Skip to main content

Posts

Showing posts from August, 2017

ရာဘင်ဒြာနတ် တဂိုး ၏ ကျွန်တော်မသိခဲ့သောသတို့သမီး

ကျွန်တော် အခု အသက် နှစ်ဆယ့်ခုနစ်နှစ်ရှိပါပြီ။ အခုအထိတော့ ကျွန်တော့် ဘဝသည် အောင်မြင်မှုဟူ၍လည်း မည်မည်ရရမရှိသော၊ အသက် အားဖြင့်လည်း ကြီးသောဂုဏ်ဟူ၍ မရှိသေးသော ထူးမခြားနား သာမန်ဘဝမျိုးပင် ဖြစ်ပါသည်။ သို့သော်လည်း ကျွန်တော့် အဖို့မူ ဘဝ၌ ဆုပ်ကိုင်ထားရမည့် တန်ဖိုးလေးတစ်ခုကို ရှာဖွေတွေ့ရှိထား ပါသည်။ ၎င်းသည် အသီးအဖြစ်သို့ ရင့်မှည့် လာနေသော ပန်းပွင့်လေးတစ်ပွင့်နှင့်တူပါသည်။ ထိုသို့ ဖြစ်လာခဲ့ရ ခြင်း၌ အကြောင်းရင်းရှိသည်။ ပျားပိတုန်း တစ်ကောင်နှင့် မတော်တဆ နမ်းခွင့်ရခဲ့သည့်