့
အေးကွာ ဟုတ်တယ် ဟုတ်တယ် ကဲ တခြားအကြောင်း ပြောင်းပြောရအောင်။
နေဦးအန်နာဘဲလ်လေ သူ့ဆံပင်တွေက ကောက်ကောက်ကွေးကွေးနဲ့ သိလား၊ သိုးလိုပဲ ဖေဖေ။
မော်ရိုကိုသားတွေထဲမှာလည်း ဆံပင်ကောက်တဲ့လူရှိတာပဲ။
သား သူငယ်ချင်း မိုမိုလေ သူက မော်ရိုကိုလူမျိုးတဲ့၊ ဒါပေမဲ့ သူ့ဆံပင်ကျ နူးနူးညံ့ညံ့လေး။
အင်းတချို့တွေက ဒိလိုပါပဲ။
သူက ပြောဖူးတယ် သားတို့ပြင်သစ်တွေကတဲ့ တစ်ခါတုန်းက ကိုလိုနီသမားတွေတဲ့။ သူပြောတာ မှန်တာပါလားဟင် ဖေဖေ
ပေါက်ကရတွေပါ သားရယ်
ဟိုး အရင့်အရင်တုန်းက သားတို့တွေက သူတို့နိုင်ငံထဲကို ကျူးကျော်လာပြီး သူတို့ကို အနိုင်ကျင့်နှိပ်စက်ခဲ့ကြ တယ်တဲ့။ သူပြောဖူးတယ်။
ဒီမယ်သား။ ဖေဖေတို့ပြင်သစ်တွေက သူတို့နိုင်ငံကိုသွားတာ ဟုတ်တယ်။ ဒါပေမဲ့ အဲဒီမှာ နည်းနည်းပါးပါး အခြေချသွားချကြတာ။ ဒါလောက်ပဲ။
သူတို့လည်း သားတို့လိုပဲလေ။ ဒီကိုလာပြီး နည်းနည်းပါးပါးအခြေချတာပေါ့။ မနက်ဖြန်ကျ မိုမိုကိုသား သွားပြောဦးမယ်။ သူလည်းပဲ ကိုလိုနီနယ်ချဲ့ပဲလို့။
ဟာကွာအဲ အဲဒါက မတူပြန်ဘူးကွ။ တို့နိုင်ငံကိုလာဖို့ဆိုတာကျ မော်ရိုကိုတွေမှာ ပြည်ဝင်ခွင့်ဗီဇာဆိုတာ လိုတယ်သားရဲ့။
ဒါဆို သားတို့ သူတို့နိုင်ငံကိုသွားတုန်းကရော ဗီဇာမလိုဘူးလား။
မလိုဘူးကွ။ အဲဒီအချိန်တုန်းက ဗီဇာဆိုတာ မပေါ်သေးဘူး။ အင်းအဲဒီတုန်းက ဘာလုပ်ချင်လုပ်ချင် ခုလောက် မရှုပ်သေးဘူး။ ဖေဖေတို့မှာ တိုက်ရေယာဉ်ရှိရင် ဘာမဆိုဖြစ်တဲ့ခေတ်။

