Skip to main content

ကျွန်တော်တည်ခင်းချင်သော ထမင်းဝိုင်းကလေး

ဒေဝါအမ္ဗုန်အရှင်သည် အငြိုးတကြီးဖြင့် မိုးစက်မိုးပေါက် များကို အရှိန်ပြင်းပြင်းလွှတ်ချလို့ နေပါသည်။ ထက်ကောင်းကင် အဇဋာကတော့ မည်းမှောင်လို့။ ‘အတိတ် ကိုလည်းမပြန်နှင့်၊ အနာဂတ်ကိုလည်း မကြံနှင့်’ ဟူ၍ ပစ္စုပ္ပန် မှာသာနေရန် ပညာရှိကဝိတို့ ဆုံးမကြသော်ငြား မိုးသံ တဖြောက်ဖြောက်သည် အတိတ်ကို မပြန်ဘဲ မနေနိုင်အောင် ကျွန်တော့်စိတ်ကို ဆွတ်ချူနေပါသည်။

သရုပ်ဖော် - သိန်းထွန်းဦး

တောင်တောင်အီအီ အတွေးနယ်ချဲ့မိနေစဉ် တည်ထားသည့် ဟင်းအိုးဆီမှ တူးနံ့အနည်းငယ်ရလာသဖြင့် ကမန်းကတန်း ထတည့်၍ အမြန်ပြေးပြီး မီးဖိုပေါ်မှ ပြေးချရပြန်ပါသည်။

အနည်းငယ် ကပ်သွားသည်မှ လွဲ၍ ဟင်းသည် စားဖို့ရန် အနေတော်လေး ဖြစ်ပါသည်။ ဟင်းနံ့ မွှေးမွှေးကြောင့် ကျွန်တော့်ဗိုက်မှာ ပိုလို့ပင်ဆန္ဒ ပြလာပါသည်။ သို့သော် ကျွန်တော့်မှာ ချက်ချင်း မစားနိုင်သေး။ ထမင်းနှင့်ဟင်းကိုကြည့်ရင်း ခေတ္တခဏထိုင်ကာ အမောဖြေရင်း စောစောက အတွေးစကို ပြန်ဆက်နေ မိလေသည်။

ကျွန်တော်တို့မိသားစုတွင် အဖေ၊ အမေနှင့် ကျွန်တော် သုံးဦးသာ ရှိလေသည်။ တစ်ဦးတည်းသောသား ဖြစ်ရ ခြင်းအတွက် ကံကောင်းသည်လား မကောင်းသည်လား ကျွန်တော့်တွင် ဝိဝါဒကွဲစရာ ချည်ခင်အစရှိပါသော် လည်း သားတစ်ယောက်သာ မွေးမိသည့်အတွက် ကျွန်တော့်မိခင်ကတော့ ရှုထောင့်တစ်မျိုးမှ ကြည့်လျှင် ပင်ပန်းခြင်းနက္ခတ်မိသည်ဟု ဆိုရမည်လား မသိပေ။ သူများ မိသားစုတွေမှာတော့ အိမ်ထောင်ရှင်မက အလုပ်ထွက်လုပ်ရသည် ထားဦး၊ အိမ်မှာ မိခင်၊ မိကြီး၊ ဒေါ်ကြီး၊ တူမ၊ ညီမ စသည် ကူဖော်လောက်ဘက် ရှိတတ်ကြသဖြင့် မထောင်းတာသော်လည်းကျွန်တော်တို့ မိသားစုမှာက အမေသည် တစ်ဦးတည်းသော မိန်းမသား ဖြစ်လေရာ အလုပ်နှစ်ခုလုံးလုပ်ရသဖြင့် တယ် ဇိမ်မရှိလှဟု ဆိုရပါမည်။

အလုပ်သွားဖို့ ကိုယ့်ဟာကိုယ် ပြင်ဆင်ရင်း အဖေနှင့်ကျွန်တော့်အတွက်ပါ ထမင်းချိုင့်ပြင်ဆင်ပေးရသည်မှ စကာ ဘတ်စ်ကားကျပ်ကျပ်ညပ်ညပ်ကို တစ်နာရီမျှကြာအောင် စီးပြီး ကျောင်းသို့သွား၊ ရောက်တော့ စကော စကအရွယ်ကျောင်းသားများအား တစ်နေကုန်အောင် တဟဲ့ဟဲ့နှင့်ထိန်းရင်းစာသင်၊ ကျောင်းဆင်းတော့ ကျောင်းနားက ညဈေးမှာ ဟင်းချက်စရာဝယ်၊ တစ်နာရီကြာအောင် ကားပြန်စီး။ ကားဂိတ်ကနေ အိမ်ကို နာရီဝက်ခန့် လမ်းလျှောက်။ အိမ်ပြန် ရောက်တော့လည်း သုံးယောက် စလုံးရဲ့ အဝတ်တွေကိုဖွပ်၊ ထမင်း စားဖို့ပြင်၊ နောက်တစ်နေ့ အဆင်သင့် ဟင်းချက်နိုင်အောင် ကြိုလုပ်လို့ ရတာလုပ်၊ ထမင်းအိုးခွက် ပန်းကန်များ တိုက်ချွတ်ဆေးကြောသည်အထိ အမေသည် ဇယ်စက်ရသည်မှာ တစ်နေ့လည်း မဟုတ်၊ တစ်လလည်း မဟုတ်။ နိစ္စဓူဝသံသရာ။ သို့သော် အမေသည် တစ်ခါမျှ ညည်းညူသည်ဟု၊ သူ့တာဝန် လစ်ဟင်းသည် ဟု မရှိခဲ့ ဖူးချေ။

