Skip to main content

Posts

Showing posts from April, 2018

နွေအပူနှင့် လူ့အလို

သူရိယနေမင်းကြီးသည် မဟာပထဝီကမ္ဘာမြေကြီးနှင့်အနီးဆုံးသော နေရာသို့ရောက်နေသည့် ကာလဖြစ်၏။ “ပူလိုက်တာ…” ဆိုသော ညည်းညူသံများ ကြားနေရသည်။ အပြင်မှာလည်းကြားရသည်။ မျက်နှာစာအုပ်ပေါ်မှာလည်း စကားလုံးက တစ်ဆင့်၊ ရုပ်ရှင်/ရုပ်သေပုံလေးများမှတစ်ဆင့်ကြားနေရသည်။ ကျွန်တော်သည်လည်း အပူဒဏ်ကို ခံနေရပါ သည်။ မိုးမြန်မြန်ကျပါစေဟု စိတ်ထဲက ဆုတောင်းနေမိသည်။ မိုးသည် လာတော့လာမည် ကြာဦးမည် ထင်၏။ သက်ဆိုင်ရာကတော့ မေလ ဒုတိယပတ်မှ မုတ်သုန်စဝင်မည်ဟု ကြေညာထားသည်။ နဂိုမှ သောကအပူလှိုင်းမျိုးစုံကြား နေထိုင်နေရသော လူသားတို့သည် နွေအပူလှိုင်း၏ တိုးဝင်ကျည်စယ် နောက်ပြောင်ခြင်းကိုပါ ခံရသဖြင့် ငါးရံ့ပြာလူးဖြစ်နေကြတော့သည်။ အပူကိုလူတိုင်းကြောက်ကြသည် မဟုတ်လား။ ရာသီဥတုကလည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုပူပြင်းလာသည်။ ဒီနှစ်မှာတော့ အယ်လ်နီညိုဆိုသည့် မဟာတေဇောလှိုင်းကြီး မမိ၍ အရင်နှစ်ကလောက် မဆိုးဟုဆိုရမည်။ သို့သော်လည်း ပူတာတော့ပူသေးသည်။ ချွေးတို့သည် ရွှဲရွှဲနစ်ကာ အဆီပြန်လျက်။ သွေးတို့သည့် ပွက်ပွက်ဆူကာ အခိုးထလျက်။ သေး တို့သည် ဝါကြင်ပူကာ နံစော်လျက်။ တစ်ခါက ရန်ကုန်သို့ရောက်လာသော အထက်ပြည်အထက်ရွာသူတစ်ဦးက ဆိုဖူး၏။ “ပူချင်သလောက်ပူပါစေ ရတယ်၊ မိုးမ...