Comments

အဖတ်အများဆုံး

အင်တာလုဒ်

လူ့လောကသည် ငြိမ်ငြိမ်သက်သက် …  လကလေးက ထွန်းမြကြည်သာ ...  လေနုသွေးမှာ ပိုးမွှားအချို့ပါလာသည် ကျေးလက်ရိုးရာဗုံသံအချို့ တိုးချည် ကျယ်ချည်ကြားရသည်။ ကမ္ဘာသည် ဝင်ရိုးပေါ်တစ်ပတ်သွားနှုန်း တစ်စက္ကန့်ထပ်နှေးသွား၏။ တစ်စုံတစ်ရာကို ကျောပိုးထားရသောကြောင့် …  ပြာလွင်လွင်ကောင်းကင်၌ တိမ်လွန်းပျံက  တက်သုတ်ရိုက် ခရီးနှင်၏။ သတင်းစကားကို သယ်လာရသောကြောင့် …  စစ်သည်တော်သည် သေနတ်ပြောင်းဝကို အောက်သို့စိုက်၏။ နှင်းဆီတစ်ခြင်း၏ဆွဲအားကြောင့် … ငွေဗျိုင်းဖြူကိုမြင်သော လယ်တောသူက အထက်သို့မော့ကြည့်သည်။ စပါးခင်းမှရောင်ပြန်အလင်း ထွန်းသောသူ့မျက်နှာကို သူ့ချစ်သူက စေ့စေ့ကြည့်၏။ ကျေးငှက်တို့သည် စပါးနှံတို့ကို ကိုက်ချီသွားသည်။ စောင်းသံသည် အဘယ်အရပ်မှလာသနည်း။ လေပြည်လာရာ လမ်းကြောင်းမှ … ရွှေလမှာယုန်ဝပ်နေဆဲ ဆန်ဖွပ်သူမရှိတော့ချေ။ 1.1.2021 #WaiYanHponePoetry

အာရှ ယဉ်ကျေးမှုတန်ဖိုးများနှင့် အစိမ်းရောင်မူဝါဒ နိုင်ငံရေး - ဗုဒ္ဓဝါဒရှုထောင့်မှချဉ်းကပ်ခြင်း

 နိဒါန်း အာရှသား အစိမ်းရောင်သမားတွေဟာ အနောက်တိုင်းသား အစိမ်းရောင်သမားတွေရဲ့ စဉ်းစားကြံစည် လုပ်ကိုင်ပုံတွေကို ပုံတူကူးရုံပဲဆိုရင်တော့ အာရှတိုက်မှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒ နိုင်ငံရေးဟာ ကျရှုံးမှာပါပဲ။ ရှေ့မှာလည်း နမူနာတွေရှိထားပါတယ်။ ဒေသတွင်းနိုင်ငံတွေမှာတွေ့ရတဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်နဲ့ ဆိုရှယ်လစ်မူဝါဒရေးရာတွေကို ကြည့်ရင်လည်း ရလဒ်တွေဆိုးရွားလေ့ရှိတာ မြင်ရမှာပါ။ ကျွန်တော်တို့အာရှမှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒအားပြုနိုင်ငံရေးကို အနှစ်အသား ပြည့်ပြည့်နဲ့ အောင်မြင်တာ မြင်ချင်တယ်ဆိုလို့ရှိရင်တော့ လုပ်ရမှာက သီးခြား အစိမ်းရောင်အယူအဆတွေနဲ့ အလေးအနက်ထား ပေါင်းစပ်ဖို့အတွက် အာရှရဲ့ ယဉ်ကျေးမှုဇာစ်မြစ်တွေထဲက သင့်လျော်မယ့် အစိတ်အပိုင်းတွေကို စေ့စေ့စပ်စပ် လိုက်ရှာဖွေဖို့ပဲဖြစ်ပါတယ်။ ဒီ ဆောင်းပါးမှာဆွေးနွေးမှာကတော့ အာရှရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို ဘာဖြစ်လို့ ပစ်ပယ်လို့မရဘူးလဲဆိုတာ၊ အဲဒီ တန်ဖိုးတွေက ဘာတွေလဲ ဆိုတာ၊ အာရှတိုက်မှာရော အာရှတိုက်ကြီးအတွက်ရော သီးခြားအသွင်ဆောင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖန်တီးရာမှာ အဲဒီတန်ဖိုးတွေက ဘယ်လိုအကူအညီဖြစ်မလဲဆိုတာတွေပဲဖြစ်ပါတယ်။  အခုဆောင်းပါး...