သို့ရာတွင် ကျွန်တော်တို့ သားအဖသည် အမေ့အတွက် အားမကိုးခဲ့ရပါ။ အမေ အလုပ်များနေချိန် အဖေက  ဧည့်ခန်းတွင် ရေဒီယိုနား ထောင်နေ တတ်သလို ကျွန်တော်ကလည်း လက်လက်စင်အောင် ဆော့နေတတ် ပါသည်။ ပြန်တွေးမိလျှင် အမေ့တွင် သမီးလေး တစ်ယောက် ရှိခဲ့စေချင်ပါသည်။ ဒါဆိုသူ ခုလို ပင်ပန်းတော့မည် မဟုတ်။ အမေသည် ကျွန်တော့်ကိုတော့ စာမေးပွဲမှာ သူလိုချင်သည့် အဆင့်ရလျှင် ပြီးရောပဲ သဘောထားလို့လား၊ ယောက်ျားလေးမို့ အိမ်မှုကိစ္စလုပ်စရာမလိုဟု မြန်မာ့လူ့အဖွဲ့ အစည်း၏ အစဉ်အလာ အတိုင်း ယူဆ လို့ပဲလား၊ ဒါမှမဟုတ် သူ့ တာဝန်သူပဲ ကျေပွန်မည်ဟု မနသိကာရ လို့ လားမသိ၊ ကျွန်တော့်အား တစ်ခါတရံ တောက်တိုမည်ရ ခိုင်းသည်မှတပါး သိပ်ပြီး ခိုင်းခိုင်းစေစေ မရှိလှသလို ကျွန်တော် ကလည်း မခိုင်းလျှင် အလိုက်တသိနှင့် လုပ်မပေးတတ်ချေ။

ကျွန်တော် လူမှန်းသိတတ်သည့် အချိန်မှစ၍ ယနေ့ထက်ထိအောင် မမေ့နိုင်သော အရာကတော့ အမေ့ လက်ရာ ဟင်းလျာများပဲဖြစ်ပါသည်။ ကိုယ့်အမေမို့ ပြောသည်တော့ မဟုတ်ပါ။ အမေသည် လူတိုင်းက ချီးကျူးရလောက်အောင် ပထမတန်းစား ဟင်းချက်လက်ရာရှင် ဖြစ်ပါသည်။ ကျွန်တော်တို့ သားအမိ သားအဖ သုံးယောက်၏ ထမင်းဝိုင်းသည် ဟင်းမကောင်းခဲ့လျှင်တောင်မှ အမေ၏ အချက် ကျွမ်းကျင်မှု ကြောင့် မြိန်ရေယှက်ရေ ရှိခဲ့သည်ချည်း ဖြစ်ပါသည်။ သို့ရာတွင် သုံးယောက်သာ ရှိသည်မို့ တခြား ထမင်းဝိုင်းများ လိုတော့ ဆည်း လည်းသံ တညံညံမကြားရတတ်ချေ။

ပင်ကိုက အလိုက်မသိတတ်ခြင်း၊ အချက်အပြုတ်ကို လုံး၀ စိတ်မဝင်စားခြင်းနှင့် အမေကလည်း တကူးတက သင်မပေး ခြင်းတို့ကြောင့် ကျွန်တော်သည် ဘယ်ဟင်းကိုမျှ မချက်တတ်ခဲ့ ပါ။ အမေသည် ကျွန်တော့် အား တစ်ခါဖူးမျှ ဟင်းချက်မသင်ပေးခဲ့သလို ကျွန်တော်ကလည်း တစ်ခါဖူးမျှပင် စမ်း၍ ချက်မကြည့်ခဲ့ချေ။ ထမင်းဟင်းချက်ခြင်းသည် ယောက်ျားလေးများနှင့် မဆိုင်သော အလုပ်တစ်ခုသာ ဖြစ်သည်ဟု ကျွန်တော်အမြဲခံယူ၏။ ပိုက်ဆံရှိသရွေ့၊ စားသောက်ဆိုင်များ ရှိနေသရွေ့ ကျွန်တော် မပူပါ။ ဆိုင်ရှိ ရာကိုသာ အပင်ပန်းခံရောက်အောင် သွားမည်၊ ဟင်းကိုတော့ အပင်ပန်းခံ ချက်ပြုတ် မစားချင်ပေ။  အများသူငါက ‘ဟင်းချက်သင်ပါလား’ ဟု တိုက်တွန်းလျှင် ကျွန်တော်ကား တူးတူးခါးခါးသာ။

