Skip to main content

Posts

Showing posts from October, 2020

အဝေးမှုန်လာရင် ဘာလုပ်ကြမလဲ

ချိုင့်ဝှမ်းလွင်ပြင်ကျယ်ကို စီးမိုးမြင်နေရပြီး၊ မြင့်မားသော တောင်စင်တောင်တန်းပြာများကို မျှော်ငေး ကြည့်နိုင်သော နေအိမ်လေးတစ်လုံးကို ကျွန်တော် ဝယ်လိုက်သည်။ ကျွန်တော့ အိမ်ကလေးကလည်း တောင်ကုန်းလေး တစ်ကုန်း ထိပ်မှာရှိသည်။ တောင်ကုန်းအတိုင်း အောက်ကိုခပ်စွေစွေငေးကြည့်လိုက်လျှင် တစ်ပြန့်တစ်ပြောကျယ်လှသည့် ချိုင့်ဝှမ်းလွင့်ပြင်ကြီးရှိသည်။ လယ်ကွင်းတွေရှိသည်။ တူးမြောင်းတွေ၊ ချောင်းတွေရှိသည်။ ထိုချိုင့်ဝှမ်း၏အလွန်မှာတော့ မို့မောက်မြင့်တက်သွားသည့် တောင်စဉ်တောင်တန်းတွေ။ တောင်ကုန်းထိပ်က ကျွန်တော့အိမ်ကလေးတွင် ကျွန်တော်အကြိုက်ဆုံးကတော့ တောင်စောင်းထိပ်မှာ ထိုးထားသော ဝရန်တာကလေးပဲ ဖြစ်သည်။ ထိုဝရန်တာကလေးပေါ် ကုလားထိုင်လေးတစ်လုံးချ၊ ဘေးနားမှာ စားပွဲငယ် တစ်လုံးပေါ် ကော်ဖီတစ်ခွက်ကိုတင်၊ ထိုင်ခုံမှာထိုင်ရင်း စာဖတ်ရခြင်းမှာ ကျွန်တော့နိစ္စဓူဝဖြစ်သည်။ လေက အမြဲတစေ တသုန်သုန် တဖြူးဖြူးဆော်သွေးနေသည်။ စာဖတ်ရင်းမျက်စိညောင်းသည့်အခါ မျက်စိရှေ့ သက်မဲ့ ပန်းချီကားကြီးတစ်ချပ်လုံးကို အပေါ်မှစီးမိုးကာ တစိမ့်စိမ့်ကြည့်ရင်း ကျေနပ်နေမိတတ် သည်။ ကျွန်တော်သည် စာဖတ်သည့်အခါ မျက်မှန်မလိုဘဲ အဝေးကိုကြည့်မှသာ လိုသူဖြစ်သည်။ သို့သော် ဝရန်တာ က...