Skip to main content

Posts

Showing posts from May, 2009

တစ်ခါတုန်းကရန်ကုန်မှာ

ဂျက်ဖ် ပီးယာ့စ် (Jeff Pearce) သည် ကနေဒါနိုင်ငံသား သတင်းစာဆရာ၊ ဝတ္ထုရေးဆရာ၊ ပြဇာတ်နှင့်ဇာတ်ညွှန်းစသည့် အခြား စာပေပုံသဏ္ဌာန် အမျိုးမျိုး ကို ရေးသားသူဖြစ်သည်။ သတင်းစာပညာ၊ ပြည်သူ့ဆက်ဆံရေး၊ ဒီဇိုင်းနှင့် ရေဒီယိုနှင့်ရုပ်သံလွှင့် ဘာသာရပ် များဖြင့် ကျောင်းဆင်းခဲ့ပြီး သတင်း ကဏ္ဍ တွင် စတင် လုပ်ကိုင်ခဲ့သည်။ ကနေဒီးယန်းပရက်စ်၊ လန်ဒန်နှင့် အခြား စီအင်ဘီစီယူ ရုပ်သံရုံးခွဲများအတွက် သတင်းရေးသားခြင်း၊ သတင်း ထုတ်လွှင့်ခြင်းများ လုပ်ကိုင်ခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် မြန်မာနိုင်ငံသို့ လာရောက်၍ မြန်မာတိုင်း(မ်) ဂျာနယ်၏ သတင်းထောက်သင်တန်းတွင် သုံးလတာ သတင်းစာပညာ လာရောက် ပို့ချခဲ့သည်။ ကနေဒါ၊ ယူကေနှင့် ယူအက်စ်နိုင်ငံတို့တွင် စာအုပ်ပေါင်း ၁၃ အုပ် ယခုအထိ ထုတ်ဝေပြီး ဖြစ်သည်။ "Yangon and the Enlightened Puppets" ဟု အမည်ပေးထားသည့် ယခုဝတ္ထုတိုမှာ မြန်မာနိုင်ငံမှ ပြန်သွားပြီးနောက်ပိုင်း ဥရောပနှင့်အမေရိကရှိ ကလေးများအတွက် ထုတ်ဝေမည့် စာအုပ်တစ်အုပ်အတွက် ရည်ရွယ်ရေးသားခြင်းဖြစ်သည်။ ယခုဘာသာပြန်ကို စံပယ်ဖြူမဂ္ဂဇင်းတွင် ပုံနှိပ်ဖော်ပြရန်စီစဉ်ခဲ့သော်လည်း စာပေစိစစ်ရေးက ခွင့်မပြုခဲ့ပါ။ အရှေ့တိုင်းကအာရှတိုက်မှာ မြ...

မပေါက်ကြားစေချင်သောကိစ္စများ

အဲဒီနေ့က ကိုရွှေမိုးဟာ ဆိုင်းမဆင့်ဗုံမဆင့် ရွာချလိုက်တာကြောင့် ကျွန်တော်လည်း နီးစပ်ရာ ကော်ဖီဆိုင် လေးထဲကို အပြေးအလွှားဝင်လိုက်ရတယ်။ အိမ်ကထွက်တော့ ထီးယူလာဖို့မေ့ခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ်လည်း အပြစ်တင်မဆုံးဘူးပေါ့။ ကော်ဖီပူပူတစ်ခွက်ကိုမှာလိုက်ပြီး ချောင်ကျကျတစ်နေရာကို ရွေးလိုက်တယ်။ ပါလာတဲ့ လက်ပ်တော့ကွန်ပျူတာကို ထုတ်ပြီး လုပ်လက်စအလုပ်ကလေးတွေ လက်စသတ်ဖို့ ပြင်လိုက်တယ်။ ကျွန်တော့်စားပွဲနဲ့ နောက်ကျောချင်းကပ်စားပွဲကြားမှာ အကာအရံတစ်ခု ခြားထားတာကြောင့် အဲဒီ ဘက်မှာ ဘယ်သူထိုင်နေသလဲ ကျွန်တော်မမြင်ရပါဘူး။ ဒါပေမဲ့ ခဏနေတော့ အဲဒီ ဘက်ကနေ ဖုန်းမြည်သံလွင်လွင် ကလေးတစ်ခုပေါ်ထွက်လာပြီး အရွယ်အလတ်ပိုင်း အမျိုးသမီးတစ်ဦးရဲ့ အသံထွက်ပေါ်လာပါတော့တယ်။ သူငယ်ချင်းကောင်း ယောက်မရယ်။ နင်တို့ကလည်း နေနိုင်လိုက်တယ်ကွယ်။ ခုမှပဲဖုန်းဆက်ရသလား။ နင်နဲ့ဆိုခင်သစ်ဆွေတို့သားလေး မွေးနေ့ပွဲမှာတွေ့ ပြီးကတည်းက အဆက်အသွယ်ပြတ်နေလိုက်တာ။ ညည်းတို့က ပေါ်ကိုမလာဘူး။ ဪဪ ... အိမ်ထောင့်တာဝန်တွေ ထမ်းနေရလို့မအားဘူးဟုတ်စ။ ဟွန်း ကိုယ့် ဟာကိုယ် ထမ်းချင်လို့ ထမ်းတဲ့ တာဝန်များ၊ ခုမှ ...။ အင်း ... ဟိုတုန်းက ကလေး ဆန်ဆန် ငါ့သူငယ်ချင်း အခုတေ...