ဟင်းချက်အလွန်ကောင်းသော အမေ၏သားဖြစ်လျက်နှင့် ကျွန်တော် သည် အချက်အပြုတ်နှင့် ပတ်သက် လျှင် နလပိန်းတုံးသာ ဖြစ်ပါသည်။ မရှက်မကြောက် ဝန်ခံရပါလျှင်  ‘ဆီသတ် သည်၊ ကြက်သွန်ဖြူ ဓားပြား ရိုက်သည်’ ဆိုသည်မှာ ဘာကိုခေါ်မှန်း ပင် မသိခဲ့သည်အထိဖြစ်ပါ၏။ ကျွန်တော် ရှော်ပုံများပြောရလျှင် ကျွန် တော် ငယ်စဉ်က (သိပ်တော့ငယ်တော့ မည်မထင်ပါ) အမေက ကျွန်တော့်အား ဈေးတွင် ဝက်သားသွားဝယ်ခိုင်းရာ အမဲသားနှင့်မှားပြီး ဝယ်လာခဲ့သည်။ အမေပြောလိုက်သည့် ဈေးထက် ကိုယ် ဝယ်ခဲ့တဲ့ဈေးက သက်သာနေသည်ကို လည်း သတိမထားမိဘဲ “ဒီဆိုင်အတော် သက်သာသားပဲ” ဟု ပင် တွေးမိခဲ့သေး တော့သည်။ အမေကတော့ “အမလေး တော်...” ဟုသာ ညည်းရှာသော်လည်း ကျွန်တော့်မှာ အများသူငါ ဟားစရာ သတ္တဝါဖြစ်ရပါတော့သည်။

သည်လိုနှင့် ရပ်ဝေးမြေမှာ ပညာရှာဖို့ ကျွန်တော်ရောက်လာ ခဲ့ခြင်းသည် ကိုယ့်အမူအကျင့်ကိုယ် ပြင်ဖို့လည်း ဖြစ်လာခဲ့သည်ဟု ဆိုနိုင်ပါသည်။ နိုင်ငံခြားသို့ ရောက် လာသည့်နောက် ကျွန်တော် သဘော ပေါက်သွားသည့် အချက် တစ်ခုမှာ ‘မြန်မာအစားအစာ ဟင်းလျာများ၊ ရိုးရာမုန့်များသည် ကမ္ဘာ့ အကောင်းဆုံး ဟင်းလျာများထဲတွင် တစ်ခုအပါအဝင်’ ရယ်လို့ပဲ ဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် စားကောင်းသောက်ဖွယ် ဆိုသည်မှာ၊ အရသာခြောက်ပါး ဆိုသည်မှာ ဘာမှန်းမသိသည့် လူမျိုးတွေ ကမ္ဘာပေါ်မှာ ရှိပါသေးလားဟု ကျွန်တော့်မှာ အံ့ဩရပါသည်။အရသာကို လျှာပေါ်တွင် ဘယ်လို ခံစားရသလဲ သူတို့မသိကြသည်မှာ ကျွန်တော် အလွန်ပြောခြင်းမဟုတ်ပါ။ သူတို့က  ကောင်းလှပါသည်ဆိုသည့် အစားအစာများထက် မြန်မာ ဟင်းလျာများက အဆတစ်ရာ၊ တစ်ထောင်မက သာသည်ဟု ကျွန်တော်ပြောလျှင် ကဲသည်မထင် စေလိုပါ။ တကယ်ကိုပဲ နိုင်ငံခြား ရောက်မှ မြန်မာ့အစားအစာတွေရဲ့ တန်ဖိုးကိုသိခြင်းဖြစ်သည်။

ဒါက အကြောင်းမဟုတ်။ အကြောင်းက အစားကောင်းကိုမှ ကြိုက်သည့် ကျွန်တော် ဒုက္ခရောက် သည်။ ဒီကအစား အစာတွေ ဘယ်လိုမှ မစားနိုင်၊ “လည်ချောင်းကိုမြေလှန်၊ ဂလုံဆန်အောင်၊ စုန်ကန်မျှောရတယ်” ဆိုသည့် ဦးပုည အရေးအသားသည် ထမင်းစားမကောင်းသည့် အခါများ တွင် အထူးသတိရစရာ။ ထိုအခါ မြန်မာထမင်း ဟင်းလျာများ၊ အထူး သဖြင့် အမေ့လက်ရာများကို လွမ်း ဆွတ်တော့သည်။

ကျွန်တော့်မှာ ဖြေရှင်းစရာနည်း လမ်းဆို၍ ကိုယ့်ဟာကိုယ်ချက်စားဖို့ သာရှိပါတော့သည်။ ကျွန်တော် ဟင်းချက် သင်ဖို့ဆုံးဖြတ်လိုက်သည်။ ကျောင်းမှာသင်နေရသည့် ဘာသာ ရပ်များအပြင် အချက်အပြုတ် ဘာသာရပ်ကို ကိုယ့်ဟာကိုယ် ထည့်သွင်းပြဋ္ဌာန်းလိုက်သည်။ ကိုယ်နှင့်ကျောင်းနေဖက် မြန်မာ ကျောင်းသားတို့မှာ ကျွန်တော်၏ အချက်အပြုတ် ပါမောက္ခများ ဖြစ်လာကြသည်။ မြန်မာတစ်ယောက်သည် အသက် ၂၈ နှစ် ရှိခါမှ မြန်မာဟင်းချက်နည်းကို မြန်မာနိုင်ငံပြင်ပတွင် သင်ယူ ဖြစ် တော့သည်။

