Skip to main content

Posts

‘ဘရက်ဇစ်’ အလွန် ဗြိတိန်ပြည် (သို့မဟုတ်) နှစ်ခြမ်းကွဲနေသောနိုင်ငံ

ရောဘတ် ဖို့ဒ် နှင့် မက်သယူး ဂွတ်ဒ်ဝင်း ရောဘတ် ဖို့ဒ်သည် မန်ချက်စတာ တက္ကသိုလ်မှ နိုင်ငံရေးတက္ကသိုလ် ပါမောက္ခဖြစ်သည်။ မက်သယူး ဂွတ်ဒ်ဝင်း သည် ကင့် တက္ကသိုလ်မှ နိုင်ငံရေးဘာသာ ပါမောက္ခဖြစ်ပြီး ချန်သမ်ဟောက်စ်၏ ဧည့်စာသင်သားလည်း ဖြစ်သည်။ Revolt of the Right: Explaining Support for the Radical Right in Britain (2014) စာအုပ်၏ ပူးတွဲစာရေးသူများ ဖြစ်သည်။ ယခု ဆောင်းပါးမှာ  Journal of Democracy, Volume 28, Number 1, January 2017, pp. 17-30 (Article) မှ ဖြစ်ပါသည်။ ၂၀၁၆ ခုနှစ် ဇွန်လ ၂၃ ရက်နေ့မှာတော့ ဗြိတိန်ဟာ ဥရောပသမဂ္ဂကနေ နုတ်ထွက်မလားဆိုတာကို လူထုဆန္ဒ ခံယူခဲ့ရာမှာ ခွဲထွက်ချင်တဲ့ဘက်က ၅၂ ရာခိုင်နှုန်းနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ “ဘရက်ဇစ်” လို့ လူသိများကြတဲ့ ဗြိတိန်နုတ်ထွက်ရေးဘက်က မဲအသာနဲ့နိုင်သွားတာကြောင့် တစ်ကမ္ဘာလုံး အံ့ဩမှင်တက်ကုန်ကြပြီး ငွေကြေး ဈေးကွက်တွေလည်း လှုပ်ခတ်ခဲ့သလို ပေါ်ပြူလစ်ဝါဒနဲ့ အမျိုးသားရေးဝါဒတို့ရဲ့ စွမ်းအား၊ ဥရောပသမဂ္ဂရဲ့ ရေရှည်မှာ ဆက်လက်တည်တံ့နိုင်မှုတို့နဲ့ပတ်သက်လို့လည်း တစ်ကမ္ဘာလုံး ငြင်းခုံဆွေးနွေးမှုတွေ အသစ်တစ်ဖန် ပြန်လည်ညံခဲ့ရပြန်ပါတယ်။ ဘရက်ဇစ်အရေးကိစ္စကြောင့် အသ...

အချစ်သည်လွတ်လပ်သူဖြစ်၏

ချစ်ခြင်းသည်အတ္တနှင့်တကွ ဖြစ်ပါသလား။ သို့မဟုတ် ချစ်ခြင်းသည် အတ္တကင်းပါသလား။ မ ကတော့ ချစ်ခြင်းသည် ချုပ်နှောင်ဖို့မဟုတ်၊ လူသားကို လွတ်လပ်စေဖို့ဟု ပြောတတ်သည်။ ချစ်ခြင်းသည် ချစ်ခြင်း အတိုင်းသာရှိ၍ တခြား အရာတစ်ခုအပေါ်တွင် မှီတည်မနေသော၊ သူ့ဂုဏ်သတ္တိနှင့်သူ ရှိသော အရာဟု ဆိုတတ်လေသည်။ ကျွန်တော်ကတော့ မ ကို အတ္တကြီးသူဟု ထင်ပါသည်။ ‘အတ္တ’ဟုသာ သုံးရသော်လည်း မ၏အတ္တသည် တွေ့ရိုးတွေ့စဉ် အတ္တမျိုးမဟုတ်။ မ ၏ အတ္တသည် တွေ့ရခဲ၍ အဆင့်မြင့်သော အတ္တမျိုး ဖြစ်သည်ဟု ထင်သည်။ ထို့ကြောင့်လည်း မ သည် ကျွန်တော့်ဘေးတွင် ထာဝစဉ် ရှိပါမည်ဟု မသေချာသည့် တိုင် မ၏ပုံရိပ်သည် ကြယ်စုံသောည၌ ပြည့်ဝန်းစွာ ထွန်းလင်းလာသော လမင်းပမာ ထူးရှားထင်ရှားစွာပင် ကျွန်တော့်စိတ်ကောင်းကင်တွင် တွယ်ငြိလျက်ရှိလေသည်။ ကျွန်တော်သည် လောကကြီးကို စတင်စိတ်ဝင်စားနေသည့် လမ်းလျှောက်တတ်ခါစ ကလေးငယ် တစ်ယောက်၏ စူးစမ်းမှုမျိုးဖြင့် အချစ်ကို ရှာဖွေတွေ့ချိန်က ဖြစ်သည်။ ရင်ခုန်စိတ်လှုပ်ရှားတတ်စ နှလုံးသားတစ်ခုသည် တည်ငြိမ်ရင့်ကျက်နေသော ဆေးကျောင်းသူ မ ၏ အညှို့စက်ကွင်း (အလှစက်ကွင်း မဟုတ်ပါ) တွင် မရုန်းကန်နိုင်။ ကျွန်တော့်အရွယ်သည် လူကြီး အတင်း ဖြစ်ချင်သော ကလေးကြီး နှင့်တူပြ...

ရာဘင်ဒြာနတ် တဂိုး ၏ ကျွန်တော်မသိခဲ့သောသတို့သမီး

ကျွန်တော် အခု အသက် နှစ်ဆယ့်ခုနစ်နှစ်ရှိပါပြီ။ အခုအထိတော့ ကျွန်တော့် ဘဝသည် အောင်မြင်မှုဟူ၍လည်း မည်မည်ရရမရှိသော၊ အသက် အားဖြင့်လည်း ကြီးသောဂုဏ်ဟူ၍ မရှိသေးသော ထူးမခြားနား သာမန်ဘဝမျိုးပင် ဖြစ်ပါသည်။ သို့သော်လည်း ကျွန်တော့် အဖို့မူ ဘဝ၌ ဆုပ်ကိုင်ထားရမည့် တန်ဖိုးလေးတစ်ခုကို ရှာဖွေတွေ့ရှိထား ပါသည်။ ၎င်းသည် အသီးအဖြစ်သို့ ရင့်မှည့် လာနေသော ပန်းပွင့်လေးတစ်ပွင့်နှင့်တူပါသည်။ ထိုသို့ ဖြစ်လာခဲ့ရ ခြင်း၌ အကြောင်းရင်းရှိသည်။ ပျားပိတုန်း တစ်ကောင်နှင့် မတော်တဆ နမ်းခွင့်ရခဲ့သည့်