နှင်းဆီနီရောင် နန်းမြို့ရိုးနှင့် မန်းမြို့နေပြည်

“ရွှေမန်းဆီသို့ ... တစ်ခါတစ်ခေါက်ဖြင့် ရောက်စေချင်သည်။ ကျုံးတော်ပတ်လည် ပြမြို့ရိုး၊ ပြအိုးပစ္စင်၊ ကာရံကာအတည်၊ မြန်မာစံဌာနီ၊ သာယာပါပေ့သည်၊ ရေရိပ်ရေအောက်ဆီ၊ နေခြည်ဟပ်ကာ၊ အလွန် ပနံရလှသည်” ကျွန်တော့်နှုတ်က အထက်ပါသီချင်း စာသားအား ခပ်တိုးတိုးညည်းဆိုမိလျက်သားဖြစ်နေသည်။ တစ်ခုသော ဆောင်းအခါကာလ မန္တလေးမြို့သို့ ကျကျနန ရောက်စဉ်က ဖြစ်ပါသည်။ မြို့ကိုဝိုင်းပတ် ကာရံထားသည့် အရာများဖြစ်သော အရှေ့ဘက်ရှိမှိုင်းညို့ညို့ ရှမ်းရိုးမ တောင်တန်းကြီးများ၊ မြောက်ဘက်နားရှိမန္တလေးတောင်တော်၊ အနောက်ဘက်ရှိ စစ်ကိုင်းတောင်တန်းကြီးနှင့် တသွင်သွင်စီးဆင်းနေသော မြစ်ကြီးဧရာတို့ကြားမှ ကဗျာဆန်၊ စာဆန်လှသည့် ရွှေမန္တလေး၏အလှက ကျွန်တော့်ကို ဖမ်းစားသွားသည်။ မန္တလေးကို စာဆိုတို့ ဖွဲ့ခဲ့ကြသည်။ မွှမ်းခဲ့ကြသည်။ ကျွန်တော် သည် မန်းမြို့ဖွဲ့သီချင်းများ၊ ကဗျာများ၊ စာများကိုဖတ်၍ “ဟုတ်ပါ့မလား”ဟု တွေးကြည့်ခဲ့ဖူးသည်။ သံသယ ဖြစ်ခဲ့ဖူးသည်။ အခု ကိုယ်တိုင်တွေ့ပြီ။ သူတို့ အကဲမပိုကြမှန်း၊ ကျွန်တော်ကသာ “လို” သွားခဲ့မှန်း ကျွန်တော်သိခဲ့ပြီ။ ကျွန်တော်သည် ယခုမှ မြန်မာပြည်သို့ နဖူးတွေ့ဒူးတွေ့စရောက်ဖူးသူတစ်ဦးနှယ် ဖြစ်နေပါ၏။ ဆိုင်ကယ်ကိုကျွမ်...