နိုင်ငံရပ်ခြားရောက်လာခြင်းဖြင့် ကျွန်တော့်တွင် အကျိုးကျေးဇူးသုံးခု ရှိလာပါသည်။ ထမင်းဟင်းချက်ချင် စိတ် ပေါက်လာခြင်း၊ ချက်လည်း ချက်တတ်လာခြင်းနှင့် အစပ်စားနိုင်လာ ခြင်းတို့ဖြစ်ပါသည်။ မြန်မာ့လူ့အဖွဲ့ အစည်းတွင် ယောက်ျားသားအများစု ဟင်းမချက်သည့်အကျင့်ကို ပြင်ဖို့လိုမည်ဟု ကျွန်တော်ထင်ပါသည်။ ယနေ့ခေတ်တွင် ယောက်ျားရော မိန်းမပါ အလုပ်လုပ်ကြရသည်ဖြစ်ရာ ယောက်ျားတို့အနေ ဖြင့် မီးဖိုချောင် ကိစ္စတွင် တာဝန်တလှည့်ယူ ပေးခြင်း ဖြင့် မိန်းမသားများအား ကူညီရာ ရောက်ပါသည်။ ဒါ့အပြင် ဟင်းချက်တတ်ခြင်းဖြင့် သူများကိုလဲ အားကိုးစရာမလိုဘဲ ကိုယ့်စိတ်တိုင်းကျလည်း စားနိုင်သည် မဟုတ်ပါလား။

မည်သူ့ အကူအညီမှမပါဘဲ ပထမ ဆုံးအကြိမ် ကိုယ့်ဟာကိုယ် စမ်းချက် ကြည့်သည့်နေ့က ကျွန်တော် တစ်ကိုယ်လုံး ကြက်သီးများပင် ထမိ ပါသည်။ တစ်နေ့တွင် ကိုယ်ကိုယ်တိုင် ဖွယ်ဖွယ်ရာရာ ချက်ပြုတ်စား ဖြစ်လိမ့် မည်ဟု အိပ်မက်ပင် မမက်ဖူးခဲ့။ ကျွန်တော် ဟင်းချက်နေစဉ် ပထမ ဆုံး သတိရမည့်သူကို အထူး ပြောစရာ လိုမည်မဟုတ်ပါ။ အခေါက်ပေါင်း မရေမတွက်နိုင်အောင် ချက်ပြုတ် ကျွေးမွေးခဲ့သော အမေကလွဲ၍ ဘယ်သူ ရှိပါဦးမလဲ။ အမေ့ကိုယ်လက်တို့တွင် စွဲနေတတ်သော ကြက်သွန်နီနံ့သည် ယခု ကျွန်တော့်လက်မှာပါ စွဲငြိချေပြီ။ ဟင်းချက်ရင်း မျက်စိစပ်၍ အမေငို ခဲ့ရသလို အခု ကျွန်တော်လည်း ငိုရပြီ။ “ဒီနေ့ ဘာချက်ရမှန်း မသိပါဘူး” ဟု အမေ့လိုပင် ကျွန်တော်လည်း ညည်းတွား မိတတ်ပြီ။ ထမင်းကျန် ဟင်းကျန်များ ကိုလည်း အရင်လို လက်လွတ်စပယ် မပစ်တော့ဘဲ နှမြောတသ တတ်ပြီ။

ယခင်က အမေက သူချက်သည့် ဟင်း ကျွန်တော်တို့ သားအဖစားတာကို ကြည့်ရင်း ပီတိဖြာခဲ့ဖူးသည်။ သည် တစ်ခါတော့ ကျွန်တော်က ကျွန်တော်ကိုယ်တိုင်ချက်သည့် ဟင်း အဖေနှင့်အမေ စားတာကို ကြည့် ရင်း ပီတိနှင့် ဗိုက်ဝချင်ပါသည်။ အမေသည် သူ၏သားချက်ကျွေးသော ဟင်းကို စားရလိမ့်မည်ဟု တစ်ခါမျှ မျှော်လင့်ဖူးမည် မထင်ပါ။ သူကလည်း “ချက်ကျွေးပါ”ဟု တစ်ခါမျှ မတောင်းဆိုခဲ့ဖူး။ အမေအံ့ဩသွား အောင် လုပ်ပြချင်ပါသည်။

ယခုတော့ အဆိုပါနေ့ကိုရောက်ဖို့ လက်ကျန်ရက်များအား ရေတွက်ရုံသာ ရှိပါသည်။ မိသားစုသုံးဦးပြန်ဆုံ ချိန်အထိ သုံးဦးစလုံး အသက်နှင့်ခန္ဓာကိုယ် မြဲနေကြဦးမည်ဆိုလျှင်တော့ သုံးယောက်စလုံးဘဝတွင် တစ်ခါမျှ မစားဖူးသေးသော ထမင်းဝိုင်းတစ်ဝိုင်းနှင့် ကြုံခွင့်ရပါလိမ့်ဦးမည်။ ဒီတကြိမ် အိုးသူကြီးကတော့ ကျွန်တော်ပေါ့။ 

Comments

  1. It is a good article. I wish you and your parents would have a meal together very soon. From the point of my view, having a meal with parents is not only having food but also taking their knowledge, loving kindness and learning lessons in their life, etc...
    I also have eaten many times at your house. Even me, I really like your mother' cooking style.By the way, how about having a meal with friends at north okkalapa(my house)? when we are ytu students, you, aye m m , ye w, james and me were eating together! After that, we had a chat for long time! Please also write a article for that. AUNGHTAKE

    ReplyDelete
  2. your writing is very simple here but it makes scene a lot. everyone likes his/her native food much. here you talk not only about food but also MOTHER and Family. Normally Girls and Women (our mum, aunt and sis) sacrifice a lot for their beloved men (father, son, and husband) and family. thank you for sharing your life experience.