ရေအေး၏ 'သားပိုက်ကောင်နေ့ရက်များ'

သားပိုက်ကောင်နေ့ရက်များ ရေအေး ဇလပ်နီစာပေ၊ ဩဂုတ် ၂၀၂၃ (ပထမအကြိမ်) ဒီဝတ္ထုလေးထွက်လာတဲ့အတွက် စာရေးသူကိုရော ထုတ်ဝေသူကိုရော ကျေးဇူးတင်တယ်။ ဒါမျိုး မြန်မာပင်ကိုရေးထဲမှာ ဖတ်ချင်နေတဲ့ အာသီသလေး ပြည့်သွားတယ် ဆိုရမယ်။ အစဉ်အလာ ဝတ္ထုရေးဟန်တွေသာ လွှမ်းမိုးနေဆဲ မြန်မာခေတ်ပေါ်စာပေလောကရဲ့ ကွက်လပ်တစ်ခုကို ဖြည့်ဆည်း ပေးလိုက်တဲ့ ဝတ္ထုလို့ဆိုရမယ်။  ရုတ်တရက် ပြိုကျလာတဲ့ကျီးအုပ်တွေ၊ နေပြောက်တောင် မထိုးအောင် ကောင်းကင်မှာ ကျီးတွေဟာ အတောင်ပံချင်း ထိနေအောင် အုပ်မိုးထားတဲ့အတွက် ရုတ်တရက် မိုးမှောင်ကြီးကျသွားသလို ဖြစ်သွားတဲ့ အခိုက်အတံ့တွေရဲ့နောက်မှာ သွေးပျက်စရာ အဖြစ်အပျက်တွေ။ ရွာထဲကို ကြောင်နက်ကြီးတွေ ဝင်လာသတဲ့။ အိမ်ပြင်မှာတွေ့သမျှ လူတွေကို အကုန် လက်တွေခြေတွေ ဆွဲဖြုတ်။ တစ်ရွာလုံး ကမ္ဘာပျက်သလိုဖြစ်။ တချို့ကလည်း လူတစ်ကိုယ်စာမကမြင့်တဲ့ ကြောင်ကြီးတွေတဲ့။ တချို့ကလည်း လူကိုယ်ခန္ဓာနဲ့ ကြောင်ဦးခေါင်းတဲ့။ မျက်လုံးက ကြောင်မျက်လုံးတွေတဲ့။  ဒီလိုနဲ့ ရွာတွေ ရွာတွေဟာ ကျီးတွေ၊ ကြောင်တွေကြောင့် အိုးအိမ်ကိုစွန့်ခွာထွက်ပြေးကြရတယ်။ လူမရှိတော့တဲ့ ရွာပျက်ကြီးတွေကို ကြောင်တွေက မီးရှို့ဖျက်ဆီးတယ်။ ရွာကိုစွန့်ခွာထွက်ပြေးရသူတွေထဲက...

ဘယ်တော့မှဖတ်ခွင့်ရမှာ မဟုတ်တဲ့ ဂန္ထဝင်စာအုပ် ၆ အုပ်

စာအရေးအသားပေါ်ပေါက်လာတာဟာ နှစ်ပေါင်းထောင်နဲ့ချီရှိခဲ့ပြီမို့ ဘယ်သောအခါမှ ဖတ်ခွင့်မရတော့မယ့် ပုံဝတ္ထုတွေလည်း ရှိပါတယ်။ အဲဒီထဲကတချို့ဆိုရင် ပျောက်လို့ပျောက်နေမှန်း​တောင် လူတွေမသိကြတဲ့ စာတွေဖြစ်ပြီး တချို့ကျတော့လည်း နှုတ်ဖြင့်သာလက်ဆင့်ကမ်းလာခဲ့ကြတဲ့ ဒဏ္ဍာရီဆန်ဆန်တွေ ဖြစ်ကြ ပါတယ်။ ဒါပေမဲ့လည်း ပျောက်ဆုံးစာအုပ်စာရင်းဆိုတာ ရှိနေမှန်းတော့ အသေအချာသိကြပါတယ်။ တချို့ စာအုပ်/စာမူတွေဆိုရင် စာကြည့်တိုက်တွေထဲမှာ၊ လက်ဆွဲသေတ္တာတွေထဲမှာ၊ ဒါမှမဟုတ် စာရေးစားပွဲခုံ တွေထဲမှာ ဘယ်သူမှမတို့မထိရဘဲ ရှိချင်ရှိနေမှာပါ။ ဆေးလ်ဗီးယား ပလာ့သ်ရဲ့ ပျောက်ဆုံးသွားတဲ့ စာမူတွေ အစ လော့ဒ်ဘိုင်ရွန်ရဲ့ မီးရှို့ပစ်လိုက်တဲ့ ကိုယ်ရေးမှတ်တမ်းတွေအဆုံး အဲဒီ စာအုပ်တွေ စာမူတွေဟာ အတိတ်သမိုင်း ဟိုးဝေးဝေးမှာ ကျန်ရစ်ပျောက်ဆုံးခဲ့ပြီဖြစ်ပါတယ်။ Isle of the Cross by Herman Melville ဟားမန်း မဲလ်ဗီးဟာ Isle of the Cross ဆိုတဲ့ စာမူကို Moby Dick စာအုပ်ထုတ်ဝေပြီး နှစ်နှစ်အကြာ ၁၈၅၃ ခုနှစ်မှာ ထုတ်ဝေသူကို ပြသခဲ့ပါတယ်။ အဲဒီစာမူကတော့ သူအားလပ်ရက်ခရီးသွားတုန်း လေ့လာသိရှိခဲ့ရတဲ့ ဇာတ်လမ်းတစ်ပုဒ်အပေါ်မှာ အခြေခံထားပါတယ်။ သင်္ဘောသား ခင်ပွန်းဖြစ်သူရဲ့...

