Skip to main content

Posts

Showing posts from June, 2010

မမှောင်သောည

မုန်တိုင်းမလာခင် ဆိတ်ငြိမ်မှုမျိုးနဲ့ ခန်းမဆောင်ဟာ အေးတိအေးစက်။ အဆက်မပြတ်ထွက်နေတဲ့ တခေါခေါ ဟောက်သံတို့က နားထဲကို အတင်းထိုးဖောက်ဝင်ရောက်လျက်။ ခန္ဓာကိုယ်တစ်ခုလုံး ချွေးအိုင်ထဲမှာ ...   ကယောင်ခြောက်ခြား ဖြစ်နေတဲ့စိတ်အစဉ်ကြောင့် ဘာကိုမှ သဲသဲကွဲကွဲ မမြင်ရဘူး။ ကျီးကန်းတောင်းမှောက် လျှောက်ကြည့်နေတဲ့ မျက်လုံးများက ကညင်ဆီမီးတိုင်တို့ရဲ့ မသဲမကွဲ အလင်းရောင်ကို လက်ခံယူလိုက်တယ်။ မီးတောက်တွေက နှေးကွေးဖျော့တော့စွာ တောက်လောင်လျက်။ အပြင်မှာတော့ အမှောင်ထုကသာ ကြီးစိုးမင်းမူလျက်။ အိပ်မက်ထဲကနေ နိုးထလာခဲ့တာ ဘာမှမကြာသေးဘူး။ ဒါပေမဲ့ အပြင်လောကအထိ ဒီအိပ်မက်ဟာ အရိပ်လို မနားတမ်းကပ်လိုက်နေဆဲ။

ကျွန်တော်တည်ခင်းချင်သော ထမင်းဝိုင်းကလေး

ဒေဝါအမ္ဗုန်အရှင်သည် အငြိုးတကြီးဖြင့် မိုးစက်မိုးပေါက် များကို အရှိန်ပြင်းပြင်းလွှတ်ချလို့ နေပါသည်။ ထက်ကောင်းကင် အဇဋာကတော့ မည်းမှောင်လို့။ ‘အတိတ် ကိုလည်းမပြန်နှင့်၊ အနာဂတ်ကိုလည်း မကြံနှင့်’ ဟူ၍ ပစ္စုပ္ပန် မှာသာနေရန် ပညာရှိကဝိတို့ ဆုံးမကြသော်ငြား မိုးသံ တဖြောက်ဖြောက်သည် အတိတ်ကို မပြန်ဘဲ မနေနိုင်အောင် ကျွန်တော့်စိတ်ကို ဆွတ်ချူနေပါသည်။ သရုပ်ဖော် - သိန်းထွန်းဦး တောင်တောင်အီအီ အတွေးနယ်ချဲ့မိနေစဉ် တည်ထားသည့် ဟင်းအိုးဆီမှ တူးနံ့အနည်းငယ်ရလာသဖြင့် ကမန်းကတန်း ထတည့်၍ အမြန်ပြေးပြီး မီးဖိုပေါ်မှ ပြေးချရပြန်ပါသည်။ အနည်းငယ် ကပ်သွားသည်မှ လွဲ၍ ဟင်းသည် စားဖို့ရန် အနေတော်လေး ဖြစ်ပါသည်။ ဟင်းနံ့ မွှေးမွှေးကြောင့် ကျွန်တော့်ဗိုက်မှာ ပိုလို့ပင်ဆန္ဒ ပြလာပါသည်။ သို့သော် ကျွန်တော့်မှာ ချက်ချင်း မစားနိုင်သေး။ ထမင်းနှင့်ဟင်းကိုကြည့်ရင်း ခေတ္တခဏထိုင်ကာ အမောဖြေရင်း စောစောက အတွေးစကို ပြန်ဆက်နေ မိလေသည်။ ကျွန်တော်တို့မိသားစုတွင် အဖေ၊ အမေနှင့် ကျွန်တော် သုံးဦးသာ ရှိလေသည်။ တစ်ဦးတည်းသောသား ဖြစ်ရ ခြင်းအတွက် ကံကောင်းသည်လား မကောင်းသည်လား ကျွန်တော့်တွင် ဝိဝါဒကွဲစရာ ချည်ခင်အစရှိပါသော် လည်း သားတစ်ယောက်သာ မွေးမိသည့်အတွက်...