    ReplyDelete
  3. ဆရာရေးသားဖော်ပြတဲ့ ကျနော်တည်ခင်းချင်သောထမင်းဝိုင်းကလေး ဆိုတဲ့ ရသစာပေကိုဖတ်ပြီး အရမ်းသဘောကျတယ်။ ကျနော့်ဖြစ်စဉ်နဲ့ တိုက်ဆိုင်လိုက်တာလို့လည်း တွေးမိတယ်။ ကျနော်က အရေးအခင်းကြီး မဖြစ်ခင်ကတည်း နိုင်ငံခြားထွက်လာတာဆိုတော့ အနှစ် ၂၀ ကျော်သွား ပြီပေါ့။ ကျနော်ငယ်စဉ်အချိန်တုံးက သင်္ဘောသားရူးခေတ်ထချိန် သူများကားလေးတ၀ီဝီစီးတာ အားကျတယ်။ သူများစီနိုင်ရင် ငါလည်း စီး နိုင်အောင်ကြိုးစားမယ်ဆိုပြီး နိုင်ငံခြားထွက်လာဖြစ်တာ။ အမေ့ရဲ့ ပံ့ပိုး အားပေးမှုလည်း ပါလို့ပါ။
    ထမင်းဝိုင်းလေးအကြောင်းဆိုလို့ ဆရာ့ခံယူချက်နဲ့ကျနော်ခံယူချက် တူနေတာကို ပြောချင်လို့ပါ။ ကျနော်လည်း ထမင်း ဟင်းချက်တာ မိန်းမတွေရဲ့အလုပ်လို့ပဲ ခံယူထားမိလို့လေ။ အမေ့က ဈေးကပြန်လာရင် ၀ိုင်းကူညီလုပ်ပေးဖို့ ခေါ်တယ်။ အဲဒီတုန်းက ကျနော်က ထမင်း ဟင်းချက်တာ မိန်မတွေရဲ့အလုပ်ပါဗျာလို့ ပြောလိုက်မိတယ်။ အဲဒီတော့ အမေက ဟဲ့ နင်တယောက်ထဲနေတဲ့အခါကျတော့ ချက်တတ်ပြုတ်တတ် တာ မကောင်းဘူးလားလို့ ဂရုဏာဒေါသောနဲ့ပြောတယ်။ ကျနော်လည်း နေ့စဉ် အမေတယောက်ထဲချက်ပြုတ်နေရတာကိုသနားပြီး အမေ့ကို ကူညီလုပ်ကိုင်ပေးခဲ့တယ်။ နောက်တခု ဆရာပြောသလိုပဲ နောက်တနေ့ဘာဟင်းချက်ရင်ကောင်းမလဲဆိုတာ အမေအမြဲတွေးပြီး ညည်းတယ်လေ။ ဒါပေမယ့် အဲဒီမှာ ကျနော် ဆရာ့ထက်သာတာတခုကို ကြွားချင်တယ်။ ကျနော်က အမေဈေးသွားတဲ့အခါ ဈေးခြင်းတောင်းကိုင် လိုက်ပြီး ကူသယ်ပေးခဲ့တယ်။ (ဈေးထဲမှာ စားချင်တာလေးတွေပူဆာရ လို့လေ) ဈေးထဲမှာ တ၀ဲလယ်လယ်နဲ့ ဘာဝယ်ချက်ရပါ့မလဲလို့ အမေအမြဲစဉ်းစားပြီး ညည်းတယ်။ နေ့တဓူဝ ဟင်းမထပ်အောင်ချက်ရတဲ့ ပညာ မလွယ်ဘူးဆိုတာ ကိုယ်နိုင်ငံခြားမှာ တကိုယ်တည်းနေလာတော့မှ အမေ့ခံစားချက်ကို နားလည်လာတယ်။ အမေ့ကို ပိုပြီးတော့သနားမိ တယ်။ အိမ်ကိုဖုန်းဆက်တိုင်း အမေ့ကို ကျေးဇူးတင်ကြောင်း အမြဲပြောရ တယ်။
    နိုင်ငံခြားမှာအနေကြာလာတော့ ဒီကအစားအစာတွေကိုလည်း ရံဖန်ရံခါတော့ စားမိပါတယ်။ ဒါပေမယ့် ကိုယ့်မြန်မာအစားအစာ လောက်တော့ ခံတွင်းမတွေ့တာအမှန်ပဲ။ အပြင်မှာဝယ်စားဖြစ်တဲ့အခါ ဒီကိုရောက်နေတဲ့ အေးရှားသားတွေရဲ့ဆိုင်ကို ခြေလှမ်းမိတာက များပါတယ်။ အနောက်နိုင်ငံသားတွေရဲ့အစားအသောက်က စားချင်စဖွယ်ဖြစ်ပေမယ့် ဈေးကလည်းကြီး၊ အရသာကလည်း ကိုယ့်ပါးစပ်နဲ့မတွေ့တော့ မစားဖြစ်သလောက်ပဲ။ ခရီးသွားတဲ့အခါမျိုး မှာတော့ မဖြစ်မနေစားမိပါတယ်၊
    အော် ဒါနဲ့စကားမစပ် ဆရာဆန္ဒပြည့်သွားပြီလား။ ဆရာ တည်ခင်းချင်တဲ့ ထမင်းဝိုင်းကလေး အထမြောက်သွားပြီလား။ ကျနော်လည်း ဒီတခေါက် ပြန်ဖြစ်ရင်တော့ ဆရာ့လိုပဲ ကိုယ်တိုင်ချက်ထမင်းဝိုင်းလေးတခုဖြစ် အောင်ဖန်တီးမယ်။

