Skip to main content

Posts

Showing posts from July, 2010

အနုသုခုမမြို့များ ပေါ်ထွန်းရေးဆီသို့

နံနက်ခင်းရဲ့ နေရောင်ခြည်က အခန်းပြတင်းတံခါးမှန်ကိုသာမက ပါးလွှာတဲ့ လိုက်ကာကိုပါ ဖောက်ထွင်းပြီးကျအလာ ကျွန်တော် အိပ်ရာက နိုးလာပါတယ်။ ပြတင်းပေါက်ကနေ မျှော်ငေး ကြည့်လိုက်ရင်တော့ ယာဉ်တွေ၊ လူတွေ ဥဒဟို သွားလာ နေတဲ့ မင်းလမ်းမကြီးရှိပြီး လမ်းဟိုဘက် မှာတော့ အိမ်ပုလေးတွေနဲ့ အတူ နေမင်းကြီး မေးတင်လို့ ထွက်ပြူလာရာ မြို့ပြင် ဟိုးအဝေးက စိမ်းမြနေတဲ့ တောင်တန်း တောင်ကြော တစ်ခု။ မင်းလမ်းမဟာ ချောင်းငယ်တစ်ခု အပေါ်ကဖြတ်သန်းသွားတယ်။ ချောင်းဖြတ်တံတားပေါ်က ကြည့်ရင်တော့ ချောင်းအထက်မှာ ကြိုးနဲ့ဆိုင်းထားတဲ့ အိမ်ငယ်တစ်လုံးကို မြင်ရတယ်။ ညတုန်းကတော့ ဒီအိမ်ရဲ့ အတွင်းမှာ ထွန်းထားတဲ့မီးရောင်က စက္ကူတစ်မျိုးနဲ့ လုပ်ထားတဲ့ အိမ်နံရံကိုဖောက်ထွင်းထွက်လာပြီး ချောင်းရေပေါ်မှာ ရောင်ပြန်ဟပ်နေတာမို့ အတော်ကို လှနေပါတယ်။ အင်စတော်လေးရှင်း အနုပညာကို ပြသထားတဲ့ နမူနာတစ်ခုပေါ့။ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ကနေ တစ်နာရီလောက် ကားစီးသွားရတဲ့ 'အန်ဂိုနို' ဆိုတဲ့ မြို့ငယ်လေးကို ကျွန်တော်ရောက်နေတာဖြစ်ပါ တယ်။ မြို့ခံအနုပညာသမားတွေနဲ့ မိတ်ဆွေနိုင်ငံတွေနဲ့ အနုပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်တဲ့ ဂျပန်ဖောင်ဒေးရှင်းတို့ ပူးပေါင်းစီစဉ်...