Skip to main content

Posts

Showing posts from November, 2017

အချစ်သည်လွတ်လပ်သူဖြစ်၏

ချစ်ခြင်းသည်အတ္တနှင့်တကွ ဖြစ်ပါသလား။ သို့မဟုတ် ချစ်ခြင်းသည် အတ္တကင်းပါသလား။ မ ကတော့ ချစ်ခြင်းသည် ချုပ်နှောင်ဖို့မဟုတ်၊ လူသားကို လွတ်လပ်စေဖို့ဟု ပြောတတ်သည်။ ချစ်ခြင်းသည် ချစ်ခြင်း အတိုင်းသာရှိ၍ တခြား အရာတစ်ခုအပေါ်တွင် မှီတည်မနေသော၊ သူ့ဂုဏ်သတ္တိနှင့်သူ ရှိသော အရာဟု ဆိုတတ်လေသည်။ ကျွန်တော်ကတော့ မ ကို အတ္တကြီးသူဟု ထင်ပါသည်။ ‘အတ္တ’ဟုသာ သုံးရသော်လည်း မ၏အတ္တသည် တွေ့ရိုးတွေ့စဉ် အတ္တမျိုးမဟုတ်။ မ ၏ အတ္တသည် တွေ့ရခဲ၍ အဆင့်မြင့်သော အတ္တမျိုး ဖြစ်သည်ဟု ထင်သည်။ ထို့ကြောင့်လည်း မ သည် ကျွန်တော့်ဘေးတွင် ထာဝစဉ် ရှိပါမည်ဟု မသေချာသည့် တိုင် မ၏ပုံရိပ်သည် ကြယ်စုံသောည၌ ပြည့်ဝန်းစွာ ထွန်းလင်းလာသော လမင်းပမာ ထူးရှားထင်ရှားစွာပင် ကျွန်တော့်စိတ်ကောင်းကင်တွင် တွယ်ငြိလျက်ရှိလေသည်။ ကျွန်တော်သည် လောကကြီးကို စတင်စိတ်ဝင်စားနေသည့် လမ်းလျှောက်တတ်ခါစ ကလေးငယ် တစ်ယောက်၏ စူးစမ်းမှုမျိုးဖြင့် အချစ်ကို ရှာဖွေတွေ့ချိန်က ဖြစ်သည်။ ရင်ခုန်စိတ်လှုပ်ရှားတတ်စ နှလုံးသားတစ်ခုသည် တည်ငြိမ်ရင့်ကျက်နေသော ဆေးကျောင်းသူ မ ၏ အညှို့စက်ကွင်း (အလှစက်ကွင်း မဟုတ်ပါ) တွင် မရုန်းကန်နိုင်။ ကျွန်တော့်အရွယ်သည် လူကြီး အတင်း ဖြစ်ချင်သော ကလေးကြီး နှင့်တူပြ...