    လေးစားလျက်ပါ။

    ReplyDelete

Post a Comment

စာဖတ်သူတို့၏ သဘောထားမှတ်ချက်များကို ကြိုဆိုပါသည်။ စာတစ်ပုဒ်ချင်းစီအလိုက် သင်တို့၏ထင်မြင်ယူဆချက်များ၊ အတွေးပေါ်မိသည်များကို လွတ်လွတ်လပ်လပ် ရေးသားနိုင်ပါသည်။

ဝေယံဘုန်း

အဖတ်အများဆုံး

အာရှ ယဉ်ကျေးမှုတန်ဖိုးများနှင့် အစိမ်းရောင်မူဝါဒ နိုင်ငံရေး - ဗုဒ္ဓဝါဒရှုထောင့်မှချဉ်းကပ်ခြင်း

 နိဒါန်း အာရှသား အစိမ်းရောင်သမားတွေဟာ အနောက်တိုင်းသား အစိမ်းရောင်သမားတွေရဲ့ စဉ်းစားကြံစည် လုပ်ကိုင်ပုံတွေကို ပုံတူကူးရုံပဲဆိုရင်တော့ အာရှတိုက်မှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒ နိုင်ငံရေးဟာ ကျရှုံးမှာပါပဲ။ ရှေ့မှာလည်း နမူနာတွေရှိထားပါတယ်။ ဒေသတွင်းနိုင်ငံတွေမှာတွေ့ရတဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်နဲ့ ဆိုရှယ်လစ်မူဝါဒရေးရာတွေကို ကြည့်ရင်လည်း ရလဒ်တွေဆိုးရွားလေ့ရှိတာ မြင်ရမှာပါ။ ကျွန်တော်တို့အာရှမှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒအားပြုနိုင်ငံရေးကို အနှစ်အသား ပြည့်ပြည့်နဲ့ အောင်မြင်တာ မြင်ချင်တယ်ဆိုလို့ရှိရင်တော့ လုပ်ရမှာက သီးခြား အစိမ်းရောင်အယူအဆတွေနဲ့ အလေးအနက်ထား ပေါင်းစပ်ဖို့အတွက် အာရှရဲ့ ယဉ်ကျေးမှုဇာစ်မြစ်တွေထဲက သင့်လျော်မယ့် အစိတ်အပိုင်းတွေကို စေ့စေ့စပ်စပ် လိုက်ရှာဖွေဖို့ပဲဖြစ်ပါတယ်။ ဒီ ဆောင်းပါးမှာဆွေးနွေးမှာကတော့ အာရှရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို ဘာဖြစ်လို့ ပစ်ပယ်လို့မရဘူးလဲဆိုတာ၊ အဲဒီ တန်ဖိုးတွေက ဘာတွေလဲ ဆိုတာ၊ အာရှတိုက်မှာရော အာရှတိုက်ကြီးအတွက်ရော သီးခြားအသွင်ဆောင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖန်တီးရာမှာ အဲဒီတန်ဖိုးတွေက ဘယ်လိုအကူအညီဖြစ်မလဲဆိုတာတွေပဲဖြစ်ပါတယ်။  အခုဆောင်းပါး...

