Skip to main content

Posts

Showing posts from June, 2018

စိုင်ကော်ရာမှ စသုံးလုံးဝန်ထမ်းဖြစ်သွားခြင်း

ကျနော့် မိန်းမကို ဖေ့စ်ဘွတ်မှာ ဘလော့လိုက်တယ်။ ညက ဘော်ဒါအပေါင်းအသင်း ရောင်းရင်းတွေနဲ့ ခပ်ထွေထွေလေး ကောင်းနေတဲ့အချိန် ဆိုင်မှာတင် ဘလော့လိုက်တာပေါ့။ သူ သိပ်ရစ်လွန်းအားကြီးတယ်ဗျ။ ‘ရှင် ဟိုကောင်မပုံအောက်မှာ သွားရေးထားတဲ့ မန့်က ဘာသဘောလဲ။’ ‘ရှင်က ဘာကိစ္စ ကြီးကောင် ကြီးမား ကျမှ ချာတိတ်မ ငယ်ငယ်လေးတွေနဲ့ သူငယ်ချင်းဖြစ်နေရတာလဲ။’ ‘ရှင်က ဟိုတစ်ယောက် ပုံအောက်မှာ ဘာကိစ္စ အသဲ သွားပေးထားရတာလဲ။’ တစ်နေ့တစ်နေ့ ဖြေရှင်းရတာ အမော။ ကြာတော့ ကျနော် မခံနိုင်တော့ဘူး။ တစ်ခါတလေလေး ဘော်ဒါတွေနဲ့ လူစုံတုန်း အေးဆေး သောက်ရမလား မှတ်တယ်။ ဖုန်းတဂွမ်ဂွမ်ဆက်ပြီး ရစ်လာတဲ့အတွက် ‘ကဲ ဘလော့တယ်ကွာ’ ဆိုပြီး သောက်ရင်း မတ်တပ်ကကို လုပ်ချလိုက်တာပဲ။ ဒီ မိန်းမတစ်ယောက်ဟာ အရင်က အဲလောက် မရစ်တတ်ဘူး။ လူတကာ ဖုန်းကိုင်နိုင်လာတဲ့နောက်ပိုင်း၊ လူတကာ ဖုန်းထက်မှာ အင်တာနက်ဆိုတာကြီး ရလာတဲ့နောက် ဖေ့စ်ဘွတ်နဲ့ အင်တာနက်ကို ညီမျှခြင်း ချရကောင်းမှန်းလောက်သာ သိရတဲ့သူတွေထဲမှာ သူ ပါလာတဲ့နောက်ပိုင်း ကျနော့်မှာ အေးအေး မနေရတော့ ဘူး။ ဟိုအရင်တစ်ချိန်က အင်တာနက်ကို စိတ်အေးချမ်းသာစွာနဲ့ လွတ်လွတ်လပ်လပ် သုံးခွင့်ရခဲ့တဲ့ဘဝကိုတော့ ပြန်တောင့်တမိသား။ ခုများတော့ ကိုယ...

ခံစားကြည့်ပါ စမ်းသီတာ

သူ့နာမည်က စမ်းသီတာ ဖြစ်ပါသည်။ Young Girl with a Bird by Berthe Morisot, 1891 သူသည် နာမည်နှင့်လိုက်ဖက်လှသော အသံချိုချိုအေးအေးကလေးကို ပိုင်ဆိုင်ထားပါသည်။ စမ်းသီတာ စကားပြောသည့်အခါ စမ်းချောင်းကလေးတစ်ခု စီးဆင်းသွားသံကို ကြားရသည်နှင့်တူပါသည်။ စမ်းသီတာကို ကျွန်တော်စသိခဲ့သည်မှာ လေလှိုင်းပေါ်မှာ ဖြစ်ပါသည်။ စမ်းသီတာ၏ အသံချိုအေးလေးသည် လေလှိုင်းများပေါ်မှတစ်ဆင့် ကျွန်တော့် နားဝသို့ ရောက်ရှိကာ သောတပသာဒကို တိုက်ခတ်သွားခဲ့ပါသည်။ စမ်းသီတာ၏ ချိုသာအေးမြသော အသံကိုနားထောင်၍ စမ်းသီတာ၏ အသံနှင့်လိုက်ဖက်မည့် ရုပ်သွင်ကို ကျွန်တော် စဉ်းစားပုံဖော်ကြည့်ခဲ့မိပါသည်။ “ပရိသတ်များရှင့်… မင်္ဂလာရှိတဲ့ နံနက်ခင်းလေး ဖြစ်ပါစေရှင့်…” ဟုတ်ကဲ့ … စမ်းသီတာရဲ့ ကျက်သရေရှိလှတဲ့ အသံချိုချိုကလေးကို ကြားလိုက်ရတဲ့ မနက်ခင်းတိုင်း၊ အချိန်တိုင်းဟာ မင်္ဂလာရှိနေတာပါပဲခင်ဗျာ။ ကျွန်တော်သည် စမ်းသီတာ၏အသံကို လေလှိုင်းပေါ်မှတစ်ဆင့် ကြားရတိုင်း ထိုသို့ ပြန်ပြန်ထူးနေမိတတ်ပါသည်။ တဖြည်းဖြည်းနှင့် စမ်းသီတာ၏ သဒ္ဒါရုံကို ကျွန်တော် ချစ်ခင်လာမိပါသည်။ စမ်းသီတာကိုလည်း ပုံထဲမှာ ဖြစ်စေ၊ အပြင်မှာ ဖြစ်စေ မြင်ဖူးချင်လာပါသည်။ ...