၁၉၉၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲကို အသိအမှတ်မပြုခဲ့တဲ့စစ်အစိုးရဟာ ၂၀၁၀ ပြည့်နှစ် မှာတော့ သူတို့စိတ်ကြိုက် ကစားပွဲကို အသာစီးယူပြီး ကိုယ့်ကွင်း၊ ကိုယ့်ပရိသတ်၊ ကိုယ့်ဒိုင်တွေနဲ့အတူ ရွေးကောက်ပွဲကို အနိုင်ယူခဲ့ပါ တယ်။ ဒီ့အတွက် ပြည်တွင်းနဲ့ နိုင်ငံတကာတို့ရဲ့ ဝေဖန်သံတွေကလည်း ညံမစဲခဲ့ပါဘူး။ ဒါပေမဲ့လည်း စစ်အစိုးရ လက်ထက်မှာ ဝန်ကြီးချုပ်လုပ်ခဲ့ပြီး အများ နှာခေါင်းရှုံ့ကြတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မွေးဖွားပေးခဲ့တဲ့ အမျိုးသား ညီလာခံရဲ့ နာယကလည်းလုပ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး ဟောင်းသိန်းစိန်ကနေ ဦးသိန်းစိန်အဖြစ်နဲ့ သမ္မတရာထူးကို ဆက်ခံခဲ့တဲ့ နောက်ပိုင်းမှာ သူ့ရဲ့မူဝါဒ (ဗျူဟာ??) ရေးရာအပြောင်းအလဲ တချို့ကြောင့်ဝေဖန်ခဲ့သူ အတော်များများလည်း ခေါင်းထောင် ကြည့်လာခဲ့ကြသလို အရင်က “မူ” ခဲ့တဲ့သူ အတော်များများဟာဆိုရင် “အစိုးရသစ်” ဆိုတာကြီးနဲ့ လက်တွဲလုပ်ဖို့ဆိုပြီး အလုအယက် အပြေးအလွှားနဲ့ အရောက်လာခဲ့ကြ တဲ့ အထိပါပဲ။ ဦးသိန်းစိန်ဦးဆောင်တဲ့ပုံပြောင်းအစိုးရဟာ သူတို့ကိုယ်သူတို့ ဒီမိုကရေစီအစိုးရလို့ကြွေးကြော်သလို ဒီမိုကရေစီခရီးကို ချီတက်ရာမှာလည်း နာက်ကြောင်းပြန်မလှည့်တော့ပါဘူးလို့ အကြိ...