မယ်လွင့်၏ဝတ္ထုတပုဒ်တွင်တွေ့ရသော အပြာနှင့် အနုပညာကြားမှ နယ်ခြားမျဉ်း

မယ်လွင့်ဆိုတဲ့ အမျိုးသမီးကလောင် လူငယ်စာဖတ်ပရိသတ်ကြားမှာ နာမည်အတော်ကြီးပေမဲ့ တော်တော်နဲ့ မဖတ်ဖူးခဲ့ပါဘူး။ ကိုဉာဏ်လင်းအောင်ရဲ့ ‘ငါတို့ခေတ် ငါတို့အသံ’ အင်တာဗျူးမှာ မယ်လွင့်နဲ့အမေးအဖြေကို ဖတ်ပြီးတဲ့နောက်မှ သူ့စာအုပ်တွေ ရသလောက် ရှာဖွေပြီး ဖတ်ရှုဖြစ်ပါတယ်။ ခုဆိုရင် Psychopath ကလွဲရင် ကျန်တာ အားလုံးဖတ်ပြီးပြီလို့ ဆိုရပါမယ်။  ခုစာစုက မယ်လွင့် စာပေဝေဖန်ရေးမဟုတ်သလို မယ်လွင့် ပရိုမိုးရှင်းလည်း မဟုတ်ဘူးဆိုတာ ကြိုတင် စကားခံချင်ပါတယ်။ သူ့စာအုပ်တွေ အားလုံးနီးပါးဖတ်ပြီးတဲ့နောက် မယ်လွင့်ဟာ မယ်လွင့်ပါပဲ လို့ ဆိုရမလောက် မြန်မာပြည်မှာတော့ သူနဲ့ခေတ်ပြိုင်တွေထဲမှာ သူ့ကိုယ်ပိုင်ဟန်၊ သူ့ကိုယ်ပိုင် identity တခုကို တည်ဆောက်ပြီးတဲ့ စာရေးဆရာမဆိုတာ သူ့ပရိသတ်တွေရော၊ လေ့လာဖတ်ရှုဖူးသူတွေပါ လက်ခံမယ်ဆိုတာ ယုံပါတယ်။ ခုပြောမယ့်ဟာက ကျနော့်ရဲ့ ကိုယ်ပိုင် အတွေးအမြင်သာဖြစ်ပြီး စာရှုသူအနေနဲ့ လွတ်လပ်စွာ သဘောကွဲလွဲနိုင်ပါတယ်။  ခု စာစုက မယ်လွင့်ရဲ့ Midnight Blue ဆိုတဲ့ ဝတ္ထုတိုစုစည်းမှု စာအုပ်ထဲမှာပါတဲ့ ပထမဆုံး အပုဒ် ‘ဟိုဘက်ခန်းက မိန်းမ’ ဆိုတဲ့ ဝတ္ထုတိုလေး တပုဒ်ကို ဆွေးနွေးချင်လို့ပါ။ မယ်လွင့်ရဲ့ တခြား ဝတ္ထုတို/ရှည်တွေက...

ဟားခါးသို့ လေးဆယ့်ရှစ်နာရီ

မန္တလေးမုံရွာကားလမ်းမထက် ဟားခါး-မန်း မှန်လုံယာဉ်ငယ်သည် ခရီးသည် ၂၂ ဦးကို တင်ဆောင်ရင်း တအိအိပြေး လျက်ရှိသည်။ ကားတွင်ကုန်ကအပြည့်။ သွားနှုန်းကလည်း နှေးလွန်းလှသည်။ ကျွန်တော်သည် မအိပ်ချင်အောင် သတိထား၍ လမ်းဘေးဝဲယာ မြင်ကွင်းများကို ကြည့်ရှုရင်း လိုက်ပါလာခဲ့၏။ အညာရှုခင်းသည် ခြောက်သယောင်း လွန်းလှသည်။ ကားတစ်စီးလုံးတွင် ယာဉ်မောင်းနှင့် စပယ်ယာကအစ အားလုံးနီးပါး ချင်းအမျိုးသားချည်း။ ဗမာဆိုလို့ ကျွန်တော်ပါမှ လေးဦးသာ။ ခရီးသည်အားလုံးက လိပ်လိုသွားနေသည့် ကားကို စိတ်မရှည် ချင်ကြ။ ဒီပုံစံနဲ့ဆို နောက်နေ့ ဟားခါး အရောက်နောက်ကျပြီ။ ခရီးစဉ်စကတည်းက နိမိတ်ကသိပ်မကောင်း။ မြင်းမူနားမှာ ကားတစ်စီးနှင့် တိုက်မိမလိုဖြစ်သည်။ ယာဉ်မောင်းက အသက်ကြီးကြီး၊ အတွေ့အကြုံရှိမည့်ပုံ ဆိုပေမယ့် သူမောင်းနေပုံက သိပ်အားရချင်စရာ မကောင်း။ ချောင်းဦး-ပခုက္ကူလမ်းခွဲ ရောက်တော့ ညနေစောင်းပြီ။ ချင်းတွင်းမြစ်ကူး ဆင်ဖြူ ရှင်တံတားကိုဖြတ်ပြီး မကွေးတိုင်းကို ဝင်သည်။ နေဝင်ရီတရောမှာ တောင်ယမားသဲချောင်းကိုဖြတ်သည်။ မိုးတွင်းကျ ဒီလမ်းကမသွားဘဲ မုံရွာဘက်က ပတ်သွားသည်ဟုသိရသည်။ သို့နှင့် ကင်းဝန်မင်းကြီးဇာတိ မင်းတိုင်ပင်ရွာ၊ ပုလဲမြို့တို့ကို အသီးသီး ဖြတ်ကျော...