ကျွန်တော်က ခင်ဗျားကိုတွေ့ချင်တာ

ဆိုပါစို့ဗျာ …ချစ်တဲ့သူငယ်လေ သူငယ်ချင်းကောင်း ယောက်ဖရေ ဒီနေ့ဟာ ကျနော့်နာရေးဆိုပါစို့။ ကျနော့်ရဲ့ နောက်ဆုံးခရီးလေးဆိုကြပါစို့။ ခင်ဗျားနဲ့ကျနော်နဲ့ကလည်း မာနတွေကြောင့်ပဲဖြစ်ဖြစ်၊ ဃရာဝါသတွေကြောင့်ပဲဖြစ်ဖြစ် မဆုံဖြစ်ခဲ့တာကြာပြီ။ တိုက်တိုက်ဆိုင်ဆိုင်ဗျာ ဒီနေ့မှပဲ ခင်ဗျားမှာ... စကောလားရှစ် စာမေးပွဲရှိနေတယ်… သူဌေးက အထူးအစည်းအဝေးခေါ်ထားတယ်… တင်ဒါဝင်ပြိုင်ရမယ့် နောက်ဆုံးရက်ဖြစ်နေတယ်… နိုင်ငံခြားသွားဖို့ လေယာဉ်ပေါ်တက်ရမယ့်အချိန်ဖြစ်နေတယ်… စသည် စသည်ဖြင့် ရှိနေတယ်… ဆိုပါစို့။ ဒါဆို ကျနော့်ကို ခင်ဗျား လာတွေ့မှာလား လာမှာလား... ခင်ဗျားဟာ ကျနော့်ကို ထပ်မြင်ရဖို့ အခွင့်အရေးမရှိတော့ဘူး … ဒီနေ့ပြီးရင်… ဘယ်တော့မှလည်း ပြန်မဆုံကြတော့ဘူးဆိုရင်၊ ခင်ဗျားမှာလည်း လက်လွတ်မခံနိုင်စရာ အရေးကြီးအလုပ်ကလည်း ရှိနေခဲ့ရင်၊ ခင်ဗျား ကျနော့်ဆီ လာဦးမှာလား … လာမှာလား … ကျနော်ကတော့ ခင်ဗျားဆီ ထမလာနိုင်တော့တာအမှန်။ ကျနော့်မှာ ခုတင်ပေါ် မလှုပ်မယှက်လဲလျောင်းရင်းက လက်သီးဆုပ်ကို ဖြေထားရင်းက ခင်ဗျားကို မျှော်နေမိမှာပါ… မျှော်ဦးမှာပါ မျှော်မှာပါ… သေသူတစ်ယောက်မှာ စာမေးပွဲလည်းမရှိတော့... အင်တာဗျူးလည်းမရှိ...