ရေးသူဖတ်သူ ထုတ်ဝေသူတို့ရဲ့ အခက်အခဲတွေနဲ့ နှေးကွေးလာတဲ့ ရသစာပေရေစီး

ဟိုတစ်လောက စာရေးဆရာမ နုနုရည် (အင်း၀) ရဲ့ ပြုံး၍လည်း ကန်တော့ခံတော်မူပါ၊ ရယ်၍လည်းကန်တော့ခံတော်မူပါ ဆိုတဲ့ ပင်ကိုရေးဝတ္ထုစာအုပ်ကို အဲဒီနှစ်ကမှ စတင်ချီးမြှင့်တဲ့ အာရှစာပေဆု (Man Asian Literary Prize) အတွက် ပဏာမစာရင်း တင်သွင်း လိုက်တယ်ဆိုတဲ့ သတင်းဟာ ဂန္ထဝင်မြောက်တဲ့ ပင်ကိုရေး ရသဝတ္ထုရှည် စာအုပ်တွေ အသစ်ထပ် မထွက်တာ ကြာပြီဖြစ်တဲ့ မြန်မာ့ရသ စာပေလောက ရေမျက်နှာပြင်ထက်မှာ ပလုံစီလေးတစ်လုံး ထပွက်သွားသလိုပါပဲ။ (မှတ်ချက်။ ဤဆောင်းပါးရေးစဉ်က ၂၀၀၇ ခုနှစ်ဖြစ်ပါသည်။ နုနုရည် (အင်း၀) ၏ စာအုပ် ဆန်ကာတင်စာရင်းမှာပါသည့် သတင်းထွက်လာပြီး မရှေးမနှောင်းအချိန် ဖြစ်သည်။ Man Asian Literary Prize သည် နိုဘဲလ်စာပေဆုလို တစ်ကမ္ဘာလုံးရှိ စာရေးဆရာများထဲမှ ရွေးချယ်ခြင်း မဟုတ်ဘဲ အာရှတိုက်သား စာရေးဆရာများအတွက် သီးသန့် ချီးမြှင့်သည့် ဆု ဖြစ်သည်။) ခုချိန်မှာငြိမ်သက်နေတဲ့ မြန်မာ့ရသစာပေလောကဟာ အတိတ်က ရွှေထီးဆောင်းခဲ့ဖူးပါတယ်။ ၁၉၄၀-၇၀ ကာလမှာ စံချိန်မီဝတ္ထုတို/ရှည်တွေ လှိုင်လှိုင်ကြီး ထွက်ခဲ့ဖူးတယ်။ မြန်မာ့ဂန္ထဝင်စာရေးဆရာအများစုဟာ အဲဒီခေတ်မှာ ရှင်သန်နေထိုင်ခဲ့သူတွေ ဖြစ်တယ်။ ဒါပေမယ့်လည်း လောကရဲ့ အနိမ့်အမြင့်၊ အတက်အကျ သဘောကြောင့်ပဲလ...

Jane Eyre ဝတ္ထုကို ယဉ်ကျေးမှုမတူတဲ့ ဘာသာစကားအမျိုးမျိုးသို့ ပြန်ဆိုကြပုံများ

ဘာသာပြန်သူတွေဟာ စာပေရဲ့ ချီးကျူးမခံရတဲ့သူရဲကောင်းတွေပါ။ ဒါမှမဟုတ် မျှမျှတတပြောရရင်တော့ အသံကျယ်ကျယ် ချီးကျူးမခံရသူတွေပေါ့။ တကယ်တော့ ဘာသာပြန်သူတွေကို လုံးဝအသိအမှတ် မပြုတာတော့ မဟုတ်ပါဘူး။ နိုင်ငံတကာဘွတ်ကာဆုမှာဆိုရင် ဆုရစာအုပ်ရဲ့ စာရေးသူနဲ့ ဘာသာပြန်သူတို့ဟာ ပေါင် ၅၀,၀၀၀ ဆုကို ခွဲယူကြရပါတယ်။ စက်တင်ဘာလ ၃၀ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ ဘာသာပြန်နေ့ဖြစ်ပါတယ်။ ဒါဟာ ဘာသာပြန်ဝတ္ထုနဲ့ ကဗျာတွေကို ထုတ်ဝေတဲ့ စာအုပ်တိုက်သေးသေးလေးတွေအတွက် အောင်ပွဲခံဖို့အခွင့်ဖြစ်သလို အွန်လိုင်းဘာသာပြန်နဲ့တကွ အရင်ကထက် ပိုမိုအရေးပါလာပြီဖြစ်တဲ့ လူသားဘာသာပြန်ဆရာတွေရဲ့ အခန်းကဏ္ဍအတွက်ပါ လက်ခုပ် တီးဖို့ ပါပဲ။ ဒါပေမဲ့လည်း ဘာသာပြန်ခြင်းဆိုတာဟာ ယဉ်ကျေးမှုရဲ့ စက်အင်ဂျင်တစ်ခုဆိုတာကို မမေ့ကြဖို့ပါ။ ဂန္ထဝင်မြောက် စာပေလက်ရောက်တွေပဲဖြစ်ဖြစ်၊ ခေတ်ပေါ် ဘတ်ဆဲလားစာအုပ်တွေပဲဖြစ်ဖြစ် မူရင်း ရေးတဲ့ ဘာသာစကားထက် ဘာသာပြန်လိုက်မှ လူပိုသိ ပိုဖတ်ဖြစ်တာမျိုးပါ။ ဥပမာ ဆိုပါတော့ ရှားလော့ ဘရွန်တီရဲ့ ဂျိန်းအဲရ် (Jane Eyre) ဆိုရင် ဘာသာစကား ၅၇ မျိုးကို အနည်းဆုံး ၅၉၃ ကြိမ် ပြန်ဆိုပြီးပါပြီ။ ဒါဟာ ကျွန်တော်တို့ Jane Eyre အပေါ် ဘယ်လိုမြင်သလဲဆိုတာကို ပြောင်...